၁ ရှမွေလ ၉:၁-၂၇

  • ရှောလု​ကို ရှ​မွေ​လ တွေ့​ဆုံ (၁-၂၇)

 အာ​ဖိ၊ ဗေ​ခေါ​ရတ်၊ ဇေ​ရော်၊ အဗျေ​လ​တို့​က​နေ ဆင်း​သက်​လာ​သူ ကိရှ​လို့​ခေါ်​တဲ့+ ဗင်​ယာ​မိန်​အမျိုး​သား​တစ်​ယောက်+ ရှိ​တယ်။ သူ​ဟာ အင်​မ​တန် ချမ်း​သာ​ကြွယ်​ဝ​တယ်။ ၂  ကိ​ရှ​မှာ ရှောလု​လို့​ခေါ်​တဲ့ သား​တစ်​ယောက် ရှိ​တယ်။+ သူ​ဟာ ငယ်​ရွယ်​ပြီး ရုပ်​ဖြောင့်​တယ်။ အစ္စရေး​လူမျိုး​မှာ သူ့​လောက် ရုပ်​ဖြောင့်​တဲ့​သူ မရှိ​ဘူး။ သူ့​အရပ်​က တခြား​လူ​အားလုံး​ထက် ခေါင်း​တစ်​လုံး​စာ ပို​မြင့်​တယ်။ ၃  တစ်​နေ့​မှာ၊ ကိ​ရှ​က သူ့​မြည်း​တွေ ပျောက်​သွား​တဲ့​အခါ သား​ရှောလု​ကို “နောက်​လိုက်​တစ်​ယောက်​ကို ခေါ်​ပြီး မြည်း​တွေ​ကို သွား​ရှာ​ခဲ့” လို့​ပြော​တယ်။ ၄  သူတို့​က ဧ​ဖရိမ်​တောင်​တန်း​ဒေ​သနဲ့ ရှ​လိ​ရှ​နယ်​မြေအနှံ့ လိုက်​ရှာ​ပေမဲ့ မတွေ့​ဘူး။ ရှာ​လိမ်​နယ်​မြေတစ်​လျှောက်​မှာ ရှာ​တော့​လည်း မတွေ့​ဘူး။ ဗင်​ယာ​မိန်​နယ်​မြေအနှံ့ ရှာ​တော့​လည်း မတွေ့​ဘူး။ ၅  ဇု​ဖနယ်​မြေကို ရောက်​လာ​တဲ့​အခါ ရှောလု​က “ပြန်​ရ​အောင်။ အဖေက မြည်း​တွေ​အတွက် စိတ်​ပူ​မယ့်​အစား ငါ​တို့​အတွက် စိတ်​ပူ​နေ​ဦး​မယ်”+ ဆို​ပြီး နောက်​လိုက်​ကို ပြော​တယ်။ ၆  ဒါ​ပေမဲ့ နောက်​လိုက်​က “နေ​ပါ​ဦး။ ဒီ​မြို့​မှာ ဘုရား​သခင်​ရဲ့​လူ ရှိ​တယ်။ သူ​ဟာ ရို​သေလေး​စား​ခံ​ရ​သူ​ပဲ။ သူ​ဟော​သမျှ မှန်​တယ်။+ သူ့​ဆီ သွား​ကြ​စို့။ ကျွန်​တော်​တို့​သွား​ရ​မယ့် လမ်း​ကို သူ​ပြော​ပြနိုင်​မှာ​ပါ” လို့ အကြံ​ပေး​တယ်။ ၇  ရှောလု​က “စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ လူ​ဆီ သွား​တဲ့​အခါ ဘာ​ယူ​သွား​ပေး​ရင် ကောင်း​မလဲ။ အိတ်​ထဲ​က မုန့်​တွေ​လည်း ကုန်​နေ​ပြီဆို​တော့ လက်​ဆောင်​ပေး​စ​ရာ မရှိ​တော့​ဘူး။ ဒို့​မှာ ဘာ​များ​ရှိ​သေး​လဲ” ဆို​ပြီး​မေးတော့၊ ၈  နောက်​လိုက်​က​ “ကျွန်​တော့်​ဆီ​မှာ ငွေ​ဒင်္ဂါး​တစ်​ပြား* ရှိ​တယ်။ ဘုရား​သခင်​ရဲ့​လူ​ကို ပေး​လိုက်​မယ်။ ဒါ​ဆို​ရင် ကျွန်​တော်​တို့ သွား​ရ​မယ့်​လမ်း​ကို သူ​ပြော​ပြမှာ​ပါ” လို့​ရှောလု​ကို ပြော​တယ်။ ၉  (အရင်​တုန်း​က အစ္စရေး​ပြည်​မှာ ဘုရား​သခင်​ကို မေး​မြန်း​ဖို့ သွား​တဲ့​အခါ “အကြား​အမြင်​ရ​သူ​ဆီ သွား​ကြ​စို့”+ ဆို​ပြီး ပြော​လေ့​ရှိ​တယ်။ အခု​ချိန်​မှာ ပရော​ဖက်​လို့​ခေါ်​တဲ့​သူ​ကို အဲဒီ​တုန်း​က အကြား​အမြင်​ရ​သူ​လို့ ခေါ်​တတ်​ကြ​တယ်။) ၁၀  ရှောလု​က “ကောင်း​သား​ပဲ။ သွား​ကြ​တာ​ပေါ့” ဆို​ပြီး ဘုရား​သခင်​ရဲ့​လူ​ရှိ​တဲ့ မြို့​ကို သွား​ကြ​တယ်။ ၁၁  အဲဒီ​မြို့​ကို သူတို့​တက်​သွား​နေ​တုန်း ရေ​ခပ်​ဆင်း​လာ​တဲ့ မိန်း​က​လေး​တွေ​ကို တွေ့​တော့ “ဒီ​မြို့​မှာ အကြား​အမြင်​ရ​သူ+ ရှိ​လား” ဆို​ပြီး​မေး​တယ်။ ၁၂  မိန်း​က​လေး​တွေ​က “ရှိ​ပါ​တယ်။ ရှေ့​နား​လေး​တင်​ပဲ။ အမြန်​သွား​ကြ။ ဒီ​နေ့ အထွတ်​အမြတ်​နေ​ရာ​မှာ+ ပူ​ဇော်​သက္ကာ ဆက်​သမှာ​မို့လို့+ ဒီ​မြို့​ကို သူ ရောက်​လာ​တာ။ ၁၃  အထွတ်​အ​မြတ်​နေ​ရာ​ကို သူ​မသွား​သေး​ဘူး​ဆို​ရင်​တော့ ရှင်​တို့ မြို့​ထဲ​ဝင်​တာ​နဲ့ သူ့​ကို တွေ့​မှာ​ပါ။ ပူ​ဇော်​သက္ကာ​အတွက် သူ​ဆု​တောင်း​ပေး​မှာ။ သူ​ဆုတောင်း​ပေး​ပြီး​မှ​ပဲ ဖိတ်​ခေါ်​ခံ​ရ​သူ​တွေ စား​လို့​ရ​တာ။ ဒါ​ကြောင့် အခု ချက်​ချင်း​တက်​သွား​ရင် သူ့​ကို​တွေ့​မယ်” လို့​ပြော​ကြ​တယ်။ ၁၄  ဒါ​နဲ့ မြို့​ကို သူတို့ တက်​သွား​ကြ​တယ်။ မြို့​အဝင်​မှာ အထွတ်​အမြတ်​နေ​ရာ​ကို သွား​မယ့် ရှ​မွေ​လ​က သူတို့​ကို ထွက်​ကြို​တယ်။ ၁၅  ရှောလု မရောက်​လာ​ခင် တစ်​ရက်​မှာ ယေဟောဝါ​က ရှ​မွေ​လ​ကို၊ ၁၆  “မနက်​ဖြန် ဒီ​အချိန်​လောက်​မှာ ဗင်ယာ​မိန်​နယ်​သား တစ်​ယောက်​ကို+ မင်း​ဆီ ငါ​လွှတ်​လိုက်​မယ်။ သူ့​ကို ငါ့​လူမျိုး​အစ္စရေး​တွေ​ရဲ့ ခေါင်း​ဆောင်​အဖြစ် ဘိသိက်​ပေး​ရ​မယ်။+ သူ​က ဖိ​လိ​တိ​လူ​တွေ​လက်​က​နေ ငါ့​လူမျိုး​ကို ကယ်​တင်​ပေး​လိမ့်​မယ်။ ငါ့​လူမျိုး ဒုက္ခ​ရောက်​နေ​တာ​ကို ငါ​မြင်​ပြီ။ သူတို့​အော်​သံ​ကို​လည်း ငါ​ကြား​ပြီ”+ လို့​ပြော​ထား​တယ်။ ၁၇  ရှ​မွေ​လ​က ရှောလု​ကို တွေ့​တဲ့​အခါ ယေဟောဝါ​က “‘ငါ့​လူမျိုး​ကို အုပ်​ချုပ်​မယ့်​သူ’ လို့ ငါ​ပြော​ခဲ့​တာ ဒီ​တစ်​ယောက်​ပဲ”+ ဆို​ပြီး ပြော​တယ်။ ၁၈  ရှောလု​က မြို့​တံခါး​နား​မှာ​ရှိ​တဲ့ ရှ​မွေ​လ​ဆီ သွား​ပြီး “အကြား​အမြင်​ရ​သူ​ရဲ့ အိမ်​ကို ပြော​ပြနိုင်​မလား” လို့​မေး​တော့၊ ၁၉  ရှ​မွေ​လ​က “အကြား​အမြင်​ရ​သူ​ဟာ ငါ​ပဲ။ အထွတ်​အမြတ်​နေ​ရာ​ကို ငါ့​ရှေ့​က​နေ တက်​သွား​ပါ။ ဒီ​နေ့ ငါ​နဲ့​အတူ စား​သောက်​ရ​မယ်။+ မင်း​သိ​ချင်​တာ​အားလုံး ငါ​ပြော​ပြမယ်။ မနက်​ကျ​မှ ပြန်​ပါ။ ၂၀  လွန်​ခဲ့​တဲ့​သုံး​ရက်​က ပျောက်​သွား​တဲ့ မြည်း​တွေ​အ​တွက် စိတ်​မပူ​နဲ့။+ ပြန်​တွေ့​ပြီ။ အစ္စရေး​ပြည်​က အဖိုး​တန်​တဲ့​အရာ မှန်​သမျှ​ကို ဘယ်​သူ​ပိုင်​သလဲ။ မင်း​နဲ့ မင်း​အဖေရဲ့ အိမ်​သား​တွေ​ပဲ မဟုတ်​လား”+ လို့​ပြော​တယ်။ ၂၁  ရှောလု​က “ကျွန်​တော်​ဟာ​ အစ္စ​ရေး​အမျိုး​ထဲ​မှာ အငယ်​ဆုံး​ဖြစ်​တဲ့ ဗင်ယာ​မိန်​အနွယ်​က​ပါ။+ ကျွန်တော့်​မိသား​စု​က​လည်း ဗင်​ယာ​မိန်​အနွယ်​ရဲ့ ဆွေ​မျိုး​စု​တွေ​ထဲ​မှာ အရေး​မပါ​သူ​တွေ​ပါ။ ကျွန်​တော့်​ကို ဘာ​လို့ ဒီ​လို​ပြော​ရ​တာ​လဲ” ဆို​ပြီး​ပြော​တယ်။ ၂၂  အဲဒီ​နောက် ရှ​မွေ​လ​က ရှောလု​နဲ့ နောက်​လိုက်​ကို စား​သောက်​ခန်း​ဆီ ခေါ်​သွား​ပြီး ထိပ်​ဆုံး​မှာ ထိုင်​ခိုင်း​တယ်။ ဖိတ်​ခေါ်​ခံ​ရ​သူ ၃၀ လောက်​ရှိ​တယ်။ ၂၃  ရှ​မွေ​လ​က “‘သပ်​သပ်​ဖယ်​ထား’ ဆို​ပြီး ငါ​သိမ်း​ထား​ခိုင်း​တဲ့​အသား​ကို ယူ​လာ​ပါ” လို့ စား​ဖို​မှူး​ကို ပြော​တယ်။ ၂၄  စား​ဖို​မှူး​က ပေါင်​သား​ကို ယူ​လာ​ပြီး ရှောလု​ရှေ့​မှာ ချ​ပေး​တယ်။ ရှ​မွေ​လ​က “ဒါ​ဟာ မင်း​အတွက်​ပဲ။ စား​ပါ။ ‘ဧည့်​သည်​တွေ ငါ​ဖိတ်​ထား​တယ်’ ဆို​ပြီး​ပြော​ထား​လို့ ဒီ​ပွဲ​မှာ မင်း​စား​ဖို့ သူတို့ ဖယ်​ထား​ပေး​တာ” လို့​ပြော​တယ်။ အဲဒီ​နေ့​မှာ ရှောလု​လည်း ရှ​မွေ​လ​နဲ့​အတူ စား​သောက်​တယ်။ ၂၅  အဲဒီ​နောက် အထွတ်​အမြတ်​နေ​ရာ​က​နေ မြို့​ထဲ​ကို ဆင်း​လာ​ကြ​တယ်။+ ရှ​မွေ​လ​နဲ့ ရှောလု​က အိမ်​မိုး​ပေါ်​မှာ စကား​ပြော​ကြ​တယ်။ ၂၆  နောက်​တစ်​နေ့ မိုး​လင်း​တာ​နဲ့ ရှ​မွေ​လ​က ရှောလု​ကို အိမ်​မိုး​ပေါ် ခေါ်​သွား​ပြီး “သွား​ဖို့​ပြင်​တော့။ မင်း​ကို ငါ​လိုက်​ပို့​မယ်” လို့​ပြော​တယ်။ ရှောလု​လည်း အသင့်​ပြင်​ပြီး​နောက် နှစ်​ယောက်​သား ထွက်​သွား​ကြ​တယ်။ ၂၇  မြို့​ပြင်​ကို ရောက်​တဲ့​အခါ ရှ​မွေ​လ​က “မင်း​ရဲ့​နောက်​လိုက်​ကို+ အရင်​သွား​ခိုင်း​လိုက်။ မင်း​က​တော့ ဒီ​မှာ​နေ​ခဲ့။ ဘုရား​သခင်​ရဲ့ စကား​ကို ငါ​ပြော​ပြမယ်” ဆို​ပြီး ရှောလု​ကို ပြော​တယ်။ ဒါ​နဲ့ နောက်​လိုက်​လည်း အရင်​သွား​နှင့်​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “တစ်​ရှယ်​ကယ်​ရဲ့ လေး​ပုံ​တစ်​ပုံ။” တစ်​ရှယ်​ကယ်​က ၁၁.၄ ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။