၁ ရာဇဝင်ချုပ် ၁၀:၁-၁၄

  • ရှောလု​နဲ့ သား​တော်တွေ သေဆုံး (၁-၁၄)

၁၀  ဖိလိ​တိ​လူ​တွေ​က အစ္စရေး​တွေ​နဲ့ စစ်​တိုက်​တယ်။ အစ္စရေး​စစ်​သည်​တွေ  ထွက်​ပြေး​ရ​ပြီး   ဂိ​လ​ဗော​တောင်​မှာ အတုံး​အရုံး ကျ​ဆုံး​သွား​တယ်။+ ၂  ဖိ​လိ​တိ​လူ​တွေ​က ရှောလု​မင်း​နဲ့ သား​တော် ယောန​သန်၊ အဘိ​န​ဒပ်၊ မေလ​ခိရွှ​တို့​ကို+  သဲ​ကြီး​မဲ​ကြီး လိုက်​တိုက်​တယ်။ သား​တော်​သုံး​ယောက်  အသတ်​ခံ​လိုက်​ရ​တယ်။ ၃  ရှောလု​ကို​လည်း  ပြင်း​ပြင်း​ထန်​ထန် တိုက်​ခိုက်​တဲ့​အတွက် လေး​သမား​ပစ်​လိုက်​တဲ့​မြား ထိ​မှန်​ပြီး ဒဏ်​ရာ​ရ​သွား​တယ်။+ ၄  ဒါ​နဲ့  ရှောလု​က  သူ့​လက်​နက်​ကိုင်​ကို “မင်း​ရဲ့​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုး​သတ်​လိုက်​စမ်း။ နို့​မို့​ဆို​ရင် အရေ​ဖျား​မဖြတ်​တဲ့ အဲဒီ​လူ​တွေ ငါ့​ကို ရက်​ရက်​စက်​စက် သတ်​လိမ့်​မယ်”+ လို့ အမိန့်​ပေး​တယ်။ ဒါ​ပေမဲ့ လက်​နက်​ကိုင်​က ကြောက်​လွန်း​လို့ မလုပ်​ရဲ​ဘူး​ဖြစ်​နေတော့ ရှောလု​က ဓား​ကို​ထောင်​ပြီး ဓား​ပေါ်  မှောက်​ချ​လိုက်​တယ်။+ ၅  ရှောလု သေဆုံး​တာ​ကို မြင်​တော့ သူ့​လက်​နက်​ကိုင်​လည်း ဓား​ပေါ်​မှောက်​ချ​ပြီး သေသွား​တယ်။ ၆  ရှောလု​နဲ့ သား​တော် သုံး​ယောက်​အပြင် သူ​နဲ့​အတူ​ပါ​လာ​တဲ့ လူ​တွေ​အားလုံး သေဆုံး​သွား​တယ်။+ ၇  ချိုင့်​ဝှမ်း​မှာ​ရှိ​တဲ့ အစ္စရေး​တွေ​လည်း စစ်​သည်​တွေ ထွက်​ပြေး​တာ၊ ရှောလု​နဲ့ သား​တော်တွေ တိုက်​ပွဲ​ကျ​သွား​တာ​တွေ​ကို ကြား​သိ​တဲ့​အခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​ကို စွန့်​ပြီး ထွက်​ပြေး​ရ​တော့​တယ်။ အဲဒီ​အခါ ဖိ​လိ​တိ​လူ​တွေ​က အဲဒီ​မြို့​တွေ​မှာ ဝင်​နေ​ကြ​တယ်။ ၈  နောက်​တစ်​နေ့​မှာ ဖိ​လိ​တိ​လူ​တွေ​က ကျ​ဆုံး​သူ​တွေ​ရဲ့ ပစ္စည်း​တန်​ဆာ​တွေ​ကို ချွတ်​ယူ​ဖို့ လာ​တဲ့​အခါ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှောလု​နဲ့ သား​တော်တွေ သေဆုံး​နေ​တာ​ကို တွေ့​တယ်။+ ၉  ဒါ​နဲ့ ရှောလု​ရဲ့ ခေါင်း​ကို ဖြတ်​ပြီး သူ့​ချပ်​ဝတ်​တန်​ဆာ​တွေ​ကို ချွတ်​ယူ​ကြ​တယ်။ ပြီး​တော့ ဖိ​လိ​တိ​တစ်​ပြည်​လုံး​ကို တ​မန်​တွေ လွှတ်​ပြီး သူတို့​ရဲ့ ဘုရား​ကျောင်း​တွေ​မှာ၊+ လူ​တွေ​အလယ်​မှာ သတင်း​ပျံ့​သွား​အောင် လုပ်​တယ်။ ၁၀  အဲဒီ​နောက် ရှောလု​ရဲ့ ချပ်​ဝတ်​တန်​ဆာ​ကို သူတို့​ရဲ့ ဘုရား​ကျောင်း​မှာ ထား​ပြီး ခေါင်း​ကို​တော့ ဒါ​ဂုန်​ဘုရား​ကျောင်း​မှာ ချိတ်​ဆွဲ​ထား​လိုက်​တယ်။+ ၁၁  ရှောလု​ကို ဖိ​လိ​တိ​လူ​တွေ အဲဒီ​လို​လုပ်​လိုက်​မှန်း ဂိလဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တွေ+  ကြား​တဲ့​အခါ၊+ ၁၂  စစ်​သည်​တွေ​က ရှောလု​နဲ့ သား​တော်တွေ​ရဲ့ အလောင်း​ကို သွား​သယ်​ပြီး ယာ​ဗက်​မြို့​ကို ယူ​လာ​ကြ​တယ်။ အရိုး​တွေ​ကို  ယာ​ဗက်​မြို့​မှာ​ရှိ​တဲ့ အပင်​ကြီး​အောက်​မှာ  မြှုပ်​လိုက်​တယ်။+ ပြီးတော့ ခု​နစ်​ရက် အစာ​ရှောင်ကြ​တယ်။ ၁၃  ရှောလု​ဟာ  ယေဟောဝါ​ရဲ့​စကား​ကို မနာ​ခံ​ဘဲ ယေဟောဝါ​ကို သစ္စာ​ဖောက်​တဲ့​အတွက်၊+  နတ်​က​တော်​ကို တိုင်​ပင်​မေး​မြန်း​တဲ့​အတွက် သေဆုံး​ခဲ့​ရ​တယ်။+ ၁၄  သူ​က ယေဟောဝါ​ကို မမေး​မြန်း​ခဲ့​ဘူး။ ဒါ​ကြောင့် ဘုရား​သခင်​က သူ့​ကို အဆုံး​စီရင်​ပြီး ထီးနန်း​ကို ယေ​ရှဲ​ရဲ့​သား ဒါဝိဒ်​ဆီ လွှဲ​ပြောင်း​ပေး​လိုက်​တယ်။+

အောက်ခြေမှတ်ချက်များ