၁ ဘုရင်များ ၆:၁-၃၈

  • ဗိမာန်​တော်​ကို ရှော​လ​မုန်​တည်​ဆောက် (၁-၃၈)

    • အတွင်း​ခန်း (၁၉-၂၂)

    • ခေရုဗိမ်တွေ (၂၃-၂၈)

    • ပုံ​ထွင်း​ခြင်း၊ တံခါး​တွေ၊ အတွင်းရင်​ပြင် (၂၉-၃၆)

    • ခု​နစ်​နှစ်​အတွင်း ဗိမာန်​တော် ပြီး​စီး (၃၇၊ ၃၈)

 အီဂျစ်​ပြည်​က​နေ  အစ္စရေး​တွေ ထွက်​လာ​ပြီး​နောက်+ နှစ်​ပေါင်း ၄၈၀ ပြည့်​နှစ်၊ အစ္စရေး​နိုင်​ငံ​မှာ ရှော​လ​မုန်​မင်း​နန်း​စံ လေး​နှစ်​မြောက်၊ ဇိ​ဖ*+ လို့​ခေါ်​တဲ့ ဒုတိ​ယ​လ​မှာ ယေဟောဝါ​ရဲ့​အိမ်​တော်​ကို* စတင်​တည်​ဆောက်​တယ်။+ ၂  ယေဟောဝါ​အတွက်  ရှော​လ​မုန်​မင်း  တည်​ဆောက်​တဲ့ အိမ်​တော်​ဟာ​ အလျား​အတောင်* ၆၀၊ အနံ​အတောင် ၂၀၊ အမြင့်​အတောင် ၃၀ ရှိ​တယ်။+ ၃  ဗိမာန်​တော် မျက်​နှာ​စာ​မှာ​ရှိ​တဲ့ မုခ်​ဦး​ရဲ့+ အလျား​ဟာ အိမ်​တော်​အနံ​နဲ့ အတူ​တူ​ပဲ၊ အလျား​အတောင် ၂၀ ရှိ​တယ်။ မျက်​နှာ​စာ​ဘက်​ကို ထွက်​နေ​တဲ့ မုခ်​ဦး​ရဲ့​အနံ​က ၁၀ တောင်​ရှိ​တယ်။ ၄  ရှော​လ​မုန်​မင်း​က အိမ်​တော်​အ​တွက် ပြတင်း​ပေါက်​တွေ လုပ်​တယ်။ ပြတင်း​ပေါက်​ဘောင်​တွေ​က  အပြင်​ဘက်​ကို အဆင့်​ဆင့်​ကျဉ်း​သွား​တယ်။+ ၅  သန့်​ရှင်း​ရာ​အခန်း​နဲ့* အတွင်း​ခန်း*+ ရှိ​ရာ အိမ်​တော်​ပတ်​လည်​မှာ ဘေး​တွဲ​အဆောင်​ကို​လည်း ဆောက်​တယ်။ အဲဒီ​အဆောင်​မှာ နံ​ရံ​ကပ်​အခန်း​တွေ ဖွဲ့​ထား​တယ်။+ ၆  နံ​ရံ​ကပ်​အခန်း​တွေ​က အောက်​ဆုံး​ထပ်​မှာ ငါး​တောင်၊ အလယ်​ထပ်​မှာ ခြောက်​တောင်၊ အပေါ်​ဆုံး​ထပ်​မှာ ခု​နစ်​တောင် ကျယ်​တယ်။ အိမ်​တော်​နံ​ရံ​ပတ်​လည်​မှာ ဆင့်တွေ တပ်​ထား​တယ်။ အခန်း​တွေ​ရဲ့​ကြမ်း​ခင်း​အတွက် ရက်​မတွေ​ကို အဲဒီ​ဆင့်တွေ​ပေါ် တင်​ထား​တယ်။ ဒါ​ကြောင့် ရက်​မတွေ​တပ်​ဖို့ နံ​ရံ​ကို​ဖောက်​စ​ရာ မလို​တော့​ဘူး။+ ၇  အိမ်​တော်​တည်​ဆောက်​တဲ့​အခါ ဆစ်​ပြီး​သား ကျောက်​တွေ​နဲ့ ဆောက်​တဲ့​အတွက်+ တူ၊ ပု​ဆိန်၊ သံ​ထည်​ကိ​ရိ​ယာတွေ​ရဲ့  ထု​သံ​ကို   မကြား​ရ​ဘူး။ ၈  အောက်​ဆုံး​ထပ်​မှာ​ရှိ​တဲ့ အခန်း​တွေ​ရဲ့​ဝင်​ပေါက်​က  အိမ်​တော်​ရဲ့​တောင်​ဘက်​မှာ  ရှိ​တယ်။+  အလယ်​ထပ်​နဲ့ အပေါ်​ဆုံး​ထပ်​ကို ကြောင်​လိမ်​လှေ​ကား​နဲ့ တက်​ရ​တယ်။ ၉  သူ​က အိမ်​တော်​ကို ဆက်​တည်​ဆောက်​ပြီး ကျန်​တာ​တွေ​ကို လက်​စ​သတ်​တယ်။+ ပြီး​တော့ သစ်​က​တိုး​သား ထုပ်​တန်း​တွေ၊ ပျဉ်​ချပ်​တွေ​နဲ့ အမိုး​မိုး​လိုက်​တယ်။+ ၁၀  အိမ်​တော်​ပတ်​လည်​မှာ နံ​ရံ​ကပ်​အခန်း​တွေ ဖွဲ့​တယ်။+ အခန်း​တစ်​ခန်း​စီ​ဟာ ငါး​တောင်​မြင့်​တယ်။ အခန်း​တွေ​ကို အိမ်​တော်​နဲ့  တစ်​ဆက်​တည်း​ဖြစ်​အောင် သစ်က​တိုး​သား ရက်​မတွေ​နဲ့ ဆောက်​ထား​တယ်။ ၁၁  အဲဒီ​အတော​အတွင်း​မှာ  ယေဟောဝါ​က  ရှော​လ​မုန်​ကို ၁၂  “ငါ့​ဥ​ပဒေ​တွေ​အတိုင်း  လိုက်​လျှောက်​မယ်၊ တရား​စီရင်​ချက်​တွေ​အတိုင်း လုပ်​ဆောင်​မယ်၊ ပညတ်​ချက်​အားလုံး​ကို လိုက်​နာ​စောင့်​ထိန်း​မယ်​ဆို​ရင်+ မင်း​ရဲ့​ခမည်း​တော် ဒါဝိဒ်​ကို ကတိ​ပေး​ခဲ့​တဲ့​အတိုင်း မင်း​ဆောက်​တဲ့ ဒီ​အိမ်​တော်​မှာ  ငါ​စံ​မြန်း​မယ်။+ ၁၃  အစ္စရေး​တွေ​အလယ်​မှာ ငါ​စံ​မြန်း​မယ်။+ ငါ့​လူမျိုး​အစ္စရေး​တွေ​ကို မစွန့်​ဘူး”+ လို့​ပြော​တယ်။ ၁၄  ရှော​လ​မုန်​လည်း အိမ်​တော်​ကို ပြီး​အောင် ဆောက်​တယ်။ ၁၅  အိမ်​တော်​အတွင်း​ဘက် နံ​ရံ​ကို သစ်​က​တိုး​ပျဉ်​ချပ်​တွေ​နဲ့ ဆောက်​တယ်။ ကြမ်း​ပြင်​က​နေ မျက်​နှာ​ကြက်​မှာ​ရှိ​တဲ့ ထုပ်​တန်း​တွေ​အထိ အတွင်း​နံ​ရံ​ကို ပျဉ်​ချပ်​တွေ​နဲ့ အုပ်​တယ်။ ကြမ်း​ပြင်​ကို ဂျူ​နီ​ပါ​ထင်း​ရှူး​သား​နဲ့ ခင်း​တယ်။+ ၁၆  ဒါ့​အပြင် အိမ်​တော်​အနောက်​ဘက် နံ​ရံ​က​နေ အတောင် ၂၀ ကျယ်​တဲ့​အခန်း​ကို ဖွဲ့​တယ်။ ကြမ်း​ပြင်​က​နေ ထုပ်​တန်း​တွေ​အထိ အခန်း​နံ​ရံ​ကို သစ်​က​တိုး​ပျဉ်​ချပ်​တွေ​နဲ့ ကာ​တယ်။ အဲဒီ​အခန်း​ဟာ အိမ်​တော်​ရဲ့ အတွင်း​ခန်း၊+ အသန့်​ရှင်း​ဆုံး အခန်း​ပဲ။+ ၁၇  အ​သန့်ရှင်း​ဆုံး​အခန်း​ရှေ့​က  သန့်​ရှင်း​ရာ​အခန်း​ဟာ*+  အတောင်  ၄၀ ရှိ​တယ်။ ၁၈  အိမ်​တော်​အတွင်း​နံ​ရံ​ကို အုပ်​ထား​တဲ့ သစ်​က​တိုး​သား​ပေါ်​မှာ ဘူး​သီး​ပုံ၊+ ပန်းပွင့်​ပုံ​တွေ+ ထွင်း​ထား​တယ်။ နံ​ရံ​တစ်​ပြင်​လုံး​ကို သစ်​က​တိုး​သား​နဲ့ အုပ်​ထား​လို့ ကျောက်​တွေ​ကို လုံး​ဝ​မမြင်​ရ​ဘူး။ ၁၉  ရှော​လ​မုန်​က  အိမ်​တော်​ထဲ​မှာ ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ထား​ဖို့+ အတွင်း​ခန်း​ကို+ ပြင်​ဆင်​တယ်။ ၂၀  အတွင်း​ခန်း​က အလျား​အတောင် ၂၀၊  အနံ​အတောင်  ၂၀၊  အမြင့်​အ​တောင် ၂၀ ရှိ​ပြီး+ ရွှေ​စင်​နဲ့ ရွှေ​ချ​တယ်။ နံ့​သာ​ပေါင်း​ပလ္လင်​ကို+ သစ်​က​တိုး​သား​နဲ့ အုပ်​တယ်။ ၂၁  အိမ်​တော်​အတွင်း​ဘက်​ကို ရွှေ​စင်​နဲ့ ရွှေ​ချ​တယ်။+ ရွှေ​ချ​ထား​တဲ့ အတွင်း​ခန်း​ရှေ့​မှာ ရွှေ​ကြိုး​နဲ့​တား​ထား​တယ်။+ ၂၂  အိမ်​တော်​တစ်​ခု​လုံး​ကို ရွှေ​အတိ​ပြီး​သွား​အောင် ရွှေ​ချ​တယ်။ အတွင်း​ခန်း​အနား​မှာ​ရှိ​တဲ့ နံ့​သာ​ပေါင်း​ပလ္လင် တစ်​ခု​လုံး​ကို​လည်း ရွှေ​ချ​တယ်။+ ၂၃  အတွင်း​ခန်း​မှာ ဆယ်​တောင်​စီ​မြင့်​တဲ့ ခေရုဗိမ်​ရုပ်​နှစ်​ရုပ်​ကို+ ထင်း​ရှူး​သား​နဲ့ လုပ်​တယ်။+ ၂၄  ခေရုဗိမ်​တောင်​ပံ​က တစ်​ဖက်​မှာ ငါး​တောင်​စီ ရှိ​တယ်။ တောင်​ပံ​ရဲ့ ဒီ​ဘက်​အဖျား​က​နေ ဟို​ဘက်​အဖျား​အထိ ဆယ်​တောင်​ရှိ​တယ်။ ၂၅  နောက်​ခေရုဗိမ်​ရုပ်​ရဲ့ တောင်​ပံ​လည်း ဆယ်​တောင်​ပဲ။ ခေရုဗိမ်​နှစ်​ရုပ်​စ​လုံး အရွယ်​အစား​ရော​ ပုံ​စံပါ​ တူ​တယ်။ ၂၆  ခေရုဗိမ်​နှစ်​ရုပ်​စ​လုံး အမြင့်​ဆယ်​တောင်​စီ ရှိ​တယ်။ ၂၇  အဲ​ဒီ​ခေရုဗိမ်တွေ​ကို+  အတွင်း​ခန်း​ထဲ​မှာ ထား​လိုက်​တယ်။ တောင်​ပံ​ဖြန့်​ထား​တဲ့​အတွက် ခေရုဗိမ်​တစ်​ရုပ်​ရဲ့ တောင်​ပံ​တစ်​ဖက်​က ဒီ​ဘက်​နံ​ရံ​ကို၊ နောက်​တစ်​ရုပ်​ရဲ့ တောင်​ပံ​တစ်​ဖက်​က ဟို​ဘက်​နံ​ရံ​ကို ထိ​နေ​တယ်။ အခန်း​အလယ်​မှာ​လည်း ဖြန့်​ထား​တဲ့ တောင်​ပံ​နှစ်​ဖက်​ဟာ တစ်​ခု​နဲ့​တစ်​ခု ထိ​နေ​တယ်။ ၂၈  ပြီး​တဲ့​နောက် ခေရုဗိမ်တွေ​ကို ရွှေ​ချ​လိုက်​တယ်။ ၂၉  အိမ်​တော်​ရဲ့ အတွင်း​ခန်း​နံ​ရံ​မှာ​ရော အပြင်​ခန်း​နံ​ရံ​မှာ​ပါ ခေရုဗိမ်​ရုပ်၊+ စွန်​ပလွံ​ပင်၊+ ပန်း​ပွင့်​ပုံ​တွေ​ကို+ တစ်​ပြင်​လုံး ထွင်း​ထား​တယ်။ ၃၀  အိမ်​တော်​အတွင်း​ခန်း​နဲ့ အပြင်​ခန်း​ရဲ့ ကြမ်း​ပြင်​ကို​လည်း ရွှေ​ချ​တယ်။ ၃၁  ငါး​ခု​မြောက်​အပိုင်း* အနေ​နဲ့ အတွင်း​ခန်း​ဝင်​ပေါက်​အတွက် ထင်း​ရှူး​သား​တံခါး​နှစ်​ချပ်၊ နံရံ​ကပ်​တိုင်​တွေ၊  တံခါး​တိုင်​တွေ လုပ်​တယ်။ ၃၂  ထင်း​ရှူး​သား တံခါး​နှစ်​ချပ်​ပေါ်​မှာ ခေရုဗိမ်​ရုပ်၊ စွန်​ပလွံ​ပင်၊ ပန်း​ပွင့်​ပုံ​တွေ ထွင်း​ထု​ပြီး ရွှေ​ချ​တယ်။ ​ပြီး​တော့ ခေရုဗိမ်​ရုပ်​တွေ​နဲ့ စွန်​ပလွံ​ပင်​ပုံ​တွေ​ပေါ်​က ရွှေ​ကို ညီ​သွား​အောင် ထု​တယ်။ ၃၃  လေး​ခု​မြောက်​အပိုင်း* အနေ​နဲ့ သန့်​ရှင်း​ရာ​အခန်း​ရဲ့* ဝင်​ပေါက်​အတွက် ထင်း​ရှူး​သား​တံခါး​တိုင်​တွေ​ကို​လည်း အဲဒီ​လို​ပဲ လုပ်​တယ်။ ၃၄  ပြီး​တော့ တံခါး​နှစ်​ချပ်​ကို ဂျူ​နီ​ပါ​ထင်း​ရှူး​သား​နဲ့ လုပ်​တယ်။ တံခါး​တစ်​ချပ်​မှာ ခေါက်​လို့​ရ​တဲ့​တံခါး​ရွက် နှစ်​ရွက်​စီရှိ​တယ်။ တံခါး​တွေ​ကို ဆုံ​လည်​ခံ​ထား​တယ်။+ ၃၅  တံခါး​ချပ်​ပေါ်​မှာ ခေရုဗိမ်​ရုပ်၊ စွန်​ပလွံ​ပင်၊ ပန်း​ပွင့်​ပုံ​တွေ ထွင်း​ထု​ပြီး ရွှေ​ပြား​ကပ်​လိုက်​တယ်။ ၃၆  အဲဒီ​နောက် သူ​က အတွင်း​ရင်ပြင်​တံတိုင်း​ကို+  ဆောက်​တယ်။ တံတိုင်း​မှာ ဆစ်​ထား​တဲ့​ကျောက်​တုံး​သုံး​ဆင့်၊  သစ်​က​တိုး​သား​  ရက်​မ တစ်​တန်း​ ရှိ​တယ်။+ ၃၇  ရှော​လ​မုန်​နန်း​စံ ၄ နှစ်​မြောက်၊ ဇိ​ဖလ* မှာ ယေဟောဝါ​ရဲ့​အိမ်​တော်​ကို  အုတ်​မြစ်​ချ​တယ်။+ ၃၈  နန်းစံ​ ၁၁ နှစ်​မြောက်၊ (၈​ လ​ပိုင်း) ဗုလ,လ* မှာ အိမ်​တော်​ပုံ​စံ​အတိုင်း+ အသေး​စိတ်  ဆောက်​ပြီး​သွား​တယ်။  အိမ်​တော်​ကို တည်​ဆောက်​တာ ခု​နစ်​နှစ်​ကြာ​တယ်။

အောက်ခြေမှတ်ချက်များ

တစ်​တောင်​က ၄၄.၅ စမ (၁၇.၅ လက်​မ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “ဗိမာန်​တော်။”
အသန့်​ရှင်း​ဆုံး​အခန်း။
မူ​ရင်း၊ “ဗိမာန်​တော်။”
တံခါး​ဘောင်​တည်​ဆောက်​ပုံ ဒါ​မှ​မဟုတ် တံခါး​အရွယ်​အစား​ကို ရည်​ညွှန်း​တာ​ဖြစ်​နိုင်။
တံခါး​ဘောင်​တည်​ဆောက်​ပုံ ဒါ​မှ​မဟုတ် တံခါး​အရွယ်​အစား​ကို ရည်​ညွှန်း​တာ​ဖြစ်​နိုင်။
မူ​ရင်း၊ “ဗိမာန်​တော်။”