၁ ရာဇဝင်ချုပ် ၁၁:၁-၄၇

  • အစ္စရေး​အားလုံး ဒါဝိဒ်​ကို ဘု​ရင်​အဖြစ် ဘိ​သိက်​ပေး (၁-၃)

  • ဇိ​အုန်​ကို ဒါဝိဒ်​သိမ်း​ပိုက် (၄-၉)

  • ဒါဝိဒ်ရဲ့ ခွန်​အား​ကြီး​စစ်​သည်​တွေ (၁၀-၄၇)

၁၁  နောက်​ပိုင်း​မှာ အစ္စရေးအား​လုံး​က ဒါဝိဒ်​ရှိ​တဲ့ ဟေ​ဗြုန်​မြို့​ကို စု​ရုံး​လာ​ပြီး+ “ကျွန်​တော်​တို့​ဟာ ခင်​ဗျား​ရဲ့ သွေး​သား​ရင်း​ချာ​တွေ​ပါ။+ ၂  ရှောလု​မင်း  လက်​ထက်​က​တည်း​က ခင်​ဗျား​ဟာ အစ္စရေး​တပ်​ကို ဦး​စီး​ပြီး တိုက်​ပွဲ​ဝင်​ခဲ့​သူ​ပါ။+  ယေဟောဝါ​ဘုရား​က​လည်း ‘ငါ့​လူမျိုး အစ္စရေး​ကို မင်း ထိန်း​ကျောင်း​ရ​မယ်။ မင်း​ဟာ အစ္စရေး​ခေါင်း​ဆောင် ဖြစ်​လာ​မယ်’ လို့ မိန့်မှာ​ထား​တာ​ပဲ”+ ဆို​ပြီး ပြော​ကြ​တယ်။ ၃  ဒါ​နဲ့ ဒါဝိဒ်​ရှိ​တဲ့ ဟေ​ဗြုန်​မြို့​ကို အစ္စရေး​အကြီး​အကဲ​အားလုံး ရောက်​လာ​တယ်။ ဒါဝိဒ်​လည်း ဟေ​ဗြုန်​မြို့၊ ယေဟောဝါ​ရှေ့​မှာ သူတို့​နဲ့ ကတိ​သစ္စာ​ပြု​တယ်။ ရှ​မွေ​လ​က​တစ်ဆင့် ယေဟောဝါ ပြော​ခဲ့​တဲ့​အတိုင်း+ ဒါဝိဒ်​ကို အစ္စရေး​ဘုရင်​အဖြစ် သူတို့ ဘိ​သိက်​ပေး​ကြ​တယ်။+ ၄  နောက်​တော့ ဒါဝိဒ်​နဲ့ အစ္စရေး​တွေ​က ယေ​ဗုတ်လို့​ခေါ်​တဲ့+ ဂျေရု​ဆ​လင်​မြို့​ကို ချီ​တက်​သွား​တယ်။ အဲဒီ​မှာ ယေ​ဗု​သိ​လူမျိုး​တွေ+ နေ​ထိုင်​တယ်။ ၅  ယေ​ဗုတ်​မြို့​သား​တွေ​က “ဒီ​မြို့​ထဲ​ကို မင်း လုံး​ဝ မဝင်​ရ​ဘူး”+ ဆို​ပြီး ဒါဝိဒ်​ကို ခ​နဲ့​တဲ့​တဲ့ ပြော​ကြ​တယ်။ ဒါ​ပေမဲ့ ဒါဝိဒ်​က ဇိအုန်​ခံတပ်​ကို သိမ်း​ပိုက်​ခဲ့​တယ်။+ အခု​တော့ အဲဒီ​နေ​ရာ​က ဒါဝိဒ်​မြို့​လို့ နာ​မည်​တွင်​နေ​ပြီ။+ ၆  ဒါဝိဒ်​က “ယေ​ဗု​သိ​လူ​တွေ​ကို ဦး​ဆုံး​တိုက်​နိုင်​တဲ့​သူ ဗိုလ်​ချုပ်​ဖြစ်​စေ” လို့​ပြော​တော့ ဇေ​ရု​ယာ​ရဲ့​သား ယွာဘ​က+ ဦး​ဆုံး​တိုက်​ခိုက်​တဲ့​အတွက် ဗိုလ်​ချုပ်​ဖြစ်​လာ​တယ်။ ၇  နောက်​တော့ ဒါဝိဒ်​က ဇိ​အုန်​ခံ​တပ်​မြို့​မှာ နေ​ထိုင်​တယ်။ ဒါ​ကြောင့် အဲဒီ​မြို့​ကို ဒါဝိဒ်​မြို့​လို့​ခေါ်​ကြ​တယ်။ ၈  ဒါဝိဒ်​က တောင်​ကုန်း* ပေါ်​မှာ​ရော ပတ်​ဝန်း​ကျင်​ဒေ​သတွေ​မှာ​ပါ မြို့​ရိုး​နဲ့ တ​ခြား​အဆောက်​အအုံ​တွေ ဆောက်​လုပ်​တယ်။ မြို့​ထဲ​က ကျန်​တဲ့​နေ​ရာတွေ​ကို​တော့ ယွာဘ​ပြု​ပြင်​တယ်။ ၉  ဒီ​လို​နဲ့  ဒါဝိဒ်​ဟာ  အင်​အား​ကြီး​သည်​ထက်  ကြီး​လာ​တယ်။+ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​လည်း သူ​နဲ့​အတူ​ရှိ​တယ်။ ၁၀  အစ္စရေး​တွေ​ကို ယေဟောဝါ ကတိ​ပေး​ထား​တဲ့​အတိုင်း ဒါဝိဒ်​ကို မင်း​မြှောက်​ဖို့  အစ္စရေး​အားလုံး​နဲ့​အတူ​အစွမ်း​ကုန် ထောက်မ​ကူညီ​ခဲ့​တဲ့ ခေါင်း​ဆောင်​သူ​ရဲ​ကောင်း​တွေ  ရှိ​တယ်။+ ၁၁  သူတို့​ရဲ့​နာ​မည်​တွေ​က​တော့– သူ​ရဲ​ကောင်း​သုံး​ယောက်​ထဲ​မှာ  ခေါင်း​ဆောင်​ဖြစ်​တဲ့+ ဟ​ခ​မော​နိ​အမျိုး​သား ယာ​ရှော​ဗံ။+ သူ​က လှံ​ကို​ကိုင်​ပြီး တစ်​ချီ​တည်း​နဲ့ လူ ၃၀၀ ကို သတ်​ပစ်​ခဲ့​တယ်။+ ၁၂  နောက်​တစ်​ယောက်​က သူ​ရဲ​ကောင်း​သုံး​ယောက်​အဝင်​ဖြစ်​တဲ့ အဟော​ဟိ​အမျိုး​သား+ ဒေါ​ဒေါ​ရဲ့​သား ဧ​လာ​ဇာ။+ ၁၃  ဖိ​လိ​တိ​တွေ စစ်​တိုက်​ဖို့ စု​ရုံး​ခဲ့​တဲ့ ပါ​ဒ​မိမ်​အရပ်​မှာ+ သူ​က ဒါဝိဒ်​နဲ့​အတူ​ရှိ​ခဲ့​တယ်။ အဲဒီ​မှာ မု​ယော​စ​ပါး စိုက်​ထား​တဲ့ လယ်​တစ်​ကွက် ရှိ​တယ်။ ဖိ​လိ​တိ​တွေ​ကြောင့် လူ​တွေ ထွက်​ပြေး​တဲ့​အခါ၊ ၁၄  ဧ​လာ​ဇာ​က လယ်​ကွက်​အလယ်​မှာ​ရပ်​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို ခု​ခံ​တိုက်​ခိုက်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​က အကြီး​အကျယ် အောင်​ပွဲ​ခံ​စေ​ခဲ့​တယ်။+ ၁၅  ဖိ​လိ​တိ​တပ်​က ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှာ+ စ​ခန်း​ချ​နေ​တဲ့​အခါ  ခေါင်း​ဆောင် ၃၀ ထဲ​က သုံး​ယောက်​ဟာ ဒါဝိဒ်​ရှိ​တဲ့ အဒု​လံ​လိုဏ်​ဂူ​ကို+ ဆင်း​သွား​ကြ​တယ်။ ၁၆  ဒီ​အချိန်​မှာ ဒါဝိဒ်​က သူ့​ရဲ့​ခံ​တပ်​မှာ ရောက်​နေ​ပြီး ဖိ​လိ​တိ​မြို့​စောင့်​တပ်​က​တော့  ဘက်​သလီ​ဟင်​မြို့​မှာ  ရှိ​နေ​တယ်။ ၁၇  ဒါဝိဒ်​က  “ဘက်​သလီ​ဟင်​မြို့+ တံခါး​နား​မှာ​ရှိ​တဲ့ ရေ​လှောင်​ကန်​ထဲ​က ရေ​ကို သောက်​ချင်​လိုက်​တာ” လို့ တောင့်​တ​ပြီး​ပြော​တယ်။ ၁၈  အဲ​ဒီ​အခါ သူ​ရဲ​ကောင်း​သုံး​ယောက်​က ဖိလိတိ​တပ်​ကို ထိုး​ဖောက်​ပြီး ဘက်​သလီ​ဟင်​မြို့ တံခါး​နား​မှာ​ရှိ​တဲ့ ရေ​လှောင်​ကန်​ထဲ​က ရေ​ကို ခပ်​ယူ​လာ​တယ်။ ဒါ​ပေမဲ့ ဒါဝိဒ်​က မသောက်​ဘဲ ယေဟောဝါ​ရှေ့​မှာ သွန်​ချ​လိုက်​တယ်။ ၁၉  “ဘုရား​သခင်​ရဲ့​ရှု​ထောင့်​က​နေ ကြည့်​ရင် ဒီ​ရေ​ကို​သောက်​ဖို့ ကျွန်​တော် စဉ်း​တောင် မစဉ်း​စား​ဝံ့​ပါ​ဘူး။ သူတို့​က အသက်​ကို ရင်း​ပြီး ဒီ​ရေ​ကို ယူ​လာခဲ့​တာ။ အဲဒီ​လို အသက်​ကို​ရင်း​ပြီး စွန့်​စား​ခဲ့​သူ​တွေ​ရဲ့ သွေး​ကို ငါ​မသောက်​ဘူး”+ လို့​ပြော​ပြီး မသောက်​ဘဲ နေ​လိုက်​တယ်။ ဒါ​တွေ​ဟာ သူ​ရဲ​ကောင်း သုံး​ယောက်​ရဲ့ စွမ်း​ဆောင်​ချက်​တွေ​ပဲ။ ၂၀  ယွာဘ​ရဲ့​အစ်​ကို+  အဘိ​ရှဲ​က​လည်း+ လူ​စွမ်း​ကောင်း သုံး​ယောက်​ထဲ​မှာ ခေါင်း​ဆောင်​ပဲ။ သူ​က လှံ​ကို​ကိုင်​ပြီး လူ ၃၀၀ ကို​သတ်​ပစ်​ခဲ့​တယ်။ သူ​ရဲ​ကောင်း သုံး​ယောက်​လို​ပဲ ဂုဏ်​သတင်း ကျော်​စော​တယ်။+ ၂၁  သူ​က  လူ​စွမ်း​ကောင်း သုံး​ယောက်​ထဲ​မှာ ကျန်​တဲ့​နှစ်​ယောက်​ထက် ထင်​ပေါ်​ပြီး သူတို့​ရဲ့​ခေါင်း​ဆောင်​ဖြစ်​ပေမဲ့ သူ​ရဲ​ကောင်း သုံး​ယောက်​ကို​တော့ မမီ​ဘူး။ ၂၂  ​ယော​ယ​ဒ​ရဲ့​သား  ဗေ​နာ​ယ​ဟာ+  ရဲ​စွမ်း​သတ္တိ​ရှိ​သူ  ဖြစ်​ပြီး ကပ်ဇေ​လ​မြို့​မှာ+ စွန့်​စား​တဲ့​လုပ်​ရပ် အများ​ကြီး လုပ်​ဆောင်​ခဲ့​တယ်။ မောဘ​လူမျိုး​ဖြစ်​တဲ့ အေရေ​လ​ရဲ့ သား​နှစ်​ယောက်​ကို သတ်​ခဲ့​တယ်။ နှင်း​ကျ​တဲ့​နေ့တစ်​နေ့​မှာ ရေ​တွင်း​ထဲ ဆင်း​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သူ​သတ်​ခဲ့​တယ်။+ ၂၃  အရပ်​ငါး​တောင်* ရှိ​တဲ့ အီဂျစ်​လူ​ထွား​ကြီး​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​တယ်။+ အီဂျစ်​လူ​က ရက်​ကန်း​လိပ်​တုံး​လောက် ကြီး​တဲ့ လှံ​ကို ကိုင်​ထား​ပေမဲ့+ ဗေ​နာ​ယ​က​တော့  တုတ်​တစ်​ချောင်း​နဲ့​ပဲ  တိုက်​ခိုက်​တယ်။ ပြီး​တော့ အီဂျစ်​လူ​ရဲ့​လက်​ထဲ​က လှံ​ကို လုယူ​ပြီး အဲဒီ​လှံ​နဲ့ပဲ ထိုး​သတ်​လိုက်​တယ်။+ ၂၄  ဒါ​တွေ​ဟာ ယော​ယ​ဒ​ရဲ့​သား ဗေ​နာ​ယ​ရဲ့ စွမ်း​ဆောင်​ချက်​တွေ  ဖြစ်​တယ်။ သူ​ရဲ​ကောင်း​သုံး​ယောက်​လို​ပဲ သူ​လည်း ဂုဏ်​သတင်း​ကျော်​စော​တယ်။ ၂၅  သူ​က ခေါင်း​ဆောင် ၃၀ ထက် ထင်​ပေါ်​ပေမဲ့ သူ​ရဲ​ကောင်း​သုံး​ယောက်​ကို​တော့ မမီ​ဘူး။+ ဒါ​ပေမဲ့ ဒါဝိဒ်​က သူ့​ကို ကိုယ်​ရံ​တော် ခန့်​ထား​တယ်။ ၂၆  အစ္စရေး​ တပ်​မှာ​ရှိ​တဲ့  တ​ခြား​သူ​ရဲ​ကောင်း​တွေ​က​တော့​  ယွာဘ​ရဲ့​ညီ အာသ​ဟေ​လ၊+  ဘက်​သလီ​ဟင်​မြို့​သား  ဒေါ​ဒေါ​ရဲ့​သား  ဧ​လ​ဟာ​နန်၊+ ၂၇  ဟာ​ရုတ်​အရပ်​သား  ရှမုတ်၊   ပေ​လော​နိ​လူ  ဟေ​လက်၊ ၂၈  တေ​ကော​မြို့​သား အိကေ​ရှ​ရဲ့​သား  အိရာ၊+ အာ​န​သုတ်​မြို့​သား  အဗျေ​ဇာ၊+ ၂၉  ဟု​ရှ​အမျိုး​သား သိ​ဗေ​ခဲ၊+ အဟော​ဟိ​အမျိုး​သား  အိ​လဲ၊ ၃၀  နေ​တော​ဖရွာ​သား မဟာ​ရဲ၊+ နေ​တော​ဖရွာ​သား  ဗာ​နာ​ရဲ့​သား  ဟေ​လက်၊+ ၃၁  ဂိ​ဗာ​မြို့​သား ဗင်​ယာ​မိန်​အနွယ်+ ရိဘဲ​ရဲ့​သား အိ​တ္တဲ၊ ပိ​ရ​သုန်​မြို့​သား ​ဗေနာ​ယ၊ ၃၂  ဂါ​ရှ​သဲ​ချောင်း​တွေ​မှာနေ​တဲ့+​  ဟုရဲ၊  ဧ​ရ​ဗာ​မြို့​သား အဗျေလ၊ ၃၃  ဗာ​ဟု​ရိမ်​ရွာ​သား အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗိမ်​မြို့​သား​ ဧ​လျာ​ဘာ၊ ၃၄  ဂိ​ဇော​နိ​မြို့​သား ဟာ​ရှိမ်​ရဲ့​သား​တွေ၊ ဟာ​ရာ​ရိ​အမျိုး​သား ရှာ​ဂဲ​ရဲ့သား ယောန​သန်၊ ၃၅  ဟာ​ရာ​ရိ​အမျိုး​သား စာကာ​ရဲ့​သား  အဟိ​အံ၊ ဥရ​ရဲ့​သား ဧလိ​ဖလ၊ ၃၆  မေခေ​ရာ​အရပ်​သား  ဟေ​ဖာ၊ ပေလော​နိ​အမျိုး​သား​ အဟိ​ယ၊ ၃၇  ကရ​မေ​လ​မြို့​သား ဟေဇ​ရဲ၊ ဧ​ဇ​ဗဲ​ရဲ့​သား နာရဲ၊ ၃၈  နာ​သန်​နဲ့  ညီ​အစ်​ကို​တော်​တဲ့  ယောလ၊ ဟေ​ဂရိ​ရဲ့​သား မိ​ဗ​ဟာ၊ ၃၉  အမ္မုန်​အမျိုး​သား  ဇေ​လက်၊ ဇေ​ရု​ယာ​ရဲ့​သား ယွာဘ​ရဲ့ လက်​နက်​ကိုင်​ဖြစ်​တဲ့ ဗေ​ရုတ်​မြို့​သား န​ဟာ​ရဲ၊ ၄၀  အိ​သရိ​ဆွေ​မျိုး​စု​ထဲ​က အိ​ရာ​နဲ့ ဂါ​ရက်၊ ၄၁  ဟိ​တ္တိ​လူ​မျိုး ဥရိယ၊+  အာလဲ​ရဲ့​သား ဇာ​ဗ​ဒ်၊ ၄၂  ရု​ဗင်​အမျိုး​သား ရှိဇရဲ့သား ခေါင်း​ဆောင် အဒိ​န​တို့​ဖြစ်​တယ်။ အဒိ​န​လက်​အောက်​မှာ ရု​ဗင်​အမျိုး​သား ၃၀ ရှိ​တယ်။ ၄၃  မာ​ခါ​ရဲ့​သား ဟာ​နန်၊ မိ​သနိ​အမျိုး​သား ယော​ရှာ​ဖတ်၊ ၄၄  အာ​ရှ​တ​ရုတ်​မြို့​သား သြဇိ​ယ၊ အာ​ရော်​မြို့​သား ဟော​သံ​ရဲ့​သား​တွေ​ဖြစ်​တဲ့  ရှာမ​နဲ့  ယေ​ယေ​လ၊ ၄၅  ရှိ​မရိ​ရဲ့​သား ယေ​ဒ​ယေ​လ၊ သူ​နဲ့​ညီအစ်ကို​တော်​တဲ့ တိ​ဇိ​မြို့​သား ယော​ဟ၊ ၄၆  မဟာ​ဝိအမျိုး​သား  ဧ​လျ​လေ၊ ဧ​လ​နန်​ရဲ့​သား​တွေ ဖြစ်​တဲ့ ယေ​ရိ​ဗဲ​နဲ့ ယော​ရှ​ဝိ၊ မောဘ​အမျိုး​သား အိ​သမ၊ ၄၇  ဧ​လျေလ၊ ဩဗက်၊ မေဇော​ဗိတ်​အရပ်​သား ယာ​သေလ​တို့​ဖြစ်​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “မိ​လော။” မြေဖို့​ထား​တဲ့​နေ​ရာလို့ အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး။
၇.၃ ပေနီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။