၂ ရာဇဝင်ချုပ် ၄:၁-၂၂

  • ပူ​ဇော်ရာ​ပလ္လင်၊ ရေ​ကန်၊ အင်​တုံ (၁-၆)

  • ဆီ​မီး​တိုင်၊ စား​ပွဲ၊ ရင်​ပြင် (၇-၁၁က)

  • ဗိမာန်​တော် အသုံး​အဆောင်​တွေ ပြီး​စီး (၁၁ခ-၂၂)

 အဲဒီ​နောက်  အလျား​အတောင် ၂၀၊  အနံ​အတောင် ၂၀၊ အမြင့် ၁၀ တောင်​ရှိ​တဲ့ ကြေး​နီ​ပူ​ဇော်ရာ​ပလ္လင်​ကို+ လုပ်​တယ်။ ၂  အမြင့် ၅ တောင်​ရှိ​တဲ့ ကြေး​နီ​ရေ​ကန်​ကို​လည်း+ သွန်း​လုပ်​တယ်။ ရေ​ကန်​အဝ​က စက်​ဝိုင်း​ပုံ​ရှိ​ပြီး အချင်း ၁၀ တောင် ရှိ​တယ်။ ရေ​ကန်​အဝ​ပတ်​လည်​ကို တိုင်း​ရင် အတောင် ၃၀ ရှိ​တယ်။+ ၃  ရေ​ကန်​အဝ​ရဲ့​အောက်​ဘက် ရေ​ကန်​ပတ်​လည်​ကို ဘူး​သီး​ပုံ​တွေ​နဲ့+ အလှ​ဆင်​တယ်။ တစ်​တောင်​မှာ ဘူး​သီး​ပုံ​ဆယ်​ခု ရှိ​တယ်။ ဘူး​သီး​ပုံ​အတန်း နှစ်​တန်း​ရှိ​ပြီး ရေ​ကန်​နဲ့​တစ်​စပ်​တည်း သွန်း​လုပ်​တယ်။ ၄  ရေ​ကန်​ကို နွား​ရုပ် ၁၂ ကောင်​အပေါ်+ တင်​တယ်။ နွား​တွေ​က အရှေ့​ဘက်​ကို သုံး​ကောင်၊ အနောက်​ဘက်​ကို သုံး​ကောင်၊ တောင်​ဘက်​ကို သုံး​ကောင်၊ မြောက်​ဘက်​ကို သုံး​ကောင် မျက်​နှာ​မူ​ပြီး ရေ​ကန်​ကို ထမ်း​ထား​တယ်။ နွား​ရုပ်​တွေ​က အရပ်​လေး​မျက်​နှာ​ကို မျက်​နှာ​မူ​ထား​တယ်။ ၅  ရေ​ကန်​ရဲ့​အထူ​ဟာ လက်​လေး​သစ်* ရှိ​တယ်။ ရေ​ကန်​အဝ​ဟာ ဖလား​နှုတ်​ခမ်း​ဝ​လို၊ နှင်း​ပန်း​လို ဖြစ်​နေ​တယ်။ ရေ​ကန်​ထဲ​မှာ ရေ​ဗတ်* ၃,၀၀၀ ဆံ့​နိုင်တယ်။ ၆  ပြီး​တော့ ရေ​ထည့်​ဖို့ အင်​တုံ​ဆယ်​ခု​ကို လုပ်​ပြီး အိမ်​တော်​ရဲ့ ညာ​ဘက်​မှာ ငါး​ခု၊ ဘယ်​ဘက်​မှာ ငါး​ခု​ထား​လိုက်​တယ်။+ အင်​တုံ​ထဲ​က​ရေ​ဟာ မီး​ရှို့​ရာ​အလှူ​တွေ ဆေး​ကြော​ဖို့၊+ ရေ​ကန်​ထဲ​က ရေ​က​တော့ ပု​ရော​ဟိတ်​တွေ ဆေး​ကြော​သန့်​စင်​ဖို့ ဖြစ်​တယ်။+ ၇  အဲဒီ​နောက် သတ်​မှတ်​ထား​တဲ့​အတိုင်း+ ရွှေ​ဆီ​မီး​တိုင်+ ဆယ်​တိုင်​ကို လုပ်​ပြီး ဗိမာန်​တော်​အတွင်း ညာ​ဘက်​မှာ ငါး​တိုင်၊ ဘယ်​ဘက်​မှာ ငါး​တိုင် ထား​လိုက်​တယ်။+ ၈  စား​ပွဲ​ဆယ်​လုံး​ကို လုပ်​ပြီး ဗိမာန်​တော်​အတွင်း ညာ​ဘက်​မှာ ငါး​လုံး၊ ဘယ်​ဘက်​မှာ   ငါး​လုံး   ထား​လိုက်​တယ်။+ ရွှေ​ဇ​လုံ ၁၀၀ ကို​လည်း လုပ်​တယ်။ ၉  ဒါ့​အပြင် ပု​ရော​ဟိတ်​ရင်​ပြင်၊+ ရင်​ပြင်​ကြီး​နဲ့+ ဝင်း​တံခါး​တွေ​ကို လုပ်​ပြီး  တံခါး​တွေ​ကို ကြေး​နီ​နဲ့​အုပ်​တယ်။ ၁၀  ရေ​ကန်​ကို အိမ်​တော်​ရဲ့ ညာ​ဘက်၊ အရှေ့​တောင်​ထောင့်​မှာ ထား​လိုက်​တယ်။+ ၁၁  ဟိ​ရံ​က ပြာ​ခွက်​တွေ၊ ဂေါ်​ပြား​တွေ၊ ဇ​လုံ​တွေ​ကို​လည်း လုပ်​တယ်။+ စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​အတွက်  ရှော​လ​မုန်​မင်း  စေ​ခိုင်း​တဲ့  အလုပ်​အားလုံး​ကို  လုပ်​ပြီး​သွား​တယ်။+ ၁၂  တိုင်​နှစ်​တိုင်၊+ တိုင်​နှစ်​တိုင်​ထိပ်​ပေါ်​က  အိုး​ပုံ​စံ​ထိပ်​ဖူး​နှစ်​ခု၊ ထိပ်​ဖူး​နှစ်​ခု​ကို အလှ​ဆင်​ဖို့ ကွန်​ရက်​နှစ်​ခု၊+ ၁၃  ကွန်​ရက်​နှစ်​ခု​အ​တွက် သလဲ​သီး ၄၀၀၊+ တိုင်​နှစ်​တိုင်​ပေါ်​က အိုး​ပုံ​စံ​ထိပ်​ဖူး​နှစ်​ခု​ကို အလှ​ဆင်​ဖို့ ကွန်​ရက်​တစ်​ခု​စီ​အတွက် သလဲ​သီး​နှစ်​တန်း၊+ ၁၄  တွန်း​လှည်း​ဆယ်​ခု၊ တွန်း​လှည်း​တွေ​ပေါ်​က အင်​တုံ​ဆယ်​ခု၊+ ၁၅  ရေ​ကန်၊ ရေ​ကန်​တင်​ဖို့ နွား​ရုပ် ၁၂ ကောင်၊+ ၁၆  ပြာ​ခွက်၊ ဂေါ်​ပြား၊ ခက်​ရင်း​ခွ​နဲ့+ အသုံး​အဆောင်​အားလုံး​ကို ဟိ​ရံ​အဘိတ်​က+ ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက်၊ ရှော​လ​မုန်​မင်း​ကြီး​အတွက် ပြောင်​လက်​တဲ့​ကြေး​နီ​နဲ့ လုပ်​တယ်။ ၁၇  မင်း​ကြီး​က သု​ကုတ်​အရပ်​နဲ့+ ဇေ​ရ​ဒ​အရပ်​ကြား ဂျော်​ဒန်​မြစ်​ဝှမ်း​ဒေ​သမှာ  အဲဒီ​ပစ္စည်းတွေ​ကို ရွှံ့​စေး​ပုံ​စံ​ခွက်​တွေ​နဲ့  သွန်း​လုပ်​တယ်။ ၁၈  ရှော​လ​မုန်​မင်း​က အသုံး​အဆောင်​ပစ္စည်းတွေ​ကို အမြောက်​အမြား​လုပ်​တဲ့​အတွက် ကြေး​နီ​ပမာ​ဏ ဘယ်​လောက်​ကုန်​မှန်း​တောင် မသိ​ဘူး။+ ၁၉  ဘုရား​သခင့်​အိမ်​တော်​အ​တွက်  ရှော​လ​မုန်​လုပ်​တဲ့  အသုံး​အ​ဆောင်​ပစ္စည်းတွေ​က​တော့+  ရွှေ​ပလ္လင်၊+ ရှေ့​တော်​မုန့်​တင်​ဖို့ စား​ပွဲ​တွေ၊+ ၂၀  သတ်​မှတ်​ချက်​တွေ​အတိုင်း အတွင်း​ခန်း​ရှေ့​မှာ ထွန်း​ဖို့ ရွှေ​စင်​ဆီ​မီး​တိုင်​တွေ​နဲ့+ ဆီ​မီး​ခွက်​တွေ၊ ၂၁  ရွှေ​စင်​နဲ့​လုပ်​တဲ့ ပန်း​ပွင့်၊ မီး​ခွက်၊ မီး​ညှပ်၊ ၂၂  ရွှေ​စင်​နဲ့​လုပ်​တဲ့ မီး​ငြိမ်း​ကိ​ရိ​ယာ၊ ဇလုံ၊ ခွက်​နဲ့ မီး​ခဲ​အိုး​တွေ​ဖြစ်​တယ်။ အိမ်​တော်​ဝင်​ပေါက်​တွေ​ဖြစ်​တဲ့ အသန့်​ရှင်း​ဆုံး​အခန်း​ထဲ​ဝင်​တဲ့ အတွင်း​တံခါး​တွေနဲ့+  ဗိမာန်​တော်​တံခါး​တွေ​ကို​လည်း ရွှေ​နဲ့​လုပ်​တယ်။+

အောက်ခြေမှတ်ချက်များ

၂.၉ လက်​မနီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဗတ်​မှာ ၂၂ လီ​တာ​ (၅.၈၁ ဂါ​လံ) ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။