၁ ရှမွေလ ၂၁:၁-၁၅

  • နော​ဗ​မြို့​မှာ ရှေ့​တော်​မုန့်​ကို ဒါဝိဒ်​စား​သုံး (၁-၉)

  • ဂါသ​မြို့​မှာ ဒါဝိဒ် ရူး​ဟန်​ဆောင် (၁၀-၁၅)

၂၁  နောက်​တော့ ဒါဝိဒ်​က ပု​ရော​ဟိတ် အဟိ​မလက်​ရှိ​နေ​တဲ့ နော​ဗ​မြို့​ကို+ ရောက်​လာ​တယ်။ အဟိ​မလက်​က ဒါဝိဒ်​ကို​တွေ့​တဲ့​အခါ ထိတ်​လန့်​သွား​ပြီး “ဘာ​လို့ တစ်​ယောက်​တည်း လာ​တာ​လဲ။ ဘယ်​သူ​မှ မပါ​ဘူး​လား”+ လို့​မေး​တယ်။ ၂  အဲဒီ​အခါ ဒါဝိဒ်​က “မင်း​ကြီး​ခိုင်း​လိုက်​တဲ့ ကိစ္စ​တစ်​ခု ရှိ​လို့​ပါ။ မင်း​ကြီး​က ‘ဘာ​ကိစ္စ​နဲ့ မင်း​ကို​လွှတ်​တယ်၊ ဘာ​တွေ ခိုင်း​လိုက်​တယ်​ဆို​တာ ဘယ်​သူ့​ကို​မှ မသိ​စေ​နဲ့’ လို့ မှာ​လိုက်​တယ်။ ကျွန်​တော့်​လူ​တွေ​နဲ့ တွေ့​ဖို့ တစ်​နေ​ရာ​မှာ ချိန်း​ထား​ပြီး​ပါ​ပြီ။ ၃  ဒါ​ကြောင့် မုန့်​ငါး​လုံး​ပဲ​ဖြစ်​ဖြစ်၊ ဘာ​ပဲ​ဖြစ်​ဖြစ် ရှိ​တာ​လေး ကျွန်​တော့်​ကို ပေး​လိုက်​ပါ” ဆို​ပြီး​ပြော​တယ်။ ၄  ပု​ရော​ဟိတ်​က “ရိုး​ရိုး​မုန့်​တော့ မရှိ​ဘူး။ သန့်​ရှင်း​တဲ့​မုန့်​ပဲ ရှိ​တယ်။+ မင်း​ရဲ့​လူ​တွေ​က မိန်း​မကိစ္စ​နဲ့ ကင်း​ရင်​တော့ ဒီ​မုန့်​ကို ယူ​သွား​ပါ”+ လို့​ပြော​တယ်။ ၅  ဒါဝိဒ်​က​လည်း “ကျွန်​တော်​တို့​က ခါ​တိုင်း စစ်​တိုက်​ထွက်​တုန်း​က​လို​ပဲ မိန်း​မကိစ္စ​နဲ့ ကင်း​ပါ​တယ်။+ ပုံ​မှန်​တာဝန် ထမ်း​ဆောင်​ချိန်​မှာ​တောင် ကျွန်​တော့်​လူ​တွေ​ဟာ သန့်​ရှင်း​ပါ​တယ်။ အခု​လို အထူး​တာဝန် ထမ်း​ဆောင်​ချိန်​မှာ​ဆို​ရင် ပို​လို့​တောင် သန့်​ရှင်း​ပါ​တယ်” ဆို​ပြီး ပြော​တယ်။ ၆  အဲဒီ​နေ့​မှာ မုန့်​အသစ်​နဲ့​လဲ​ဖို့ ယေဟောဝါ​ရှေ့​က​နေ ဖယ်​ထား​တဲ့ ရှေ့​တော်​မုန့်​က​လွဲ​လို့ တ​ခြား​မုန့် မရှိ​ဘူး။ ဒါ​နဲ့ ပု​ရော​ဟိတ်​လည်း အဲဒီ​သန့်​ရှင်း​တဲ့ မုန့်​တွေ​ကို​ပဲ ပေး​လိုက်​တယ်။+ ၇  အဲဒီ​နေ့​မှာ ရှောလု​ရဲ့ မင်း​မှု​ထမ်း​ဖြစ်​တဲ့ ဧ​ဒုံ​အမျိုး​သား+ သိုးထိန်း​အုပ် ဒေါ​ဂက+ တဲ​တော်​ကို ရောက်​နေ​တယ်။ ယေဟောဝါ​ရှေ့​မှာ သူ စောင့်​ဆိုင်း​နေ​ချိန် ဖြစ်​တယ်။ ၈  ဒါဝိဒ်​က ပု​ရော​ဟိတ် အဟိ​မလက်​ကို “ဓား​တွေ၊ လှံ​တွေ ဆောင်​ထား​တာ မရှိ​ဘူး​လား။ မင်း​ကြီး အရေး​တ​ကြီး ခိုင်း​လိုက်​လို့ ဓား​လက်​နက်​တွေ မယူ​ခဲ့​မိ​ဘူး” လို့​ပြော​တယ်။ ၉  အဟိ​မလက်​က “ဧ​လာ​ချိုင့်​ဝှမ်း​မှာ+ မင်း​သတ်​လိုက်​တဲ့ ဖိ​လိ​တိ​လူ ဂေါ​လျတ်​ရဲ့ ဓား​တော့+ ရှိ​တယ်။ အဝတ်​နဲ့​ပတ်​ပြီး သင်​တိုင်း​ရဲ့+ အနောက်​မှာ သိမ်း​ထား​တယ်။ ဓား​ဆို​လို့ ဒီ​တစ်​ချောင်း​ပဲ ရှိ​တာ။ မင်း​ယူ​ချင်​ရင် ယူ​သွား” ဆို​ပြီး​ပြော​တယ်။ ဒါဝိဒ်​က “ဒီ​ထက်​ကောင်း​တဲ့​ဓား မရှိ​တော့​ဘူး။ အဲဒီ​ဓား​ကို​သာ ပေး​လိုက်​ပါ” လို့​ပြော​တယ်။ ၁၀  အဲဒီ​နေ့​မှာ ဒါဝိဒ်​က ရှောလု​ဆီ​က​နေ ဆက်​ပြီး ထွက်​ပြေး​လာ​တယ်။+ နောက်​ဆုံး  ဂါသ​မင်း  အာ​ခိတ်​ဆီ+ ရောက်​လာ​တယ်။ ၁၁  မင်း​မှု​ထမ်း​တွေ​က “ဒီ​လူ​ဟာ အစ္စရေး​ဘုရင် ဒါဝိဒ်​ပဲ။ လူ​တွေ သီ​ဆို​က​ခုန်​ပြီး ‘ရှောလု​သတ်​တာ အထောင်​ထောင်၊ဒါဝိဒ်​သတ်​တာ အသောင်း​သောင်း’+လို့​ပြော​တာ သူ​ပဲ​လေ” ဆိုပြီး​ အာ​ခိတ်​မင်း​ကို လျှောက်​တင်​တယ်။ ၁၂  ဒါဝိဒ်​က သူတို့​ပြော​နေ​တာ​တွေ​ကို စဉ်း​စား​လေ​လေ ဂါသ​မင်း အာ​ခိတ်​ကို ကြောက်​လေ​လေ ဖြစ်​လာ​တယ်။+ ၁၃  ဒါ​ကြောင့် သူတို့​ရှေ့​မှာ စိတ်​မနှံ့​တဲ့​သူ​လို ရူး​ချင်​ဟန်​ဆောင်​လိုက်​တယ်။+ တံခါး​တွေ​မှာ လျှောက်​ရေး​ခြစ်​ပြီး မုတ်​ဆိတ်​ပေါ်​မှာ သွား​ရည်​တွေ စီး​ကျ​စေ​တယ်။ ၁၄  နောက်​ဆုံး​တော့ အာ​ခိတ်​က မင်း​မှု​ထမ်း​တွေ​ကို “ကြည့်​စမ်း၊ ဒီလူ ရူး​နေ​တာ။ ဘာ​လို့ ငါ့​ဆီ ခေါ်​လာ​တာ​လဲ။ ၁၅  ငါ့​ဆီ​မှာ အရူး​တွေ နည်း​နေ​သေး​လို့ ဒီ​ရူး​ကြောင်​​ကြောင်​လူကို ခေါ်​လာ​တာ​လား။ ဒီ​လို​လူမျိုး​ကို ငါ့​နန်း​တော်​ထဲ သွင်း​စ​ရာ​လား” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ