၁ ရှမွေလ ၇:၁-၁၇

  • ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ရောက် သေတ္တာ​တော် ()

  • ‘ယေဟောဝါ​ကို​သာ ဝတ်​ပြု’ ဖို့ ရှ​မွေ​လ​တိုက်တွန်း (၂-၆)

  • မိ​ဇ​ပါ​မြို့​မှာ အစ္စရေးတွေ အနိုင်​ရ (၇-၁၄)

  • အစ္စရေးတွေ​ကို ရှ​မွေ​လ စီ​ရင်​အုပ်​ချုပ် (၁၅-၁၇)

 ကိရ​ယတ်​ယာ​ရိမ်​မြို့​သား​တွေ​က ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို သယ်​သွား​ပြီး တောင်​ကုန်း​ပေါ်​မှာ​ရှိ​တဲ့ အဘိ​န​ဒပ်​ရဲ့​အိမ်​မှာ ထား​တယ်။+ ပြီး​တော့ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို စောင့်​ရှောက်​ဖို့ သူ့​သား ဧ​လာ​ဇာ​ကို ခန့်​အပ်​လိုက်​တယ်။* ၂  ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှာ သေတ္တာ​တော် ရောက်​နေ​တာ အနှစ် ၂၀ ကြာ​သွား​ပြီ။ အစ္စရေး​တွေ​လည်း ယေဟော​ဝါ​ဆီ​ ပြန်​လှည့်​လာ​ ကြ​တယ်။+ ၃  ရှ​မွေ​လ​က အစ္စရေး​တစ်​မျိုး​လုံး​ကို “ယေဟောဝါ​ဘုရား​ဆီ စိတ်​စွမ်း​ရှိ​သမျှ​နဲ့ ပြန်​လာ​ချင်​တယ်​ဆို​ရင်+ တိုင်း​တစ်ပါး​ဘုရားတွေ၊ အာ​ရှ​တ​ရက်* ရုပ်​တု​တွေ​ကို+ ဖယ်​ရှား​လိုက်​ပါ။+ ယေဟောဝါ​ဆီ​မှာ​ပဲ စိတ်​ပုံ​အပ်​ထား​ပါ၊ စိတ်​မယိုင်​ကြ​နဲ့။ ကိုယ်​တော်​တစ်ပါး​တည်း​ကို​ပဲ ဝတ်​ပြု​ပါ။+ ဒါ​ဆို​ရင် ဖိ​လိ​တိ​လူ​တွေ​လက်​ကနေ ကယ်​တင်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၄  အစ္စရေး​တွေ​လည်း ဗာလ​ဘုရားတွေ၊ အာ​ရှ​တ​ရက်​ရုပ်​တု​တွေ​ကို ဖယ်​ရှား​ပြီး ယေဟောဝါ​တစ်ပါး​တည်း​ကို​ပဲ ဝတ်​ပြု​ကြ​တော့​တယ်။+ ၅  အဲဒီ​အခါ ရှ​မွေ​လ​က “အစ္စရေး​တို့၊ မိ​ဇ​ပါ​မြို့​မှာ စု​ဝေး​ကြ​ပါ။+ ခင်​ဗျား​တို့​အတွက် ယေဟောဝါ​ဘုရား​ဆီ ဆုတောင်း​ပေး​မယ်”+ လို့​ပြော​တော့ ၆  အစ္စရေး​တွေ​လည်း မိ​ဇ​ပါ​မြို့​မှာ စုဝေး​ကြ​တယ်။ အဲဒီ​နေ့​မှာ ရေ​ကို​ခပ်၊ ယေဟောဝါ​ရှေ့ သွန်း​လောင်း​ပြီး အစာ​ရှောင်​တယ်။+ ပြီး​တော့ “ယေဟောဝါ​ဘုရား​ကို ကျွန်​တော်​တို့ ပြစ်​မှား​ပါ​ပြီ”+ လို့​ဝန်​ခံ​ကြ​တယ်။ ရှ​မွေ​လ​က မိ​ဇ​ပါ​မြို့​မှာ အစ္စရေး​တို့​ရဲ့ တရား​သူကြီး​အဖြစ် ဆောင်​ရွက်​ပေး​တယ်။+ ၇  မိ​ဇ​ပါ​မြို့​မှာ အစ္စရေး​တွေ စု​ဝေး​နေ​တယ်​ဆို​တဲ့​သတင်း ဖိ​လိ​တိ​လူ​တွေ​ဆီ ရောက်​သွား​တယ်။ ဒါ​နဲ့ ဖိ​လိ​တိ​မင်း​တွေ​က+ တိုက်​ခိုက်​ဖို့ ချီ​တက်​လာ​တယ်။ ဒါ​ကို အစ္စရေး​တွေ​ကြား​တဲ့​အခါ ကြောက်​လန့်​ပြီး၊ ၈  “ကျွန်​တော်​တို့​ကို ကူညီ​ပေး​ဖို့၊ ဖိ​လိ​တိ​လူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​ဖို့ ယေဟောဝါ​ဘုရား​ဆီ ဆက်​ဆုတောင်း​ပေး​ပါ”+ လို့ ရှ​မွေ​လ​ကို ပြော​တယ်။ ၉  အဲဒီ​အခါ ရှ​မွေ​လ​က နို့​မပြတ်​သေး​တဲ့ သိုး​က​လေး​ကို အကုန်​အစင် မီး​ရှို့​ရာ​အလှူ​အဖြစ်+ ယေဟောဝါ​ဆီ ပူ​ဇော်​တယ်။ ပြီး​တော့ အစ္စရေး​တွေ​အတွက် ယေဟောဝါ​ဆီ ဆုတောင်း​ပေး​တယ်။ ယေဟောဝါ​လည်း သူ့​ဆုတောင်း​ချက်​ကို အဖြေပေး​တယ်။+ ၁၀  မီး​ရှို့​ရာ​အလှူ​ကို ရှ​မွေ​လ ပူ​ဇော်​နေ​တုန်း ဖိ​လိ​တိ​လူ​တွေ​က အစ္စရေး​တွေ​ကို တိုက်​ခိုက်​ဖို့ ချီ​တက်​လာ​တယ်။ အဲဒီ​နေ့​မှာ ယေဟောဝါ​က အကြီး​အကျယ် မိုး​ခြိမ်း​စေ​တဲ့​အတွက်+ ဖိ​လိ​တိ​လူ​တွေ က​စဉ့်​က​လျား​ဖြစ်​ကုန်​ပြီး+ စစ်​ရှုံး​သွား​တယ်။+ ၁၁  အစ္စရေး​တွေ​လည်း မိ​ဇ​ပါ​မြို့​က​နေ ထွက်​တိုက်​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို ဗက်​ကာ​အရပ် တောင်​ပိုင်း​အထိ ချေ​မှုန်း​တယ်။ ၁၂  ရှ​မွေ​လ​က မိ​ဇ​ပါ​မြို့​နဲ့ ယေ​ရှ​န​မြို့​ကြား​မှာ ကျောက်​တိုင် စိုက်​ထူ​လိုက်​တယ်။+ ပြီး​တော့ “ငါ​တို့​ကို ယေဟောဝါ​ဘုရား ကူညီ​ပေး​နေ​တုန်း​ပဲ”+ ဆို​ပြီး အဲဒီ​ကျောက်​တိုင်​ကို ဧ​ဗ​နေ​ဇာ* လို့​နာမည်​ပေး​တယ်။ ၁၃  ဒီ​လို​နဲ့ ဖိ​လိ​တိ​လူ​တွေ ရှုံး​နိမ့်​သွား​ပြီး အစ္စရေး​နယ်​မြေကို ထပ်​မလာ​တော့​ဘူး။+ ယေဟောဝါ​က ရှ​မွေ​လ​လက်​ထက် တစ်​လျှောက်​လုံး ဖိလိ​တိ​လူ​တွေ​ကို တား​ဆီး​ပေး​တယ်။+ ၁၄  ဖိ​လိ​တိ​လူ​တွေ​က ဧ​ကြုန်​မြို့​က​နေ ဂါသ​မြို့​အထိ သိမ်း​ယူ​ခဲ့​တဲ့​မြို့​တွေ​ကို ပြန်​အပ်​တဲ့​အတွက် အစ္စရေး​တွေ ကိုယ့်​နယ်​မြေတွေ​ကို ပြန်​ရ​တယ်။ အစ္စရေး​တွေ​က အာမောရိ​လူ​တွေ​နဲ့​လည်း+ သင့်​သင့်မြတ်မြတ် ရှိ​ကြ​တယ်။ ၁၅  ရှ​မွေ​လ​က​ သူ့​ဘဝ​တစ်​လျှောက်​လုံး အစ္စရေး​တွေ​ကို စီရင်​အုပ်​ချုပ်​တယ်။+ ၁၆  ဗေသလ​မြို့၊+ ဂိလ​ဂါ​လ​မြို့၊+ မိ​ဇ​ပါ​မြို့​တွေ​ဆီ+ နှစ်​တိုင်း လှည့်​လည်​သွား​ရောက်​ပြီး အစ္စရေး​တွေ​ရဲ့ အမှု​အခင်း​တွေ​ကို စီရင်​ဆုံး​ဖြတ်​ပေးတယ်။ ၁၇  အဲဒီ​နောက် သူ့​နေ​အိမ်​ရှိ​တဲ့ ရာ​မ​မြို့​ကို ပြန်​လာ​ပြီး+ အစ္စရေး​တွေ​ရဲ့ အမှု​အခင်း​တွေ​ကို စီရင်​ဆုံး​ဖြတ်​ပေး​တယ်။ အဲဒီ​မြို့​မှာ ယေဟောဝါ​အတွက် ပူဇော်​ရာ​ပလ္လင် တည်​ထား​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “သန့်​ရှင်း​မြင့်မြတ်​စေ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။
အဓိပ္ပာယ်၊ “ကူညီ​ရာ​ကျောက်​တိုင်။”