၁ ရှမွေလ ၃၁:၁-၁၃

  • ရှောလု​နဲ့ သား​တော်​သုံး​ယောက် သေဆုံး (၁-၁၃)

၃၁  ဖိလိ​တိ​လူ​တွေ​က အစ္စရေး​တွေ​နဲ့ စစ်​တိုက်​တယ်။+ အစ္စရေး​စစ်​သည်​တွေ ထွက်​ပြေး​ရ​ပြီး ဂိ​လ​ဗော​တောင်​မှာ အတုံး​အရုံး ကျ​ဆုံး​သွား​တယ်။+ ၂  ဖိ​လိ​တိ​လူ​တွေ​က ရှောလု​မင်း​နဲ့ သား​တော်​ယောန​သန်၊+ အဘိ​န​ဒပ်၊ မေလ​ခိရွှ​တို့​ကို သဲ​ကြီး​မဲ​ကြီး လိုက်​တိုက်​တယ်။ သား​တော်​သုံး​ယောက် အသတ်​ခံ​လိုက်​ရ​တယ်။+ ၃  ရှော​လု​ကို​လည်း အပြင်း​အထန် တိုက်​ခိုက်​တဲ့​အတွက် လေး​သမား​တွေ ပစ်​လိုက်​တဲ့​မြား ထိ​မှန်​ပြီး အကြီး​အကျယ် ဒဏ်​ရာ​ရ​သွား​တယ်။+ ၄  ရှောလု​က သူ့​လက်​နက်​ကိုင်​ကို “မင်း​ရဲ့​ဓား​ကို​ထုတ်​ပြီး ငါ့​ကို ထိုး​သတ်​လိုက်​စမ်း။ နို့​မို့​ဆို​ရင် အရေ​ဖျား​မဖြတ်​တဲ့ ဒီ​လူ​တွေ+ ငါ့​ကို ရက်​ရက်​စက်​စက် ထိုး​သတ်​လိမ့်​မယ်” လို့​အ​မိန့်​ပေး​တယ်။ ဒါ​ပေမဲ့ လက်​နက်​ကိုင်​က ကြောက်​လွန်း​လို့ မလုပ်​ရဲ​ဘူး ဖြစ်​နေ​တော့ ရှောလု​က ဓား​ကို​ထောင်​ပြီး ဓား​ပေါ် မှောက်​ချ​လိုက်​တယ်။+ ၅  ရှော​လု သေဆုံး​သွား​တာ​ကို မြင်​တော့+ သူ့​လက်​နက်​ကိုင်​လည်း ဓား​ပေါ်​မှောက်​ချ​ပြီး ရှောလု​နဲ့​အတူ သေဆုံး​သွား​တယ်။ ၆  အဲဒီ​နေ့​မှာ ရှောလု​နဲ့​အတူ သား​တော် သုံး​ယောက်၊ သူ့​လက်​နက်​ကိုင်​နဲ့ သူ့​လူ​တွေ​အားလုံး သေဆုံး​သွား​တယ်။+ ၇  ချိုင့်​ဝှမ်း​ဒေ​သနဲ့ ဂျော်​ဒန်​မြစ်​ဝှမ်း​ဒေ​သမှာ​ရှိ​တဲ့ အစ္စရေး​တွေ​လည်း စစ်​သည်​တွေ ထွက်​ပြေး​တာ၊ ရှောလု​နဲ့ သား​တော်တွေ တိုက်​ပွဲ​ကျ​သွား​တာ​ကို ကြား​သိ​တဲ့​အခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​ကို စွန့်​ပြီး ထွက်​ပြေး​ရ​တော့​တယ်။+ အဲဒီ​အခါ ဖိ​လိ​တိ​လူ​တွေ​က အဲဒီ​မြို့​တွေ​မှာ ဝင်​နေ​ကြ​တယ်။ ၈  နောက်​တစ်​နေ့​မှာ ဖိ​လိ​တိ​လူ​တွေ​က ကျ​ဆုံး​သူ​တွေ​ရဲ့ ပစ္စည်း​တန်​ဆာ​တွေ​ကို ချွတ်​ယူ​ဖို့ လာ​တဲ့​အခါ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှောလု​နဲ့ သား​တော်​သုံးယောက် သေဆုံး​နေ​တာ​ကို တွေ့​တယ်။+ ၉  ဒါ​နဲ့ ရှောလု​ရဲ့ ခေါင်း​ကို ဖြတ်​ပြီး သူ့​ချပ်​ဝတ်​တန်​ဆာ​တွေ​ကို ချွတ်​ယူ​ကြ​တယ်။ ပြီး​တော့ ဖိ​လိ​တိ​တစ်​ပြည်​လုံး​ကို တ​မန်​တွေ လွှတ်​ပြီး သူတို့​ရဲ့ ဘုရား​ကျောင်း​တွေ​မှာ၊+ လူ​တွေ​အလယ်​မှာ သတင်း​ပျံ့​သွား​အောင် လုပ်​လိုက်​တယ်။+ ၁၀  အဲဒီ​နောက် ရှောလု​ရဲ့ ချပ်​ဝတ်​တန်​ဆာ​တွေ​ကို အာရှ​တ​ရက် ဘုရား​ကျောင်း​မှာ ထား​ပြီး အလောင်း​ကို​တော့ ဗက်​ရှန်​မြို့​ရိုး​မှာ+ ချိတ်​ဆွဲ​ထား​ကြ​တယ်။ ၁၁  ရှောလု​ကို ဖိ​လိ​တိ​လူ​တွေ အဲဒီ​လို​လုပ်​လိုက်​မှန်း ယာ​ဗက်​ဂိလဒ်​မြို့​သား​တွေ+ ကြား​တဲ့​အခါ၊ ၁၂  စစ်​သည်​တွေ တစ်​ည​လုံး ချီ​တက်​သွား​တယ်။ ရှောလု​နဲ့ သား​တော်တွေ​ရဲ့ အလောင်း​ကို ဗက်​ရှန်​မြို့​ရိုး​က​နေ ဖြုတ်​ယူ​ပြီး ယာ​ဗက်​မြို့ဆီ​သယ်​လာ​တယ်။ အဲဒီ​မှာ အ​လောင်း​တွေ​ကို မီး​ရှို့​ပြီး၊ ၁၃  အရိုး​တွေ​ကို+ ယာဗက်​မြို့​မှာ​ရှိ​တဲ့ မန်​ကျည်း​ပင်* အောက်​မှာ မြှုပ်​လိုက်​တယ်။+ ပြီး​တော့ ခု​နစ်​ရက် အစာ​ရှောင်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

အရွက်​သေး​ပြီး အဖြူ​ရောင်၊ ပန်း​ရောင်​ပွင့်​တဲ့ အမြဲစိမ်း​ပင်​တစ်​မျိုး။