၁ ရာဇဝင်ချုပ် ၁၅:၁-၂၉

  • လေ​ဝိအမျိုး​သား​တွေ ဂျေရု​ဆ​လင်​ကို သေတ္တာ​တော် သယ်​သွား (၁-၂၉)

    • ဒါဝိဒ်​ကို မိ​ခါ​လ အထင်​သေး (၂၉)

၁၅  ဒါဝိဒ်​က  နန်း​ဆောင်​တွေ​ကို ဒါဝိဒ်​မြို့​မှာ  ထပ်​ပြီး​တည်​ဆောက်​တယ်။ စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ထား​ဖို့ နေ​ရာ​ပြင်​ဆင်​ပြီး တဲ​တစ်​ဆောင် တည်​ဆောက်​တယ်။+ ၂  အဲဒီ​နောက် ဒါဝိဒ်​က “ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ထမ်း​ဖို့၊ ယေဟောဝါ​ရှေ့​မှာ အမြဲအမှု​ဆောင်​ဖို့ ရွေး​ချယ်​ခံ​ရ​သူ​တွေ​ဟာ လေ​ဝိအမျိုး​သား​တွေ​ပဲ။ ဒါ​ကြောင့် သေတ္တာ​တော်​ကို လေ​ဝိအမျိုး​သား​တွေ​က​လွဲ​လို့ ဘယ်​သူ​မှ မသယ်​ရ​ဘူး”+ ဆို​ပြီး အမိန့်​ပေး​တယ်။ ၃  ပြီး​တော့   သူ​ပြင်​ဆင်​ထား​တဲ့  နေ​ရာ​ဆီ ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို သယ်​လာ​ဖို့ အစ္စရေး​အားလုံး​ကို ဂျေရု​ဆ​လင်​မြို့​မှာ စု​ရုံး​လိုက်​တယ်။+ ၄  ဒါဝိဒ်​စု​ရုံး​လိုက်​တဲ့ အာ​ရုန်​ရဲ့​သား​မြေး​တွေ​နဲ့+ လေ​ဝိအမျိုး​သား​တွေ​က​တော့၊+ ၅  ကော​ဟတ်​အမျိုး​သား​တွေ​ထဲ​မှာ ခေါင်း​ဆောင်​ဥ​ရေ​လ​နဲ့ ဆွေ​မျိုး​သား​ချင်း  ၁၂၀၊ ၆  မေရာ​ရိ​ရဲ့ သား​မြေး​တွေ​ထဲ​မှာ  ခေါင်း​ဆောင်​အသာ​ယ​နဲ့+ ဆွေ​မျိုး​သား​ချင်း ၂၂၀၊ ၇  ဂေရ​ရှုံ​အမျိုး​သား​တွေ​ထဲ​မှာ ခေါင်း​ဆောင်​ယောလ​နဲ့+  ဆွေ​မျိုး​သား​ချင်း ၁၃၀၊ ၈  ဧ​လိ​ဇာ​ဖန်​ရဲ့+ သား​မြေး​တွေ​ထဲ​မှာ ခေါင်း​ဆောင်​ရှေ​မာ​ယ​နဲ့ ဆွေ​မျိုး​သား​ချင်း ၂၀၀၊ ၉  ဟေ​ဗြုန်​ရဲ့​သား​မြေး​တွေ​ထဲ​မှာ  ခေါင်း​ဆောင်​ဧလျေလ​နဲ့  ဆွေ​မျိုး​သား​ချင်း  ၈၀၊ ၁၀  သြဇေ​လ​ရဲ့+ သား​မြေး​တွေ​ထဲ​မှာ ခေါင်း​ဆောင်​အမိ​န​ဒပ်​နဲ့ ဆွေ​မျိုး​သား​ချင်း  ၁၁၂  ယောက်​တို့​ဖြစ်​တယ်။ ၁၁  ဒါ့​အပြင် ဒါဝိဒ်​က ပု​ရော​ဟိတ်​တွေ​ဖြစ်​တဲ့ ဇာ​ဒုတ်​နဲ့+ အဗျာ​သာ၊+ လေ​ဝိအမျိုး​သား​တွေ​ဖြစ်​တဲ့ ဥ​ရေ​လ၊ အသာ​ယ၊ ယောလ၊ ရှေ​မာ​ယ၊ ဧ​လျ​လေ၊ အမိ​န​ဒပ်​တို့​ကို ခေါ်​ပြီး၊ ၁၂  “ခင်​ဗျား​တို့​ဟာ လေ​ဝိအမျိုး​ရဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ပဲ။ ကိုယ်​တိုင်​ရော၊ ဆွေ​မျိုး​သား​ချင်း​တွေ​ရော ကိုယ်​ကို​သန့်​ရှင်း​အောင် လုပ်​ပြီး​တဲ့​နောက် အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ကျုပ်​ပြင်​ဆင်​ထား​တဲ့ နေ​ရာ​ဆီ သယ်​လာခဲ့​ပါ။ ၁၃  အရင်​တစ်​ခေါက်​တုန်း​က သေတ္တာ​တော်​ကို ခင်​ဗျား​တို့ ထမ်း​ပြီး မသယ်​ခဲ့​ဘူး။+ နည်း​မှန်​လမ်း​မှန်​သိ​အောင် မမေး​မြန်း​မိ​လို့+ ကျုပ်​တို့​ကို ယေဟောဝါ​ဘုရား အမျက်​ထွက်​ခဲ့တယ်”+ လို့​ပြော​တယ်။ ၁၄  ဒါ​နဲ့ ပုရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​လည်း အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို သယ်​လာ​ဖို့ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ​တယ်။ ၁၅  အဲဒီ​နောက် လေ​ဝိအမျိုး​သား​တွေ​က မော​ရှေ​က​တစ်ဆင့် ယေဟောဝါ မိန့်မှာ​ထား​တဲ့​အတိုင်း ဘုရား​သခင့် သေတ္တာ​တော်​ကို ထမ်း​ပိုး​တွေ​နဲ့ ထမ်း​ကြ​တယ်။+ ၁၆  ကြိုး​တပ်​တူ​ရိ​ယာ​တွေ၊ စောင်း​တွေ၊+ လင်း​ကွင်း​တွေ+ တီး​ခတ်​ရင်း တ​ပျော်​တ​ပါး သီ​ဆို​ဖို့ သီချင်း​သည်​တွေ​ကို တာဝန်​ပေး​ပါ​ဆို​ပြီး လေ​ဝိအနွယ်​ရဲ့ ခေါင်း​ဆောင်​တွေ​ကို ဒါဝိဒ် မှာ​ထား​တယ်။ ၁၇  ဒါ​နဲ့ လေ​ဝိအမျိုး​သား​တွေ​လည်း ယောလ​ရဲ့​သား ဟေ​မန်၊+ ဆွေ​မျိုး​သား​ချင်း​ထဲ​က ဗေ​ရ​ခိ​ရဲ့​သား အာ​သပ်၊+ ဆွေ​မျိုး​သား​ချင်း​ထဲ​က မေရာ​ရိ​အမျိုး​သား​တွေ​မှာ ကု​ရှာ​ယ​ရဲ့​သား ဧ​သန်+ တို့​ကို တာဝန်​ပေး​တယ်။ ၁၈  သူတို့​နဲ့​အတူ ဒုတိ​ယ​အုပ်​စု​အဖြစ်+ ဆွေ​မျိုး​သား​ချင်း​တွေ​ထဲ​က ဇာခရိ၊ ဗာ​နိ၊ ယာဇေ​လ၊ ရှေမိ​ရာမုတ်၊ ယေ​ဟေ​လ၊ ဥနိ၊ ဧ​လျာ​ဘ၊ ​ဗေနာ​ယ၊ မာ​သေယ၊ မာ​တ​သိ၊  ဧလိ​ဖလေ၊ မိတ်​နေ​ယ၊   တံခါး​စောင့်​တွေ​ဖြစ်တဲ့ သြဗက်​ဧ​ဒုံ​နဲ့ ယေ​ယေ​လ​တို့​ကို တာဝန်​ပေး​တယ်။ ၁၉  သီ​ချင်း​သည်  ဟေ​မန်၊+  အာ​သပ်၊+ ဧသန်​တို့​က  ကြေး​နီ​လင်း​ကွင်း​ကို  တီး​ရ​တယ်။+ ၂၀  ဇာခ​ရိ၊ အဇေ​လ၊ ရှေ​မိ​ရာမုတ်၊ ယေ​ဟေ​လ၊ ဥ​နိ၊ ဧ​လျာ​ဘ၊ မာသေ​ယ၊ ​ဗေ​နာ​ယ​တို့​က အာ​လ​မုတ်​သံ*+ ညှိ​ထား​တဲ့ ကြိုး​တပ်​တူ​ရိ​ယာ​တွေ​ကို တီး​ခတ်​ရ​တယ်။ ၂၁  မာတ​သိ၊+ ဧ​လိ​ဖလေ၊ မိတ်​နေ​ယ၊ သြဗက်​ဧဒုံ၊ ယေ​ယေ​လ၊ အာ​ဇ​ဇိ​တို့​က ရှေ​မိ​နိတ်​သံ*+ ညှိ​ထား​တဲ့ စောင်း​တွေ​ကို တီးရ​တဲ့​အပြင် ဂီ​တ​မှူး​လည်း လုပ်​ရ​တယ်။ ၂၂  လေဝိ​အကြီး​အကဲ  ခေ​န​နိ​က+  သေတ္တာ​တော် သယ်​ဆောင်​တာ​ကို ကြီး​ကြပ်​ပေး​ရ​တယ်။ သူ​က ဒီအလုပ်​ကို​   ကျွမ်း​ကျင်​တယ်။ ၂၃  ဗေရ​ခိ​နဲ့ ဧလ​ကာ​န​က သေတ္တာ​တော်​ကို စောင့်​ကြပ်​ရ​တဲ့ တံခါး​စောင့်​တွေ ဖြစ်​တယ်။ ၂၄  ပု​ရော​ဟိတ် ရှေ​ဗ​နိ၊ ယော​ရှာ​ဖတ်၊ နာ​သနေ​လ၊ အာမ​သဲ၊ ဇာခရိ၊ ​ဗေ​နာ​ယ၊ ဧ​လျာ​ဇာ​တို့​က ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ရှေ့​မှာ ခရာ​တွေ​ကို အကျယ်​ကြီး မှုတ်​ရ​တယ်။+ သြဗက်​ဧ​ဒုံ​နဲ့ ယေ​ဟိ​လည်း သေတ္တာ​တော်​ကို စောင့်​ကြပ်​ရ​တဲ့ တံခါး​စောင့်​တွေ ဖြစ်​တယ်။ ၂၅  အဲဒီ​နောက် ဒါဝိဒ်​နဲ့ အစ္စရေး​အကြီး​အကဲ​တွေ၊ လူ​တစ်​ထောင်​အုပ်​တွေ​က ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို သြဗက်​ဧ​ဒုံ​ရဲ့​အိမ်​က​နေ+ သယ်​လာ​ဖို့ ဝမ်း​သာ​အား​ရ သွား​ကြ​တယ်။+ ၂၆  ယေဟောဝါ​ဘုရား​က ပဋိ​ညာဉ်​သေတ္တာ ထမ်း​တဲ့ လေ​ဝိအမျိုး​သား​တွေ​ကို ကူညီ​ပေး​တဲ့​အတွက် သူတို့​က နွား​ထီး​ပျို ခု​နစ်​ကောင်​နဲ့ သိုး​ထီး ခု​နစ်​ကောင်​ကို ပူ​ဇော်​ကြ​တယ်။+ ၂၇  ဒါဝိဒ်​က ပိတ်​ချော​လက်​ပြတ်​ဝတ်​ရုံ​ကို  ဝတ်​ထား​တယ်။ သေတ္တာ​ထမ်း​တဲ့ လေ​ဝိအမျိုး​သား​တွေ၊ သီချင်း​သည်​တွေ၊ သေတ္တာ​သယ်​ဆောင်​ရေး​နဲ့ သီချင်း​သည်​တွေ​ကို ဦး​ဆောင်​ရ​တဲ့  ခေ​န​နိ​လည်း  အဲဒီ​အတိုင်း ဝတ်​ဆင်​ထား​ကြ​တယ်။ ဒါဝိဒ်​က ချည်​ထည်​သင်​တိုင်း​ကို​ပါ ဝတ်​ဆင်​ထား​တယ်။+ ၂၈  အစ္စရေး​အားလုံး တံ​ပိုး၊ ခ​ရာ၊+ လင်း​ကွင်း၊ ကြိုး​တပ်​တူ​ရိ​ယာ​တွေ၊ စောင်း​တွေ​ကို အကျယ်​ကြီး တီး​မှုတ်​ပြီး+ တ​ပျော်​တ​ပါး ဟစ်​ကြွေး​ရင်း ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို သယ်​လာ​ကြ​တယ်။+ ၂၉  ဒါဝိဒ်​မြို့​ထဲ+ ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ ဝင်​လာ​တဲ့​အခါ ရှောလု​ရဲ့​သမီး မိ​ခါ​လ​က+ ပြတင်း​ပေါက်​က​နေ ကြည့်​နေ​တယ်။ ဒါဝိဒ်​မင်း က​ခုန်​ပြီး ပွဲ​ခံ​နေ​တာ​ကို  မြင်​တော့  သူ့​စိတ်​ထဲ​မှာ အထင်​သေး​သွား​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။