မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဦး ၃၅:၁-၂၉

မာတိကာ

  • နတ်ဘုရား​ရုပ်တု​တွေကို ယာကုပ် ဖယ်ရှား (၁-၄)

  • ဗေသလ​ကို ယာကုပ် ရောက်လာ (၅-၁၅)

  • ဗင်ယာမိန်​ကို မွေးဖွား။ ရာခေလ သေဆုံး (၁၆-၂၀)

  • အစ္စရေး​ရဲ့​သား ၁၂ ယောက် (၂၁-၂၆)

  • အိဇက် သေဆုံး (၂၇-၂၉)

၃၅  အဲဒီနောက် ဘုရား​သခင်​က “ဗေသလ​အရပ်မှာ+ သွား​နေ​ပါ။ အစ်ကို​ဧ​သော​ရဲ့​ရန်​ကို ကြောက်​ပြီး ထွက်ပြေး​တုန်းက+ မင်း​ဆီ​ရောက်လာတဲ့ ဘုရားသခင်အတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တ​ည်​ပါ” ဆို​ပြီး ယာကုပ်​ကို ပြောတယ်။ ၂  ယာကုပ်​က အိမ်သူအိမ်သား​တွေ၊ အတူ​ပါ​လာ​သူတွေ အားလုံးကို “မင်း​တို့​မှာ​ရှိတဲ့ နတ်ဘုရား​ရုပ်တု​တွေကို လွှင့်ပစ်​ကြ။+ ကိုယ်လက်သန့်စင်​ပြီး အဝတ်​တွေ လဲ​ကြ။ ၃  အခု ဗေသလ​အရပ်​ကို သွား​ကြ​စို့။ ငါ​ဒုက္ခရောက်​တုန်းက အသနားခံ​တာကို နားထောင်ပြီး သွား​လေ​ရာ ငါ​နဲ့အတူ​ရှိခဲ့တဲ့+ ဘုရားသခင်အတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တည်မယ်” လို့​ပြောတယ်။ ၄  သူတို့က နတ်ဘုရား​ရုပ်တု​တွေ၊ နား​ဆွဲ​တွေကို​ပေးတော့ ယာကုပ်​လည်း ရှေခင်​မြို့​နားက အပင်​ကြီး​အောက်မှာ မြှုပ်​လိုက်တယ်။ ၅  အဲဒီနောက် သူတို့ ခရီးဆက်​လာကြတယ်။ ဘုရား​သခင်​က ပတ်ဝန်းကျင်​မြို့သား​တွေကို ကြောက်စိတ်ဝင်​စေတဲ့အတွက် ယာကုပ်​ရဲ့​သားတွေ​နောက်ကို မလို​က်​ရဲ​ကြဘူး။ ၆  ယာကုပ်နဲ့ သူ့​လူတွေက ခါနန်ပြည်၊ လု​ဇ​မြို့​လို့​ခေါ်တဲ့+ ဗေသလ​မြို့​ကို ရောက်လာတယ်။ ၇  ယာကုပ်​က အဲဒီမှာ ပူဇော်ရာပလ္လင်​တ​ည်​တယ်။ အစ်ကို့​ရန်​ကို ကြောက်​ပြီး ထွက်ပြေး​တုန်းက သူ့​ဆီ ဘုရား​သခင်​ရောက်လာတဲ့ နေရာ​ဖြစ်လို့ ဧ​လ​ဗေသလ* ဆို​ပြီး နာမည်​ပေးတယ်။+ ၈  နောက်တော့ ရေဗက္ကာ​ရဲ့​အထိန်း ဒေဗောရ+ သေဆုံးသွားလို့ ဗေသလ​မြို့​နားက အပင်​ကြီး​အောက်မှာ သင်္ဂြိုဟ်​တယ်။ အဲဒီ​အပင်ကို အာ​လုံ​ဗ​တ်ကုတ်* လို့​နာမည်​ပေးတယ်။ ၉  ပါ​ဒန်​အာရံ​အရပ်​က​နေ ယာကုပ်​ထွက်​လာတဲ့အခါ ဘုရား​သခင်​က သူ့​ဆီ ထပ်​ရောက်လာပြီး ကောင်းချီး​ပေးတယ်။ ၁၀  ပြီးတော့ “မင်း​နာမည်ဟာ ယာကုပ်​ဆို​ပေ​မဲ့+ အခု ယာကုပ်​လို့ မ​ခေါ်​ရတော့​ဘူး။ အစ္စရေး​လို့ ခေါ်​ရ​တော့မယ်” ဆို​ပြီး သူ့ကို အစ္စရေး​လို့ စ​ခေါ်တယ်။+ ၁၁  ဘုရား​သခင်​က “ငါ​ဟာ အနန္တ​တန်ခိုးရှင် ဘုရား​သခင်​ပဲ။+ သားသမီး​တွေ အများကြီး​မွေးဖွား​ပါ။ မင်းဟာ လူမျိုးများ​စွာ​ရဲ့​ဖခင် ဖြစ်လာမယ်။+ မင်း​ဆီကနေ ဘုရင်တွေ ဆင်းသက်လာ​မယ်။+ ၁၂  အာဗြဟံ​နဲ့ အိဇက်​အတွက် ငါ​ပေး​တဲ့​ပြည်​ကို မင်း​နဲ့ မင်း​ရဲ့​မျိုးနွယ်​ကို ပေးမယ်”+ လို့​ဆက်​ပြောတယ်။ ၁၃  ယာကုပ်နဲ့ စကားပြော​ပြီးနောက်  ဘုရား​သခင် ထွက်​သွားတယ်။ ၁၄  ယာကုပ်​က ဘုရား​သခင်​နဲ့ စကား​ပြောခဲ့တဲ့​နေရာမှာ ကျောက်တိုင်​တစ်ခု စိုက်ထူ​တယ်။ ကျောက်တိုင်​ပေါ်​မှာ သွန်းလောင်း​ရာ​အလှူ​နဲ့ ဆီ​ကို လောင်း​တယ်။+ ၁၅  ဘုရား​သခင်​နဲ့ စကား​ပြောခဲ့တဲ့ အဲဒီ​နေရာကို ဗေသလ​လို့ ဆက်​ခေါ်တယ်။+ ၁၆  အဲဒီနောက် ဗေသလ​မြို့ကနေ သူတို့ ထွက်ခွာ​လာကြတယ်။ ဧဖရတ်မြို့​နဲ့ အလှမ်းဝေး​သေး​တဲ့​နေရာမှာ ရာခေလ​က သားဖွား​ချိန်​စေ့​လို့ အရမ်း​နာကျင်​လာတယ်။ ၁၇  ခက်ခက်ခဲခဲ မီးဖွား​နေတုန်း လက်​သည်​က “မကြောက်​နဲ့။ သားတစ်ယောက် ထပ်​ရ​ပြီ” လို့​ပြောတယ်။+ ၁၈  သေ​လု​မြော​ပါး ဖြစ်နေတဲ့ ရာခေလ​က အသက်​မထွက်ခင်​လေးမှာ ကလေးကို ဗေနောနိ* လို့​နာမည်​ပေးတယ်။ ယာကုပ်​က​တော့ ဗင်ယာမိန်*+ လို့​နာမည်​ပေးတယ်။ ၁၉  ရာခေလ သေသွား​တော့ ဘက်သလီဟင်​လို့​ခေါ်တဲ့+ ဧဖရတ်မြို့​ကို​သွား​တဲ့ လမ်းမှာ သင်္ဂြိုဟ်​တယ်။ ၂၀  ယာကုပ်​က ရာခေလ​ရဲ့ သင်္ချိုင်းဂူ​မှာ မှတ်တိုင်​စိုက်​ထူခဲ့​တယ်။ အဲဒီ​မှတ်တိုင်​က ဒီနေ့​အထိ ရှိနေ​ဆဲ​ပဲ။ ၂၁  နောက်တော့ အစ္စရေး​က အဲဒီကနေ​ထွက်လာပြီး ဧ​ဒါ​မျှော်စင်​အလွန်မှာ တဲ​ထိုး​နေထိုင်တယ်။ ၂၂  အဲဒီ​အရပ်မှာ နေထိုင်​တုန်း တစ်နေ့​မှာ ရုဗင်​က အဖေ့​မယားငယ် ဗိလဟာ​နဲ့ အတူ​အိပ်​တယ်။ ဒီ​သတင်း​ကို အစ္စရေး​ကြားတယ်။+ ယာကုပ်​မှာ သား ၁၂ ယောက်​ရှိတယ်။ ၂၃  လေအာ​နဲ့​ရတဲ့​သားတွေ​က သားဦး​ရုဗင်၊+ ရှိမောင်၊ လေဝိ၊ ယုဒ၊ အိ​သ​ခါ၊ ဇာဗုလုန်။ ၂၄  ရာခေလ​နဲ့​ရတဲ့ သားတွေ​က ယောသပ်​နဲ့ ဗင်ယာမိန်။ ၂၅  ရာခေလ​ရဲ့​ကျွန်မ ဗိလဟာ​နဲ့​ရတဲ့ သားတွေ​က ဒန်​နဲ့ နဿလိ။ ၂၆  လေအာ​ရဲ့​ကျွန်မ ဇိ​လ​ပ​နဲ့​ရတဲ့ သားတွေ​က ဂဒ်​နဲ့ အာရှာ။ သူတို့ဟာ ပါ​ဒန်​အာရံ​အရပ်မှာ ယာကုပ်​ရခဲ့တဲ့​သားတွေ​ပဲ။ ၂၇  ယာကုပ်​က အဖေ​အိဇက်​ရှိ​ရာ ဟေဗြုန်​လို့​ခေါ်တဲ့ ကိ​ရ​ယ​အာ​ဘ​မြို့၊ မံ​ရေ​အရပ်​ကို ရောက်လာတယ်။+ အဲဒီ​အရပ်မှာ အာဗြဟံ​နဲ့ အိဇက်​တို့ တိုင်းတစ်ပါးသား​အဖြစ် နေထိုင်ခဲ့တယ်။+ ၂၈  အိဇက်​က အသက် ၁၈၀ ရှိနေ​ပြီ။+ ၂၉  အိဇက်​က ကျေနပ်စရာ​ကောင်းတဲ့​ဘဝနဲ့ အသက်ရှည်ရှည်​နေ​ပြီးနောက် နောက်ဆုံး​ထွက်သက်​ကို ရှူထုတ်​ပြီး သေဆုံးသွားတယ်။ ဘိုးဘေး​တွေ စုဝေး​ရာကို ရောက်​သွားတယ်။* သား​ဧ​သော​နဲ့ ယာကုပ်​က သူ့ကို သင်္ဂြိုဟ်​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဗေသလ​မြို့​ရဲ့ ဘုရား​သခင်။’
အဓိပ္ပာယ်၊ “ငိုကြွေး​ရာ ဝ​က်​သစ်ချပင်။”
အဓိပ္ပာယ်၊ “ငိုကြွေး​ရင်း မွေး​ရတဲ့​သား။”
အဓိပ္ပာယ်၊ “ညာလက်ရုံး​ဖြစ်တဲ့ သား။”
သေဆုံး​တာကို တင်​စားတဲ့ အသုံးအနှုန်း။