၁ ရှမွေလ ၁၁:၁-၁၅

  • အမ္မုန်​လူ​တွေ​ကို ရှောလု အနိုင်​ရ (၁-၁၁)

  • ရှောလု​ကို ဘု​ရင်​အဖြစ် ထပ်​မံ​အတည်​ပြု (၁၂-၁၅)

၁၁  အဲဒီ​နောက် အမ္မုန်​ဘုရင် နေဟက်​က+ စစ်​ချီ​လာ​ပြီး ဂိလဒ်​ပြည်၊ ယာ​ဗက်​မြို့​ကို+ တိုက်​ဖို့ စ​ခန်း​ချ​တယ်။ ယာ​ဗက်​မြို့​သား​တွေ​က “ကျွန်​တော်​တို့​နဲ့ မဟာ​မိတ်​ဖွဲ့​ပါ။ သစ္စာ​ခံ​ပါ့​မယ်” လို့ လျှောက်​တင်​တဲ့​အခါ၊ ၂  နေ​ဟက်​က “မင်း​တို့​ရဲ့ ညာ​ဘက်​မျက်​လုံး​ကို ဖောက်​ထုတ်​ပြီး အစ္စရေး​တစ်​မျိုး​လုံး​ကို အရှက်​ခွဲ​ရ​မှ ငါ​မဟာ​မိတ်ဖွဲ့​နိုင်​မယ်” ဆို​ပြီး​ ပြော​တယ်။ ၃  ယာ​ဗက်​မြို့ အကြီး​အကဲ​တွေ​က​လည်း “ကျွန်​တော်​တို့​ကို ခု​နစ်​ရက်​လောက်​တော့ အချိန်​ပေး​ပါ။ အစ္စရေး​နယ် တစ်​လျှောက်​လုံး​ကို တ​မန်​တွေ လွှတ်​ကြည့်​မယ်။ ကျွန်​တော်​တို့​ကို ကယ်​မယ့်​သူ​မရှိ​ရင် မင်း​ကြီး​ဆီ​မှာ အညံ့​ခံ​ပါ့​မယ်” လို့ အကြောင်း​ပြန်​လိုက်​တယ်။ ၄  ဒီ​လို​နဲ့ တ​မန်​တွေ​က ရှောလု​ရှိ​ရာ ဂိဗာ​မြို့​ကို+ ရောက်​လာ​ပြီး လူ​တွေ​ကို အကြောင်း​စုံ ပြော​ပြတော့ သူတို့ အကြီး​အကျယ် အော်​ငို​ကြ​တယ်။ ၅  အဲဒီ​အချိန်​မှာ  ရှောလု​က တိရစ္ဆာန်​အုပ်​ကို မောင်း​ပြီး လယ်​တော​က​နေ ပြန်​လာ​တယ်။ “ဘာ​တွေ ဖြစ်​နေ​တာ​လဲ။ လူ​တွေ ဘာ​လို့ ငို​နေ​ကြ​တာ​လဲ” လို့ သူ​မေး​တော့ ယာ​ဗက်​မြို့​သား​တွေ​ဆီ​က သတင်း​ကို ပြန်​ပြော​ပြကြ​တယ်။ ၆  အဲဒီ​သတင်း​ကို ကြား​တဲ့​အခါ ရှောလု​အပေါ် ဘုရား​သခင်​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​တယ်။+ သူ အကြီး​အကျယ် ဒေါသ​ထွက်​တဲ့​အတွက်၊ ၇  နွား​နှစ်​ကောင်​ကို​ယူ၊ အပိုင်း​ပိုင်း​ဖြတ်၊ တ​မန်​တွေ​လက်​ထဲ ထည့်​ပြီး အစ္စရေး​နယ်​မြေအားလုံး​ဆီ ပို့​လိုက်​တယ်။ “ရှောလု​နဲ့ ရှ​မွေ​လ​နောက် မလိုက်​တဲ့​သူ​တွေ​ရဲ့ နွား​တွေ​ကို ဒီ​လို​လုပ်​ပစ်​မယ်” ဆို​ပြီး မှာ​လိုက်​တယ်။ ယေဟောဝါ​က လူ​တွေ​ကို ကြောက်​စိတ်​ဝင်​စေ​တဲ့​အတွက် တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ​တယ်။ ၈  ဗေ​ဇက်​အရပ်​မှာ လူ​တွေ​ကို ရေ​တွက်​ကြည့်​တဲ့​အခါ အစ္စရေး ၃၀၀,၀၀၀၊ ယုဒ​အမျိုး​ ၃၀,၀၀၀ ရှိ​တယ်။ ၉  ရှောလု​နဲ့ သူ့​လူ​တွေ​က ရောက်​နေ​တဲ့​တ​မန်​တွေ​ကို “‘မနက်​ဖြန် နေ​မြင့်​ချိန်​မှာ လာ​ကယ်​မယ်’ လို့ ဂိလဒ်​ပြည် ယာ​ဗက်​မြို့​သား​တွေ​ကို ပြော​လိုက်​ပါ” ဆို​ပြီး မှာ​တယ်။ တ​မန်​တွေ​က အဲဒီ​သတင်း ပြန်​ပြော​ပြတဲ့​အခါ ယာ​ဗက်​မြို့​သား​တွေ သိပ်​ဝမ်း​သာ​သွား​ကြ​တယ်။ ၁၀  ဒါ​နဲ့ သူတို့​က “မနက်​ဖြန်​ကျ​ရင် ကျွန်​တော်​တို့ အညံ့​ခံ​ပါ့​မယ်။ မင်း​ကြီး ကြိုက်​သလို​သာ လုပ်​ပါ”+ ဆို​ပြီး နေ​ဟက်​မင်း​ကို အကြောင်း​ပြန်​တယ်။ ၁၁  နောက်​တစ်​နေ့၊ ရှောလု​က လူ​တွေ​ကို သုံး​စု​ခွဲ​ပြီး​နောက် မိုး​သောက်​ယံ​အချိန်​မှာ တပ်​စ​ခန်း​ထဲ​ဝင်​ပြီး နေ​မြင့်​ချိန်​အထိ အမ္မုန်​လူ​တွေ​ကို ချေ​မှုန်း​တယ်။+ မသေဘဲ​ကျန်​တဲ့​သူ​တွေ​လည်း က​စဉ့်​က​လျား​ဖြစ်​ပြီး တစ်​ယောက်​တစ်​ကွဲ​စီ ထွက်​ပြေး​ကုန်​တယ်။ ၁၂  အဲဒီ​အခါ လူ​တွေ​က “‘ရှောလု​လို​လူ​က​များ ငါ​တို့​ကို အုပ်​ချုပ်​မလို့​လား’+ ဆို​ပြီး​ပြော​တာ ဘယ်​သူ​တွေ​လဲ။ ကျွန်​တော်​တို့​ဆီ အပ်​ပါ။ သူတို့​ကို သတ်​ပစ်​ရ​မယ်” လို့​ရှ​မွေ​လ​ကို ပြော​ကြ​တယ်။ ၁၃  ဒါ​ပေမဲ့ ရှောလု​က “ဒီ​နေ့​ဟာ အစ္စရေး​တွေ​ကို ယေဟောဝါ​ဘုရား ကယ်​တင်​တဲ့​နေ့​ပဲ။ ဘယ်​သူ့​ကို​မှ မသတ်​ရ​ဘူး”+ လို့​ပြော​တယ်။ ၁၄  အဲဒီ​နောက် ရှ​မွေ​လ​က “ဂိ​လ​ဂါ​လ​မြို့​ကို သွား​ကြ​စို့။+ ရှောလု ဘုရင်​ဖြစ်​ပြီဆို​တာ​ကို အဲဒီ​မှာ ထပ်​ပြီး​အတည်​ပြု​ရ​အောင်”+ လို့ ပြော​တယ်။ ၁၅  လူ​တွေ​လည်း ဂိ​လ​ဂါ​လ​မြို့​ကို​သွား​ပြီး ယေဟောဝါ​ရှေ့​မှာ ရှောလု​ကို မင်း​မြှောက်​ကြ​တယ်။ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ကို​လည်း ယေဟောဝါ​ရှေ့​မှာ ဆက်​သကြ​တယ်။+ ရှောလု​နဲ့ အစ္စရေး​တစ်​မျိုး​လုံး အကြီး​အကျယ် ပွဲ​ခံ​ပြီး ရွှင်​လန်း​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ