၁ ရှမွေလ ၁၆:၁-၂၃

  • နောက်​တက်​မယ့်​မင်း​အဖြစ် ဒါဝိဒ်​ကို ရှ​မွေ​လ ဘိ​သိက်​ပေး (၁-၁၃)

    • ‘ယေဟောဝါ နှလုံး​သား​ကို ကြ​ည့်’ ()

  • ရှောလု​ဆီ​မှာ စွမ်းအား​တော် မရှိ (၁၄-၁၇)

  • ရှောလု​အတွက် ဒါဝိဒ် စောင်း​တီး​ပေး (၁၈-၂၃)

၁၆  ယေဟောဝါ​က ရှ​မွေ​လ​ကို​ “ရှောလု​အတွက် မင်း ဘယ်​လောက်​ကြာ​ကြာ ပူ​ဆွေး​နေ​မှာ​လဲ။+ အခု၊ သူ့​ကို အစ္စရေး​ဘုရင်​အဖြစ်​က​နေ ငါ​ပယ်​လိုက်​ပြီ။+ ဒါ​ကြောင့် သိုး​ချို​ထဲ ဆီဖြည့်​ပြီး+ ဘက်​သလီ​ဟင်​မြို့​သား ယေရှဲ​ဆီ​ကို သွား​ပါ။+ သူ့​သား​တစ်​ယောက်​ကို ဘုရင်​အဖြစ် ငါ​ရွေး​ချယ်​ထား​တယ်”+ လို့​ပြော​တယ်။ ၂  အဲဒီ​အ​ခါ ရှ​မွေ​လ​က “သွား​လို့​ ဖြစ်​ပါ့​မ​လား။ ရှောလု​မင်း​ကြား​ရင် ကျွန်​တော့်​ကို သတ်​မှာ​ပေါ့”+  လို့ ​ပြော​တော့ ယေဟောဝါ​က “နွား​မပျို​တစ်​ကောင်​ကို ယူ​သွား​ပါ။ ‘ယေဟောဝါ​ဘုရား​ဆီ ပူဇော်​သက္ကာ ဆက်​သဖို့ လာ​တာ’ လို့​ပြော​လိုက်။ ၃  ယေ​ရှဲ​ကို​လည်း ဖိတ်​ခေါ်​လိုက်​ပါ။ ဘာ​ဆက်​လုပ်​ရ​မယ်​ဆို​တာ​ငါ​ပြော​ပြမယ်။ ငါ​ပြမယ့်​သူ​ကို ငါ့​ကိုယ်​စား ဘိ​သိက်​ပေး​ရ​မယ်”+ လို့​မှာ​တယ်။ ၄  ရှ​မွေ​လ​လည်း ယေဟောဝါ မှာ​တဲ့​အတိုင်း လုပ်​တယ်။ ဘက်​သလီ​ဟင်​မြို့​ကို+ ရောက်​တဲ့​အခါ မြို့​အကြီး​အကဲ​တွေ သူ့​ကို​တွေ့​တော့ ထိတ်​လန့်​သွား​ပြီး “သခင်​လာ​တာ ကောင်း​သော လာ​ခြင်း​လား” လို့​မေး​ကြ​တယ်။ ၅  ရှ​မွေ​လ​က “ကောင်း​သော လာ​ခြင်း​ပါ။ ယေ​ဟောဝါ​ဘုရား​ဆီ ပူ​ဇော်​သက္ကာ​ဆက်​သဖို့ လာ​တာ။ ကိုယ့်​ကိုယ်​ကိုယ် သန့်​ရှင်း​စေ​ကြ။ ခင်​ဗျား​တို့​လည်း လာ​ရ​မယ်” လို့​ပြော​တယ်။ ပြီး​တော့ ယေ​ရှဲ​နဲ့ သား​တွေ​ကို သန့်​ရှင်း​စေ​ပြီး ပူ​ဇော်​ပွဲ​ကို​လာ​ဖို့ ဖိတ်​ခေါ်​တယ်။ ၆  သူတို့ ရောက်​လာ​တဲ့​အခါ ရှ​မွေ​လ​က ဧ​လျာ​ဘ​ကို+ မြင်​တော့ “သူ​ဟာ ယေဟောဝါဘုရား ဘိ​သိက်​ပေး​ထား​သူ ဖြစ်​မယ်” လို့​ပြော​တယ်။ ၇  ဒါ​ပေမဲ့ ယေ​ဟောဝါ​က “သူ့​ရုပ်​ရည်၊ အရပ်​အ​မောင်း​ကို မကြည့်​နဲ့။+ သူ့​ကို ငါ​မရွေး​ဘူး။ ဘုရား​သခင်​က လူ​တွေ​ကြည့်​သလို မကြည့်​ဘူး။ လူ​တွေ​က အပြင်​ပန်း​ကို​ပဲ ကြည့်​တတ်​တယ်။ ယေဟောဝါ​က​တော့ နှလုံး​သား​ကို ကြည့်​တယ်”+ လို့​ရှ​မွေ​လ​ကို ပြော​တယ်။ ၈  ယေ​ရှဲ​က အဘိ​န​ဒပ်​ကို+ ခေါ်​လာ​တော့ ရှမွေ​လ​က “သူ့​ကို​လည်း ယေဟော​ဝါ​ဘုရား မရွေး​ဘူး” လို့​ပြော​တယ်။ ၉  အဲဒီ​နောက် ရှမ္မာ​ကို+ ခေါ်​လာ​တော့ “သူ့​ကို​လည်း ယေဟောဝါ​ဘုရား မရွေး​ဘူး” လို့​ပြော​တယ်။ ၁၀  ယေ​ရှဲ​က သား​ခု​နစ်​ယောက်​စ​လုံး​ကို ခေါ်​လာ​ပြပေမဲ့ ရှမွေ​လ​က “သူတို့​တစ်​ယောက်​ကို​မှ ယေ​ဟောဝါ​ဘုရား မရွေး​ဘူး” လို့​ပြော​တယ်။ ၁၁  နောက်​ဆုံး၊ ရှ​မွေ​လ​က “ခင်​ဗျား​ရဲ့​သား​တွေ ဒါ​အကုန်​ပဲ​လား” လို့ မေး​တော့ ယေ​ရှဲ​က “အငယ်​ဆုံး​တစ်​ယောက်+ ကျန်​ပါ​သေး​တယ်။ သိုး​ကျောင်း​နေ​ပါ​တယ်”+ လို့​ဖြေတယ်။ ဒါ​နဲ့ ရှ​မွေ​လ​က “သူ့​ကို ခေါ်​ခိုင်း​လိုက်။ သူ​မရောက်​မချင်း ငါ​တို့ ထိုင်​ပြီး​စား​သောက်​လို့ မဖြစ်​ဘူး” လို့​ပြော​တယ်။ ၁၂  ယေ​ရှဲ​လည်း အငယ်​ဆုံး​သား​ကို လူ​လွှတ်​ပြီး ခေါ်​ခိုင်း​လိုက်​တယ်။ သူ​ဟာ အသား​အရေ စို​ပြည်​နီ​မြန်း​တယ်။ မျက်​လုံး​လှ​တယ်။ ရုပ်​ဖြောင့်​တယ်။+ ယေဟောဝါ​က “ဟုတ်​တယ်၊ သူ​ပဲ။ သူ့​ကို ဘိ​သိက်​ပေး​လိုက်”+ လို့​ပြော​တယ်။ ၁၃  အဲဒီ​အခါ ရှ​မွေ​လ​က ဆီ​ထည့်​ထား​တဲ့ သိုး​ချို​ကို ယူ​ပြီး+ ဒါဝိဒ်​ကို အစ်​ကို​တွေ​ရှေ့​မှာ ဘိ​သိက်​ပေး​လိုက်​တယ်။ အဲဒီ​နေ့​က​စ​ပြီး ယေဟောဝါ​ရဲ့ စွမ်းအား​တော်​က ဒါဝိဒ်​ကို ခွန်​အား​ပေး​တယ်။+ ရှ​မွေ​လ​လည်း ရာ​မမြို့​ကို ပြန်​သွား​တယ်။+ ၁၄  ရှောလု​ဆီ​က​နေ ယေဟောဝါ​ရဲ့ စွမ်းအား​တော် ထွက်​သွား​တယ်။+ ဒါ​ကြောင့် သူ့​ရဲ့​မကောင်း​တဲ့​စိတ်​ထား​က သူ့​ကို ပြန်​နှောင့်​ယှက်​တဲ့​အခါ ယေဟောဝါ ခွင့်​ပြု​လိုက်​တယ်။+ ၁၅  ရှောလု​ရဲ့ အမှု​ထမ်း​တွေ​က “မင်း​ကြီး၊ မကောင်း​တဲ့​စိတ်​ထား​ဟာ မင်း​ကြီး​ကို နှောင့်​ယှက်​နေ​ပြီ။ ၁၆  ဒါ​ကြောင့် ခစား​နေ​တဲ့ မင်း​မှု​ထမ်း​တွေ​ကို စောင်း​တီး​ကျွမ်း​ကျင်​သူ​တစ်​ယောက်+ ရှာ​ခိုင်း​လိုက်​ပါ။ မင်း​ကြီး​ကို  မကောင်း​တဲ့​စိတ်​ထား နှောင့်ယှက်​တဲ့​အခါ​တိုင်း သူ စောင်း​တီး​ပေး​ပါ​လိမ့်​မယ်။ ဒါ​ဆို​ရင် မင်း​ကြီး နေ​သာ​ထိုင်သာ ရှိ​လာ​မှာ​ပါ” လို့​ ပြော​တယ်။ ၁၇  ဒါ​နဲ့ ရှောလု​က “ကောင်း​ပြီ။ စောင်း​တီး​ကျွမ်း​ကျင်​သူ​ကို ရှာ​ပြီး ငါ့​ဆီ ခေါ်​ခဲ့​ကြ” လို့ မင်း​မှု​ထမ်း​တွေ​ကို အမိန့်​ပေး​တယ်။ ၁၈  အခြွေ​အရံ​တစ်​ယောက်​က “ဘက်​သလီ​ဟင်​မြို့​သား ယေ​ရှဲ​ဆီ​မှာ စောင်း​တီး​ကျွမ်း​ကျင်​တဲ့  သား​တစ်​ယောက်​ရှိ​တယ်။ သူ​ဟာ ရဲ​ရင့်​တယ်။ စကား​ပြော​ကောင်း​တယ်။ ရုပ်​ဖြောင့်​တယ်။+ ခွန်​အား​ကြီး​တဲ့ စစ်​သည်​လည်း ဖြစ်​တယ်။+ သူ​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​တယ်”+ လို့​လျှောက်​တင်​တယ်။ ၁၉  ဒါ​နဲ့ ရှောလု​က ယေ​ရှဲ​ဆီ တ​မန်​တွေ လွှတ်​ပြီး “သိုး​ကျောင်း​နေ​တဲ့ မင်း​ရဲ့​သား ဒါဝိဒ်​ကို ငါ့​ဆီ လွှတ်​လိုက်”+ လို့​မှာ​တယ်။ ၂၀  ယေ​ရှဲ​လည်း စ​ပျစ်​ဝိုင်​သား​ရေ​ဘူး​နဲ့ စား​စ​ရာတွေ​ကို မြည်း​ပေါ် တင်၊ ဆိတ်​က​လေး​တစ်​ကောင်​ကိုယူ၊ သား​ဒါဝိဒ်​ဆီ အပ်​ပြီး ရှောလု​ဆီ လွှတ်​လိုက်​တယ်။ ၂၁  ဒါဝိဒ်​က ရှောလု​ဆီ ရောက်​လာ​ပြီး ခစား​တယ်။+ သူ့​ကို ရှောလု သိပ်​ချစ်​သွား​တယ်။ သူ​ဟာ ရှောလု​ရဲ့​လက်​နက်​ကိုင် ဖြစ်​လာ​တယ်။ ၂၂  ရှောလု​က ယေ​ရှဲ​ဆီ လူ​လွှတ်​ပြီး “ဒါဝိဒ်​ကို ငါ​သဘော​ကျ​တယ်။ ငါ့​ဆီ​မှာ အမြဲခစား​ပါ​စေ” လို့​မှာ​လိုက်​တယ်။ ၂၃  ရှောလု​ကို မကောင်း​တဲ့​စိတ်​ထား နှောင့်​ယှက်​တဲ့​အခါ​တိုင်း ဒါဝိဒ်​က စောင်း​တီး​ပေး​လေ့​ရှိ​တယ်။ အဲဒီ​အခါ ရှောလု စိတ်​သက်​သာ​ရာ​ရ​ပြီး နေ​သာ​ထိုင်​သာ ရှိ​လာ​တယ်။ သူ့​ရဲ့​မကောင်း​တဲ့ စိတ်​ထား​လည်း ပျောက်​သွား​တယ်။+

အောက်ခြေမှတ်ချက်များ