၁ ရှမွေလ ၂၈:၁-၂၅

  • အင်​ဒေါ​ရ​မြို့​က နတ်​က​တော်​ဆီ ရှောလု​သွား (၁-၂၅)

၂၈  အဲဒီ​အချိန်​မှာ ဖိ​လိ​တိ​လူ​တွေ​က စစ်​တပ်​တွေ​ကို စု​ဝေး​ပြီး အစ္စရေး​တွေ​ကို တိုက်​ခိုက်​ဖို့ ပြင်​ဆင်​နေ​ကြ​တယ်။+ အာ​ခိတ်​မင်း​က “မင်း​နဲ့​မင်း​ရဲ့​လူ​တွေ ငါ​နဲ့​အတူ စစ်​တိုက်​ထွက်​မယ် မဟုတ်​လား”+ လို့​ ပြော​တော့၊ ၂  ဒါဝိဒ်​က “ကျွန်​တော်​ဘာ​လုပ်​မယ်​ဆို​တာ မင်း​ကြီး​ သိ​သား​နဲ့​ဗျာ” လို့​ ဖြေ​တယ်။ အာ​ခိတ်​မင်း​က “ကောင်း​ပြီ။ မင်း​ကို ငါ့​ရဲ့​ကိုယ်​ရံ​တော်​အဖြစ် အတည်​ခန့်​လိုက်​ပြီ”+ လို့​ဒါဝိဒ်​ကို​ပြော​တယ်။ ၃  ရှ​မွေ​လ​တော့ ကွယ်​လွန်​သွား​ပြီ။ အစ္စရေး​တွေ​က သူ့​အတွက် ငို​ကြွေး​မြည်​တမ်း​ပြီး သူ့​ဇာတိ ရာ​မမြို့​မှာ သင်္ဂြိုဟ်​လိုက်​ကြ​ပြီ။+ ရှောလု​လည်း နတ်​က​တော်တွေ​နဲ့ ဗေ​ဒင်​ဆ​ရာတွေ​ကို တိုင်း​ပြည်​က​နေ ဖယ်​ရှား​ပြီး​ပြီ။+ ၄  ဖိ​လိ​တိ​လူ​တွေ စု​ဝေး​ပြီး ချီ​တက်​လာ​ကြ​တယ်။ ရှု​နင်​မြို့​မှာ+ တပ်​ချ​ထား​တယ်။ ရှောလု​လည်း အစ္စရေး​တွေ​ကို စု​ဝေး​ပြီး ဂိ​လ​ဗော​တောင်​မှာ+ တပ်​ချ​ထား​တယ်။ ၅  ဖိ​လိ​တိ​စစ်​တပ်​ကို မြင်​တဲ့​အခါ ရှောလု ကြောက်​ပြီး တုန်​လှုပ်​သွား​တယ်။+ ၆  ယေဟောဝါ​ကို မေး​မြန်း​ပေမဲ့+ ယေဟောဝါ​က ဥရိမ် က​နေ​ရော၊*+ အိပ်​မက်​တွေ၊ ပရော​ဖက်​တွေ​ကနေ​ပါ လုံး​ဝ အဖြေမပေး​တော့​ဘူး။ ၇  နောက်​ဆုံး၊ ရှောလု​က “နတ်​က​တော်​တစ်​ယောက်​ကို ရှာ​ကြ။+ သူ့​ကို ငါ​သွား​မေး​မယ်” လို့ အမိန့်​ပေး​တဲ့​အခါ မင်း​မှု​ထမ်း​တွေ​က “အင်​ဒေါ​ရ​မြို့​မှာ+ နတ်​က​တော်​တစ်​ယောက် ရှိ​ပါ​တယ်” လို့​ဖြေကြ​တယ်။ ၈  ဒါ​နဲ့ ရှောလု​က ရုပ်​ဖျက်​ပြီး​ အ​ဝတ်​အစား​လဲ​လိုက်​တယ်။ သူ့​လူ​နှစ်​ယောက်​ကို ခေါ်​ပြီး အဲဒီ​မိန်း​မဆီ ည​အချိန်​မှာ သွား​ကြ​တယ်။ အဲဒီ​ကို​ရောက်​တဲ့​အခါ “ခင်​ဗျား​က နတ်​က​တော်​ဆို​တော့+ ကျွန်​တော်​ပြော​တဲ့​လူ​ကို ခင်​ဗျား​ရဲ့​ပညာ​နဲ့ ခေါ်​ပေး​ပါ” လို့​ပြော​တယ်။ ၉  အဲဒီ​မိန်း​မက​လည်း “နတ်​က​တော်တွေ၊ ဗေ​ဒင်​ဆ​ရာတွေ​ကို တိုင်း​ပြည်​က​နေ ရှောလု​မင်း ဖယ်​ရှား​ခဲ့​တာ ရှင်​သိ​မှာ​ပါ။+ ကျွန်​မ အသတ်​ခံ​ရ​အောင် ဘာ​လို့ ထောင်​ချောက်​ဆင်​နေ​တာ​လဲ”+ လို့​ပြော​တော့၊ ၁၀  ရှောလု​က “အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ကျွန်​တော်​ပြော​မယ်။ ဒီ​ကိစ္စ​ကြောင့် ခင်​ဗျား အပြစ်​မသင့်​စေ​ရ​ဘူး” ဆို​ပြီး ချက်​ချင်း​ပဲ ယေဟောဝါ​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ပြတယ်။ ၁၁  ဒါ​နဲ့ မိန်း​မက “ဘယ်​သူ့​ကို ခေါ်​ပေး​ရ​မလဲ” လို့​မေး​တဲ့​အခါ ရှောလု​က “ရှ​မွေ​လ​ကို ခေါ်​ပေး​ပါ” လို့​ပြော​တယ်။ ၁၂  မိန်း​မက “ရှ​မွေ​လ​ကို”*+ မြင်​တာ​နဲ့ ငယ်​သံ​ပါ​အောင် အော်​ပြီး “ဘာ​လို့ ကျွန်​မကို လှည့်​စား​တာ​လဲ။ အရှင်​ဟာ ရှောလု​မင်း​ပဲ” လို့​ပြော​တယ်။ ၁၃  ရှောလု​က​လည်း “မကြောက်​ပါ​နဲ့။ မင်း ဘာ​ကို​မြင်​ရ​သလဲ” လို့​မေး​တော့ မိန်း​မက​ “ဘုရား​နဲ့​တူ​တဲ့​လူ​တစ်​ယောက် မြေထဲ​က တက်​လာ​တာ မြင်​ပါ​တယ်” လို့​ဖြေ​တယ်။ ၁၄  ဒါ​နဲ့ ရှောလု​က “ဘယ်​လို​ ပုံ​စံ​ရှိ​သလဲ” လို့​မေး​တဲ့​အခါ မိန်း​မက “လက်​ပြတ်​ဝတ်​ရုံ​ ဝတ်​ထား​တဲ့ အဖိုး​အို​တစ်​ယောက်​ပါ”+ လို့​ဖြေတယ်။ အဲ​ဒီအခါ ရှောလု​က “ရှ​မွေ​လ” မှန်း​သိ​သွား​တဲ့​အတွက် မြေပေါ် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​တယ်။ ၁၅  “ရှ​မွေ​လ” က “ငါ့​ကို​ ခေါ်​ပြီး​ ဘာ​လို့​ နှောင့်​ယှက်​တာ​လဲ” လို့​မေး​တဲ့​အခါ ရှောလု​က “ကျွန်​တော် အကြီး​အကျယ် ဒုက္ခ​ရောက်​နေ​လို့​ပါ။ ဖိ​လိ​တိ​လူတွေ ကျွန်​တော့်​ကို လာ​တိုက်​နေ​တယ်။ ဘုရား​သခင်​က​လည်း ကျွန်​တော့်​ကို စွန့်​ပစ်​သွား​ပြီ။ ပရော​ဖက်​တွေ၊ အိပ်​မက်​တွေ​က​တစ်ဆင့် အဖြေမပေး​တော့​ဘူး။+ ဒါ​ကြောင့် ကျွန်​တော် ဘာ​လုပ်​ရ​မယ်​ဆို​တာ ပြော​ပြဖို့ သခင့်​ကို ခေါ်​ရ​တာ​ပါ”+ လို့​ဖြေတယ်။ ၁၆  အဲဒီ​အခါ “ရှ​မွေ​လ” က “မင်း​ကို ယေဟောဝါ​ဘုရား စွန့်​ပစ်​ပြီ၊+ မင်း​ရဲ့​ရန်​သူ ဖြစ်​နေ​ပြီဆို​မှ​တော့ ငါ့​ကို ဘာ​လို့ မေး​နေ​ရ​သေး​လဲ။ ၁၇  ယေဟောဝါ​ဘုရား​က ငါ​က​တစ်ဆင့် ကြို​ပြော​ထား​တဲ့​အတိုင်း လုပ်​လိမ့်​မယ်။ ယေဟောဝါ​က နိုင်​ငံ​ကို မင်း​ဆီ​က​နေ ရုပ်​သိမ်း​ပြီး မင်း​ရဲ့​အမျိုး​သား​ချင်း​ဖြစ်​တဲ့ ဒါဝိဒ်​ကို ပေး​လိမ့်​မယ်။+ ၁၈  မင်း​က ယေဟောဝါ​ရဲ့ စကား​ကို မနာ​ခံ​တဲ့​အပြင် ဘုရား​သခင်​ကို အမျက်​ထွက်​အောင်​လုပ်​တဲ့ အာ​မလက်​လူမျိုး​ကို အကုန်​မဖျက်​ဆီး​တဲ့​အတွက်+ မင်း​ကို ယေဟောဝါ​ဘုရား အခု​လို​လုပ်​တာ။ ၁၉  ယေဟောဝါ​က မင်း​ကို​ရော၊ အစ္စရေး​တွေ​ကို​ပါ ဖိ​လိ​တိ​လူ​တွေ​လက်​ထဲ+ အပ်​လိမ့်​မယ်။ မနက်​ဖြန်​ကျ​ရင် မင်း​နဲ့+ မင်း​ရဲ့​သား​တွေ​က+ ငါ​ရှိ​တဲ့​အရပ်​ကို ရောက်​လာ​ရ​မယ်။ ယေဟောဝါ​ဘုရား​က အစ္စရေး​တပ်​ကို​လည်း ဖိ​လိ​တိ​လူ​တွေ​လက်​ထဲ အပ်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၂၀  “ရှ​မွေ​လ”​ ရဲ့စကား​ကို​လည်း ကြား​ရော ရှောလု ထိတ်​လန့်​သွား​လို့ မြေပေါ် မှောက်​လျက်​လဲ​ကျ​သွား​တယ်။ တစ်​နေ့​လုံး တစ်​ည​လုံး ဘာ​မှ​မစား​ထား​လို့ အား​ပြတ်​နေ​တယ်။ ၂၁  နတ်​က​တော် ဝင်​လာ​တဲ့​အခါ ရှောလု အ​ကြီး​အကျယ် ထိတ်​လန့်​နေ​တာ တွေ့​တော့ “မင်း​ကြီး​ရဲ့​စကား​ကို ကျွန်​မ နား​ထောင်​ပါ​ပြီ။ အသက်​ကို​ရင်း​ပြီး+ မင်းကြီး​ပြောတဲ့​အတိုင်း လုပ်​ခဲ့​ပါ​ပြီ။ ၂၂  အ​ခု ကျွန်​မပြော​တာ​ကို တစ်​ဆိတ်​လောက် နား​ထောင်​ပါ။ စား​စ​ရာ​နည်း​နည်း ပြင်​ဆင်​ပေး​ပါ​ရ​စေ။ မင်း​ကြီး ခရီး​ဆက်​ရ​ဦး​မှာ​ဆို​တော့ အား​ပြန်​ရှိ​လာ​အောင် စား​လိုက်​ပါ” လို့​ပြော​တယ်။ ၂၃  ရှောလု​က “မစား​ဘူး” ဆို​ပြီး​ငြင်း​တယ်။ ဒါ​ပေမဲ့ မင်း​မှု​ထမ်း​တွေ​ရော အဲဒီ​မိန်း​မပါ အတင်း​တိုက်​တွန်း​တဲ့​အတွက် နောက်​ဆုံး သူတို့​စကား​ကို နား​ထောင်​တဲ့​အနေ​နဲ့ မြေပေါ်​က ထ​ပြီး ခု​တင်​ပေါ်​မှာ ထိုင်​တယ်။ ၂၄  အဲဒီ​မိန်း​မက အိမ်​မှာ​ရှိ​တဲ့ ဆူ​ဖြိုး​တဲ့ နွား​လေး​တစ်​ကောင်​ကို ချက်​ချင်း သတ်၊* ဂျုံ​မှုန့်​ကို​နယ်​ပြီး တဆေး​မဲ့​မုန့်​တွေ ဖုတ်​တယ်။ ၂၅  ပြီး​တော့ ရှောလု​နဲ့ မင်း​မှု​ထမ်း​တွေ​ကို ကျွေးမွေး​တဲ့​အတွက် သူတို့​လည်း စား​သောက်​ပြီး အဲဒီ​ည​မှာ​ပဲ ထွက်​သွား​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ရှ​မွေ​လ​နဲ့​တူ​တဲ့ ပုံ​သဏ္ဌာန်​ကို။”
ဒါ​မှ​မဟုတ်၊ “ပူ​ဇော်။”