၁ ရာဇဝင်ချုပ် ၂၀:၁-၈

  • ရ​ဗာ​မြို့​ကို သိမ်း​ပိုက် (၁-၃)

  • ဖိ​လိ​တိ​လူ​ထွား​ကြီး​တွေ အသတ်​ခံ​ရ (၄-၈)

၂၀  နှစ်​ဆန်း​ပိုင်း​မှာ ဘုရင်​တွေ စစ်​တိုက်​ထွက်​ချိန် ရောက်​တဲ့​အခါ ယွာဘ​က+ စစ်​တပ်​ကို ဦး​ဆောင်​ပြီး အမ္မုန်​ပြည်​ကို  တိုက်​ခိုက်​ဖျက်​ဆီး​တယ်။ ဒါဝိဒ်​က​တော့ ဂျေရု​ဆ​လင်​မြို့​မှာ နေရစ်​ခဲ့​တယ်။+ ယွာဘ​က ရ​ဗာ​မြို့​ကို+ ချီ​တက်​လာ​ပြီး  ဝိုင်း​ထား​တယ်။  ပြီး​တော့ မြို့​ကို တိုက်​ခိုက်​ချေ​မှုန်း​တယ်။+ ၂  အဲဒီ​နောက် ဒါဝိဒ်​က မာ​လ​ကုံ​နတ်​ရုပ်​တု​ရဲ့ သရ​ဖူ​ကို ချွတ်​ယူ​တယ်။ ရွှေ​အလေး​ချိန် တစ်​တဲ​လင့်* ရှိ​ပြီး ကျောက်​မျက်​တွေ စီ​ခြယ်​ထား​တဲ့ အဲဒီ​သရ​ဖူ​ကို ဒါဝိဒ်​ရဲ့​ခေါင်း​ပေါ် ဆောင်း​ပေး​ကြ​တယ်။ ဒါဝိဒ်​က အဲဒီ​မြို့​က​နေ တိုက်​ရာ​ပါ​ဥစ္စာ​အများ​ကြီး ယူ​လာ​တယ်။+ ၃  မြို့​သား​တွေ​ကို ဖမ်း​ခေါ်​လာ​ပြီး ကျောက်​ဖြတ်​တဲ့​အလုပ်၊ အသွား​ထက်​တဲ့ သံ​ထည်​ကိ​ရိ​ယာ​တွေ၊ ပု​ဆိန်တွေ သုံး​ရ​တဲ့​အလုပ်​တွေ လုပ်​ခိုင်း​တယ်။+ တ​ခြား​အမ္မုန်​မြို့​သား​တွေ​ကို​လည်း အဲဒီ​အလုပ်​တွေ လုပ်​ခိုင်း​တယ်။ နောက်​ဆုံး၊ ဒါဝိဒ်​နဲ့ စစ်​သည်​အားလုံး ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​ကြ​တယ်။ ၄  အဲဒီ​နောက် ဂေဇာ​မြို့​မှာ ဖိ​လိ​တိ​လူ​တွေ​နဲ့ စစ်​ဖြစ်​တယ်။ ဒီ​တစ်​ချီ​မှာ​တော့ ဟု​ရှ​အမျိုး​သား သိ​ဗေ​ခဲ​က+ ရေ​ဖိမ်​လူမျိုး​က​နေ+ ဆင်း​သက်​လာ​သူ သာ​ဖကို သတ်​လိုက်​တယ်။ ဒါ​နဲ့ ဖိ​လိ​တိ​တွေ စစ်​ရှုံး​သွား​တယ်။ ၅  နောက်​ပိုင်း​မှာ ဖိ​လိ​တိ​လူ​တွေ​နဲ့ စစ်​ဖြစ်​ပြန်​တော့ ယာ​အိ​ရ​ရဲ့​သား ဧလ​ဟာ​နန်​က ဂါသ​မြို့​သား ဂေါ​လျတ်​နဲ့+ ညီအစ်​ကို​တော်​တဲ့ လာ​ခ​မိ​ကို သတ်​လိုက်​တယ်။ လာ​ခ​မိ​ရဲ့​လှံ​ရိုး​က ရက်​ကန်း​လိပ်​တုံး​လောက် ရှိ​တယ်။+ ၆  ဂါသ​မြို့​မှာ+ နောက်​တစ်​ကြိမ် စစ်​ဖြစ်​ပြန်​တယ်။ အဲဒီ​မြို့​မှာ ရေ​ဖိမ်​လူမျိုး​က​နေ ဆင်း​သက်​လာ​တဲ့ လူ​ထွား​ကြီး​တစ်​ယောက်​ရှိ​တယ်။+ သူ့​လက်​တစ်​ဖက်​မှာ လက်​ချောင်း ၆ ချောင်း​စီ၊ ခြေ​တစ်​ဖက်​မှာ ခြေ​ချောင်း ၆ ချောင်း​စီ၊ စု​စု​ပေါင်း ၂၄ ချောင်း​ရှိ​တယ်။+ ၇  သူ​က အစ္စရေး​တွေ​ကို မပြတ်​စိန်​ခေါ်​နေ​တဲ့​အတွက်+ ဒါဝိဒ်​ရဲ့​အစ်​ကို ရှိမာ​ရဲ့+ သား ယောန​သန်​က သတ်​လိုက်​တယ်။ ၈  သူတို့​ဟာ  ရေ​ဖိမ်​လူမျိုး​က​နေ+ ဆင်း​သက်​လာ​တဲ့  ဂါသ​မြို့​သား​တွေ​ပဲ။+ ဒါဝိဒ်​နဲ့ မင်း​မှု​ထမ်း​တွေ​ရဲ့ လက်​ချက်​ကြောင့် သူတို့ ကျ​ဆုံး​သွား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။