၁ ရှမွေလ ၅:၁-၁၂

  • သေတ္တာ​တော် ဖိ​လိ​တိ​ပြည်​ကို​ရောက် (၁-၁၂)

    • ဒါ​ဂုန်​ဘု​ရား အရှက်​ရ (၁-၅)

    • ဖိ​လိ​တိ​လူ​တွေ ဒဏ်​ခတ်​ခံ​ရ (၆-၁၂)

 ဖိလိ​တိ​လူ​တွေ​က စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို သိမ်း​ပြီး+ ဧ​ဗ​နေ​ဇာ​အရပ်​က​နေ အာ​ဇုတ်​မြို့​ဆီ သယ်​သွား​ကြ​တယ်။ ၂  သေတ္တာ​တော်​ကို ဒါ​ဂုန်​ဘုရား​ကျောင်း​ထဲ ယူ​သွား​ပြီး ဒါ​ဂုန်​ရုပ်​တု​ဘေး​မှာ ထား​လိုက်​တယ်။+ ၃  နောက်​တစ်​နေ့ မနက်​စော​စော ရောက်​တော့ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ရှေ့​မှာ ဒါ​ဂုန်​ရုပ်​တု မှောက်​လျက်​လဲ​နေ​တာ​ကို အာ​ဇုတ်​မြို့​သား​တွေ တွေ့​လိုက်​ရ​တယ်။+ ဒါ​နဲ့ ဒါ​ဂုန်​ရုပ်​တု​ကို သူ့​နေ​ရာ​မှာ ပြန်​ထား​ကြ​တယ်။+ ၄  နောက်​တစ်​နေ့ မနက်​မှာ​လည်း ဒါ​ဂုန်​ရုပ်​တု​ဟာ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ရှေ့​မှာ မှောက်​လျက်​လဲ​နေ​ပြန်​တယ်။ ရုပ်​တု​ရဲ့​ခေါင်း​နဲ့ လက်​ဖဝါး​နှစ်​ဖက်​စ​လုံး ပြတ်​ပြီး တံခါး​ခုံ​ပေါ်​မှာ တင်​နေ​တယ်။ ငါး​ပုံ​သဏ္ဌာန် ကိုယ်​ထည်​ပဲ ကျန်​ခဲ့​တယ်။ ၅  ဒါ​ကြောင့် အခု​ချိန်​ထိ ဒါ​ဂုန်​ရဲ့ ပု​ရော​ဟိတ်​တွေ၊ ဒါ​ဂုန်​ဘုရား​ကျောင်း​ထဲ ဝင်​တဲ့​သူ​တွေ​က အာ​ဇုတ်​မြို့​မှာ​ရှိ​တဲ့ ဒါ​ဂုန်​ဘုရား​ကျောင်း​ရဲ့ တံခါး​ခုံ​ကို မနင်း​ဘဲ ကျော်​သွား​လေ့​ရှိ​တယ်။ ၆  ယေဟောဝါ​က အာ​ဇုတ်​မြို့​သား​တွေ​ကို ပြင်း​ပြင်း​ထန်​ထန် ဒဏ်​ခတ်​တယ်။ အာ​ဇုတ်​မြို့​နဲ့ မြို့​တစ်​ဝိုက်​က လူ​တွေ​ကို လိပ်​ခေါင်း​ရော​ဂါ​နဲ့ ဒဏ်​ခတ်​ပြီး ဖျက်​ဆီး​တယ်။+ ၇  ဒါ​ကို အာ​ဇုတ်​မြို့​သား​တွေ မြင်​တဲ့​အခါ “အစ္စရေး​တွေ ကိုးကွယ်​တဲ့ ဘုရား​က ငါ​တို့​ကို​ရော ငါ​တို့​ရဲ့​ဘုရား ဒါ​ဂုန်​ကို​ပါ ပြင်း​ပြင်း​ထန်​ထန် ဒဏ်​ခတ်​နေ​ပြီ။ အဲဒီ​ဘုရား​ရဲ့ သေတ္တာ​တော်​ကို ဒီ​မြို့​မှာ ဆက်​ထား​လို့ မဖြစ်​ဘူး” ဆို​ပြီး ပြော​ကြ​တယ်။ ၈  ဒါ​ကြောင့် ဖိ​လိ​တိ​မင်း​တွေ​ကို လူ​လွှတ်​ခေါ်​ပြီး “အစ္စရေး​တွေ ကိုးကွယ်​တဲ့ ဘုရား​ရဲ့ သေတ္တာ​တော်​ကို ဘယ်​လို​လုပ်​ရင် ကောင်း​မလဲ” လို့​မေး​တယ်။ “အစ္စရေး​တွေ ကိုးကွယ်​တဲ့ ဘုရား​ရဲ့ သေတ္တာ​တော်​ကို ဂါသ​မြို့​ဆီ ပို့​လိုက်”+ လို့​ပြော​တာ​နဲ့ သေတ္တာ​တော်​ကို ဂါသ​မြို့​ဆီ သယ်​သွား​ကြ​တယ်။ ၉  ဂါသ​မြို့​ကို သေတ္တာ​တော်​ရောက်​လာ​တော့​လည်း ယေဟောဝါ​က အဲဒီ​မြို့ကို ဒဏ်​ခတ်​တဲ့​အတွက် အကြီး​အ​ကျယ်​ ထိတ်​လန့်​ကုန်​တယ်။ မြို့​သူ​မြို့​သား အကြီး​အငယ်​အားလုံး​ကို ဒဏ်​ခတ်​တဲ့​အတွက် သူတို့​မှာ လိပ်​ခေါင်း​ရော​ဂါ ဖြစ်​လာ​တယ်။+ ၁၀  ဒါ​ကြောင့် သူတို့​က သေတ္တာ​တော်​ကို ဧ​ကြုန်​မြို့​ဆီ ပို့​လိုက်​တယ်။+ ဧ​ကြုန်​မြို့​မှာ သေတ္တာ​တော် ရောက်​လာ​တာ​နဲ့ မြို့​သား​တွေ​က “အစ္စရေး​တို့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို သယ်​လာ​ပြီ။ ငါ​တို့​ရော ငါ​တို့​လူ​တွေ​ပါ သေကုန်​တော့​မှာ​ပဲ”+ လို့အော်​ကြ​တယ်။ ၁၁  ဒါ​နဲ့ ဖိ​လိ​တိ​မင်း​တွေ​ကို လူ​လွှတ်​ခေါ်​ပြီး “အစ္စရေး​တို့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို န​ဂို​နေ​ရာ​ကို​ပဲ ပြန်​ပို့​လိုက်။ မပို့​ရင် ငါ​တို့​ရော ငါ​တို့​လူ​တွေ​ပါ သေကုန်​လိမ့်​မယ်” လို့​ပြော​ကြ​တယ်။ ဘုရား​သခင် ပြင်း​ပြင်း​ထန်​ထန် ဒဏ်​ခတ်​တဲ့​အတွက် တစ်​မြို့​လုံး သေရ​မှာ​ကြောက်​ပြီး တုန်​လှုပ်​နေ​တယ်။+ ၁၂  မသေဘဲ​ကျန်​ရစ်​သူ​တွေ​က လိပ်​ခေါင်း​ရော​ဂါ ခံစား​နေ​ရ​တော့ မြို့​သား​တွေ​ရဲ့ အော်​ဟစ်​အကူ​အညီ​တောင်း​သံ​ဟာ ကောင်း​ကင်​အထိ ရောက်​တယ်။

အောက်ခြေမှတ်ချက်များ