၁ ရာဇဝင်ချုပ် ၁၂:၁-၄၀

  • ဒါဝိဒ်​မင်း​ကို ထောက်​ခံ​သူ​တွေ (၁-၄၀)

၁၂  ဒါဝိဒ်​က ကိ​ရှ​ရဲ့​သား ရှောလု​ရဲ့​ရန်​ကြောင့်+ ထွက်​ပြေး​ပြီး ဇိ​က​လတ်​မြို့​မှာ+  ပုန်း​ရှောင်​နေ​တယ်။ အဲဒီ​အချိန်​မှာ အတူ​တိုက်​ပွဲ​ဝင်​ဖို့ ဒါဝိဒ်​ဆီ ရောက်​လာ​တဲ့  သူ​ရဲ​ကောင်း​တွေ​ရှိ​တယ်။+ ၂  သူတို့​ဟာ  ဗင်ယာ​မိန်​အနွယ်+  ရှောလု​ရဲ့​အမျိုး​တွေ​ပဲ။ လေး​သည်​တော်တွေ၊  ဘယ်​လက်​နဲ့​ရော ညာ​လက်​နဲ့​ပါ+  လောက်​လွှဲ​တွေ၊+ လေး​တွေ​ကို ပစ်​နိုင်​သူ​တွေ   ဖြစ်​တယ်။ ၃  ဂိဗာ​မြို့​သား+ ရှေ​မာ​ရဲ့​သား​တွေ​ဖြစ်​တဲ့  ခေါင်း​ဆောင်  အဟေ​ဇာ​နဲ့ ယော​ရှ၊ အာဇ​မာ​ဝက်​ရဲ့+ သား​တွေ​ဖြစ်​တဲ့ ယေဇေ​လ​နဲ့ ပေလက်၊ ဗေ​ရာ​ခ၊ အာ​န​သုတ်​မြို့​သား  ယေဟု၊ ၄  ခေါင်း​ဆောင် ၃၀ ကို+ ကြီး​ကြပ်​ရ​တဲ့ သူ​ရဲ​ကောင်း ဂိဗောင်​မြို့​သား+ အိ​ရှ​မာ​ယ၊ ယေရမိ၊ ယ​ဟာ​ဇေ​လ၊ ယော​ဟ​နန်၊ ဂေဒ​ရ​အရပ်​သား ယော​ဇ​ဗတ်၊ ၅  ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာလျာ၊ ရှေ​မရိ၊ ဟာ​ရိပ်​အမျိုး​သား  ရှေ​ဖတိ၊ ၆  ကော​ရ​အမျိုး​သား​တွေ​ဖြစ်​တဲ့+ ဧ​လ​ကာ​န၊ အိ​ရှ​ယ၊ အာ​ဇာ​ရေ​လ၊ ယော​ဇာ၊ ယာရှော​ဗံ၊ ၇  ဂေဒေါ်​မြို့​သား ယေ​ရော​ဟံ​ရဲ့​သား​တွေ​ဖြစ်​တဲ့ ယောလာ​နဲ့ ဇေ​ဗ​ဒိ​တို့​ဖြစ်​တယ်။ ၈  ဂဒ်​အမျိုး​သား​တ​ချို့​လည်း တော​ကန္တာ​ရ​ထဲ​က ခံ​တပ်​မှာ​ရှိ​နေ​တဲ့ ဒါဝိဒ်​နဲ့ လာ​ပူး​ပေါင်း​ကြ​တယ်။+  သူတို့​ဟာ ဒိုင်း​လွှား​ကြီး​နဲ့  လှံ​ရှည်​ကို  အသင့်​ဆောင်​ထား​တဲ့ စစ်​ရေး​ကျွမ်း​ကျင်​သူ​တွေ၊ ခြင်္သေ့​လို မျက်​နှာ​မျိုး​ရှိ​တဲ့​သူ​တွေ၊ တောင်​တန်း​ပေါ်​က​ဒ​ရယ်​လို လျင်​မြန်​တဲ့ သူ​ရဲ​ကောင်း​တွေ​ပဲ။ ၉  စစ်​မက်​ရေး​ရာ​မှာ  အကျွမ်း​ကျင်​ဆုံး​က ဧဇာ၊ ဒုတိ​ယ သြဗ​ဒိ၊ တ​တိ​ယ ဧ​လျာ​ဘ၊ ၁၀  စတုတ္ထ  မိ​ရှ​မန္န၊  ပဉ္စမ​  ယေရ​မိ၊ ၁၁  ဆ​ဋ္ဌ​မ အတ္တဲ၊ သတ္တ​မ ဧလျေ​လ၊ ၁၂  အဋ္ဌ​မ ယော​ဟ​နန်၊ နဝမ ဧ​လ​ဇာ​ဗ​ဒ်၊ ၁၃  ဒ​သမ ယေရမိ၊ ဆယ့်​တစ်​ယောက်​မြောက် မာ​ခ​ဗာ​နဲ။ ၁၄  သူတို့​ဟာ ဂဒ်​အမျိုး​သား+ စစ်​ဗိုလ်​တွေ​ပဲ။ သူတို့​ထဲ​က အညံ့​ဆုံး​တောင် လူ​အင်​အား အယောက် ၁၀၀ နဲ့​ညီ​ပြီး အတော်​ဆုံး​က လူ​အင်​အား အယောက် ၁,၀၀၀ နဲ့​ညီ​တယ်။+ ၁၅  သူတို့​က ဂျော်​ဒန်​မြစ်​ကမ်း တစ်​လျှောက် မြစ်​ရေလျှံ​တဲ့ ပထ​မလ​မှာ ဖြတ်​ကူး​ပြီး​နောက် မြေနိမ့်​ဒေ​သမှာ နေ​ထိုင်​သူ​တွေ​ကို အရှေ့​ဘက်​နဲ့ အနောက်​ဘက်​ဆီ ကွဲ​လွင့်​သွား​အောင် မောင်း​ထုတ်​ခဲ့​တယ်။ ၁၆  ဗင်​ယာ​မိန်​အမျိုး​သား​တ​ချို့​နဲ့   ယုဒ​အမျိုး​သား​တ​ချို့​လည်း  ဒါဝိဒ်​ရဲ့ခံတပ်​ဆီ  ရောက်​လာ​တယ်။+ ၁၇  ဒါဝိဒ်​က  ထွက်​လာ​ပြီး  “ငါ့​ကို တကယ် ကူညီ​ပေး​ချင်​လို့ ရောက်​လာ​တာ​ဆို​ရင် ငါ​လည်း မင်း​တို့​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပါ​ပဲ။ ဘာ​အမှား​မှ မလုပ်​တဲ့ ငါ့​ကို ရန်​သူ​တွေ​လက်​ထဲ အပ်​ဖို့ လာ​တာ​ဆို​ရင်​တော့ ဘိုး​ဘေး​တို့​ရဲ့ ဘုရား​သခင်​ပဲ တရား​စီရင်​ပါ​စေ”+ လို့​ပြော​တယ်။ ၁၈  အဲဒီ​အခါ လူ ၃၀ ရဲ့​ခေါင်း​ဆောင် အာ​မသဲ​အပေါ် စွမ်းအား​တော် သက်​ရောက်​လာ​တယ်။+  ဒါ​ကြောင့် အာ​မသဲ​က “ဒါဝိဒ်၊ ကျွန်​တော်​တို့​ဟာ ခင်ဗျား​ရဲ့​လူ​တွေ​ပါ။ ယေ​ရှဲ​ရဲ့​သား၊ ခင်ဗျား​ဘက်​မှာ ကျွန်​တော်​တို့ ရှိပါ​တယ်။+ ဘုရား​သခင် ကူညီ​နေ​တဲ့​အတွက်+ခင်​ဗျား​ဆီ​မှာ ငြိမ်သက်​ခြင်း ရှိ​ပါ​စေ။ ခင်​ဗျား​ကို ကူညီ​တဲ့​သူ​လည်း ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ” လို့​ပြော​တယ်။ ဒါဝိဒ်​လည်း သူတို့​ကို လက်ခံ​ပြီး စစ်​ဗိုလ်​တွေ​အဖြစ် ခန့်​အပ်​လိုက်​တယ်။ ၁၉  ရှောလု​ကို တိုက်​ဖို့ ဖိ​လိ​တိ​တွေ ချီ​တက်​လာ​တဲ့​အခါ ဒါဝိဒ်​လည်း အတူ​လိုက်​လာ​တယ်။ အဲဒီ​အချိန်​မှာ မနာ​ရှေ​အမျိုး​သား​တ​ချို့ ဒါဝိဒ်​နဲ့ လာ​ပူး​ပေါင်း​ကြ​တယ်။ ဖိ​လိ​တိ​မင်း​တွေ​က+ “ဒီ​လူ သူ့​သခင်​ရှောလု​နဲ့ ပြန်​ပူး​ပေါင်း​မှာ။ အဲဒီ​အခါ ငါ​တို့ ခေါင်း​ပြတ်​နေ​ဦး​မယ်” လို့​တိုင်​ပင်​ပြီး​နောက်+ ပြန်​လွှတ်​လိုက်​တဲ့​အတွက် ဒါဝိဒ်​လည်း ဖိ​လိ​တိ​တွေ​ကို မကူညီ​တော့​ဘဲ၊ ၂၀  ဇိ​က​လတ်​မြို့​ကို+ ပြန်​လာ​တယ်။ အဲဒီ​အခါ မနာ​ရှေ​အနွယ်​ထဲ​က+ လူ​တစ်​ထောင်​အုပ်​တွေ​ဖြစ်​တဲ့ အာ​ဒ​န၊ ယော​ဇ​ဗတ်၊ ယေ​ဒ​ယေ​လ၊ မိက္ခာ၊ ယော​ဇ​ဗတ်၊ ဧ​လိဟု၊ ဇိ​လ​သဲ​တို့​က ဒါဝိဒ်​နဲ့ လာ​ပူး​ပေါင်း​ကြ​တယ်။ ၂၁  သူတို့​အားလုံး​က ရဲ​စွမ်း​သတ္တိ​ရှိ​သူ​တွေ+ ဖြစ်​တဲ့​အတွက် ဓား​ပြတွေ​ကို တိုက်​ခိုက်​ရာ​မှာ ဒါဝိဒ်​ကို ကူညီ​ပေး​ကြ​တယ်။ နောက်​ပိုင်း​မှာ သူတို့​ဟာ စစ်​ဗိုလ်​တွေ ဖြစ်​လာ​တယ်။ ၂၂  ကူညီ​မယ့်​သူ​တွေ တစ်​ရက်​ပြီး​တစ်​ရက် တ​ဖွဲ​ဖွဲ ရောက်​လာ​တဲ့​အတွက် ဒါဝိဒ်​ရဲ့​တပ်​က+ ဘုရား​သခင်​ရဲ့ တပ်​မဟာ​လို အင်အား​ကြီး​လာ​တယ်။+ ၂၃  ယေဟောဝါ​ရဲ့  အမိန့်​အတိုင်း ရှောလု​ရဲ့ ထီး​နန်း​ကို လွှဲ​ပြောင်း​ပေး​ဖို့  ဒါဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​ကို+ လက်​နက်ကိုင်  စစ်​သည်​တွေ  ရောက်​လာ​တယ်။+  သူတို့​ရဲ့​အရေ​အတွက်​က​တော့၊ ၂၄  ယုဒ​အနွယ်​မှာ ဒိုင်း​လွှား​ကြီး​နဲ့ လှံ​ရှည်​ကိုင်​ဆောင်​တဲ့ စစ်​သည် ၆,၈၀၀၊ ၂၅  ရှိ​မောင်​အနွယ်​မှာ ခွန်​အား​ကြီး​ပြီး သတ္တိ​ရှိ​တဲ့ စစ်​သည် ၇,၁၀၀ ရှိ​တယ်။ ၂၆  လေ​ဝိအနွယ်​မှာ  ၄,၆၀၀၊ ၂၇  အာ​ရုန်​သား​မြေး​တွေ​ရဲ့​ခေါင်း​ဆောင်+ ယော​ယ​ဒ​နဲ့+ သူ့​လူ ၃,၇၀၀၊ ၂၈  ခွန်​အား​ကြီး​ပြီး သတ္တိ​ရှိ​တဲ့ လူငယ်​ဇာ​ဒုတ်​နဲ့+ သူ့​ရဲ့​ဆွေ​မျိုး​စု​ခေါင်း​ဆောင် ၂၂ ယောက်​ရှိ​တယ်။ ၂၉  ရှောလု​ရဲ့​အမျိုး+ ဗင်​ယာ​မိန်​အနွယ်​မှာ ၃,၀၀၀ ရှိ​တယ်။ သူတို့​အနွယ်​ထဲ​က အများ​စု​ဟာ အရင်​တုန်း​က ရှောလု​အမျိုး​အပေါ် သစ္စာ​စောင့်​သိ​ခဲ့​ကြ​တယ်။ ၃၀  ဧ​ဖရိမ်​အနွယ်​ရဲ့ ဆွေ​မျိုး​စု​တွေ​ထဲ​မှာ ၂၀,၈၀၀ ရှိ​တယ်။ သူတို့​ဟာ ခွန်​အား​ကြီး​ပြီး သတ္တိ​ရှိ​တယ်​လို့ ဂုဏ်​သတင်း​ကြီး​တဲ့​သူ​တွေ​ပဲ။ ၃၁  မနာ​ရှေ​အနွယ်​တစ်​ဝက်​မှာ ဒါဝိဒ်​ဆီ​လာ​ပြီး မင်း​မြှောက်​ဖို့ နာ​မည်​နဲ့​တ​ကွ ရွေး​ချယ်​ခံ​ရ​သူ​ပေါင်း ၁၈,၀၀၀ ရှိ​တယ်။ ၃၂  အိ​သခါ​အနွယ်​မှာ အချိန်​အခါ​ကို နား​လည်​ပြီး အစ္စရေး​တွေ လုပ်​သင့်​လုပ်​အပ်​ရာ​ကို သိ​မြင်​တဲ့ ခေါင်း​ဆောင် ၂၀၀ နဲ့ သူတို့​လက်​အောက်​မှာ​ရှိ​တဲ့ ညီ​အစ်​ကို​တွေ။ ၃၃  ဇာ​ဗု​လုန်​အနွယ်​မှာ လက်​နက်​အမျိုး​မျိုး​နဲ့ တပ်​ကို ခင်း​ကျင်း​နိုင်​ပြီး စစ်​မှု​ထမ်း​နိုင်​သူ၊ ဒါဝိဒ်​အပေါ် အကြွင်း​မဲ့ သစ္စာ​စောင့်​သိ​သူ ၅၀,၀၀၀။ ၃၄  န​ဿလိ​အနွယ်​မှာ စစ်​ဗိုလ် ၁,၀၀၀၊ ဒိုင်း​လွှား​ကြီး​နဲ့ လှံ​ရှည်​ကိုင်​ဆောင်​သူ ၃၇,၀၀၀။ ၃၅  ဒန်​အနွယ်​မှာ တပ်​ကို ခင်း​ကျင်း​နိုင်​သူ ၂၈,၆၀၀။ ၃၆  အာ​ရှာ​အနွယ်​မှာ တပ်​ကို ခင်း​ကျင်း​နိုင်​ပြီး စစ်​မှု​ထမ်း​နိုင်​သူ ၄၀,၀၀၀ ရှိ​တယ်။ ၃၇  ဂျော်​ဒန်​မြစ်​တစ်​ဖက်​က+ ရု​ဗင်​အနွယ်၊ ဂဒ်​အနွယ်​နဲ့ မနာ​ရှေ​အနွယ်​တစ်ဝက်​မှာ လက်​နက်​အမျိုး​မျိုး ကိုင်​ဆောင်​သူ စစ်​သည် ၁၂၀,၀၀၀ ရှိ​တယ်။ ၃၈  သူတို့​အားလုံး​ဟာ စစ်​သည်​တွေ၊ တိုက်​ပွဲ​ဝင်​နိုင်​သူ​တွေ​ပဲ။ ဒါဝိဒ်​ကို အစ္စရေး​ဘုရင်​အဖြစ် မင်း​မြှောက်​ဖို့ အခိုင်​အမာ စိတ်​ပိုင်း​ဖြတ်​ပြီး ဟေဗြုန်​မြို့ကို ရောက်​လာ​ကြ​တယ်။ ကျန်​တဲ့​အစ္စရေး​တွေ​လည်း တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး ဒါဝိဒ်​ကို မင်း​မြှောက်​ချင်​ကြ​တယ်။+ ၃၉  သူတို့​ဟာ ညီ​အစ်​ကို​တွေ ပြင်​ဆင်​ပေး​ထား​တာ​တွေ​ကို စား​သောက်​ပြီး ဒါဝိဒ်​နဲ့​အတူ သုံး​ရက်​နေ​ကြ​တယ်။ ၄၀  ရပ်​နီး​မှာ နေ​ထိုင်​သူ​တွေ​ရော အိ​သခါ၊ ဇာ​ဗု​လုန်​နဲ့ န​ဿလိ​နယ်​မြေစ​တဲ့ ရပ်​ဝေး​မှာ နေ​ထိုင်​သူ​တွေ​ပါ စား​စ​ရာတွေ အများ​ကြီး သယ်​လာ​ကြ​တယ်။ ဂျုံ​နဲ့​လုပ်​တဲ့ မုန့်​တွေ၊ သဖန်း​သီး​ပျဉ်​နဲ့ စ​ပျစ်​သီး​ပျဉ်​တွေ၊ ဆီ​နဲ့ စပျစ်​ဝိုင်တွေ​ကို နွား၊ မြည်း၊ ကု​လား​အုတ်​နဲ့ လားတွေပေါ် တင်​ပြီး​သယ်​လာ​တယ်။ သိုး​နွား​တွေ​လည်း  ပါ​တယ်။  ဒီ​လို​နဲ့ အစ္စရေး​ပြည်​မှာ ရွှင်​လန်း ဝမ်း​မြောက်​နေ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ