၁ ရှမွေလ ၂၃:၁-၂၉

  • ကိ​လာ​မြို့​ကို ဒါဝိဒ်​ကယ်​တင် (၁-၁၂)

  • ဒါဝိဒ်​ကို ရှောလု​လိုက်​ဖမ်း (၁၃-၁၅)

  • ဒါဝိဒ်​ကို ယောန​သန်​အား​ပေး (၁၆-၁၈)

  • ရှောလု​ရန်​က​နေ ဒါဝိဒ် သီ​သီ​လေး​လွတ် (၁၉-၂၉)

၂၃  “ဖိ​လိ​တိ​လူ​တွေ ကိ​လာ​မြို့​ကို+ တိုက်​ခိုက်​ပြီး ကောက်​နယ်​တ​လင်း​တွေ​ကို လု​ယက်​နေ​ကြ​တယ်” ဆိုတဲ့​သတင်း​ကို ဒါဝိဒ်​ကြား​တဲ့​အခါ၊ ၂  “သူတို့​ကို သွား​တိုက်​ခိုက်​ရမ​လား” လို့ ယေဟောဝါ​ကို မေး​တယ်။+ ယေဟောဝါ​က​လည်း “သွား​ပါ။ ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ခိုက်​ပြီး ကိ​လာ​မြို့​ကို ကယ်​တင်​ပါ” လို့​ဖြေတယ်။ ၃  ဒါ​ပေမဲ့ ဒါဝိဒ်​ရဲ့​လူ​တွေ​က “ဒီ​ယုဒ​နယ်​မြေမှာ​တောင် ကျွန်​တော်​တို့ ဒီ​လောက်​ကြောက်​နေ​ရ​တာ။+ ကိ​လာ​မြို့​ကို သွား​ပြီး ဖိ​လိ​တိ​တပ်​တွေ​ကို တိုက်​ခိုက်​ဖို့​ဆို​ရင် ပို​လို့​တောင် ကြောက်​ပါ​တယ်”+ လို့​ပြော​ကြ​တယ်။ ၄  ဒါ​နဲ့ ယေဟောဝါ​ကို ဒါဝိဒ်​ထပ်​မေး​တဲ့​အခါ+ ယေဟောဝါ​က “ကိ​လာ​မြို့​ကို ဆင်း​သွား​ပါ။ ဖိ​လိ​တိ​လူ​တွေ​ကို မင်း​လက်​ထဲ ငါ​အပ်​မယ်”+ ဆို​ပြီး​ပြော​တယ်။ ၅  ဒါဝိဒ်​လည်း သူ့​လူ​တွေ​နဲ့​အတူ ကိ​လာ​မြို့​ကို ဆင်း​သွား​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ခိုက်​တယ်။ သူတို့​ရဲ့ တိရစ္ဆာန်တွေ​ကို သိမ်း​ယူ​ပြီး ဖိ​လိ​တိ​လူ အမြောက်​အမြား​ကို သတ်​ပစ်​တယ်။ ဒီ​နည်း​နဲ့ ကိ​လာ​မြို့​သား​တွေ​ကို ကယ်​တင်​ခဲ့​တယ်။+ ၆  အဟိ​မလက်​ရဲ့​သား အဗျာသာ​က+ ဒါဝိဒ်​ရှိ​နေ​တဲ့ ကိ​လာ​မြို့​ကို​ထွက်​ပြေး​လာ​တဲ့​အခါ သင်​တိုင်း​ကို​ပါ ယူ​လာ​တယ်။ ၇  “ကိ​လာ​မြို့​မှာ ဒါဝိဒ်​ရောက်​နေ​တယ်” ဆို​တဲ့​သတင်း​ကို​ရ​တဲ့​အခါ ရှောလု​က “သူ့​ကို ငါ့​လက်​ထဲ ဘုရား​သခင် အပ်​ပြီ။+ မြို့​တံခါး​တွေ၊ ကန့်​လန့်​ကျင်​တွေ​ရှိ​တဲ့​မြို့​ထဲ ရောက်​နေ​တာ​ဆို​တော့ သူ​ပိတ်​မိ​နေ​လောက်​ပြီ” လို့​ပြော​တယ်။ ၈  ဒါ​ကြောင့် ရှောလု​က ကိ​လာ​မြို့​ကို ဆင်း​သွား​ဖို့၊ ဒါဝိဒ်​နဲ့ အပေါင်း​ပါ​တွေ​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ဖို့ သူ့​လူ​အားလုံး​ကို ဆင့်​ခေါ်​လိုက်​တယ်။ ၉  ရှောလု မကောင်း​ကြံ​နေ​မှန်း ဒါဝိဒ်​သိ​သွား​တဲ့​အခါ “သင်​တိုင်း ယူ​လာခဲ့​ပါ​ဦး” လို့ ပု​ရော​ဟိတ်​အဗျာ​သာ​ကို ပြော​တယ်။+ ၁၀  အဲဒီ​နောက် “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ရှောလု​မင်း​က ကျွန်​တော့်​ကြောင့် ကိ​လာ​မြို့​ကို လာ​ဖျက်​ဆီး​ဖို့ ကြံ​စည်​နေ​တဲ့​သတင်း​ကို ကြား​ပါ​တယ်။+ ၁၁  ကိ​လာ​မြို့​ခေါင်း​ဆောင်​တွေ​က ကျွန်​တော့်​ကို ရှောလု​မင်း လက်​ထဲ​အပ်​မှာ​လား။ ကျွန်​တော်​ကြား​တဲ့​အတိုင်း သူ​ဆင်း​လာ​မှာ​လား။ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ကျွန်​တော့်​ကို အဖြေပေး​ပါ” လို့​အသနား​ခံ​တဲ့​အခါ ယေဟောဝါ​က​ “ရှောလု ဆင်း​လာ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၂  “ကိ​လာ​မြို့​ခေါင်း​ဆောင်​တွေ​က​ရော ကျွန်​တော်​နဲ့ ကျွန်​တော့်​လူ​တွေ​ကို ရှောလု​မင်း​လက်​ထဲ အပ်​မှာ​လား” လို့ ဒါဝိဒ်​ထပ်​မေး​တော့ ယေဟောဝါ​က “အပ်​လိမ့်​မယ်” လို့​ဖြေတယ်။ ၁၃  ဒါဝိဒ်​လည်း သူ့​လူ  ၆၀၀​ လောက်​နဲ့​အတူ+ ကိ​လာ​မြို့​က​နေ ချက်ချင်း​ထွက်​ပြီး ရှောင်​တိမ်း​လို့​ရ​နိုင်​တဲ့ နေ​ရာတွေ​ဆီ သွား​ကြ​တယ်။ ကိ​လာ​မြို့​က​နေ ဒါဝိဒ်​ထွက်​ပြေး​ပြီဆို​တဲ့ သတင်း​ကို ရှောလု​ကြား​တဲ့​အခါ ဆက်​မလိုက်​တော့​ဘူး။ ၁၄  ဒါဝိဒ်​က သွား​ဖို့​ခက်​ခဲ​တဲ့ နေ​ရာတွေ၊ ဇိ​ဖတော​မှာ​ရှိ​တဲ့ တော​ကြို​တောင်​ကြား​တွေ​မှာ ရှောင်​တိမ်း​နေ​တယ်။+ ဒါဝိဒ်​ကို ရှောလု အဆက်​မပြတ် လိုက်​ရှာ​နေ​ပေမဲ့+ ယေဟောဝါ​က ရှောလု​လက်​ထဲ မအပ်​ဘူး။ ၁၅  ဇိ​ဖတော ဟော​ရ​ရှ​အရပ်​မှာ ဒါဝိဒ်​ရှိ​နေ​တုန်း သူ့​ရဲ့​အသက်​ကို သတ်​ဖို့ ရှောလု​ထွက်​လာ​ပြီဆို​တာ သိ​လိုက်​တယ်။* ၁၆  ရှောလု​ရဲ့​သား ယောန​သန်​က ဟော​ရ​ရှ​အရပ်​မှာ​ရှိ​တဲ့ ဒါဝိဒ်​ဆီ​လာ​ပြီး ယေဟောဝါ​ကို ယုံ​ကြည်​စိတ်​ချ​ဖို့ အား​ပေး​တယ်။+ ၁၇  “မကြောက်​ပါ​နဲ့။ မင်း​ကို ခမည်း​တော်​ရှောလု ရှာ​လို့​တွေ့​မှာ မဟုတ်​ဘူး။ မင်း​ဟာ အစ္စရေး​ဘုရင် ဖြစ်​လာ​မယ်။+ ငါ​ကိုယ်​တိုင် မင်း​ကို ထောက်​ခံ​အား​ပေး​မယ်။ ဒါ​ကို ခမည်း​တော်​လည်း သိ​ထား​တယ်”+ လို့​ပြော​တယ်။ ၁၈  အဲဒီ​နောက် ယေဟောဝါ​ရှေ့​မှာ နှစ်​ယောက်​သား ကတိ​သစ္စာ​ပြု​ကြ​တယ်။+ ဒါဝိဒ်​က ဟော​ရ​ရှ​အရပ်​မှာ နေ​ခဲ့​ပြီး ယောန​သန်​က​တော့ အိမ်​ပြန်​သွား​တယ်။ ၁၉  ဇိ​ဖမြို့​သား​တွေ​က ရှောလု​ရှိ​နေ​တဲ့ ဂိ​ဗာ​မြို့​ဆီ တက်​သွား​ပြီး+ “ဒါဝိဒ်​က ဟော​ရ​ရှ​အရပ်​မှာ​ရှိ​တဲ့+ သွား​ဖို့​ခက်​ခဲ​တဲ့ နေ​ရာတွေ​မှာ၊ ယေ​ရှိ​မုန်​အရပ်​ရဲ့​တောင်​ဘက်+ ဟ​ခိ​လ​တောင်​ကုန်း​ပေါ်​မှာ+ ပုန်း​နေ​ပါ​တယ်။ ကျွန်​တော်​တို့​နဲ့ သိပ်​မဝေး​ဘူး။+ ၂၀  မင်း​ကြီး အလို​ရှိ​တဲ့​အချိန်​မှာ ဆင်း​လာ​နိုင်​ပါ​တယ်။ သူ့​ကို မင်း​ကြီး​လက်​ထဲ ကျွန်​တော်​တို့ အပ်​ပါ့​မယ်”+ လို့​ပြော​တော့၊ ၂၁  ရှောလု​က “ငါ့​ကို စာ​နာ​ကြ​တဲ့​အတွက် မင်း​တို့​ကို ယေဟောဝါ​ဘုရား ကောင်း​ချီး​ပေး​ပါ​စေ။ ၂၂  အခု​တော့ မင်း​တို့​ပြန်​သွား​ကြ။ သူ ဘယ်​မှာ ပုန်း​နေ​တယ်၊ သူ့​ကို ဘယ်​သူ ရှာ​တွေ့​ခဲ့​တယ်​ဆို​တာ အသေအချာ စုံ​စမ်း​ပါ။ သူ သိပ်​ဉာဏ်​များ​တယ်​လို့ ငါ​ကြား​တယ်။ ၂၃  သူပုန်း​တတ်​တဲ့​နေ​ရာတွေ​ကို အသေအချာ မှတ်​ထား​ပြီး အထောက်​အထား​တွေ ယူ​ခဲ့​ကြ။ အဲဒီ​အခါ​ကျ​ရင် မင်း​တို့​နဲ့​အတူ ငါ​လိုက်​မယ်။ ထောင်​နဲ့​ချီ​တဲ့ ယုဒ​လူ​တွေ​ကြား​မှာ ပုန်း​နေ​ရင်​တောင် ငါ​မတွေ့​တွေ့​အောင် ရှာ​မယ်” လို့​ပြော​တယ်။ ၂၄  ဒါ​ကြောင့် ဇိ​ဖမြို့​သား​တွေ​ဟာ ရှောလု​ထက်​အရင် ဇိ​ဖမြို့​ကို+ ပြန်​သွား​ကြ​တယ်။ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က​တော့ မော​န​တော၊+ ယေ​ရှိ​မုန်​အရပ်​ရဲ့ တောင်​ဘက် အရာ​ဗာ​အရပ်​မှာ+ ရှိ​နေ​ကြ​တယ်။ ၂၅  ရှောလု​က ဒါဝိဒ်​ကို​ရှာ​ဖို့ သူ့​လူ​တွေ​နဲ့​အတူ ရောက်​လာ​တယ်။+ ဒီ​သတင်း​ကို ဒါဝိဒ်​ကြား​တဲ့​အခါ ချက်​ချင်း​ပဲ ကျောက်​ဆောင်​ရှိ​ရာ​ကို ဆင်း​သွား​ပြီး+ မော​န​တော​မှာ ပုန်း​နေ​လိုက်​တယ်။ ဒါ​ကို ရှောလု​ကြား​တော့ မော​န​တော​ကို လိုက်​လာ​တယ်။ ၂၆  ရှောလု​က တောင်​ရဲ့​ဒီ​ဘက်​ခြမ်း​ကို ရောက်​လာ​တဲ့​အခါ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က တောင်​ရဲ့​ဟို​ဘက်​ခြမ်း​မှာ ရှိ​နေ​ကြ​တယ်။ ဒါဝိဒ်​တို့​က အဖမ်း​ခံ​ရ​မယ့်​ဆဲ​ဆဲ ဖြစ်​နေ​လို့+ ရှောလု​နဲ့ သူ့​လူ​တွေ​ရဲ့​ရန်​က​နေ လွတ်​အောင် ထွက်​ပြေး​ဖို့ ကြိုး​စား​ချိန်​မှာ​ပဲ၊+ ၂၇  ရှောလု​ဆီ တ​မန်​တစ်​ယောက် ရောက်​လာ​ပြီး “အမြန်​ပြန်​ခဲ့​ပါ။ ဖိ​လိ​တိ​တွေ တိုင်း​ပြည်​ကို လာ​တိုက်​နေ​ပြီ” လို့​သတင်း​ပေး​တယ်။ ၂၈  ရှောလု​လည်း ဒါဝိဒ်​နောက် ဆက်​မလိုက်​တော့​ဘဲ+ ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ခိုက်​ဖို့ ပြန်​လှည့်​သွား​တယ်။ ဒါ​ကြောင့် အဲဒီ​နေ​ရာ​ဟာ လမ်း​ခွဲ​ကျောက်​ဆောင်​လို့ နာ​မည်​တွင်​သွား​တယ်။ ၂၉  ဒါဝိဒ်​က အဲဒီ​က​နေ တက်​သွား​ပြီး အင်​ဂေဒိ​တော​ထဲ​က+ သွား​ဖို့​ခက်​ခဲ​တဲ့ နေ​ရာတွေ​မှာ ပုန်း​ရှောင်​နေ​တယ်။

အောက်ခြေမှတ်ချက်များ

“ထွက်​လာလို့ ကြောက်​သွား​တယ်” လည်း​ဖြစ်​နိုင်။