၂ ရှမွေလ ၆:၁-၂၃

  • ဂျေရုဆလင်မြို့ဆီ သေတ္တာတော် သယ်လာ (၁-၂၃)

    • သေတ္တာတော်ကို ဩဇ လှမ်းကိုင်၊ သေဆုံး (၆-၈)

    • မိခါလ ဒါဝိဒ်ကို အထင်သေး (၁၆၂၀-၂၃)

 ဒါဝိဒ်က အစ္စရေးလက်ရွေးစင် စစ်သည် ၃၀,၀၀၀ ကို စုဝေးပြန်တယ်။ ၂  အဲဒီနောက် ဒါဝိဒ်နဲ့ သူ့လူတွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကို+ သယ်လာဖို့ ဗာလာယုဒမြို့ကို သွားကြတယ်။ သေတ္တာတော်ရှေ့မှာ လူတွေက ခေရုဗိမ်တွေပေါ်* စံမြန်းတဲ့အရှင်၊+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး+ ဆုတောင်းလေ့ရှိတယ်။ ၃  သူတို့က ဘုရားသခင်ရဲ့ သေတ္တာတော်ကို လှည်းအသစ်ပေါ် တင်ပြီး+ တောင်ကုန်းပေါ်မှာရှိတဲ့ အဘိနဒပ်ရဲ့အိမ်ကနေ+ သယ်သွားတယ်။ အဘိနဒပ်ရဲ့သား သြဇနဲ့အဟိသြက လှည်းအသစ်ကို မောင်းတယ်။ ၄  ဘုရားသခင်ရဲ့သေတ္တာတော်ကို တောင်ကုန်းပေါ်မှာရှိတဲ့  အဘိနဒပ်ရဲ့အိမ်ကနေ သယ်သွားတဲ့အခါ အဟိသြက  သေတ္တာတော်ရှေ့ကနေ လျှောက်သွားတယ်။ ၅  ဒါဝိဒ်နဲ့ အစ္စရေးတွေက ဂျူနီပါထင်းရှူးသားနဲ့လုပ်တဲ့ တူရိယာအမျိုးမျိုး၊ စောင်း၊ ချူတပ်ဗုံ၊+ လင်းကွင်း၊+ ကြိုးတပ်တူရိယာ၊+ စည်းချက်တူရိယာတွေကို တီးခတ်ပြီး ယေဟောဝါရှေ့မှာ ပွဲခံကြတယ်။ ၆  နာခုန်ကောက်နယ်တလင်းကို ရောက်လာတဲ့အခါ နွားတွေကြောင့် ပြုတ်ကျမလိုဖြစ်သွားတဲ့ သေတ္တာတော်ကို သြဇလှမ်းထိန်းလိုက်တယ်။+ ၇  ယေဟောဝါဘုရားက သြဇရဲ့ မခန့်လေးစားလုပ်ရပ်ကြောင့်+ အမျက်ထွက်ပြီး ဒဏ်ခတ်တဲ့အတွက်+ သေတ္တာတော်နားမှာပဲ သြဇသေသွားတယ်။ ၈  သြဇကို ယေဟောဝါအမျက်ထွက်တဲ့အတွက် ဒါဝိဒ်စိတ်ဆိုးတယ်။ အဲဒီနေရာကို ပေရက်သြဇ* လို့ခေါ်ကြတာ ဒီနေ့အထိပဲ။ ၉  အဲဒီနေ့မှာ ဒါဝိဒ်က ယေဟောဝါကို ကြောက်ပြီး+ “ယေဟောဝါရဲ့ သေတ္တာတော်ကို  ငါ့ဆီ ဘယ်လိုသယ်ရပါ့မလဲ”+ လို့ပြောတယ်။ ၁၀  ယေဟောဝါရဲ့ သေတ္တာတော်ကို သူနေထိုင်တဲ့ ဒါဝိဒ်မြို့ဆီ+ မသယ်သွားချင်တာနဲ့ ဂါသမြို့သား သြဗက်ဧဒုံရဲ့အိမ်ဆီ+ သယ်သွားခိုင်းတယ်။ ၁၁  ယေဟောဝါရဲ့ သေတ္တာတော်က ဂါသမြို့သား သြဗက်ဧဒုံရဲ့အိမ်မှာ  သုံးလရှိနေတယ်။ ယေဟောဝါလည်း သြဗက်ဧဒုံနဲ့  အိမ်သားအားလုံးကို ကောင်းချီးပေးတယ်။+ ၁၂  “ယေဟောဝါဘုရားက  သေတ္တာတော်ကြောင့် သြဗက်ဧဒုံနဲ့ သူပိုင်ဆိုင်သမျှကို ကောင်းချီးပေးနေတယ်” ဆိုတဲ့သတင်းကို ဒါဝိဒ်မင်း ကြားတဲ့အခါ သေတ္တာတော်ကို သြဗက်ဧဒုံရဲ့အိမ်ကနေ ဒါဝိဒ်မြို့ဆီ ဝမ်းသာအားရ သယ်လာတယ်။+ ၁၃  ယေဟောဝါရဲ့သေတ္တာတော်ကို ထမ်းတဲ့သူတွေ+ ခြေလှမ်းခြောက်လှမ်း လှမ်းပြီးတဲ့အခါ ဒါဝိဒ်က နွားထီးတစ်ကောင်နဲ့ ဆူဖြိုးတဲ့တိရစ္ဆာန်တစ်ကောင်ကို ပူဇော်တယ်။ ၁၄  အဲဒီနောက်  ဒါဝိဒ်ဟာ  ချည်ထည်သင်တိုင်းကို ဝတ်ပြီး ယေဟောဝါရှေ့မှာ အားရပါးရ ကခုန်နေတယ်။+ ၁၅  ဒါဝိဒ်ရော အစ္စရေးတွေရော တံပိုးမှုတ်ပြီး+  တပျော်တပါး ဟစ်ကြွေးရင်း+ ယေဟောဝါရဲ့သေတ္တာတော်ကို+ သယ်လာကြတယ်။ ၁၆  ဒါဝိဒ်မြို့ထဲ ယေဟောဝါရဲ့သေတ္တာတော် ဝင်လာတဲ့အခါ ရှောလုရဲ့သမီး မိခါလက+ ပြတင်းပေါက်ကနေ ကြည့်နေတယ်။ ယေဟောဝါရှေ့မှာ ဒါဝိဒ်မင်း ကခုန်နေတာကို မြင်တော့ သူ့စိတ်ထဲမှာ အထင်သေးသွားတယ်။+ ၁၇  လူတွေက ယေဟောဝါရဲ့သေတ္တာတော်ကို သယ်လာပြီး ဒါဝိဒ်ဆောက်ထားတဲ့ တဲထဲမှာ နေရာတကျ ထားလိုက်တယ်။+ အဲဒီနောက် ဒါဝိဒ်က ယေဟောဝါရှေ့မှာ မီးရှို့ရာအလှူတွေ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေ+ ဆက်သတယ်။+ ၁၈  မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သပြီးတဲ့အခါ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ နာမည်ကို အမှီပြုပြီး လူတွေကို ကောင်းချီးပေးတယ်။ ၁၉  ဒါ့အပြင် အစ္စရေးလူအားလုံးကို ကျားမ,မရွေး မုန့်လက်ကောက်တစ်ခု၊ စွန်ပလွံပျဉ်တစ်ချပ်နဲ့ စပျစ်သီးပျဉ်တစ်ချပ်စီ ဝေပေးတယ်။ အဲဒီနောက် လူအားလုံး ကိုယ့်အိမ်ကိုယ် ပြန်သွားကြတယ်။ ၂၀  အိမ်သူအိမ်သားတွေကို ကောင်းချီးပေးဖို့ ဒါဝိဒ်ပြန်လာတဲ့အခါ ရှောလုရဲ့သမီး မိခါလက+ ထွက်ကြိုပြီး “ဒီနေ့ မင်းအရာရှိတွေရဲ့ ကျွန်မတွေရှေ့မှာ အဝတ်ကို ချွတ်တဲ့ အစ္စရေးဘုရင်ဟာ ဂုဏ်ကျက်သရေရှိလိုက်တာ။ ဦးနှောက်မရှိတဲ့လူက  လူပုံအလယ်မှာ အဝတ်ကို ချွတ်သလိုပါပဲလား” လို့ လှောင်ပြောင်တယ်။+ ၂၁  ဒါနဲ့ ဒါဝိဒ်က “ယေဟောဝါဘုရားရှေ့မှာ ငါပွဲခံနေတာ။ ယေဟောဝါက မင်းအဖေနဲ့ အိမ်သားတွေကို မရွေးချယ်ဘဲ ငါ့ကိုရွေးချယ်ပြီး အစ္စရေးလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာ။+ အဲဒီတော့ ယေဟောဝါရှေ့မှာ ငါ ကခုန်ပြီး ပွဲခံတာ ဘာဖြစ်လဲ။ ၂၂  ဒီထက်တောင် နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် လုပ်ဦးမယ်။ ဒါပေမဲ့ မင်းပြောတဲ့ ကျွန်မတွေကတော့ ငါ့ကို ဂုဏ်တင်ချီးမွမ်းနေကြတာ” လို့ပြန်ပြောတယ်။ ၂၃  ဒါနဲ့ ရှောလုရဲ့သမီး မိခါလဟာ+ တစ်သက်လုံး သားသမီးမရဘူး။

အောက်ခြေမှတ်ချက်များ

“ခေရုဗိမ်တွေကြားမှာ” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “သြဇကို အမျက်တော်ရှ။”