၂ ရာဇဝင်ချုပ် ၁၄:၁-၁၅

  • အဘိယ သေဆုံး ()

  • ယုဒဘုရင် အာသ (၂-၈)

  • အီသီယိုးပီးယားလူ ၁,၀၀၀,၀၀၀ ကို အာသ အနိုင်ရ (၉-၁၅)

၁၄  အဲဒီနောက် အဘိယ ကွယ်လွန်သွားတဲ့အတွက် သူ့ကို ဒါဝိဒ်မြို့မှာ+ သင်္ဂြိုဟ်လိုက်ကြတယ်။ သားတော်အာသ  ထီးနန်းဆက်ခံတယ်။ အာသလက်ထက်မှာ တိုင်းပြည်က ဆယ်နှစ်လုံးလုံး ငြိမ်းချမ်းသာယာနေတယ်။ ၂  အာသက ယေဟောဝါဘုရားရှေ့မှာ ကောင်းမွန်မှန်ကန်ရာကို လုပ်တယ်။ ၃  တိုင်းတစ်ပါးဘုရားတွေရဲ့  ပူဇော်ရာပလ္လင်တွေနဲ့+ အထွတ်အမြတ်နေရာတွေကို ဖယ်ရှားပစ်တယ်။ ကိုးကွယ်ရာကျောက်တိုင်တွေကို  ဖြိုဖျက်ပြီး+ ကိုးကွယ်ရာသစ်တိုင်တွေကို* ခုတ်လှဲပစ်တယ်။+ ၄  ဒါ့အပြင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကိုရှာဖို့၊ ပညတ်တရားနဲ့ မိန့်မှာချက်ကို လိုက်နာဖို့ ယုဒလူတွေကို တိုက်တွန်းတယ်။ ၅  ယုဒမြို့အားလုံးမှာ အထွတ်အမြတ်နေရာတွေ၊ နံ့သာပေါင်း ပူဇော်ရာစင်တွေကိုလည်း   ဖယ်ရှားပစ်တယ်။+  ဒါကြောင့် သူ့လက်ထက်မှာ တိုင်းပြည် ငြိမ်းချမ်းသာယာနေတယ်။ ၆  တိုင်းပြည် ငြိမ်းချမ်းသာယာနေတဲ့အတွက် ယုဒပြည်မှာ ခံတပ်မြို့တွေကို သူတည်ဆောက်တယ်။+ ယေဟောဝါက သူ့ကို အေးချမ်းစွာ နေထိုင်ခွင့်ပေးတဲ့အတွက် အဲဒီနှစ်တွေတစ်လျှောက် စစ်မှုမရှိဘူး။+ ၇  အာသက ယုဒလူတွေကို “ဒီမြို့တွေကို တည်ဆောက်ပြီး ပတ်လည်မှာ မြို့ရိုးတွေ၊ မျှော်စင်တွေ၊+ မြို့တံခါးတွေ၊ ကန့်လန့်ကျင်တွေ လုပ်ကြစို့။ ယေဟောဝါဘုရားကို ငါတို့ရှာတဲ့အတွက် တိုင်းပြည်ဟာ  ငါတို့လက်ထဲမှာပဲ  ရှိနေတယ်။ ဘုရားကို ရှာတဲ့အတွက် ဘုရားက အရပ်ရပ်မှာ ငြိမ်သက်အေးချမ်းစေပြီ” လို့ပြောတယ်။ ဒါကြောင့် သူတို့ရဲ့ တည်ဆောက်ရေးလုပ်ငန်း အောင်မြင်ခဲ့တယ်။+ ၈  အာသရဲ့ စစ်တပ်မှာ ဒိုင်းလွှားကြီးနဲ့ လှံရှည်ကိုင်တဲ့ ယုဒစစ်သည် ၃၀၀,၀၀၀ ရှိတယ်။ ဗင်ယာမိန်အနွယ်မှာ ဒိုင်းငယ်နဲ့ လေးကိုင်ဆောင်သူ ခွန်အားကြီးစစ်သည် ၂၈၀,၀၀၀ ရှိတယ်။+ ၉  နောက်တော့ အီသီယိုးပီးယားလူမျိုး ဇေရက သူတို့ကို တိုက်ခိုက်ဖို့ စစ်သည် ၁,၀၀၀,၀၀၀၊ မြင်းရထား ၃၀၀ ပါတဲ့ စစ်တပ်နဲ့ ချီတက်လာတယ်။+ မရေရှမြို့ကို+ သူရောက်တဲ့အခါ၊ ၁၀  အာသလည်း သူနဲ့တိုက်ဖို့ ထွက်လာပြီး မရေရှမြို့နားက ဇေဖသချိုင့်ဝှမ်းမှာ စစ်ခင်းကြတယ်။ ၁၁  ပြီးတော့  အာသမင်းက  “ယေဟောဝါဘုရား၊ ကိုယ်တော်က အင်အားကြီးသူတွေကိုဖြစ်စေ၊ အင်အားနည်းသူတွေကိုဖြစ်စေ ကူညီပေးနိုင်ပါတယ်။+ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကို အားကိုးတဲ့အတွက် ကူညီပေးပါ။+ ဒီလူစုကြီးကိုတိုက်ဖို့ နာမတော်နဲ့ လာခဲ့ပါပြီ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါ။ သေမျိုးဖြစ်တဲ့လူက ကိုယ်တော့်ကို အနိုင်မရပါစေနဲ့”+ ဆိုပြီး ယေဟောဝါဘုရားကို ဆုတောင်းတယ်။+ ၁၂  ဒါနဲ့ ယေဟောဝါက အီသီယိုးပီးယားလူတွေကို အာသနဲ့ ယုဒလူတွေရှေ့မှာ ရှုံးနိမ့်စေတဲ့အတွက် အီသီယိုးပီးယားလူတွေ  ထွက်ပြေးကုန်တယ်။+ ၁၃  အာသနဲ့ သူ့လူတွေလည်း ဂေရာမြို့အထိ+ လိုက်တိုက်တယ်။ ယေဟောဝါနဲ့ ဘုရားရဲ့စစ်တပ်က ချေမှုန်းလိုက်တဲ့အတွက် အီသီယိုးပီးယားလူတွေ တစ်ယောက်မကျန်  သေဆုံးကုန်တယ်။ အဲဒီနောက် ယုဒလူတွေက တိုက်ရာပါဥစ္စာ အများကြီး သိမ်းယူနိုင်ခဲ့တယ်။ ၁၄  ဂေရာမြို့ဝန်းကျင်မှာရှိတဲ့ မြို့အားလုံးကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်။ ယေဟောဝါကို မြို့သားတွေ အကြီးအကျယ် ကြောက်လန့်နေလို့ပဲ။ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့ အဲဒီမြို့တွေကို တိုက်ခိုက်သိမ်းယူတယ်။ ၁၅  သူတို့က တိရစ္ဆာန်ထိန်းကျောင်းသူတွေရဲ့ တဲတွေကိုလည်း ဖျက်ဆီးပြီး သိုးနဲ့ကုလားအုတ် အမြောက်အမြားကို သိမ်းယူလိုက်တယ်။ အဲဒီနောက် ဂျေရုဆလင်မြို့ကို ပြန်သွားကြတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။