၁ ရာဇဝင်ချုပ် ၂၃:၁-၃၂

  • လေ​ဝိအမျိုး​သား​တွေ​ကို ဒါဝိဒ်​ဖွဲ့​စည်း (၁-၃၂)

    • အာ​ရုန်​နဲ့​သား​မြေး​တွေ​ကို သီး​သန့်​ဖယ်​ထား (၁၃)

၂၃  ဒါဝိဒ်​ဟာ အသက်​ကြီး​ပြီး ဘဝ​နေ​ဝင်​ချိန် ရောက်​လာ​တဲ့​အခါ သား​တော် ရှော​လ​မုန်​ကို အစ္စရေး​ဘုရင်​အဖြစ် နန်း​တင်​လိုက်​တယ်။+ ၂  ပြီး​တော့ အစ္စရေး​မှူး​မတ်​တွေ၊ ပု​ရော​ဟိတ်​တွေ၊+ လေ​ဝိအမျိုး​သား​တွေ​ကို+ စု​ရုံး​တယ်။ ၃  အသက် ၃၀ ပြည့်​တဲ့​ လေဝိ​အမျိုး​သား​တွေ​ကို ရေ​တွက်​တဲ့​အခါ+ ၃၈,၀၀၀ ရှိ​တယ်။ ၄  သူတို့​ထဲ​မှာ ၂၄,၀၀၀ က ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း​ကို ကြီး​ကြပ်​ရ​တယ်။ ၆,၀၀၀ က လက်​ထောက်​ခေါင်း​ဆောင်​နဲ့ တရား​သူကြီး​တွေ လုပ်​ရ​တယ်။+ ၅  တံခါး​စောင့် ၄,၀၀၀ ရှိ​တယ်။+ ကျန်​တဲ့ ၄,၀၀၀ က “ချီး​မွမ်း​သီ​ဆို​တဲ့​အခါ တီး​မှုတ်​ဖို့ ငါ​လုပ်​ထား​တာ” ဆို​ပြီး ဒါဝိဒ်​ပြော​ခဲ့​တဲ့ တူ​ရိ​ယာ​တွေ တီး​မှုတ်​ပြီး ယေဟောဝါ​ကို ချီး​မွမ်း​သီ​ဆို​ရ​တယ်။+ ၆  ဒါဝိဒ်​က ဂေရ​ရှုန်၊ ကော​ဟတ်၊ မေရာ​ရိ​ဆို​တဲ့ လေ​ဝိသား​သုံး​ယောက်​ရဲ့+ နာ​မည်​အလိုက် အုပ်​စု​တွေ ဖွဲ့လိုက်​တယ်။+ ၇  ဂေရ​ရှုန်​အမျိုး​သား နှစ်​ယောက်​က လာ​ဒန်​နဲ့ ရှိ​မိ။ ၈  လာ​ဒန်​ရဲ့​သား​သုံး​ယောက်​က ခေါင်း​ဆောင်​ယေ​ဟေ​လ၊  ဇေ​သံ၊  ယောလ။+ ၉  လာ​ဒန်​က​နေ ဆင်း​သက်​လာ​တဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင် သုံး​ယောက်​က ရှေ​လော​မုတ်၊ ဟာ​ဇေ​လ၊ ခါရန်။ သူတို့​ရဲ့​အဖေက ရှိ​မိ။* ၁၀  ရှိ​မိ* ရဲ့​သား​တွေ​က ယာ​ဟတ်၊ ဇိ​န၊ ယု​ရှ၊ ဗေ​ရိ​ယ။ သူတို့​လေး​ယောက်​ဟာ ရှိ​မိ​ရဲ့​သား​တွေ​ပဲ။ ၁၁  ခေါင်း​ဆောင်​က ယာ​ဟတ်။ ဒုတိ​ယ​က ဇိ​ဇ။ ယု​ရှ​နဲ့ ဗေ​ရိ​ယ​မှာ​တော့ သား​အများ​ကြီး မရှိ​တဲ့​အတွက် နှစ်​ယောက်​ပေါင်း အိမ်​ထောင်​တစ်​စု​လို့ သတ်​မှတ်​ပြီး တာဝန်​တစ်​မျိုး​တည်း ရ​ကြ​တယ်။ ၁၂  ကော​ဟတ်​မှာ အာ​မရံ၊ အိ​ဇ​ဟာ၊+ ဟေ​ဗြုန်၊ သြဇေ​လ+ ဆို​တဲ့ သား ၄ ယောက်​ရှိ​တယ်။ ၁၃  အာမ​ရံ​ရဲ့​သား​တွေ​က အာ​ရုန်​နဲ့+ မော​ရှေ။+ အာ​ရုန်​နဲ့ သူ့​သား​မြေး​တွေ​ကို​တော့ အသန့်​ရှင်း​ဆုံး​အခန်း​ကို သန့်​ရှင်း​မြင့်မြတ်​စေ​ဖို့၊ ယေဟောဝါ​ရှေ့​မှာ ပူ​ဇော်​သက္ကာ​ဆက်​သပြီး  ဘုရား​အတွက်  အမှု​ဆောင်​ဖို့၊  ဘုရား​ရဲ့​နာ​မည်​ကို  အမှီ​ပြု​ပြီး  အမြဲကောင်း​ချီး​ပေး​ဖို့+  သီး​သန့်​ဖယ်​ထား​လိုက်​တယ်။+ ၁၄  စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့​လူ မော​ရှေ​ရဲ့​သား​တွေ​က လေ​ဝိအနွယ်​ဝင် စာ​ရင်း​ထဲ​မှာ ပါ​တယ်။ ၁၅  မော​ရှေ​ရဲ့​သား​တွေ​က ဂေရ​ရှုံ​နဲ့+ ဧလျာ​ဇာ။+ ၁၆  ဂေရ​ရှုံ​ရဲ့​သား​တွေ​ထဲ​မှာ ခေါင်း​ဆောင်​က ရှေ​ဗွေ​လ။+ ၁၇  ဧ​လျာ​ဇာ​ရဲ့ သား​မြေး​တွေ​ထဲ​မှာ  ခေါင်း​ဆောင်​က  ရေ​ဟ​ဘိ။+ ဧလျာ​ဇာ​မှာ တ​ခြား​သား​တွေ မရှိ​ပေမဲ့ ရေ​ဟ​ဘိ​မှာ​တော့  သား​တွေ​အများ​ကြီး ရှိ​တယ်။ ၁၈  အိ​ဇ​ဟာ​ရဲ့​သား​တွေ​ထဲ​မှာ+ ခေါင်း​ဆောင်​က  ရှေ​လော​မိတ်။+ ၁၉  ဟေဗြုန်​ရဲ့​သား​တွေ​ထဲ​မှာ ခေါင်း​ဆောင်​က ယေ​ရိ၊ ဒုတိ​ယ​က အာ​မရိ၊ တ​တိ​ယ​က ယ​ဟာ​ဇေ​လ၊ စတုတ္ထ​က ယေ​က​မံ။+ ၂၀  သြဇေ​လ​ရဲ့​သား​တွေ​ထဲ​မှာ+ ခေါင်း​ဆောင်​က မိက္ခာ၊ ဒုတိ​ယ​က အိ​ရှ​ယ။ ၂၁  မေရာ​ရိ​ရဲ့​သား​တွေ​က မဟာ​လိနဲ့ မု​ရှိ။+ မဟာ​လိ​ရဲ့​သား​တွေ​က ဧလာ​ဇာ​နဲ့ ကိ​ရှ။ ၂၂  ဧ​လာ​ဇာ​က​တော့ ကွယ်​လွန်​သွား​တယ်။ သား​တစ်​ယောက်​မှ မရှိ​ဘဲ သမီး​တွေ​ပဲ​ရှိ​တာ​ကြောင့် ဆွေ​မျိုး​တွေ​ဖြစ်​တဲ့ ကိ​ရှ​ရဲ့​သား​တွေ​က သူတို့​နဲ့ လက်​ထပ်​ကြ​တယ်။ ၂၃  မု​ရှိ​မှာ​တော့ မဟာ​လိ၊ ဧ​ဒါ၊ ယေ​ရ​မုတ်​လို့​ခေါ်​တဲ့ သား​သုံး​ယောက် ရှိ​တယ်။ ၂၄  ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်​ငန်း လုပ်​ဆောင်​ဖို့ အသက် ၂၀ ပြည့်​ပြီး​သူ​တွေ​ကို စာ​ရင်း​ကောက်​တဲ့​အခါ နာ​မည်​စာ​ရင်း​ဝင်​သူ​တွေ ရှိ​တယ်။ သူတို့​ဟာ ဖခင်​မျိုး​ရိုး​အလိုက် လေ​ဝိရဲ့​သား​မြေး​တွေ၊ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ပဲ။ ၂၅  ဒါဝိဒ်​က “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​က မိမိ​လူမျိုး​ကို အေး​ချမ်း​စွာ နေ​ထိုင်​ခွင့်​ပေး​ပြီ။+ ဂျေရု​ဆ​လင်​မြို့​မှာ ဘုရား ထာ​ဝ​စဉ် စံ​မြန်း​လိမ့်​မယ်။+ ၂၆  လေ​ဝိအမျိုး​သား​တွေ​လည်း တဲ​တော်​နဲ့ တဲ​တော်​အသုံး​အဆောင်​တွေ​ကို သယ်​စ​ရာ မလို​တော့​ဘူး”+ လို့​ပြော​ခဲ့​တဲ့​အတွက်၊ ၂၇  သူ့​ရဲ့ နောက်​ဆုံး​ညွှန်​ကြား​ချက်​တွေ​အရ အသက် ၂၀ ပြည့်​တဲ့ လေ​ဝိအမျိုး​သား​တွေ​ကို  ရေ​တွက်​တယ်။ ၂၈  သူတို့​ရဲ့​တာဝန်​က ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း​မှာ အာ​ရုန်​ရဲ့​သား​မြေး​တွေ​ကို ကူညီ​ပေး​ဖို့၊+ အိမ်​တော်​ဝင်း​တွေ၊+ စား​သောက်​ခန်း​တွေ​ကို ကြီး​ကြပ်​ဖို့၊ သန့်​ရှင်း​မြင့်မြတ်ရာတွေ​ကို စင်​ကြယ်​စေ​ဖို့​နဲ့ ဘုရား​သခင်​ရဲ့ အိမ်​တော်​လုပ်ငန်း​အတွက် လို​အပ်​သမျှ လုပ်​ဆောင်​ပေး​ဖို့​ဖြစ်​တယ်။ ၂၉  အဆင့်​ဆင့်​တင်​ထား​တဲ့​မုန့်၊*+ ကောက်​နှံ​အလှူ​အတွက် ဂျုံ​နု၊ တ​ဆေး​မဲ့​မုန့်​ပြား​တွေ၊+ ဒယ်​ပြား​မှာ​လုပ်​တဲ့ မုန့်​တွေ၊ နယ်​ထား​တဲ့ မုန့်​စိမ်း၊+ အလေး​ချိန် အခြင်​အတွယ်​တွေ​နဲ့ ပတ်​သက်​ပြီး​တော့​လည်း သူတို့ ကူညီ​ပေး​ရ​တယ်။ ၃၀  မနက်​တိုင်း ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ဖို့ ရပ်​နေ​ရ​တယ်။+ ည​နေ​ပိုင်း​မှာ​လည်း ရပ်​နေ​ရ​တယ်။+ ၃၁  ဥ​ပုသ်​နေ့​တွေ၊+ လ​ဆန်း​နေ့​တွေ၊+ ပွဲ​တော်ရာ​သီ​တွေ​မှာ+ ယေဟောဝါ​အတွက် မီး​ရှို့​ရာ ပူ​ဇော်​သက္ကာတွေ​ကို ပူ​ဇော်​တဲ့​အခါ​တိုင်း ကူညီ​ပေး​ရ​တယ်။ ပူ​ဇော်​သက္ကာတွေ​နဲ့​ပတ်​သက်​ပြီး သတ်​မှတ်​ထား​တဲ့ အရေ​အတွက်​အတိုင်း ယေဟောဝါ​ရှေ့​မှာ ပုံ​မှန် ပူ​ဇော်​ရ​တယ်။ ၃၂  တွေ့​ဆုံ​ရာ​တဲ​တော်​နဲ့ သန့်​ရှင်း​ရာ​အရပ်​မှာ သူတို့​ရဲ့ တာဝန်​တွေ​ကို ထမ်း​ဆောင်​ရ​တယ်။ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ညီ​အစ်​ကို​တွေ​ဖြစ်​တဲ့ အာ​ရုန်​ရဲ့​သား​မြေး​တွေ​ကို​လည်း ကူညီ​ပေး​ရ​တယ်။

အောက်ခြေမှတ်ချက်များ

အခန်း​ငယ် ၇ က ရှိ​မိ မဟုတ်။
အခန်း​ငယ် ၇ က ရှိ​မိ။
ရှေ့​တော်​မုန့်။