တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့နေထိုင်တဲ့ ငှက်တွေထဲမှာ အံ့ဩစရာအကောင်းဆုံးငှက်တစ်မျိုးကတော့ ရေစပ်နေငှက် (Bar-Tailed Godwit) ဖြစ်တယ်။ အဲဒီငှက်က မိုင် ၇,၀၀၀ ခရီးကို ရှစ်ရက်ကျော်ကြာ ပျံသန်းတယ်။

သုံးသပ်ကြည့်ပါ– တချို့ငှက်တွေရဲ့ ဦးနှောက်ထဲမှာ သံလိုက်အိမ်မြှောင်ရှိနေပုံပဲ၊ ကမ္ဘာ့သံလိုက်စက်ကွင်းကိုအသုံးပြုပြီး လေကြောင်းသွားလာကြတယ်လို့ သုတေသီတွေ ခန့်မှန်းကြတယ်။ ဒီငှက်ကျတော့ သံလိုက်စက်ကွင်းကို သုံးတဲ့အပြင် နေ့အချိန်မှာ နေ၊ ညအချိန်မှာ ကြယ်တွေကိုကြည့်ပြီး ပျံသန်းတာဖြစ်နိုင်တယ်။ လေမုန်တိုင်းတိုက်တော့မယ့်အခြေအနေကိုလည်း ကြိုသိပုံရပြီး လေစုန်ကို အသုံးပြုပျံသန်းတယ်။ ဒါပေမဲ့ အဲဒီငှက်က ဒီလောက်ရှည်လျားတဲ့ခရီးကို ဘယ်လိုပျံသန်းသလဲဆိုတာ ပညာရှင်တွေ အခုထိ အသေးစိတ်မသိသေးဘူး။ “လေ့လာနေတာ အနှစ် ၂၀ ကြာခဲ့ပေမဲ့ ခုထိ အံ့သြလို့မဆုံးနိုင်သေးဘူး” ဆိုပြီး ဇီဝဗေဒပညာရှင် ဘတ်ဂေးလ် က ပြောတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ဒီရေစပ်နေငှက်ရဲ့ လေကြောင်းသွားလာမှုစနစ်ဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။