၂ ရာဇဝင်ချုပ် ၈:၁-၁၈

  • ကျန်တဲ့ဆောက်လုပ်ရေးစီမံကိန်းတွေ (၁-၁၁)

  • ဗိမာန်တော်မှာ ဝတ်ပြုရေး စီစဉ်ဖွဲ့စည်း (၁၂-၁၆)

  • ရှောလမုန်ရဲ့ ရေတပ် (၁၇၊ ၁၈)

 ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်ကို  ရှောလမုန်တည်ဆောက်တဲ့အချိန် အနှစ် ၂၀ စေ့တဲ့အခါ၊+ ၂  ရှောလမုန်က  ဟိရံမင်း+ ပေးထားတဲ့  မြို့တွေကို  ပြန်တည်ဆောက်ပြီး အစ္စရေးတွေကို အဲဒီမှာ နေရာချပေးတယ်။ ၃  ဒါ့အပြင် ရှောလမုန်က ဟာမတ်ဇောဘအရပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ၄  နောက်တော့ တောကန္တာရမှာရှိတဲ့ တာဒမော်မြို့၊  ဟာမတ်အရပ်မှာ  တည်ခဲ့တဲ့ ရိက္ခာသိုလှောင်ရာမြို့အားလုံးကို+ ပြန်တည်ဆောက်တယ်။+ ၅  မြို့ရိုးတွေ၊ မြို့တံခါးတွေ၊ ကန့်လန့်ကျင်တွေရှိတဲ့ ခံတပ်မြို့တွေဖြစ်တဲ့ အထက်ဗေသောရုန်မြို့၊+  အောက်ဗေသောရုန်မြို့၊+ ၆  ဗာလတ်မြို့၊+ ရိက္ခာသိုလှောင်ဖို့ မြို့တွေ၊ မြင်းရထားတွေထားဖို့ မြို့တွေ၊+ မြင်းစီးသူရဲတွေထားဖို့ မြို့တွေ တည်တယ်။ ဂျေရုဆလင်မြို့၊ လက်ဘနွန်ပြည်နဲ့ သူ့နိုင်ငံတစ်ဝန်းလုံးမှာ အလိုရှိရာမှန်သမျှ တည်ဆောက်တယ်။ ၇  အစ္စရေးလူမျိုးမဟုတ်တဲ့ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတွေထဲက+ ကျန်ကြွင်းသူအားလုံး၊+ ၈  အစ္စရေးတွေ အကုန်မဖျက်ဆီးခဲ့လို့ တိုင်းပြည်မှာကျန်ကြွင်းတဲ့ အဲဒီလူမျိုးတွေရဲ့ သားမြေးအားလုံးကို+ ရှောလမုန်က ကျွန်အဖြစ် စေခိုင်းတယ်။ ဒီနေ့အထိ သူတို့ ကျွန်ခံနေရတုန်းပဲ။+ ၉  အစ္စရေးတွေကိုတော့ တစ်ယောက်မှ ကျွန်မခံခိုင်းဘူး။+ စစ်သည်တွေ၊ ဗိုလ်မှူးတွေ၊ ရထားထိန်းတွေနဲ့ မြင်းစီးသူရဲတွေရဲ့ ခေါင်းဆောင်တွေအဖြစ် အမှုထမ်းစေတယ်။+ ၁၀  ရှောလမုန်ရဲ့အလုပ်ကို ကြီးကြပ်ရတဲ့၊ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ ဝန်မင်း ၂၅၀ ရှိတယ်။+ ၁၁  ဖာရောရဲ့သမီးတော်ကိုတော့+ ရှောလမုန်က “သူဟာ ငါ့မိဖုရားဖြစ်ပေမဲ့ အစ္စရေးဘုရင် ဒါဝိဒ်ရဲ့နန်းတော်မှာ မနေသင့်ဘူး။ ယေဟောဝါရဲ့ သေတ္တာတော်  ရောက်ရှိတဲ့  နေရာတွေဟာ သန့်ရှင်းမြင့်မြတ်တယ်”+ ဆိုပြီး ဒါဝိဒ်မြို့ကနေ ခေါ်လာပြီးနောက် သူဆောက်ထားတဲ့  နန်းဆောင်မှာ  ထားလိုက်တယ်။+ ၁၂  အဲဒီနောက် ရှောလမုန်က မုခ်ဦးရှေ့+ သူတည်ထားတဲ့ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ+ ယေဟောဝါအတွက် မီးရှို့ရာပူဇော်သက္ကာတွေကို+ ဆက်သတယ်။ ၁၃  မောရှေပညတ်မှာပါတဲ့အတိုင်း နေ့စဉ်ဆက်သနေကျ အလှူတွေ၊ ဥပုသ်နေ့၊+ လဆန်းနေ့မှာ+ ဆက်သနေကျ အလှူတွေအပြင် တဆေးမဲ့မုန့်ပွဲတော်၊+  ခုနစ်သီတင်းပွဲတော်၊+ တဲနေပွဲတော်+ စတဲ့ နှစ်စဉ်ကျင်းပဖို့ သတ်မှတ်ထားတဲ့ ပွဲတော်နေ့တွေမှာ+ ဆက်သနေကျ အလှူတွေကိုပါ ပူဇော်တယ်။ ၁၄  ဒါ့အပြင် ခမည်းတော်ဒါဝိဒ် ညွှန်ကြားခဲ့တဲ့အတိုင်း ပုရောဟိတ်အုပ်စုတွေကို တာဝန်အလိုက် စီစဉ်ဖွဲ့စည်းတယ်။+  လေဝိအမျိုးသားတွေကိုလည်း  နေ့စဉ်လုပ်နေကျအတိုင်း  ဘုရားသခင်ကို ချီးမွမ်းဖို့၊+ ပုရောဟိတ်တွေရှေ့မှာ  အမှုဆောင်ဖို့ တာဝန်အလိုက် စီစဉ်ဖွဲ့စည်းပေးတယ်။ တံခါးအသီးသီးကို စောင့်ကြပ်ဖို့ တံခါးစောင့်အုပ်စုတွေကိုလည်း တာဝန်ခွဲပေးတယ်။+ အဲဒီအတိုင်းလုပ်ဖို့ စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ ဒါဝိဒ်မှာကြားခဲ့တယ်။ ၁၅  သိုလှောင်ရုံကိစ္စအပြင်  တခြားဘယ်ကိစ္စမဆို ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေကို ဘုရင်မိန့်မှာထားတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ကြတယ်။ ၁၆  ယေဟောဝါရဲ့အိမ်တော် အုတ်မြစ်ချတဲ့နေ့ကစပြီး+ လက်စသတ်တဲ့အထိ  ရှောလမုန်ရဲ့လုပ်ငန်းအားလုံး စနစ်တကျ စီစဉ်ဖွဲ့စည်းထားတယ်။ ဒါကြောင့် ယေဟောဝါရဲ့အိမ်တော် ပြီးစီးသွားတယ်။+ ၁၇  အဲဒီနောက် ရှောလမုန်က ဧဒုံပြည်၊ ပင်လယ်ကမ်းနားမှာရှိတဲ့ ဧဇယုန်ဂါဗာနဲ့+ ဧလုတ်အရပ်ကို+ သွားတယ်။+ ၁၈  ဟိရံမင်းကလည်း+ သင်္ဘောတွေ၊ အတွေ့အကြုံရှိတဲ့ သူ့သင်္ဘောသားတွေကို ရှောလမုန်ဆီ လွှတ်လိုက်တယ်။ သူတို့က ရှောလမုန်ရဲ့ အမှုထမ်းတွေနဲ့အတူ သြဖိရအရပ်ကို+ သွားပြီး အဲဒီကနေ ရွှေအချိန်+ တဲလင့်* ၄၅၀ ကို ရှောလမုန်မင်းကြီးဆီ ယူလာတယ်။+

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။