အစ္စရေးလူမျိုး​ဟာ ကတိပေး​ထားတဲ့​ပြည်​ကို ရောက်လာတဲ့​အခါ တဲတော်​ဟာ စစ်မှန်တဲ့​ဝတ်ပြုရေး​ရဲ့ အဓိက​နေရာ ဖြစ်လာတယ်။ ပညတ်တရား​ကို ပုရောဟိတ်တွေ သွန်သင်ပေးပြီး တရားသူကြီး​တွေ​က အုပ်ချုပ်​ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်​နဲ့ လုပ်ရပ်တွေက သူများ​ကို ဆိုးကျိုး၊ ကောင်းကျိုး​ဖြစ်စေတယ်​ဆိုတာ ဒီ​အပိုင်းမှာ ဖော်ပြတယ်။ အစ္စရေး​တစ်ဦးစီ​က ယေဟောဝါနဲ့ အချင်းချင်း​အပေါ် ထမ်းဆောင်​ရမယ့်​တာဝန် ရှိတယ်။ ဒေဗောရ၊ နောမိ၊ ယောရှု၊ ဟန္န၊ ယေဖသ သမီး၊ ရှမွေလ​တို့ဟာ သူတို့ဝန်းကျင်​မှာ​နေတဲ့​သူတွေ​အပေါ် အကျိုးပြု​ခဲ့တယ်​ဆိုတာ ဖော်ပြတယ်။ အစ္စရေးလူမျိုး​မဟုတ်တဲ့ ရာခပ်၊ ရုသ၊ ယေ​လ၊ ဂိဗောင်​မြို့သား​တွေတောင်  ဘုရားသခင်ဟာ အစ္စရေးလူမျိုး​နဲ့ အတူ​ရှိတယ်​ဆိုတာ​သိ​လို့ အစ္စရေး​ဘက် ပါ​လာတယ်​ဆိုတာ အလေးပေး​ဖော်​ပြပါ။