၁ ရှမွေလ ၈:၁-၂၂

  • အစ္စရေးတွေ ဘု​ရင်​တစ်ပါး တောင်း​ဆို (၁-၉)

  • လူ​တွေ​ကို ရှ​မွေ​လ သတိ​ပေး (၁၀-၁၈)

  • ဘု​ရင်​တစ်ပါး တောင်း​ဆို​တာ​ကို ယေဟောဝါ​ခွင့်ပြု (၁၉-၂၂)

 ရှမွေ​လ​က အို​မင်း​လာ​တဲ့​အခါ သား​တွေ​ကို အစ္စရေး​ပြည်​မှာ တရား​သူကြီး​တွေ​အဖြစ်  ခန့်​လိုက်​တယ်။ ၂  သား​ဦး​က ယောလ၊ ဒုတိ​ယ​သား​က အဘိ​ယ​လို့​ခေါ်​တယ်။+ သူတို့​က ဗေ​ရ​ရှေ​ဘ​မြို့​မှာ တရား​သူကြီး လုပ်​ကြ​တယ်။ ၃  ဒါ​ပေမဲ့ သူတို့​က ဖခင်​ရဲ့​လမ်း​စဉ်​အတိုင်း မလိုက်​ဘူး။ မတရား အမြတ်​ထုတ်​တယ်။+ လာဘ်​စား​တယ်။+ အမှန်​တရား​ကို က​ပြောင်း​က​ပြန်​ဖြစ်​အောင် လုပ်​ကြ​တယ်။+ ၄  ဒါ​ကြောင့် အစ္စရေး​အကြီး​အကဲ​အားလုံး စု​ဝေး​ပြီး ရာ​မမြို့​မှာ​ရှိ​တဲ့ ရှမွေ​လ​ဆီ လာ​ကြ​တယ်။ ၅  ပြီး​တော့ “သခင်​ဟာ အသက်​ကြီး​လာ​ပြီ။ သခင့်​သား​တွေ​လည်း သခင့်​လမ်း​စဉ် မလိုက်​ကြ​ဘူး။ ဒါ​ကြောင့် တ​ခြား​လူမျိုး​တွေ​လို ကျွန်​တော်​တို့​ကို အုပ်​ချုပ်​မယ့်​ဘုရင်​တစ်ပါး ခန့်​အပ်​ပေး​ပါ”+ လို့​တောင်း​ဆို​ကြ​တယ်။ ၆  “ကျွန်​တော်​တို့​ကို အုပ်​ချုပ်​မယ့် ဘုရင်​တစ်ပါး ခန့်​အပ်​ပေး​ပါ” ဆို​တဲ့ တောင်း​ဆို​ချက်​ကို ရှ​မွေ​လ သဘော​မကျ​တဲ့​အတွက် ယေဟောဝါ​ဆီ ဆုတောင်း​ပြီး ပြော​ပြတဲ့​အခါ၊ ၇  ယေဟောဝါ​က “လူ​တွေ တောင်း​ဆို​တဲ့​အတိုင်း လိုက်​လျော​ပေး​လိုက်​ပါ။ တ​ကယ်​တော့ သူတို့​က မင်း​ကို​ငြင်း​ပယ်​တာ မဟုတ်​ဘူး။ ငါ့​ကို ဘုရင်​အဖြစ် လက်မခံ​​ဘဲ ငြင်း​ပယ်​လိုက်​တာ။+ ၈  သူတို့​က အီဂျစ်​ပြည်​က​နေ ငါ​ခေါ်​ထုတ်​လာ​တဲ့​နေ့​က​စ​ပြီး ဒီ​နေ့​အထိ အခု​လို​ပဲ လုပ်​ခဲ့​ကြ​တာ။ ငါ့​ကို စွန့်​ပစ်​ပြီး+ တ​ခြား​ဘုရားတွေ​ကို ကိုးကွယ်​ကြ​တာ အကြိမ်​ကြိမ်​ပဲ။+ မင်း​ကို​လည်း အဲဒီ​လို​ပဲ လုပ်​နေ​တာ။ ၉  ဒီ​တော့ သူတို့​တောင်း​ဆို​တဲ့​အတိုင်း လိုက်​လျော​ပေး​လိုက်။ ဖြစ်​လာ​မယ့် အကျိုး​ဆက်​တွေ​ကို​တော့ အသေအချာ သတိ​ပေး​လိုက်။ သူတို့​ကို အုပ်​ချုပ်​မယ့်​ဘုရင်​က ဘာ​တွေ တောင်း​ဆို​ပိုင်​ခွင့်​ရှိ​တယ်​ဆို​တာ​ကို​လည်း ပြော​ပြလိုက်​ပါ” လို့​ပြော​တယ်။ ၁၀  ရှ​မွေ​လ​လည်း ဘုရင်​တစ်ပါး တောင်း​ဆို​နေ​တဲ့​  လူ​တွေ​ကို  ယေဟောဝါ မိန့်မှာ​သမျှ ပြော​ပြတယ်။ ၁၁  “ခင်​ဗျား​တို့​ကို အုပ်​ချုပ်​မယ့် ဘုရင်​က ဘာ​တွေ တောင်း​ဆို​ပိုင်​ခွင့်​ရှိ​သလဲ​ဆို​တော့+ ခင်​ဗျား​တို့​ရဲ့​သား​တွေ​ကို+ သူ့​ရဲ့​မြင်း​ရထား မောင်း​ခိုင်း​မယ်။+ မြင်း​စီး​သူ​ရဲ လုပ်​ခိုင်း​မယ်။+ တ​ချို့​ကို သူ့​ရဲ့​မြင်း​ရထား​ရှေ့​မှာ ပြေး​ခိုင်း​မယ်။ ၁၂  တ​ချို့​ကို လူ​တစ်​ထောင်​အုပ်၊+ ငါး​ဆယ်​အုပ်​ဆို​ပြီး+ ခန့်​ထား​လိမ့်​မယ်။ တ​ချို့​က လယ်​ထွန်​ပြီး+ ရိတ်​သိမ်း​ပေး​ရ​မယ်။+ စစ်​လက်​နက်​တွေ၊ မြင်း​ရထား​အ​တွက်​ ပစ္စည်း​ကိ​ရိ​ယာ​တွေ လုပ်​ပေး​ရ​မယ်။+ ၁၃  ခင်​ဗျား​တို့​ရဲ့​သမီး​တွေ​ကို ဆီ​မွှေး ဖော်​စပ်​ခိုင်း​မယ်၊ ချက်​ပြုတ်​ခိုင်း​မယ်၊ မုန့်​ဖုတ်​ခိုင်း​မယ်။+ ၁၄  ခင်​ဗျား​တို့​ရဲ့​လယ်​မြေ၊ စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​ထဲ​က+ အကောင်း​ဆုံး​သီး​နှံ​တွေ​ကို ယူ​ပြီး မင်း​မှု​ထမ်း​တွေ​ကို ပေး​လိမ့်​မယ်။ ၁၅  ခင်​ဗျား​တို့​ရဲ့​လယ်​မြေနဲ့ စ​ပျစ်​ခြံ​ထဲ​က ဆယ်​ပုံ​တစ်​ပုံ​ကို ယူ​ပြီး မင်း​အရာ​ရှိ​တွေ​နဲ့ မင်း​မှုထမ်း​တွေ​ကို ပေး​လိမ့်​မယ်။ ၁၆  ခင်​ဗျား​တို့​ရဲ့​ကျွန်​ယောက်ျား ကျွန်​မိန်း​မတွေ၊ အကောင်း​ဆုံး နွား​မြည်း​တွေ​ကို ယူ​ပြီး ခိုင်း​စေ​မယ်။+ ၁၇  ခင်​ဗျား​တို့​ရဲ့ သိုး​အုပ်​တွေ​ထဲ​က ဆယ်​ဖို့​တစ်ဖို့​ကို ယူ​လိမ့်​မယ်။+ ခင်​ဗျား​တို့​ကိုယ်တိုင်​လည်း သူ့​ဆီ​မှာ ကျွန်​ခံ​ရ​လိမ့်​မယ်။ ၁၈  ခင်​ဗျား​တို့​ရွေး​ချယ်​တဲ့ ဘုရင်​ကြောင့် အော်​ဟစ်​ရ​မယ့်​အချိန် ရောက်​လာ​လိမ့်​မယ်။+ အဲဒီ​အချိန်​ကျ​ရင် ယေဟောဝါ​ဘုရား ပြန်​ထူး​မှာ​မ​ဟုတ်​ဘူး” လို့​သတိ​ပေး​တယ်။ ၁၉  လူ​တွေ​က​တော့ ရှ​မွေ​လ သတိ​ပေး​တာ​ကို အလေး​မထား​ဘဲ “ဘာ​ပဲ​ဖြစ်​ဖြစ်၊ ကျွန်​တော်​တို့​ကို အုပ်​ချုပ်​မယ့် ဘုရင်​ရှိ​မှ ဖြစ်​မယ်။ ၂၀  ဒါ​မှ ကျွန်​တော်​တို့​လည်း လူမျိုး​ခြား​တွေ​နဲ့ တူ​မှာ။ အဲဒီ​ဘုရင်​က ကျွန်​တော်​တို့​ကို အုပ်​ချုပ်​ရ​မယ်။ ရှေ့​က​နေ ဦး​ဆောင်​ပြီး စစ်​တိုက်​ရ​မယ်” လို့​ပြော​ကြ​တယ်။ ၂၁  ရှ​မွေ​လ​လည်း လူ​တွေ​ပြော​သမျှ​ကို နား​ထောင်​ပြီး​နောက် ယေဟောဝါ​ကို ပြန်​ပြော​ပြတယ်။ ၂၂  အဲဒီ​အခါ ယေဟောဝါ​က “သူတို့​တောင်း​ဆို​တာ​ကို လိုက်​လျော​ပြီး ဘုရင်​တစ်ပါး ခန့်​အပ်​ပေး​လိုက်”+ လို့​ပြော​တယ်။ ဒါ​နဲ့ ရှ​မွေ​လ​က “ခင်​ဗျား​တို့​အားလုံး ကိုယ့်​မြို့​ကိုယ့်​ရွာ ပြန်​ကြ” ဆို​ပြီး အစ္စရေး​အမျိုး​သား​တွေ​ကို ပြန်​ခိုင်း​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ