မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦး ၈:၁-၂၂

မာတိကာ

  • လွှမ်းမိုး​တဲ့​ရေ လျော့ကျ​သွား (၁-၁၄)

    • ချိုးငှက်​တစ်ကောင် လွှတ် (၈-၁၂)

  • သင်္ဘော​ထဲက ထွက် (၁၅-၁၉)

  • ကမ္ဘာ​နဲ့ပတ်သက်တဲ့ ဘုရားရဲ့​ကတိ (၂၀-၂၂)

 ဘုရား​သခင်​က နောဧ​နဲ့ သင်္ဘော​ထဲက သားယဉ်​တွေ၊ သားရဲ​တွေကို သတိရ​တယ်။+ ဒါနဲ့ မြေပေါ်မှာ လေ​တိုက်​စေတဲ့အတွက် ရေ​တွေ စပြီး​လျော့ကျ​လာတယ်။ ၂  ကောင်းကင်မှာ​ရှိတဲ့ ရေထု​ကြီး​နဲ့ ကောင်းကင်​ရေ​တံခါး​တွေ ပိတ်​သွား​တဲ့​အတွက် မိုး​စဲ​သွားတယ်။+ ၃  ရေ​တွေ တဖြည်းဖြည်း​လျော့​လာပြီး ရက်​ပေါင်း ၁၅၀ စေ့​တဲ့​အ​ခါ အတော်လေး ကျ​သွားတယ်။ ၄  ခုနစ်လ​ပိုင်း၊ ၁၇ ရက်​နေ့​မှာ သင်္ဘော​က အာရရတ်​တောင်ပေါ်မှာ တင်​သွားတယ်။ ၅  ဆယ်​လ​ပိုင်း​အထိ ရေ​ပုံမှန်​လျော့ကျ​လာတယ်။ ဆယ်​လ​ပိုင်း၊ တစ်ရက်​နေ့​မှာ တောင်ထိပ်​တွေ ပေါ်လာတယ်။+ ၆  ရက် ၄၀ စေ့​ပြီးနောက် နောဧ​က သင်္ဘော​ပြတင်းပေါက်​ကို ဖွင့်​ပြီး၊+ ၇  ကျီးနက်​တစ်ကောင် လွှတ်​လိုက်တဲ့အခါ ကျီးနက်​ဟာ မြေပေါ်မှာ ရေ​ခန်းခြောက်​သွား​ချိန်​အထိ ခေါက်တုံ့ခေါက်ပြန် ပျံသန်း​နေတယ်။ ၈  အဲဒီနောက် ရေ​တွေ​ကျ​မကျ သိနိုင်ဖို့ ချိုးငှက်​တစ်ကောင် လွှတ်လိုက်တယ်။ ၉  မြေတစ်ပြင်လုံး ရေ​ဖုံးလွှမ်း​နေ​သေး​လို့+ ချိုးငှက်​ဟာ နား​စ​ရာ​နေရာ​မ​တွေ့​ဘဲ နောဧ​ရှိ​ရာ သင်္ဘော​ဆီ ပြန်​လာတယ်။ ဒါကြောင့် နောဧ​က ချိုးငှက်​ကို​ယူပြီး သင်္ဘော​ထဲ ပြန်​သွင်း​တယ်။ ၁၀  နောက်ထပ်​ခုနစ်​ရက် စောင့်​ပြီးနောက် ချိုးငှက်​ကို သင်္ဘော​ထဲက​နေ လွှတ်လိုက်​ပြန်​တယ်။ ၁၁  ည​ဦး​ပိုင်း​မှာ ချိုးငှက်​ပြန်​လာတဲ့အခါ သံလွင်​ရွက်​စိမ်း ကိုက်ချီ​လာ​တာကို တွေ့​တော့ ရေ​ကျ​နေ​ပြီ​ဆို​တာ နောဧ​သိသွား​တယ်။+ ၁၂  ခုနစ်​ရက်​စောင့်​ပြီးနောက် ထပ်​လွှတ်​တဲ့​အ​ခါ ချိုးငှက် ပြန်မလာ​တော့ဘူး။ ၁၃  နောဧ အသက် ၆၀​၁ နှစ်​ပြည့်တဲ့​နှစ်၊+ ပထမ​လ၊ တစ်ရက်​နေ့​မှာ ရေ​တွေ​ခန်း​သွားတယ်။ သင်္ဘော​အမိုး​ကို နောဧ ဖွင့်​ကြည့်လိုက်​တော့ မြေပြင်​ခြောက်သွေ့​လာ​တာကို တွေ့ရတယ်။ ၁၄  ဒုတိယ​လ၊ ၂၇ ရက်​နေ့​မှာ မြေကြီး​ဟာ လုံးဝ​ခြောက်သွေ့​သွား​ပြီ။ ၁၅  အဲဒီအခါ ဘုရား​သခင်​က နောဧ​ကို၊ ၁၆  “မင်း​ရဲ့ သားမယား၊ ချွေးမတွေ​နဲ့အတူ သင်္ဘော​ထဲက ထွက်လာ​ကြ။+ ၁၇  ပျံ​တတ်တဲ့​သတ္တဝါ​တွေ၊ တိရစ္ဆာန်တွေ၊ တွားသွား​သတ္တဝါ​တွေ​ဖြစ်တဲ့ သတ္တဝါ​အားလုံးကိုလည်း ခေါ်ထုတ်​ပါ။+ မြေပေါ်မှာ သူတို့ မျိုးပွား​ပြီး များပြား​လာ​ရမယ်”+ လို့​ပြောတယ်။ ၁၈  နောဧ​လည်း သား၊+ မယား၊ ချွေးမတွေ​နဲ့အတူ သင်္ဘော​ထဲက​နေ ထွက်​လာတယ်။ ၁၉  တွားသွား​သတ္တဝါ၊ ပျံ​တတ်တဲ့​သတ္တဝါ၊ မြေပေါ်​သွား​လာတဲ့ သတ္တဝါ​တွေ​လည်း အမျိုး​အလိုက် သင်္ဘော​ထဲက​နေ ထွက်​လာတယ်။+ ၂၀  အဲဒီနောက် နောဧ​က ယေဟောဝါ​အတွက် ပူဇော်ရာပလ္လင် တ​ည်​တယ်။+ သန့်ရှင်း​တဲ့​တိရစ္ဆာန်တွေနဲ့ ပျံ​တတ်တဲ့​သတ္တဝါ​တွေထဲက+ တချို့ကို ယူပြီး မီးရှို့​ပူဇော်​တယ်။+ ၂၁  ယေဟောဝါ​လည်း မွှေး​ကြို​င်တဲ့* ရနံ့​ကို ရတယ်။ ဒါကြောင့် ယေဟောဝါ​က “လူတွေဟာ ငယ်ငယ်​က​တည်း​က စိတ်အကြံအစည် ဆိုးညစ်​ကြ​တယ်။+ ဒီတော့ လူတွေ​ကြောင့် ကမ္ဘာမြေကို ငါ​ဘယ်တော့မှ မ​ကျိန်​တော့ဘူး။+ သတ္တဝါ​တွေကို အခုလို​မျိုး ငါ​ဘယ်တော့မှ မဖျက်ဆီး​တော့ဘူး။+ ၂၂  အခု​က​စပြီး ကမ္ဘာမြေပေါ်မှာ မျိုးကြဲ​ချိန်​နဲ့ ရိတ်သိမ်းချိန်၊ ချမ်းအေး​ချိန်​နဲ့ ပူပြင်း​ချိန်၊ နွေရာသီ​နဲ့ ဆောင်းရာသီ၊ နေ့​နဲ့​ည လုံးဝ​မပြတ်​စေ​ရဘူး”+ လို့​စိတ်ထဲမှာ ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်​ပြေငြိမ်း​စေတဲ့။”