မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂလာတိ ၁:၁-၂၄

မာတိကာ

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁-၅)

  • တ​ခြား​သတင်း​ကောင်း မရှိ (၆-၉)

  • ပေါ​လု​ဟော​တဲ့ သတင်း​ကောင်း ဘု​ရား​ဆီ​ကလာ (၁၀-၁၂)

  • ပေါ​လု​ရဲ့ ဘာ​သာ​ပြောင်း​ခြင်း​နဲ့ အစော​ပိုင်း​လုပ်ဆောင်​မှု​များ (၁၃-၂၄)

 လူတွေ ခန့်​အပ်​လို့​မဟုတ်​ဘဲ ခ​ရစ်​တော်​ကို သေရာ​က​နေ အသက်​ပြန်​ရှင်​စေ​တဲ့  အဖဘု​ရား​နဲ့+  ယေရှု​ခရစ်​ကိုယ်​တိုင်  ခန့်​အပ်​လို့+  တမန်​တော်​ဖြစ်လာ​တဲ့  ကျွန်​တော်​ပေါ​လု​ရော၊ ၂  အတူ​ရှိ​နေ​တဲ့ ညီ​အစ်​ကို​အား​လုံး​က​ပါ ဂလာ​တိ​ပြည်​မှာ​ရှိ​တဲ့ အသင်း​တော်တွေ​ဆီ စာ​ရေး​လိုက်​ပါ​တယ်။ ၃  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က  မဟာ​က​ရု​ဏာ​နဲ့  ငြိမ်​သက်​ခြင်း​ကို  ခင်​ဗျား​တို့  ခံ​စား​ရ​ပါ​စေ။ ၄  ခရစ်​တော်​က  အဖဘု​ရား​သခင်​ရဲ့ အလို​တော်​အတိုင်း+ ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ​ကို ဖယ်​ရှား​ပြီး+ လက်​ရှိ ဆိုး​သွမ်း​တဲ့ လော​က​စ​နစ်*+ ကနေ​ ကယ်​တင်​နိုင်​ဖို့ အသက်​စွန့်​ခဲ့​တယ်။ ၅  ဘုရား​သခင်​ရဲ့ ဘုန်း​တော် အစဉ်​ထာ​ဝ​ရ ထင်​ရှား​ပါ​စေ။ အာ​မင်။* ၆  ခ​ရစ်​တော်ရဲ့  မဟာ​က​ရု​ဏာ​အား​ဖြင့် ခင်​ဗျား​တို့​ကို ခေါ်​တော်​မူ​တဲ့ အရှင်​ဆီ​က​နေ  ချက်​ချင်း​လှည့်​ထွက်​ပြီး တ​ခြား​သတင်း​ကို သတင်း​ကောင်း​အဖြစ် လက်​ခံ​လိုက်​ကြ​တာ ကျွန်​တော် အံ့​သြလို့​မဆုံး​ဘူး။+ ၇  တ​ကယ်​တော့ တ​ခြား​သတင်း​ကောင်း​ဆို​တာ မရှိ​ဘူး။ ခင်​ဗျား​တို့​ကို ဒုက္ခ​ပေး​မယ့်​သူ၊+ ခ​ရစ်​တော်​နဲ့​ဆိုင်​တဲ့ သတင်း​ကောင်း​ကို က​ပြောင်း​က​ပြန်​ဖြစ်​အောင် လုပ်​မယ့်​သူ​တ​ချို့​ပဲ ရှိ​နေ​တာ။ ၈  ကျွန်​တော်​တို့​ဖြစ်​စေ၊ ကောင်း​ကင်​က​ဆင်း​လာ​တဲ့ ကောင်း​ကင်​တ​မန်​ဖြစ်​စေ  ကျွန်​တော်​တို့​ဟော​ပြော​တဲ့ သတင်း​ကောင်း​နဲ့​ မတူ​ တဲ့အရာကို  သတင်း​ကောင်း​အဖြစ် ဟောပြော​ရင်  ကျိန်​ခြင်း  ခံ​ရ​ပါ​စေ။ ၉  ပြော​ပြီး​သား​ဖြစ်​ပေမဲ့ ထပ်​ပြော​ဦး​မယ်။ ခင်​ဗျား​တို့ လက်​ခံ​ထား​တာ​နဲ့ မတူ​တဲ့ တ​ခြား​အရာ​ကို သတင်း​ကောင်း​အဖြစ် ဟော​ပြော​တဲ့​သူ​ဟာ ကျိန်​ခြင်း ခံ​ရ​ပါ​စေ။ ၁၀  ကျွန်​တော် ကြိုး​စား​နေ​တာ လူ့​မျက်​နှာ​သာ ရ​ဖို့​လား၊ ဘု​ရား​မျက်​နှာ​သာ ရ​ဖို့​လား။ လူ့​အကြိုက် လိုက်​နေ​တာ​လား။ အဲ​ဒီ​လို​လိုက်​နေ​ရင် ကျွန်​တော်​ဟာ ခ​ရစ်​တော်ရဲ့​ကျွန် မဖြစ်​နိုင်​ဘူး။ ၁၁  ညီ​အစ်​ကို​တို့၊  ကျွန်​တော်​ဟော​တဲ့ သတင်း​ကောင်း​ဟာ လူ​တွေ​ဖန်​တီး​တဲ့​သတင်း မဟုတ်​ဘူး​ဆို​တာ သိ​စေ​ချင်​တယ်။+ ၁၂  အဲ​ဒီ​သတင်း​ကောင်း​ကို လူ​တွေ​ဆီ​က​နေ ရ​တာ​မဟုတ်​ဘူး။ လူ​တွေ သင်​ပေး​တာ​လည်း မဟုတ်​ဘူး။ ယေရှု​ခ​ရစ်​ကိုယ်​တိုင် ဖော်​ပြလို့ ရခဲ့​တာ။ ၁၃  ဂျူး​ဘာ​သာ​ဝင်​ဖြစ်​တုန်း​က ကျွန်​တော် ဘယ်​လို​ကျင့်​ကြံ​ခဲ့​တယ်​ဆို​တာ ခင်​ဗျား​တို့ ကြား​မှာ​ပါ။+ ဘုရား​သခင်​ရဲ့ အသင်း​တော်​ကို ရက်ရက်​စက်​စက် ညှဉ်း​ဆဲ​ပြီး ဖျက်​ဆီး​ပစ်​ဖို့ ကြိုး​စား​ခဲ့​တယ်။+ ၁၄  ဘိုး​ဘေး​တို့​ရဲ့ ထုံး​တမ်း​စဉ်​လာ​ကို လိုက်​တဲ့​နေ​ရာ​မှာ အလွန်​စိတ်​ထက်​သန်​ခဲ့လို့ ဂျူး​ဘာ​သာ​မှာ လူ​မျိုး​တူ၊ ရွယ်​တူ​တွေ​ထက် ကျွန်​တော် ပို​ပြီး​ထွန်း​ပေါက်​ခဲ့​တယ်။+ ၁၅  ဒါ​ပေမဲ့ ကျွန်​တော်  မိ​ခင်​ဝမ်း​က  ကျွတ်​ပြီး​နောက် မဟာ​က​ရု​ဏာ​အား​ဖြင့်+ ကျွန်​တော့်​ကို ရွေး​ချယ်​ခဲ့​တဲ့ ဘု​ရား​သခင်​က၊ ၁၆  သား​တော်​အကြောင်း လူ​မျိုး​ခြား​တွေ သိ​စေ​ဖို့ သတင်း​ကောင်း​ဟော​ပြော​ရာ​မှာ  ကျွန်​တော့်​ကို အသုံး​ပြု​ရင် ကောင်း​မယ်​လို့ ယူ​ဆ​ခဲ့​တယ်။+ ဘု​ရား​သခင်  ရွေး​ချယ်​တဲ့​အခါ ကျွန်​တော် ဘယ်​သူ​နဲ့​မှ မတိုင်​ပင်​ခဲ့​ဘူး။ ၁၇  ကျွန်​တော့်​ထက်​အရင် တမန်​တော်​ဖြစ်​နေ​သူတွေ​ရှိ​တဲ့ ဂျေရု​ဆ​လင်​မြို့​ကို​လည်း မသွား​ခဲ့​ဘူး။ အဲ​ဒီ​အစား အာ​ရပ်​ပြည်​ကို သွား​ပြီး ဒ​မတ်​စ​ကတ်​မြို့​ကို+ ပြန်​လာခဲ့​တယ်။ ၁၈  သုံး​နှစ်​ကြာ​တော့  ကေ​ဖ*+ နဲ့တွေ့​ဖို့  ဂျေရု​ဆ​လင်​မြို့​ကို+  သွား​ပြီး  သူ့ဆီမှာ  ၁၅ ရက်  နေ​တယ်။ ၁၉  သခင့်​ညီ ယာကုပ်​က​လွဲ​လို့+ တခြား တမန်​တော်​တစ်​ယောက်​နဲ့​မှ မတွေ့​ခဲ့​ဘူး။ ၂၀  ဒီ​အကြောင်း​တွေ​ကို ကျွန်​တော် လိမ်​ညာ​ပြီး​ရေး​နေ​တာ မဟုတ်​မှန်း ဘု​ရား​သခင်​ကို သက်​သေထား​ပြီး ပြော​နိုင်​တယ်။ ၂၁  အဲ​ဒီ​နောက် ဆီး​ရီး​ယား​ပြည်​နဲ့ ကိ​လိ​ကိ​ပြည်​မှာ​ရှိ​တဲ့  ဒေ​သတွေ​ကို ကျွန်​တော် သွား​တယ်။+ ၂၂  ယုဒ​ပြည်​မှာ​ရှိ​တဲ့ ခ​ရစ်​ယာန်​အသင်း​တော်တွေ​က  ကျွန်​တော့်​ကို  မမြင်​ဖူး​ဘူး။ ၂၃  “တစ်​ချိန်​က ငါ​တို့​ကို နှိပ်​စက်​သူ​ဟာ+ အခု​တော့ ကိုယ်​တိုင် ဖျက်​လို​ဖျက်​ဆီး​လုပ်​ခဲ့​တဲ့ ယုံ​ကြည်​ခြင်း​အကြောင်း သတင်း​ကောင်း​ကို ဟော​နေ​ပြီ”+  ဆို​တာ​ပဲ ကြား​ဖူး​ကြ​တယ်။ ၂၄  သူ​တို့​က ကျွန်​တော့်​ကြောင့် ဘု​ရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ပေတ​ရု။