၁ ရာဇဝင်ချုပ် ၉:၁-၄၄

  • ပြည်​တော်​ပြန်​တွေရဲ့ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း (၁-၃၄)

  • ရှောလု​ရဲ့​မျိုး​ရိုး​စာ​ရင်း ထပ်​ဖော်​ပြ (၃၅-၄၄)

 အစ္စရေး​အားလုံး​ကို  ဆွေ​စဉ်​မျိုး​ဆက်​အလိုက်  စာ​ရင်း​ပြု​စု​ပြီး အစ္စ​ရေး​ဘုရင်​တွေ​ရဲ့  ရာ​ဇ​ဝင်​ကျမ်း​မှာ  ရေး​ထား​တယ်။  ယုဒ​အမျိုး​က သစ္စာ​မဲ့​တဲ့​အတွက် ဗာ​ဗု​လုန်​ကို ပြည်​နှင်​ခံ​ခဲ့​ရ​တယ်။+ ၂  ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ ဗိမာန်​တော်​ကျွန်​တွေ၊*+ တ​ချို့​အစ္စရေး​တွေ​က ကိုယ့်​မြို့​ကိုယ့်​ရွာ​ဆီ ဦး​ဆုံး​ပြန်​လာ​ကြ​တယ်။ ၃  ဂျေရု​ဆ​လင်​မြို့​မှာ လာ​နေ​ကြ​တဲ့ ယုဒ၊+ ဗင်​ယာ​မိန်၊+ ဧ​ဖရိမ်​နဲ့ မနာ​ရှေ​အနွယ် သား​မြေး​တ​ချို့​က​တော့- ၄  ယုဒ​ရဲ့​သား ဖာ​ရက်​က​နေ+ ဆင်း​သက်​လာ​တဲ့ ဥ​သဲ (ဥ​သဲ​ရဲ့​ဖခင်​က အမိ​ဟု၊ အမိ​ဟု​ရဲ့​ဖခင်​က ဩမရိ၊ သြမရိ​ရဲ့​ဖခင်​က အိ​မရိ၊ အိ​မရိ​ရဲ့​ဖခင်​က ဗာ​နိ)၊ ၅  ရှေ​လ​ရဲ့ သား​မြေး​တွေ​ထဲ​က သား​ဦး​အသာ​ယ​နဲ့ သူ့​သား​တွေ၊ ၆  ဇေ​ရ​ရဲ့​သား​မြေး​တွေ​ထဲ​က+ ယွေလ​နဲ့ ညီ​အစ်​ကို ၆၉၀ တို့​ဖြစ်​တယ်။ ၇  ဗင်​ယာ​မိန်​ရဲ့ သား​မြေး​တွေ​ထဲ​မှာ​တော့ စာ​လု (စာ​လု​ရဲ့​ဖခင်​က မေရှု​လံ၊ မေရှု​လံ​ရဲ့​ဖခင်​က ဟော​ဒ​ဝိ၊ ဟော​ဒ​ဝိရဲ့​ဖခင်​က ဟာ​သေနွာ)၊ ၈  ယေ​ရော​ဟံ​ရဲ့​သား အိ​ဗ​နေ​ယ၊ မိ​ခ​ရိ​ရဲ့​မြေး သြဇေ​ရဲ့​သား ဧ​လာ၊ မေရှု​လံ (မေရှု​လံ​ရဲ့​ဖခင်​က ရှေ​ဖတိ၊ ရှေ​ဖတိ​ရဲ့​ဖခင်​က ရွေ​လ၊ ရွေ​လ​ဖခင်​က အိ​ဗ​နိ​ယ) တို့​ဖြစ်​တယ်။ ၉  ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​အရ သူတို့​ရဲ့​ညီ​အစ်​ကို စု​စု​ပေါင်း ၉၅၆ ယောက်​ရှိ​တယ်။ အားလုံး​ဟာ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ပဲ။ ၁၀  ပု​ရော​ဟိတ်​တွေ​ထဲ​မှာ ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်၊+ ၁၁  ဘုရား​သခင့်​အိမ်​တော်​ရဲ့ ခေါင်း​ဆောင် အာဇ​ရိ (အာ​ဇ​ရိ​ရဲ့​ဖခင်​က ဟိ​လ​ခိ၊ ဟိ​လ​ခိ​ရဲ့​ဖခင်​က မေရှု​လံ၊ မေရှု​လံ​ရဲ့​ဖခင်​က ဇာ​ဒုတ်၊  ဇာ​ဒုတ်​ရဲ့​ဖခင်​က  မေရာ​ယုတ်၊ မေရာ​ယုတ်​ရဲ့​ဖခင်​က အဟိ​တုပ်)၊ ၁၂  အဒါ​ယ (အဒါ​ယ​ရဲ့​ဖခင်​က ယေ​ရော​ဟံ၊ ယေ​ရော​ဟံ​ရဲ့​ဖခင်​က ပါ​ရှု​ရ၊ ပါ​ရှု​ရ​ရဲ့​ဖခင်​က မာလခိ​ယ)၊ မာ​ရှဲ (မာ​ရှဲ​ရဲ့​ဖခင်​က အဒေ​လ၊ အဒေ​လ​ရဲ့​ဖခင်​က ယာ​ဇေ​ရ၊ ယာ​ဇေ​ရ​ရဲ့​ဖခင်​က မေရှု​လံ၊ မေရှု​လံ​ရဲ့​ဖခင်​က မေရှိ​လ​မတ်၊ မေရှိ​လ​မတ်​ရဲ့​ဖခင်​က အိ​မေရ) တို့​ဖြစ်​တယ်။ ၁၃  သူတို့​ညီ​အစ်​ကို​တွေ​ဖြစ်​တဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင် ၁,၇၆၀ လည်း​ပါ​တယ်။ သူတို့​ဟာ  ဘုရား​သခင့်​အိမ်​တော်​မှာ အမှု​ဆောင်​ဖို့ အရည်​အချင်း ပြည့်​မီ​သူ​တွေ ဖြစ်​ကြ​တယ်။ ၁၄  လေ​ဝိအနွယ်​မှာ မေရာ​ရိ​က​နေ ဆင်း​သက်​လာ​တဲ့ ဟာ​ရှ​ဘိ​ရဲ့​မြစ် အာ​ဇ​ရိ​ကံ​ရဲ့​မြေး ဟာ​ရှုပ်​ရဲ့​သား ရှေ​မာ​ယ+ ပါ​တယ်။ ၁၅  ဗာ​က​ဗက္ကာ၊ ဟေ​ရက်၊ ဂါ​လာ၊ အာ​သပ်​ရဲ့​မြစ် ဇိ​ခ​ရိ​ရဲ့​မြေး မိက္ခာ​ရဲ့​သား မသနိ၊ ၁၆  ယေ​ဒု​သုံ​ရဲ့​မြစ် ဂါ​လာ​ရဲ့​မြေး ရှေ​မာ​ယ​ရဲ့​သား သြဗ​ဒိ၊ ဧ​လ​ကာ​န​ရဲ့​မြေး အာ​သရဲ့​သား ဗေ​ရ​ခိ​တို့​လည်း ပါ​တယ်။ သူ​က နေ​တော​ဖရွာ​သား​တွေ​ရဲ့ ကျေး​ရွာ​တွေ​မှာ+ နေ​ထိုင်​ခဲ့​တဲ့​သူ​ပဲ။ ၁၇  တံခါး​စောင့်​တွေ​က+  ရှ​လုံ၊ အက္ကုပ်၊ တာ​လ​မုန်၊ အဟိ​မန်​တို့​သား​ချင်း​တစ်​စု​ပဲ။  ခေါင်း​ဆောင်​က ရှ​လုံ။ ၁၈  အရင်​တုန်း​က​တော့ သူ​က ဘုရင်​ဝင်​ထွက်​တဲ့ အရှေ့​တံခါး​မှာ စောင့်​ကြပ်​ရ​တယ်။+ သူတို့​ဟာ လေ​ဝိအမျိုး​သား​တွေ​ရဲ့ စ​ခန်း​မှာ တံခါး​စောင့်​တွေ ဖြစ်​တယ်။ ၁၉  ကော​ရ​ရဲ့​မြစ် ဧ​ဗျာ​သပ်​ရဲ့​မြေး ကော​ရေ​ရဲ့​သား ရှ​လုံ​နဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ဖြစ်​တဲ့ သူ့​ညီ​အစ်​ကို ကော​ရ​အမျိုး​သား​တွေ​ဟာ အလုပ်​ကြီး​ကြပ်​သူ​တွေ၊ တဲ​တော်​တံခါး​စောင့်​တွေ​ပဲ။ သူတို့​ရဲ့​ဘိုး​ဘေး​တွေ​လည်း ယေဟောဝါ​ရဲ့ စ​ခန်း​ကို ကြီး​ကြပ်​သူ​တွေ၊ အဝင်​လမ်း​ကို စောင့်​ကြပ်​သူ​တွေ ဖြစ်​ခဲ့​တယ်။ ၂၀  အရင်​တုန်း​က သူတို့​ရဲ့ ခေါင်း​ဆောင်​ဟာ ဧ​လာ​ဇာ​ရဲ့​သား+ ဖိနဟတ်​ဖြစ်​ပြီး+ ယေဟောဝါ​လည်း သူ​နဲ့​အတူ​ရှိ​ခဲ့​တယ်။ ၂၁  မေရှ​လ​မိ​ရဲ့​သား ဇာခရိ​ဟာ+ တွေ့​ဆုံ​ရာ​တဲ​တော် ဝင်​ပေါက်​ရဲ့ တံခါး​စောင့်​ပဲ။ ၂၂  တံခါး​စောင့်​တွေ​အဖြစ်  ရွေး​ချယ်​ခံ​ရ​သူ စု​စု​ပေါင်း ၂၁၂ ယောက် ရှိ​တယ်။ သူတို့​က ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ ပါ​တဲ့​အတိုင်း ကျေး​ရွာ​တွေ​မှာ နေ​ထိုင်​ရ​တယ်။+ ဒါဝိဒ်​နဲ့ အကြား​အမြင်​ရ​သူ ရှ​မွေ​လ​က+ ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ တာဝန်​ခံ​တွေ​အဖြစ် သူတို့​ကို ခန့်​အပ်​ခဲ့​တယ်။ ၂၃  သူတို့​နဲ့ သား​မြေး​တွေ​က တဲ​တော်​ဖြစ်​တဲ့ ယေဟောဝါ​အိမ်​တော်​ရဲ့ တံခါး​တွေ​ကို စောင့်​ကြပ်​ဖို့ တာဝန်​ယူ​ရ​တယ်။+ ၂၄  တံခါး​စောင့်​တွေ​က အရှေ့၊ အနောက်၊ တောင်၊ မြောက် လေး​မျက်​နှာ​စ​လုံး​မှာ စောင့်​ကြပ်​ရ​တယ်။+ ၂၅  သူတို့​ရဲ့​ညီ​အစ်​ကို​တွေ​က​လည်း ကျေး​ရွာ​တွေ​က​နေ မကြာ​မကြာ ရောက်​လာ​ပြီး ခု​နစ်​ရက်​ကြာ ကူညီ​ပေး​ရ​တယ်။ ၂၆  ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ တာဝန်​ခံ လေ​ဝိအမျိုး​သား တံခါး​မှူး​လေး​ယောက် ရှိ​တယ်။ ဘုရား​သခင့်​အိမ်​တော်​မှာ​ရှိ​တဲ့ အခန်း​တွေ​နဲ့ ဘဏ္ဍာ​တိုက်​တွေ​ကို စောင့်​ကြပ်​ဖို့ သူတို့ တာဝန်​ယူ​ရ​တယ်။+ ၂၇  ဘုရား​သခင့်​အိမ်​တော်​ပတ်​လည် ကိုယ်​တာဝန်​ကျ​တဲ့​နေ​ရာ​မှာ တစ်​ည​လုံး နေ​ရ​တယ်။ သူတို့​ဟာ စောင့်​ကြပ်​ဖို့ တာဝန်​ရထား​သူ​တွေ၊ မနက်​တိုင်း အိမ်​တော်​တံခါး ဖွင့်​ပေး​ရ​တဲ့ သော့​ကိုင်​တွေ ဖြစ်​တယ်။ ၂၈  သူတို့​ထဲ​က​တ​ချို့​ဟာ ဝတ်​ပြု​ရေး​အသုံး​အဆောင်  ပစ္စည်းတွေ​ကို တာဝန်​ယူ​ထိန်း​သိမ်း​ရ​တယ်။+ ပစ္စည်း​ထုတ်​ယူ​သွား​ချိန်၊ ပြန်​ယူ​လာ​ချိန်​တွေ​မှာ စာ​ရင်း​မှတ်​ရ​တယ်။ ၂၉  တ​ချို့​ကျ​တော့  တ​ခြား​အသုံး​အဆောင်​တွေ၊ သန့်​ရှင်း​တဲ့​အသုံး​အဆောင်​တွေ၊+ ဂျုံ​နု၊+ စ​ပျစ်​ဝိုင်၊+ ဆီ၊+ လော​ဗန်၊*+ ဗာလ​စံ​ဆီ​တို့​ကို+ တာဝန်​ယူ​ထိန်း​သိမ်း​ဖို့ ခန့်​အပ်​ခံ​ရ​တယ်။ ၃၀  ပု​ရော​ဟိတ်​တ​ချို့​က ဗာလ​စံ​ဆီ​မွှေး ဖော်​စပ်​ရ​တယ်။ ၃၁  လေ​ဝိအမျိုး​သား ကော​ရ​က​နေ​ဆင်း​သက်​လာ​တဲ့ ရှ​လုံ​ရဲ့​သား​ဦး မာ​တ​သိ​ဟာ မုန့်​ပြား​ဖုတ်​တာ​ကို ကြီး​ကြပ်​ပေး​ရ​တဲ့ ယုံ​ကြည်​စိတ်​ချ​ရ​သူ တာဝန်​ခံ​ဖြစ်​တယ်။+ ၃၂  သူတို့​ညီ​အစ်​ကို ကော​ဟတ်​အမျိုး​သား​တ​ချို့​က အဆင့်​ဆင့်​တင်​ထား​တဲ့​မုန့်​ကို*+ ဥ​ပုသ်​နေ့​တိုင်း ပြင်​ဆင်​ဖို့ တာဝန်​ယူ​ရ​တယ်။+ ၃၃  လေ​ဝိအနွယ်​ထဲ​မှာ  သီချင်း​သည်​တွေ​လည်း ရှိ​တယ်။ သူတို့​က ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ ဖြစ်​ပြီး အိမ်​တော်​အခန်း​တွေ​မှာ နေ​ရ​တယ်။ နေ့​ရော​ည​ပါ တာဝန်​ထမ်း​ဆောင်​ရ​တဲ့​အတွက် တခြား​တာဝန်​တွေ​က​နေ ကင်း​လွတ်​ခွင့်​ရ​တယ်။ ၃၄  သူတို့​ဟာ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​အရ လေ​ဝိအနွယ်​ရဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ဖြစ်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ​ပဲ နေ​ထိုင်​ရ​တယ်။ ၃၅  ယေ​ယေ​လ​က ဂိဗောင်​မြို့​ကို+ တည်​ထောင်​ပြီး  အဲဒီ​မှာ​ပဲ  နေ​ထိုင်​တယ်။ သူ့​ဇနီး​က မာ​ခါ။ ၃၆  သား​တွေ​က သား​ဦး အာ​ဗ​ဒုန်၊ ဇု​ရ၊ ကိ​ရှ၊ ဗာလ၊ နေ​ရ၊ နာ​ဒပ်၊ ၃၇  ဂေဒေါ်၊ အဟိ​သြ၊ ဇာခရိ၊ မိ​က​လုတ်။ ၃၈  မိက​လုတ်​မှာ ရှိ​မံ​လို့​ခေါ်​တဲ့ သား​ရှိ​တယ်။ သူတို့​က ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​တွေ​အနား​မှာ​ပဲ တ​ခြား​ဆွေ​မျိုး​သား​ချင်း​တွေ​နဲ့​အတူ  နေ​ထိုင်​ကြ​တယ်။ ၃၉  နေ​ရ+ ရဲ့​သား​က ကိ​ရှ၊ ကိ​ရှ​ရဲ့​သား​က ရှောလု။+ ရှောလု​ရဲ့​သား​တွေ​က ယောန​သန်၊+ မေလ​ခိရွှ၊+ အဘိ​န​ဒပ်၊+ အိ​ရှ​ဗာလ။ ၄၀  ယောန​သန်​ရဲ့​သား​က မေရိ​ဗာလ၊+ မေရိ​ဗာလ​ရဲ့​သား​က မိက္ခာ။+ ၄၁  မိက္ခာ​ရဲ့​သား​တွေ​က ပိသုန်၊ မေလက်၊ တာ​ရာ၊ အာ​ခတ်။ ၄၂  အာ​ခတ်​ရဲ့​သား​က ယာ​ရာ၊ ယာရာ​ရဲ့​သား​တွေ​က အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မရိ။ ဇိ​မရိ​ရဲ့​သား​က မော​ဇ၊ ၄၃  မော​ဇ​ရဲ့​သား​က ဗိ​နာ၊ ဗိ​နာ​ရဲ့​သား​က ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​ရဲ့​သား​က ဧ​လာ​သ၊ ဧ​လာ​သရဲ့​သား​က အာ​ဇေ​လ။ ၄၄  အာ​ဇေ​လ​မှာ အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ အိ​ရှ​မေလ၊ ရှ​ရိ​ယ၊ သြဗ​ဒိ၊ ဟာ​နန်​လို့​ခေါ်​တဲ့ သား​ခြောက်​ယောက် ရှိ​တယ်။ သူတို့​ဟာ အာ​ဇေ​လ​ရဲ့​သား​တွေ​ပဲ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “နက်​သနင်။” မူ​ရင်း၊ “ပေး​အပ်​ခံ​ရ​သူ​တွေ။”
မီး​ရှို့​တဲ့​အခါ မွှေး​ကြိုင်​တဲ့ အဖြူ​ရောင်​သစ်​စေး​တစ်​မျိုး။
ရှေ့​တော်​မုန့်။