သမ္မာကျမ်းစာကို နားလည်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ တရားစကားတော်ဖြစ်ပြီး မေတ္တာရှိတဲ့ ဖခင်ဆီကလာတဲ့ စာတစ်စောင်နဲ့တူတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့်စိတ်တော်နဲ့တွေ့အောင် ဘယ်လိုလုပ်ရမလဲ၊ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ၊ အနာဂတ်မှာ လူသားတွေအတွက် ကိုယ်တော် ဘာတွေ လုပ်ဆောင်ပေးမလဲဆိုတာတွေကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ကျမ်းစာသွန်သင်ချက်တွေကို တစ်မျိုးတစ်ဖုံ လှည့်လိုက်ကြတယ်။ ဒီလိုနဲ့ လူများစွာဟာ ကျမ်းစာကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူးဆိုပြီး ထင်မြင်လာကြတယ်။—တမန်တော် ၂၀:၂၉၊ ၃၀

ယေဟောဝါဘုရားသခင်ဟာ မိမိနဲ့ပတ်သက်တဲ့ အမှန်တရားတွေ ကျွန်ုပ်တို့ကို သိစေလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့နားလည်နိုင်မယ့် စာအုပ်တစ်အုပ်ကို ပေးထားတာဖြစ်တယ်။၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။

သမ္မာကျမ်းစာကို သင် ဘယ်လိုနားလည်နိုင်မလဲ

ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာ ပေးထားတဲ့အပြင် ကျမ်းစာကို နားလည်နိုင်အောင် အကူအညီလည်း ပေးခဲ့ပါတယ်။ အဲဒီအကူအညီကတော့ ကျွန်ုပ်တို့ကို သင်ကြားပေးဖို့ ကိုယ်တော်စေလွှတ်လိုက်တဲ့ ယေရှုပဲဖြစ်တယ်။ (လုကာ ၄:၁၆-၂၁) ယေရှုဟာ ကျမ်းချက်တွေကို ရှင်းပြခြင်းအားဖြင့် ကျမ်းစာရဲ့အဓိပ္ပာယ်ကို နားထောင်နေသူတွေ နားလည်နိုင်အောင် ကူညီပေးခဲ့တယ်။လုကာ ၂၄:၂၇၊ ၃၂၊ ၄၅ ကိုဖတ်ပါ။

ယေရှုဟာ မိမိစတင်ခဲ့တဲ့အလုပ်ကို ဆက်လုပ်သွားဖို့ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒီနေ့ခေတ်မှာလည်း ယေရှုရဲ့ နောက်လိုက်စစ်တွေဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာ သွန်သင်ရာတွေကို လူတွေနားလည်နိုင်အောင် ကူညီပေးနေကြပါတယ်။ သမ္မာကျမ်းစာကို သင် နားလည်ချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေက လိုလိုလားလား ကူညီပေးပါလိမ့်မယ်။တမန်တော် ၈:၃၀၊ ၃၁ ကိုဖတ်ပါ။