၁ ရှမွေလ ၆:၁-၂၁

  • ဖိ​လိ​တိ​တွေ သေတ္တာ​တော်​ကို အစ္စရေး​ပြည် ပြန်ပို့ (၁-၂၁)

 ယေဟောဝါ​ရဲ့ သေတ္တာ​တော်​က+ ဖိ​လိ​တိ​ပြည်​မှာ ခု​နစ်​လ​လုံး​ရှိ​နေတယ်။ ၂  ဒါ​နဲ့ ဖိ​လိ​တိ​လူ​တွေ​က ပုရော​ဟိတ်​တွေ၊ နတ်​ဆ​ရာတွေ​ကို+ ခေါ်​ပြီး “ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ငါ​တို့ ဘယ်​လို​လုပ်​ရင် ကောင်း​မလဲ။ န​ဂို​နေ​ရာ​ကို ဘယ်​လို​ပြန်​ပို့​ရင် ကောင်း​မလဲ” ဆို​ပြီး​မေး​တယ်။ ၃  သူတို့​က​ “အစ္စရေး​တွေ ကိုးကွယ်​တဲ့​ဘုရား ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ပြန်​ပို့​မယ်​ဆို​ရင် အလှူ​ပစ္စည်းတွေ​မပါ​ဘဲ မပို့​ကြ​နဲ့။ အဲဒီ​ဘုရား​အတွက် ဒု​စ​ရိုက်​ဖြေ​ရာ​အလှူ​လည်း မပါ​လို့ မဖြစ်​ဘူး။+ ဒါ​မှ မင်း​တို့​ရော​ဂါ ပျောက်​မယ်။ အဲဒီ​ဘုရား​က ဘာ​ကြောင့် ဆက်​ပြီး ဒဏ်​ခတ်​နေ​တာ​လဲ​ဆို​တာ မင်း​တို့ သိ​ရ​လိမ့်​မယ်” လို့​ဖြေတယ်။ ၄  ဖိ​လိ​တိ​လူ​တွေ​က “ အဲဒီ​ဘုရား​အတွက် ဒု​စ​ရိုက်​ဖြေရာ အလှူ​အဖြစ် ဘာ​ကို ပို့​လိုက်​ရ​မလဲ” လို့​မေး​တယ်။ ဒါ​နဲ့ သူတို့​က “ဖိလိ​တိ​မင်း​တွေ​ရဲ့ အရေ​အတွက်​အတိုင်း+ ရွှေ​လိပ်​ခေါင်း​ရုပ်​ငါး​ခု၊ ရွှေ​ကြွက်​ရုပ်​ငါး​ခု ထည့်​ပေး​လိုက်​ရ​မယ်။ မြို့​သား​တွေ​ရော ဘုရင်​တွေ​ပါ ဒီ​ဘေး​ဆိုး​ကို​ပဲ ခံစား​နေ​ရ​တာ​ဆို​တော့၊ ၅  လိပ်​ခေါင်း​ပုံ အရုပ်​တွေ၊ မင်း​တို့​ပြည်​ကို ဖျက်​ဆီး​ပစ်​တဲ့​ကြွက်​ပုံ အရုပ်​တွေ​ကို+ လုပ်​ရ​မယ်။ အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​ကို ဂုဏ်​တင်​ရ​မယ်။ အဲဒီ​လို​လုပ်​ရင်​တော့ အဲဒီ​ဘုရား​က မင်း​တို့​နဲ့ မင်း​တို့​ရဲ့​ဘုရား​ကို​ရော၊ မင်း​တို့​ရဲ့​ပြည်​ကို​ရော ဒဏ်​ခတ်​ချင်​မှ​ခတ်​တော့​မှာ။+ ၆  မင်း​တို့​က ဖာရော​မင်း​နဲ့ အီဂျစ်​လူ​တွေ​လို ဘာ​ကြောင့် ခေါင်း​မာ​နေ​ကြ​တာ​လဲ။+ အဲဒီ​ဘုရား​က ပြင်း​ပြင်း​ထန်​ထန် ဒဏ်​ခတ်​တဲ့​အခါ+ အစ္စရေး​တွေ​ကို သူတို့ လွှတ်​ပေး​လိုက်​ရ​တာ​ပဲ။ ဒါ​ကြောင့် အစ္စရေး​တွေ အီဂျစ်​က​ ထွက်​လာ​နိုင်​ခဲ့​ကြ​တာ။+ ၇  အခု လှည်း​သစ်​တစ်​စီး လုပ်​ပြီး သား​ငယ်​တွေ​ရှိ​တဲ့၊ ထမ်း​ပိုး​မတင်​ဖူး​သေး​တဲ့ နွား​မနှစ်​ကောင်​ကို ဆွဲ​ခိုင်း​ပါ။ သား​ငယ်​တွေ​ကို​တော့ ခြံ​ထဲ သွင်း​ထား​လိုက်။ ၈  ပြီး​တော့ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို လှည်း​ပေါ်​တင်​ပါ။ အဲဒီ​ဘုရား​အတွက် ဒု​စ​ရိုက်​ဖြေရာ အလှူ​အဖြစ် ပို့​ပေး​မယ့် ရွှေ​ရုပ်​တွေ​ကို​လည်း သေတ္တာ​လေး​တစ်​လုံး​ထဲ ထည့်​ပြီး သေတ္တာ​တော်​ဘေး​နား​မှာ ထား​လိုက်။+ ပြီး​ရင် အဲဒီ​လှည်း​ကို လွှတ်​လိုက်​ပါ။ ၉  လှည်း​က ဘယ်​လမ်း​ကို သွား​တယ်​ဆို​တာ လိုက်​ကြည့်​ကြ။ သေတ္တာ​တော်​ရှိ​ခဲ့​တဲ့ ဗက်ရှေ​မက်​မြို့​ကို+ သွား​တယ်​ဆို​ရင် ငါ​တို့​အပေါ် ဒီ​ဘေး​ဒုက္ခ​ကြီး ကျ​ရောက်​စေ​တာ အဲဒီ​ဘုရား​ပဲ။ ဗက်ရှေ​မက်​မြို့​ကို မသွား​ဘူး​ဆို​ရင်​တော့ ငါ​တို့​ကို ဒဏ်​ခတ်​တာ အဲဒီ​ဘုရား မဟုတ်​ဘူး၊ တိုက်​ဆိုင်​မှု​ကြောင့်​ပဲ​ဆို​တာ သိ​ရ​မယ်” လို့ အကြံ​ပေး​ကြ​တယ်။ ၁၀  ဖိ​လိ​တိ​လူ​တွေ​လည်း အဲဒီ​အကြံ​အတိုင်း လုပ်​ကြ​တယ်။ သား​ငယ်​ရှိ​တဲ့ နွား​မနှစ်​ကောင်​ကို လှည်း​မှာ တပ်​တယ်။​ သား​ငယ်​တွေ​ကို​တော့ ခြံ​ထဲ​မှာ လှောင်​ထား​တယ်။ ၁၁  အဲဒီနောက်​ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို လှည်း​ပေါ်​တင်​တယ်။ ရွှေ​ကြွက်​ရုပ်​တွေ၊ လိပ်​ခေါင်း​ရုပ်​တွေ ထည့်​ထား​တဲ့ သေတ္တာ​ကို​လည်း တင်​တယ်။ ၁၂  နွား​တွေ​က ဗက်ရှေ​မက်​မြို့​ဆီ တန်း​တန်း​မတ်​မတ် သွား​တယ်။+ ဘယ်​ညာ​မကွေ့​ဘဲ လမ်း​မကြီး​အတိုင်း အော်​မြည်​ရင်း​နဲ့ သွား​ကြ​တယ်။ ဖိ​လိ​တိ​မင်း​တွေ​လည်း ဗက်ရှေ​မက်​မြို့​နား​အထိ လိုက်​သွား​တယ်။ ၁၃  အဲဒီ​အချိန်​မှာ ဗက်ရှေ​မက်​မြို့​သား​တွေ​က ချိုင့်​ဝှမ်း​ထဲ​မှာ ဂျုံ​စ​ပါး ရိတ်​သိမ်း​နေ​တယ်။ သူတို့ လှမ်း​ကြည့်​တဲ့​အခါ သေတ္တာ​တော်​ကို တွေ့​တော့ ဝမ်း​သာ​သွား​ကြ​တယ်။ ၁၄  လှည်း​က ဗက်ရှေ​မက်​မြို့​သား ယောရှု​ရဲ့​လယ်​ထဲ ဝင်​လာ​ပြီး ကျောက်​တုံး​ကြီး​နား​မှာ ရပ်​နေ​တယ်။ သူတို့​က လှည်း​ကိုယ်​ထည်​ကို ချိုး​ဖျက်​ပြီး နွား​တွေ​ကို+ ယေဟောဝါ​အတွက် မီး​ရှို့​ရာ​အလှူ​အဖြစ် ပူ​ဇော်​ကြ​တယ်။ ၁၅  လေ​ဝိအမျိုး​သား​တွေ​က+ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​နဲ့ ရွှေ​ရုပ်​တွေ​ထည့်​ထား​တဲ့​သေတ္တာ​လေး​ကို ကျောက်​တုံး​ကြီး​ပေါ် တင်​ထား​ကြ​တယ်။ ဗက်ရှေ​မက်​မြို့​သား​တွေ​လည်း+ အဲဒီ​နေ့​မှာ ယေဟောဝါ​အတွက် မီး​ရှို့​ရာ​အလှူ​တွေ​နဲ့ ပူ​ဇော်​သက္ကာတွေ​ကို ဆက်​သကြ​တယ်။ ၁၆  အဲဒီ​လို​လုပ်​တာ​ကို ဖိ​လိ​တိ​မင်း​ငါး​ပါး ကြည့်​ရှု​ပြီး​တဲ့​နောက် ဧကြုန်​မြို့​ကို နေ့​ချင်း ပြန်​သွား​ကြ​တယ်။ ၁၇  ဖိလိ​တိ​လူ​တွေ​က အာ​ဇုတ်၊+ ဂါဇာ၊ အာ​ရှ​ကေ​လုန်၊ ဂါသ​၊+ ဧကြုန်​မြို့+ အတွက် ရွှေ​လိပ်​ခေါင်း​ရုပ် ငါး​ခု လုပ်ပြီး ယေဟောဝါ​အတွက် ဒု​စ​ရိုက်​ဖြေရာ အလှူ​အဖြစ်​ ပို့​လိုက်​တာ။+ ၁၈  ရွှေ​ကြွက်​ရုပ်​တွေ​ကို​တော့ ဖိ​လိ​တိ​မင်း​ငါး​ပါး​ပိုင်​တဲ့ မြို့​တွေ​ရဲ့ အရေ​အ​တွက်​အတိုင်း ပို့​ပေး​လိုက်​တာ။ အဲဒီ​မြို့​တွေ​ထဲ​မှာ ခံ​တပ်​မြို့​တွေ၊ ကျေး​ရွာ​တွေ ပါ​တယ်။ ယေဟောဝါ​ရဲ့ သေတ္တာ​တော် တင်​ထား​တဲ့ ကျောက်​တုံး​ကြီး​ဟာ ဗက်ရှေ​မက်​မြို့​သား ယောရှု​ရဲ့​လယ်​ထဲ​မှာ သက်​သေအဖြစ် အခု​ထိ ရှိ​နေ​တုန်း​ပဲ။ ၁၉  ဗက်ရှေ​မက်​မြို့​သား​တွေ​ဟာ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ကြည့်​မိ​တဲ့​အတွက် ဘုရား​သခင် ဒဏ်​ခတ်​လိုက်​တာ လူ ၅၀,၀၇၀ သေသွား​တယ်။ လူ​အများ​ကြီး​ကို ယေဟောဝါ ဒဏ်​ခတ်​လိုက်​တဲ့​အတွက် လူ​တွေ ငို​ကြွေး​ကြ​တယ်။+ ၂၀  ပြီး​တော့ ဗက်ရှေ​မက်​မြို့​သား​တွေ​က “မြင့်မြတ်​တဲ့​ဘုရား+ ယေဟောဝါ​ရှေ့​မှာ ဘယ်​သူ ရပ်​တည်​နိုင်​မှာ​လဲ။ အဲဒီ​ဘုရား​က ငါ​တို့​ဆီ​က​နေ တ​ခြား​တစ်​နေ​ရာရာ​ကို ထွက်​သွား​ရင် ကောင်း​မှာ​ပဲ”+ လို့​ ညည်း​ကြ​တယ်။ ၂၁  ဒါ​နဲ့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တွေ​ဆီ+ တ​မန်​တွေ လွှတ်​ပြီး “ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ဖိ​လိ​တိ​လူ​တွေ ပြန်​ပို့​လိုက်​ပြီ။ ခင်​ဗျား​တို့ ဆင်း​လာ​ပြီး သယ်​သွား​ကြ”+ လို့​မှာ​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ