၁ ရာဇဝင်ချုပ် ၁၃:၁-၁၄

  • သေတ္တာ​တော်​ကို ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​က​နေ သယ်လာ (၁-၁၄)

    • ဩဇ အဆုံး​စီ​ရင်​ခံ​ရ (၉၊ ၁၀)

၁၃  ဒါဝိဒ်​က  လူ​တစ်​ထောင်​အုပ်​တွေ၊ လူ​တစ်​ရာ​အုပ်​တွေ၊ ခေါင်း​ဆောင်​တွေ​နဲ့  တိုင်​ပင်​ပြီး​နောက်၊+ ၂  အစ္စရေး​လူ​စု​ကြီး​ကို  “ခင်​ဗျား​တို့ သဘော​တူ​မယ်၊  ယေဟောဝါ​ဘုရား​လည်း နှစ်​သက်​မယ်​ဆို​ရင် အစ္စရေး​နယ်​မြေအသီး​သီး​က ကျန်​တဲ့​ညီ​အစ်​ကို​တွေ၊ စား​ကျက်​မြေပါ​တဲ့ မြို့​တွေ​မှာ နေ​ထိုင်​တဲ့ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​ကို+ ကျွန်​တော်​တို့​နဲ့ လာ​ပူး​ပေါင်း​ဖို့ အကြောင်း​ကြား​ရ​အောင်။ ၃  ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို​လည်း+ ပြန်​သယ်​လာ​ရ​အောင်” ဆို​ပြီး ပြော​တယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ ရှောလု​လက်​ထက်​မှာ သေတ္တာ​တော်​ကို ဂရု​မစိုက်​ခဲ့​ကြ​လို့​ပဲ။+ ၄  လူ​အားလုံး​က အဲဒီ​အကြံ​ပေး​ချက်​ကို နှစ်​သက်​တဲ့​အတွက် အဲဒီ​အတိုင်း​လုပ်​ဖို့ သဘော​တူ​ကြ​တယ်။ ၅  ဒါဝိဒ်​လည်း စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​က​နေ သယ်​လာ​ဖို့+ အီဂျစ်​ပြည်​မှာ​ရှိ​တဲ့ မြစ်* က​နေ ဟာ​မတ်​လမ်း​ဝ+ တစ်​လျှောက်​မှာ​ရှိ​တဲ့ အစ္စရေး​တွေ​ကို စု​ဝေး​ခိုင်း​တယ်။ ၆  အဲဒီ​နောက် ဒါဝိဒ်​နဲ့​အစ္စရေး​တွေ​က  ခေရုဗိမ်တွေ​ပေါ်*   စံမြန်း​တဲ့​အရှင်+  စစ်​မှန်​တဲ့​  ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို ပြန်​သယ်​လာ​ဖို့ ယုဒ​နယ်​မြေမှာ​ရှိ​တဲ့ ဗာလာ​မြို့+ လို့​လည်း​ခေါ်​တဲ့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကို သွား​ကြ​တယ်။ လူ​တွေ​က သေတ္တာ​တော်​ရှိ​တဲ့​နေ​ရာ​မှာ ယေဟောဝါ​ရဲ့​နာ​မည်​ကို ခေါ်​ပြီး ဆုတောင်း​လေ့​ရှိ​တယ်။ ၇  သူတို့​က ဘုရား​သခင့် သေတ္တာ​တော်​ကို လှည်း​အသစ်​ပေါ် တင်​ပြီး+ အဘိ​န​ဒပ်​ရဲ့​အိမ်​က​နေ သယ်​သွား​တယ်။ သြဇ​နဲ့ အဟိ​သြက လှည်း​ကို မောင်း​တယ်။+ ၈  ဒါဝိဒ်​နဲ့ အစ္စရေး​တွေ​က ဘုရား​သခင်​ရှေ့​မှာ အား​ပါး​တ​ရ ပွဲ​ခံ​ပြီး စောင်း၊ လင်း​ကွင်း၊+ ချူ​တပ်​ဗုံ၊+ ခ​ရာတွေ၊+ ကြိုး​တပ်​တူ​ရိ​ယာ​တွေ တီး​မှုတ်​ရင်း သီချင်း​ဆို​ကြ​တယ်။ ၉  ဒါ​ပေမဲ့ ခိ​ဒုန်​ကောက်​နယ်​တ​လင်း​ကို ရောက်​လာ​တဲ့​အခါ နွား​တွေ​ကြောင့် ပြုတ်​ကျ​မလို ဖြစ်​သွား​တဲ့ သေတ္တာ​တော်​ကို  ဩဇ  လှမ်း​ထိန်း​လိုက်​တယ်။ ၁၀  သေတ္တာ​တော်​ကို လှမ်း​ကိုင်​လိုက်​လို့+ သြဇ​ကို ယေဟောဝါ အမျက်​ထွက်​ပြီး ဒဏ်​ခတ်​လိုက်​တယ်။ ဘုရား​သခင်​ရှေ့၊ အဲဒီ​မှာ​တင် ဩဇ သေဆုံး​သွား​တယ်။+ ၁၁  သြဇ​ကို ယေဟောဝါ အမျက်​ထွက်​တဲ့​အတွက် ဒါဝိဒ် စိတ်​ဆိုး​တယ်။* အဲဒီ​နေ​ရာ​ကို ပေရက်​သြဇ* လို့​ခေါ်​ကြ​တာ ဒီ​နေ့​အထိ​ပဲ။ ၁၂  အဲဒီ​နေ့​မှာ ဒါဝိဒ်​က ဘုရား​သခင်​ကို ကြောက်​ပြီး “ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို ငါ့​ဆီ ဘယ်​လို​သယ်​ရ​ပါ့​မလဲ”+ လို့​ပြော​တယ်။ ၁၃  အဲဒီ​နောက် သေတ္တာ​တော်​ကို သူ​နေ​ထိုင်​တဲ့ ဒါဝိဒ်​မြို့ကို သယ်​သွား​မယ့်​အစား သြဗက်​ဧဒုံရဲ့အိမ်ဆီ  သယ်​သွား​ခိုင်း​တယ်။ ၁၄  သေတ္တာ​တော်​ဟာ သြဗက်​ဧ​ဒုံ​ရဲ့​အိမ်​မှာ အိမ်​သား​တွေ​နဲ့​အတူ သုံး​လ ရှိ​နေ​တယ်။ ယေဟောဝါ​လည်း သြဗက်​ဧ​ဒုံ​ရဲ့ အိမ်​သား​တွေ​နဲ့ သူ​ပိုင်​ဆိုင်​သမျှ​ကို ကောင်း​ချီး​ပေး​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရှိ​ဟော​ရ​မြစ်။”
“ခေရုဗိမ်တွေ​ကြား​မှာ” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “စိတ်​မကောင်း​ဖြစ်​တယ်။”
အဓိပ္ပာယ်၊ “သြဇ​ကို အမျက်​တော်​ရှ။”