၁ ရှမွေလ ၂၇:၁-၁၂

  • ဖိ​လိ​တိ​လူ​တွေ ဒါဝိဒ်​ကို ဇိ​က​လတ်​မြို့​ပေး (၁-၁၂)

၂၇​  ဒါဝိဒ်​က “တစ်​နေ့​နေ့​တော့ ရှောလု​လက်​ချက်​နဲ့ ငါ​သေမှာ​ပဲ။ ဖိ​လိ​တိ​ပြည်​ကို ထွက်​ပြေး​တာ အ​ကောင်း​ဆုံး​ဖြစ်​မယ်။+ ဒါ​ဆို ရှောလု လက်​လျှော့​ပြီး အစ္စရေး​နယ်​မြေတွေ​မှာ ငါ့​ကို လိုက်​ရှာ​တော့​မှာ မဟုတ်​ဘူး။+ ငါ​လည်း သူ့​လက်​က​နေ လွတ်​လိမ့်​မယ်” လို့​တွေး​မိ​တယ်။ ၂  ဒါ​ကြောင့် သူ့​လူ ၆၀၀ ကို ခေါ်​ပြီး+ မော​ခ​ရဲ့​သား ဂါသ​မင်း အာ​ခိတ်​ဆီ+ ထွက်​သွား​လိုက်​တယ်။ ၃  ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က ဂါသ​မြို့၊ အာ​ခိတ်​မင်း​ဆီ​မှာ ကိုယ့်​သား​မယား​တွေ​နဲ့​အတူ နေ​ထိုင်​ကြ​တယ်။ ဒါဝိဒ်​မှာ ဇနီး​နှစ်​ယောက် ရှိ​တယ်။ ယေဇရေလ​မြို့​သူ အဟိ​နောင်၊+ နာဗလ​ရဲ့​ဇနီး​ဖြစ်​ဖူး​တဲ့ က​ရ​မေလ​မြို့​သူ အဘိ​ဂဲလ+ ဖြစ်​တယ်။ ၄  ဒါဝိဒ် ဂါသ​မြို့​ကို ထွက်​ပြေး​သွား​ပြီဆို​တဲ့​သတင်း ကြား​တဲ့​အခါ ရှောလု လိုက်​မရှာ​တော့​ဘူး။+ ၅  ဒါဝိဒ်​က အာ​ခိတ်​မင်း​ကို “ကျွန်​တော် မင်း​ကြီး​စိတ်​နဲ့ တွေ့​တယ်​ဆို​ရင် ကျေး​လက်​မြို့​လေး​တစ်​မြို့​မှာ နေ​ခွင့်​ပေး​ပါ။ မင်း​ကြီး​နဲ့​အတူ နန်း​စိုက်​မြို့​မှာ ကျွန်​တော် မနေ​ထိုက်​ပါ​ဘူး” လို့ လျှောက်​တင်​တယ်။ ၆  ဒါ​နဲ့ အာ​ခိတ်​မင်း​က အဲဒီ​နေ့​မှာ ဇိ​က​လတ်​မြို့​ကို+ ဒါဝိဒ်​ကို ပေး​လိုက်​တဲ့​အတွက် ဒီ​နေ့​အ​ထိ ဇိ​က​လတ်​မြို့​ကို ယုဒ​ဘုရင်​တွေ ပိုင်​တယ်။ ၇  ဒါဝိဒ်​က ဖိ​လိ​တိ​ပြည်​ရဲ့ ကျေး​လက်​ဒေ​သမှာ တစ်​နှစ်​နဲ့​လေး​လ နေ​ထိုင်​တယ်။+ ၈  ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က ဂေရှုရိ၊+ ဂေရ​ဇိ၊ အာ​မလက်​လူ​တွေ​ဆီ+ သွား​ပြီး တိုက်​ခိုက်​တတ်​တယ်။ အဲဒီ​လူမျိုး​တွေ​ဟာ တေ​လံ​မြို့​က​နေ ရှု​ရ​အရပ်​အထိ၊+ အီဂျစ်​ပြည်​အထိ နေ​ထိုင်​ကြ​တယ်။ ၉  အဲဒီ​နယ်​မြေကို ဒါဝိဒ် တိုက်​ခိုက်​တဲ့​အခါ ယောက်ျား​မိန်း​မ တစ်​ယောက်​မကျန် ကွပ်​မျက်​တယ်။+ သိုး​နွား​တိရစ္ဆာန်၊ မြည်း၊ ကု​လား​အုတ်​နဲ့ အဝတ်​အစား​တွေ​ကို​ပဲ သိမ်း​ယူ​ပြီး အာ​ခိတ်​မင်း​ဆီ ပြန်​လာ​တတ်​တယ်။ ၁၀  အာ​ခိတ်​မင်း​က “မင်း​တို့ ဒီ​နေ့ ဘယ်​မှာ တိုက်​ခိုက်​ခဲ့​သလဲ” လို့ မေးရင် ဒါဝိဒ်​က “ယုဒ​နယ်​မြေတောင်​ပိုင်း”+ ဒါ​မှ​မဟုတ် “ယေ​ရ​မေ​လ​အမျိုး​သား​တွေ​ရဲ့ နယ်​မြေတောင်​ပိုင်း”+ ဒါ​မှ​မဟုတ် “ကေ​နိတ်​အမျိုး​သား​တွေ​ရဲ့ နယ်​မြေတောင်​ပိုင်း​ကို+ သွား​တိုက်​ခဲ့​ပါ​တယ်” လို့​ဖြေလေ့​ရှိ​တယ်။ ၁၁  “‘ဒါဝိဒ်​ရဲ့​လက်​ချက်’ လို့ ဘယ်​သူ​မှ သတင်း​မပေး​နိုင်​အောင် လုပ်​မှ​ပဲ” ဆို​ပြီး ဂါသ​မြို့​ဆီ ယောက်ျား​မိန်း​မ တစ်​ယောက်​ကို​မှ မခေါ်​လာ​ဘဲ အကုန်​သတ်​ပစ်​တယ်။ (ဖိ​လိ​တိ​ပြည်​ရဲ့ ကျေး​လက်​ဒေ​သမှာ နေ​ထိုင်​ချိန်​တစ်​လျှောက်​လုံး အဲဒီ​အတိုင်း ဒါဝိဒ်​လုပ်​လေ့​ရှိ​တယ်။) ၁၂  အာ​ခိတ်​မင်း​က​လည်း ဒါဝိဒ်​ကို ယုံ​ပြီး “အစ္စရေး​တွေ ဒါဝိဒ်​ကို ရွံ​မုန်း​နေ​လောက်​ပြီ။ ဒီ​တော့ ငါ့​ဆီ​မှာ သူ တစ်​သက်​လုံး ကျွန်​ခံ​လိမ့်​မယ်” ဆို​ပြီး တွေး​နေ​တယ်။

အောက်ခြေမှတ်ချက်များ