၁ ရှမွေလ ၂၆:၁-၂၅

  • ရှောလု​ကို ဒါဝိဒ် အသက်​ချမ်း​သာ​ပေး​ပြန် (၁-၂၅)

    • ယေဟောဝါ ဘိ​သိက်​ပေး​ထား​သူ​ကို ဒါဝိဒ်​လေးစား (၁၁)

၂၆  ဇိဖမြို့​သား​တွေ​က+ ဂိ​ဗာ​မြို့​မှာ​ရှိ​နေ​တဲ့+ ရှောလု​ဆီ လာ​ပြီး “ဒါဝိဒ်​က ယေ​ရှိ​မုန်​အရပ်​ရဲ့ မျက်​နှာ​ချင်း​ဆိုင်​မှာ​ရှိ​တဲ့ ဟ​ခိ​လ​တောင်​ကုန်း​ပေါ်​မှာ ပုန်း​နေ​တယ်”+ လို့​သတင်း​ပေး​တယ်။ ၂  ရှောလု​လည်း ဒါဝိဒ်​ကို​ရှာ​ဖို့ အစ္စရေး​လက်​ရွေး​စင် စစ်​သည် ၃,၀၀၀ ကို​ခေါ်​ပြီး ဇိ​ဖတော​ဘက်​ကို ဆင်း​သွား​တယ်။+ ၃  ယေ​ရှိ​မုန်​အရပ်​ရဲ့ မျက်​နှာ​ချင်း​ဆိုင်​မှာ​ရှိ​တဲ့ ဟ​ခိ​လ​တောင်​ကုန်း​ပေါ်​က လမ်း​နား​မှာ ရှောလု စ​ခန်း​ချ​တယ်။ ဒါဝိဒ်​က​တော့ တော​ထဲ​မှာ ရှိ​နေ​တယ်။ သူ့​ကို​ရှာ​ဖို့ တော​ထဲ ရှောလု​ရောက်​လာ​တဲ့ သတင်း​ကို ကြား​တဲ့​အခါ၊ ၄  ဒါဝိဒ်​က ရှောလု တ​ကယ်​ရောက်​မရောက် အသေအချာ သိ​ရ​အောင် သူ​လျှို​တွေ လွှတ်​လိုက်​တယ်။ ၅  အဲဒီ​နောက် ရှောလု စ​ခန်း​ချ​တဲ့​နေ​ရာ​ကို လိုက်​သွား​ပြီး နေ​ရ​ရဲ့​သား ဗိုလ်​ချုပ်​အာဗနာ​နဲ့+ ရှောလု​အိပ်​တဲ့​နေ​ရာ​ကို မှတ်​ထား​လိုက်​တယ်။ ရှောလု​က စစ်​သည်​တွေ ဝိုင်း​ရံ​ထား​တဲ့ စ​ခန်း​ရဲ့​အလယ်​မှာ အိပ်​နေ​တယ်။ ၆  ဒါဝိဒ်​က “ရှောလု​ရှိ​နေ​တဲ့ တပ်​စ​ခန်း​ထဲ ဘယ်​သူ​လိုက်​မလဲ” ဆို​ပြီး ဟိ​တ္တိ​အမျိုး​သား+ အဟိ​မလက်​နဲ့ ဇေ​ရု​ယာ​ရဲ့​သား၊+ ယွာဘ​ရဲ့​အစ်​ကို အဘိ​ရှဲ​ကို+ မေး​တော့ အဘိ​ရှဲ​က “ကျွန်​တော် လိုက်​မယ်” လို့​ဖြေတယ်။ ၇  ည​ရောက်​တော့ ဒါဝိဒ်​နဲ့ အဘိ​ရှဲ​က ရှောလု​ရဲ့​စ​ခန်း​ကို သွား​တယ်။ ရှောလု​က လှံ​ကို ခေါင်း​ရင်း​နား​မှာ စိုက်​ထား​ပြီး စ​ခန်း​အလယ်​မှာ အိပ်​ပျော်​နေ​တာ၊ အာဗနာ​နဲ့ စစ်​သည်​တွေ သူ့​ကို​ဝိုင်း​ရံ​ပြီး အိပ်​နေ​ကြ​တာ​ကို သူတို့ တွေ့​လိုက်​ရ​တယ်။ ၈  အဲဒီ​အခါ အဘိ​ရှဲ​က “ဒီ​နေ့ ဘုရား​သခင်​က ရန်​သူ​ကို ခင်​ဗျား​လက်​ထဲ အပ်​လိုက်​တာ​ပဲ။+ ဒီ​တော့ သူ့​ကို မြေမှာ​ကပ်​သွား​အောင် လှံ​နဲ့​တစ်​ချက်​တည်း ကျွန်​တော် ထိုး​ပါ​ရ​စေ။ နှစ်​ချက်​ထိုး​စ​ရာ မလို​ဘူး” လို့ ဒါဝိဒ်​ကို ခွင့်​တောင်း​တယ်။ ၉  ဒါ​ပေမဲ့ ဒါဝိဒ်​က “မလုပ်​ပါ​နဲ့။ ယေဟောဝါ​ဘုရား ဘိ​သိက်​ပေး​ထား​သူ​ကို+ ထိ​ခိုက်​အောင်​လုပ်​ရင် အပြစ်​လွတ်​နိုင်​ပါ့​မလား။+ ၁၀  အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ သူ့​ကို ယေဟောဝါ​ကိုယ်​တိုင် ဒဏ်​ခတ်​မှာ​ပါ။+ ဒါ​မှ​မဟုတ် တ​ခြား​သူ​တွေ​လို​ပဲ တစ်​နေ့​ကျ​ရင် သူ​သေဆုံး​သွား​မယ်။+ ဒါ​မှ​မဟုတ် တိုက်​ပွဲ​မှာ ကျ​ဆုံး​လိမ့်​မယ်။+ ၁၁  ယေဟောဝါ​ရဲ့ ရှု​ထောင့်​က​နေ ကြည့်​ရင် ယေဟောဝါ ဘိ​သိက်​ပေး​ထား​သူ​ကို ထိ​ခိုက်​အောင်​လုပ်​ဖို့ ကျွန်​တော် စဉ်း​တောင် မစဉ်း​စား​သင့်​ဘူး။+ ဒီ​တော့ သူ့​ခေါင်း​ရင်း​နား​က လှံ​နဲ့​ရေ​ဘူး​ကို​ပဲ ယူ​ခဲ့​ပါ။ ငါ​တို့​သွား​ကြ​စို့” လို့​ပြော​တယ်။ ၁၂  အဲဒီ​နောက် ရှောလု​ရဲ့​ခေါင်း​ရင်း​နား​က လှံ​နဲ့​ရေ​ဘူး​ကို ယူ​ပြီး နှစ်​ယောက်​သား ထွက်​လာခဲ့​ကြ​တယ်။ ဒါ​ကို ဘယ်​သူ​မှ မမြင်​လိုက်​ဘူး။+ သတိ​လည်း မထား​မိ​ဘူး။ နိုး​လည်း မနိုး​ကြ​ဘူး။ ယေဟောဝါ​က အိပ်​မော​ကျ​စေ​တဲ့​အတွက် စစ်​သည်​အားလုံး အိပ်​ပျော်​နေ​ကြ​တယ်။ ၁၃  ဒါဝိဒ်​က​တော့ လျှို​မြောင်​တစ်​ဖက်​ကို ကူး​သွား​ပြီး ခပ်​လှမ်း​လှမ်း​က တောင်​ထိပ်​ပေါ်​မှာ ရပ်​နေ​လိုက်​တယ်။ သူတို့​ကြား​မှာ တော်​တော် အလှမ်း​ဝေး​တယ်။ ၁၄  ဒါဝိဒ်​က စစ်​သည်​တွေ​နဲ့ နေ​ရ​ရဲ့သား အာဗနာ​ကို+ အော်​ခေါ်​ပြီး​ “အာဗ​နာ၊ ကျွန်​တော်​ပြော​တာ ကြား​ရဲ့​လား” လို့​မေး​တယ်။ အာဗနာ​က “မင်း​ကြီး​ကို အော်​ခေါ်​နေ​တာ ဘယ်​သူ​လဲ” ဆို​ပြီး လှမ်း​မေး​တော့၊ ၁၅  ဒါဝိဒ်​က “အာဗနာ၊ ခင်​ဗျား ယောက်ျား မဟုတ်​ဘူး​လား။ အစ္စရေး​ပြည်​မှာ ခင်​ဗျား​ကို​ယှဉ်​နိုင်​သူ မရှိ​ဘူး​ဆို။ ဒါ​နဲ့​တောင် ကိုယ့်​သခင် အရှင်​မင်း​ကြီး​ကို ဘာ​လို့ မစောင့်​ရှောက်​နိုင်​ရ​တာ​လဲ။ မင်း​ကြီး​ကို​သတ်​ဖို့ စစ်​သည်​တစ်​ယောက် ဝင်​လာ​တယ်​လေ။+ ၁၆  ခင်​ဗျား တာဝန်​မကျေ​ဘူး။ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ကျွန်​တော်​ပြော​မယ်။ ခင်​ဗျား​ဟာ ယေဟောဝါ​ဘုရား ဘိ​သိက်​ပေး​ထား​တဲ့+ ကိုယ့်​သခင်​ကို မစောင့်​ရှောက်​နိုင်​တဲ့​အတွက် သေထိုက်​တယ်။ အခု မင်း​ကြီး​ရဲ့​ခေါင်း​ရင်း​နား​က လှံ​နဲ့​ရေ​ဘူး ဘယ်​မှာ​လဲ၊+ ကြည့်​လိုက်​ပါ​ဦး” လို့အော်​ပြော​တယ်။ ၁၇  ရှောလု​က ဒါဝိဒ်​ရဲ့​အသံ​ကို မှတ်​မိ​သွား​ပြီး “ငါ့​သား ဒါဝိဒ်၊ ဒါ မင်း​ရဲ့​အသံ​လား”+ လို့​မေး​တဲ့​အခါ ဒါဝိဒ်​က “ဟုတ်​ပါ​တယ်၊ အရှင်​မင်း​ကြီး” လို့​ဖြေတယ်။ ၁၈  ပြီး​တော့ “မင်း​ကြီး၊ ကျွန်​တော့်​ကို ဘာ​လို့ လိုက်​ဖမ်း​နေ​တာ​လဲ။+ ကျွန်​တော် ဘာ​လုပ်​မိ​လို့​လဲ။ ဘာ​အပြစ် ကျူး​လွန်​မိ​လို့​လဲ။+ ၁၉  အရှင်​မင်း​ကြီး၊ ကျွန်​တော်​ပြော​တာ​ကို တစ်​ဆိတ်​လောက် နား​ထောင်​ပေး​ပါ။ ကျွန်​တော့်​ကို ရန်​ရှာ​ဖို့ မင်း​ကြီး​ကို ယေဟောဝါ​ဘုရား တိုက်​တွန်း​တယ်​ဆို​ရင် ကျွန်​တော်​ဆက်​သတဲ့ ကောက်​နှံ​အလှူ​ကို ဘုရား​သခင် လက်ခံ​ပါ​စေ။ လူ​တွေ တိုက်​တွန်း​တာ​ဆို​ရင်​တော့+ ကျွန်​တော့်​ကို ယေဟောဝါ​ရဲ့​အမွေ​မြေမှာ+ နေ​ခွင့်​မရှိ​ဘူး​လို့ ခံစား​ရ​အောင်​လုပ်​ပြီး နှင်​ထုတ်​ကြ​တဲ့​အတွက် ယေဟောဝါ​ဘုရား​ရှေ့​မှာ သူတို့ ကျိန်​စာ​သင့်​ပါ​စေ။ အဲဒီ​လို​နှင်​ထုတ်​တာ​က ‘တ​ခြား​ဘုရားတွေ​ကို သွား​ဝတ်​ပြု​တော့’ လို့​ကျွန်​တော့်​ကို ပြော​တာ​နဲ့ အတူ​တူ​ပါ​ပဲ။ ၂၀  အခု ယေဟောဝါ​ဘုရား​ရှေ့​တော်​နဲ့ အလှမ်း​ဝေး​တဲ့​နေ​ရာ​မှာ ကျွန်​တော့်​သွေး မြေပေါ်​မကျ​ပါ​ရ​စေ​နဲ့။ အစ္စရေး​ဘုရင်​က တောင်​တန်း​တွေ​ပေါ်​မှာ ခါ​ငှက်​တစ်​ကောင်​ကို လိုက်​ဖမ်း​သလို​မျိုး ဘာ​မဟုတ်​တဲ့ ခွေး​သန်း​တစ်​ကောင်​ကို ရှာ​ဖို့+ ထွက်​လာခဲ့​ပြီပဲ” လို့​ပြော​တယ်။ ၂၁  အဲဒီ​အခါ ရှောလု​က “ငါ​မှား​သွား​ပြီ။+ ငါ့​သား ဒါဝိဒ်၊ ငါ့​ဆီ ပြန်​လာ​ပါ။ ဒီ​နေ့ မင်း​က ငါ့​အသက်​ကို တန်​ဖိုး​ထား​တဲ့​အတွက် မင်း​ကို အန္တရာယ် မပြု​တော့​ပါ​ဘူး။+ ငါ တော်​တော် မိုက်​မဲ​တာ​ပဲ။ ငါ အမှား​ကြီး​မှား​သွား​ပြီ” လို့​ပြော​တယ်။ ၂၂  ဒါဝိဒ်​က​လည်း “မင်း​ကြီး​ရဲ့​လှံ ဒီ​မှာ​ရှိ​ပါ​တယ်။ တစ်​ယောက်​ယောက်​ကို လွှတ်​ပြီး လာ​ယူ​ခိုင်း​ပါ။ ၂၃  ယေဟောဝါ​ဘုရား​က လူ​တိုင်း​ကို သူ့​ရဲ့​ဖြောင့်​မတ်​မှု၊+ သစ္စာ​ရှိ​မှု​အတိုင်း ဆပ်​ပေး​ပါ​လိမ့်​မယ်။ ဒီ​နေ့ ယေဟောဝါ​ဘုရား​က မင်း​ကြီး​ကို ကျွန်​တော့်​လက်​ထဲ အပ်​ပေမဲ့ ယေဟောဝါ ဘိ​သိက်​ပေး​ထား​သူ​ကို ထိ​ခိုက်​အောင် ကျွန်​တော် မလုပ်​ချင်​ပါ​ဘူး။+ ၂၄  မင်း​ကြီး​အသက်​ကို ကျွန်​တော် တန်​ဖိုး​ထား​ခဲ့​သလို ယေ​ဟောဝါ​ဘုရား​က​လည်း ကျွန်​တော့်​အသက်​ကို တန်​ဖိုး​ထား​ပါ​စေ။ ကျွန်​တော့်​ကို ဆင်း​ရဲ​ဒုက္ခ​အမျိုး​မျိုး​က​နေ ကယ်​တင်​ပေး​ပါ​စေ”+ လို့​ပြော​တယ်။ ၂၅  ရှောလု​က “ငါ့​သား ဒါဝိဒ်၊ မင်း​ကို ဘုရား​သခင် ကောင်း​ချီး​ပေး​ပါ​စေ။ မင်း​ဟာ ကြီးမြတ်​တဲ့​အရာတွေ လုပ်​နိုင်​လိမ့်​မယ်။ ဘာ​ပဲ​လုပ်​လုပ် မလွဲ​မသွေ အောင်​မြင်​လိမ့်​မယ်”+ လို့​ပြော​တယ်။ အဲဒီ​နောက် ဒါဝိဒ် ထွက်​သွား​တယ်။ ရှောလု​လည်း နန်း​တော်​ကို ပြန်​သွား​တယ်။+

အောက်ခြေမှတ်ချက်များ