၁ ဘုရင်များ ၂:၁-၄၆

  • ရှော​လ​မုန်​ကို ဒါဝိဒ်​မှာ​ကြား (၁-၉)

  • ဒါဝိဒ်​ကွယ်​လွန်၊ ရှော​လ​မုန်​နန်း​ထိုင် (၁၀-၁၂)

  • အဒေါ​နိ​ယ သူ့​အကြံ​နဲ့​သူ သေရ (၁၃-၂၅)

  • အဗျာ​သာ​ကို နှင်​ထုတ်၊ ယွာဘ​ကို ကွပ်မျက် (၂၆-၃၅)

  • ရှိ​မိ အသတ်​ခံ​ရ (၃၆-၄၆)

 ဒါဝိဒ်​မင်း​က ကွယ်​လွန်​ချိန် နီး​လာ​တဲ့​အခါ  သား​တော်​ရှော​လမုန်​ကို  မှာ​ကြား​တယ်။ ၂  “ငါ​သေရ​တော့​မယ်။ ဒါ​ကြောင့် ယောက်ျား​ပီပီ+ သတ္တိ​ရှိ​ပါ။+ ၃  ယေဟောဝါ​ဘုရား  ပေး​အပ်​တဲ့  တာဝန်​တွေ​ကို ကျေ​ပွန်​အောင်​လုပ်​ပါ။ မော​ရှေ​ပညတ်​မှာ ရေး​ထား​တဲ့ ဘုရား​ရဲ့ ဥ​ပဒေ​တွေ၊ ပညတ်​ချက်​တွေ၊ တရား​စီရင်​ချက်​တွေ၊ သတိ​ပေး​ချက်​တွေ​ကို လိုက်​နာ​ပါ။+ ဒါ​မှ မင်း​လုပ်​လေ​ရာရာ၊ သွား​လေ​ရာရာ​မှာ အောင်​မြင်​လိမ့်​မယ်။ ၄  ဒါ့​အပြင် ‘မင်း​ရဲ့​သား​မြေး​တွေ သစ္စာ​ရှိ​တဲ့​လမ်း​စဉ်​အတိုင်း စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ လျှောက်​လှမ်း​ဖို့ သတိ​ပြု​မယ်​ဆို​ရင်+ အစ္စရေး ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​မယ့် မင်း​ရဲ့​မျိုး​ဆက် ဘယ်​တော့​မှ မပြတ်​စေ​ရ​ဘူး’+ ဆို​ပြီး ငါ့​ကို​ပေး​ခဲ့​တဲ့ ကတိ​အတိုင်း ယေဟောဝါ​ဘုရား လုပ်​ဆောင်​ပေး​လိမ့်​မယ်။ ၅  “ဇေ​ရု​ယာ​ရဲ့​သား ယွာဘ​က ငါ့​ကို ဘာ​လုပ်​ခဲ့​တယ်၊ အစ္စရေး​ဗိုလ်​ချုပ်​နှစ်​ယောက်​ဖြစ်​တဲ့ နေ​ရ​ရဲ့​သား အာဗနာ​နဲ့+ ယေ​သာ​ရဲ့​သား အာ​မသကို+ ဘာ​လုပ်​ခဲ့​တယ်​ဆို​တာ မင်း​အသိ​ပဲ။ ယွာဘ​က သူတို့​ကို သတ်​ပစ်​ပြီး တိုင်း​ပြည်​အေး​ချမ်း​ချိန်​မှာ သွေး​မြေကျ​အောင် လုပ်​ခဲ့​တယ်။+ သူ့​ခါး​စည်း​နဲ့ ဖိ​နပ်​ကို သွေး​စွန်း​အောင် လုပ်​ခဲ့​တယ်။ ၆  သူ့​ကို အ​ရေး​ယူ​တဲ့​အခါ ဉာဏ်​ပညာ​ရှိ​ရှိ လုပ်​ဆောင်​ပါ။ သူ ဆံ​ဖြူ​အို​မင်း​ပြီး သင်္ချိုင်း​ထဲ အေး​အေး​သက်​သာ ဆင်း​သွား​ရ​တာ​မျိုး မဖြစ်​စေ​နဲ့။+ ၇  “ဂိလဒ်​ပြည်​သား ဗာ​ဇိ​လဲ​ရဲ့+ သား​မြေး​တွေ​ကို​တော့ ခိုင်​မြဲတဲ့​မေတ္တာ​ပြပါ။ မင်း​ရဲ့​စား​ပွဲ​မှာ စား​သောက်​ခွင့်​ပေး​ပါ။  မင်း​အစ်​ကို  အဗ​ရှလုံ​ရဲ့​ရန်​ကြောင့် ငါ​ထွက်​ပြေး​ခဲ့​ရ​တုန်း​က+ သူတို့ ငါ့​ဘက်​မှာ ရပ်​တည်​ခဲ့​ကြ​တယ်။+ ၈  “ဗာ​ဟု​ရိမ်​ရွာ​က ဗင်​ယာ​မိန်​အ​မျိုး​သား ဂေရ​ရဲ့​သား ရှိ​မိ​လည်း​ရှိ​သေး​တယ်။ သူ ဒီ​အနီး​တစ်​ဝိုက်​မှာ​ပဲ နေ​တယ်။ ငါ မဟာ​နိမ်​မြို့​ကို​သွား​တဲ့​နေ့​က+ ငါ့​ကို သူ မိုက်​မိုက်​ရိုင်း​ရိုင်း ကျိန်​ဆဲ​ခဲ့​တယ်။+ ဒါ​ပေမဲ့ ဂျော်​ဒန်​မြစ်​ကို ဆင်း​လာ​ပြီး ကြို​ဆို​တဲ့​အတွက် ‘မင်း​ကို သေဒဏ်​မပေး​ဘူး’ လို့ ယေဟောဝါ​ဘုရား​ကို တိုင်​တည်​ပြီး ငါ​ကတိ​ပေး​ခဲ့​တယ်။+ ၉  အခု​တော့ သူ့​ကို အပြစ်​မပေး​ဘဲ မနေ​နဲ့။+ မင်း​ဟာ ဉာဏ်​ပညာ​ကြီး​သူ​ဖြစ်​လို့ သူ့​ကို ဘာ​လုပ်​ရ​မယ်​ဆို​တာ သိ​ပါ​တယ်။ ဆံ​ဖြူ​နေ​တဲ့ သူ့​ကို ကွပ်​မျက်​ပြီး သင်္ချိုင်း​ထဲ ဆင်း​ခိုင်း​လိုက်​ပါ။”+ ၁၀  အဲဒီ​လို မှာ​ကြား​ပြီး​တဲ့​နောက် ဒါဝိဒ် ကွယ်​လွန်​သွား​တဲ့​အတွက် ဒါဝိဒ်​မြို့မှာ+ သင်္ဂြိုဟ်​ကြ​တယ်။ ၁၁  ဒါ​ဝိဒ်​က အစ္စရေး​တွေ​ကို အနှစ် ၄၀ အုပ်​ချုပ်​ခဲ့​တယ်။ ဟေ​ဗြုန်​မြို့​မှာ+ ၇ နှစ်၊ ဂျေရု​ဆ​လင်​မြို့​မှာ ၃၃ နှစ် အုပ်​ချုပ်​ခဲ့​တယ်။+ ၁၂  အဲဒီ​နောက်  ရှော​လ​မုန်​က ခမည်း​တော်​ဒါဝိဒ်​ရဲ့ ထီး​နန်း​ကို ဆက်​ခံ​တယ်။ သူ့​ရဲ့​မင်း​အာ​ဏာ​လည်း ခိုင်​မာ​သည်ထက် ခိုင်​မာ​လာ​တယ်။+ ၁၃  နောက်​ပိုင်း​မှာ ဟ​ဂိတ်​ရဲ့​သား အဒေါ​နိ​ယ​က ရှော​လ​မုန်​ရဲ့​မယ်​တော် ဗာ​သရှေ​ဘ​ဆီ လာ​တယ်။ မယ်​တော်​က “မင်း​လာ​တာ ကောင်း​သော​လာ​ခြင်း​လား”  လို့​ မေး​တော့  “ကောင်း​သော​လာ​ခြင်း​ပါ။ ၁၄  မယ်​တော့်​ကို ပန်​ကြား​စ​ရာ​တစ်​ခု ရှိ​ပါ​တယ်” လို့​ပြော​တဲ့​အခါ မယ်​တော်​က “ဘာ​များ​လဲ” ဆို​ပြီး​မေး​တယ်။ ၁၅  အဒေါ​နိ​ယ​က “တ​ကယ်​တော့ ဒီ​ထီး​နန်း​ဟာ ကျွန်​တော့်​အ​တွက်​ပဲ​ဆို​တာ မယ်​တော်​သိ​ပါ​တယ်။ အစ္စရေး​အားလုံး​က​လည်း ကျွန်​တော်​ပဲ ဘုရင်​ဖြစ်​လာ​မယ်​လို့ မျှော်​လင့်​နေ​ကြ​တာ။+ ဒါ​ပေမဲ့ ကျွန်​တော် ထီး​နန်း​နဲ့ လွဲ​ခဲ့​ရ​တယ်။ ညီ​တော်​က​တော့ ယေဟောဝါ​ဘုရား ပေး​အပ်​လို့ ထီး​နန်း​ရ​သွား​ပြီ။+ ၁၆  အခု ကျွန်​တော် တစ်​ခု​လောက်​ပဲ တောင်း​ဆို​ပါ​ရ​စေ။ မငြင်း​လိုက်​ပါ​နဲ့” ဆို​တော့ မယ်​တော်​က “ပြော​ပါ” ဆို​ပြီး ခွင့်​ပေး​တယ်။ ၁၇  အဲဒီ​အခါ သူ​က “ရှု​နင်​မြို့​သူ  အဘိ​ရှက်​ကို+  ကျွန်​တော်​နဲ့​ပေး​စား​ဖို့ ရှော​လ​မုန်​မင်း​ကြီး​ဆီ လျှောက်​တင်​ပေး​ပါ​လား။ မယ်တော့်​စကား​ဆို​ရင် မင်း​ကြီး ငြင်း​မယ်​မထင်​ဘူး” လို့​ပြော​တယ်။ ၁၈  ဗာ​သရှေ​ဘ​က “ကောင်း​ပြီလေ၊ မင်း​ကြီး​ဆီ ငါ​လျှောက်​တင်​ကြည့်​မယ်” လို့​ကတိ​ပေး​လိုက်​တယ်။ ၁၉  ဒါ​နဲ့ ဗာ​သရှေ​ဘ​က အဒေါ​နိ​ယ​အတွက် လျှောက်​တင်​ပေး​ဖို့ ဝင်​လာ​တယ်။  ရှော​လ​မုန်​မင်း​လည်း ချက်​ချင်း​ထ​ပြီး မယ်​တော်​ကို ဦး​ညွှတ်​ကြို​ဆို​တယ်။ ပြီး​တော့ ရာ​ဇ​ပလ္လင်​ပေါ်​ထိုင်​ပြီး ညာ​ဘက်​မှာ မယ်​တော်​ထိုင်​ဖို့ ပလ္လင်​တစ်​ခု ချ​ခိုင်း​တယ်။ ၂၀  မယ်တော်​က “တောင်း​ဆို​စ​ရာ​လေး​တစ်​ခု ရှိ​ပါ​တယ်။  မငြင်း​လိုက်​ပါ​နဲ့”  ဆို​တော့ မင်းကြီး​က  “မငြင်း​ပါ​ဘူး​မယ်​တော်။​ ပြော​သာ​ပြော​ပါ”   ဆို​ပြီး    ခွင့်​ပေး​တယ်။ ၂၁  မယ်​တော်​က “ရှုနင်မြို့​သူ အဘိ​ရှက်​ကို နောင်​တော်​အဒေါ​နိ​ယနဲ့ ပေး​စား​လိုက်​ပါ” လို့​ပြော​တော့၊ ၂၂  ရှော​လ​မုန်​မင်း​ကြီး​က “အဒေါ​နိ​ယ​အတွက် ရှု​နင်​မြို့​သူ အဘိ​ရှက်​ကို​ပဲ ဘာ​ကြောင့် တောင်း​တာ​လဲ။ ထီး​နန်း​ကို​ပါ တောင်း​ပါ​တော့​လား။+ သူ​ဟာ ကျွန်​တော့်​နောင်​တော်​ပဲ။+ ပု​ရော​ဟိတ်​အဗျာ​သာ​နဲ့ ဇေ​ရု​ယာ​ရဲ့​သား ယွာဘ​က​လည်း+ သူ့​ကို ထောက်​ခံ​နေ​တာ​ပဲ”+ လို့​ပြန်​ဖြေတယ်။ ၂၃  ရှော​လ​မုန်​မင်း​ကြီး​က  ယေဟောဝါ​ကို တိုင်​တည်​ကျိန်​ဆို​ပြီး “အဒေါ​နိ​ယ ဒီ​လို​တောင်း​ဆိုလိုက်​တဲ့​အတွက် သူ့​အသက်​ကို မရင်း​လိုက်​ရ​ဘူး​ဆို​ရင် ဘုရား​သခင်​က ငါ့​ကို ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ။ ၂၄  ငါ့​ကို ခမည်း​တော်​ဒါဝိဒ်​ရဲ့​ထီး​နန်း ဆက်​ခံ​စေ​ပြီး ခိုင်​ခံ့​မြဲမြံ​စေ​တဲ့​အရှင်၊+ ကတိ​တော်​အတိုင်း ငါ့​ရဲ့​မင်း​အာ​ဏာ​ကို တည်​မြဲစေ​တဲ့​အ​ရှင်၊+ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ ဒီ​နေ့ အဒေါ​နိ​ယ သေရ​မယ်”+ လို့​ပြော​တယ်။ ၂၅  ပြီး​တော့ ယော​ယ​ဒ​ရဲ့​သား ဗေ​နာ​ယ​ကို+ ချက်​ချင်း စေ​လွှတ်​ပြီး အဒေါ​နိ​ယ​ကို ကွပ်​မျက်​ခိုင်း​လိုက်​တဲ့​အတွက် အဒေါ​နိ​ယ သေသွား​တယ်။ ၂၆  ရှော​လ​မုန်​မင်း​ကြီး​က  ပု​ရော​ဟိတ်​အဗျာ​သာ​ကို+ “အာ​န​သုတ်​မြို့​က+ ခင်​ဗျား​ပိုင်​တဲ့​မြေကို ပြန်​ပါ။ ခင်​ဗျား​ဟာ သေထိုက်​တဲ့​သူ​ပဲ။ ဒါ​ပေမဲ့ ခမည်း​တော်​ဒါဝိဒ်​ရဲ့  လက်​ထက်​မှာ  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ကို ထမ်း​ခဲ့​တဲ့​သူ၊+ ခမည်း​တော်​နဲ့​အတူ ဒုက္ခတွေ​ခံ​ခဲ့​ရ​တဲ့​သူ ဖြစ်​နေ​လို့+ အခု ခင်​ဗျား​ကို သေဒဏ် မပေး​လို​ပါ​ဘူး” ဆို​ပြီး ပြော​တယ်။ ၂၇  ပြီး​တော့ အဗျာ​သာ​ကို ယေဟောဝါ​ရဲ့ ပုရော​ဟိတ်​အဖြစ် အမှု​မဆောင်​ခိုင်း​တော့​ဘဲ နှင်​ထုတ်​လိုက်​တယ်။ ဒီ​နည်း​နဲ့ ဧ​လိ​အမျိုး​နဲ့ ပတ်​သက်​ပြီး ရှိ​လော​မြို့​မှာ+ ပြော​ခဲ့​တဲ့ ယေဟောဝါ​ရဲ့ စကား​ကို ပြည့်​စုံ​စေ​ခဲ့​တယ်။+ ၂၈  အဗ​ရှလုံ​ကို မထောက်​ခံ​ခဲ့​ပေမဲ့+ အဒေါ​နိ​ယ​ကို ထောက်​ခံ​တဲ့ ယွာဘ​က+ အဲဒီ​သတင်း​ကို ကြား​တဲ့​အခါ ယေဟောဝါ​ရဲ့ တဲ​တော်​ဆီ ပြေး​သွား​ပြီး+ ပူဇော်ရာ​ပလ္လင်​ရဲ့ ဦး​ချို​အတက်​တွေ​ကို ဆုပ်​ကိုင်​ထား​တယ်။ ၂၉  “ယွာဘ​က ယေဟောဝါ​ရဲ့ တဲ​တော်​ဆီ ပြေး​သွား​ပါ​တယ်။ ပူ​ဇော်ရာ​ပလ္လင်​နား​မှာ ရှိ​နေ​ပါ​တယ်” ဆို​တဲ့​သတင်း​ကို ကြား​တဲ့​အခါ ရှော​လ​မုန်​မင်း​ကြီး​က ယော​ယ​ဒ​ရဲ့​သား ​ဗေ​နာ​ယ​ကို လွှတ်​ပြီး “ယွာဘ​ကို သွား​ကွပ်​မျက်​လိုက်” လို့​အမိန့်​ပေး​တယ်။ ၃၀  ဒါ​နဲ့ ​ဗေ​နာ​ယ​က ယေဟောဝါ​ရဲ့​တဲ​တော်​ကို သွား​ပြီး “အပြင်​ကို ထွက်​ခဲ့၊ ဒါ မင်း​ကြီး​အမိန့်​ပဲ” လို့​ပြော​ပေမဲ့ ယွာဘ​က “မထွက်​ဘူး၊ ဒီ​မှာ​ပဲ အသေခံ​မယ်” လို့​ပြန်​ပြော​တယ်။ ဗေ​နာ​ယ​လည်း ပြန်​လာ​ပြီး ယွာဘ​ပြော​တဲ့​အတိုင်း ပြန်​လျှောက်​တင်​တယ်။ ၃၁  အဲဒီ​အခါ မင်း​ကြီး​က “ယွာဘ​ပြော​တဲ့​အတိုင်း လုပ်​လိုက်။ သူ့​ကို ကွပ်​မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ။ သူ​ဟာ အကြောင်း​မဲ့ လူ​သတ်​ခဲ့​တဲ့​အ​တွက်+ ငါ​နဲ့ ငါ့​ခမည်း​တော်​ရဲ့​အမျိုး​မှာ အဲဒီ​အပြစ်​မသင့်​အောင် လုပ်​ရ​မယ်။ ၃၂  နေ​ရ​ရဲ့​သား အစ္စရေး​ဗိုလ်​ချုပ်+ အာဗနာ​နဲ့+ ယေ​သာ​ရဲ့​သား ယုဒ​ဗိုလ်​ချုပ်+ အာ​မသကို+ ခမည်း​တော်​ဒါဝိဒ် မသိ​ဘဲ သူ​သတ်​ခဲ့​တယ်။ သူ့​ထက် ပို​ဖြောင့်​မတ်​တဲ့ သူ​တော်​ကောင်း နှစ်​ယောက်​ကို သတ်​ခဲ့​တဲ့​အပြစ်​အတွက် သူ့​ကို ယေဟောဝါ​ဘုရား ပြန်​ဆပ်​ပေး​လိမ့်​မယ်။ ၃၃  သူတို့​ကို​သတ်​တဲ့ အပြစ်​ကြောင့် ယွာဘ​နဲ့​သား​မြေး​တွေ ထာ​ဝ​စဉ် ပြန်​ပေး​ဆပ်​ရ​လိမ့်​မယ်။+ ဒါဝိဒ်​နဲ့ သူ့​သား​မြေး​တွေ၊ သူ့​မင်း​ဆက်​နဲ့ ရာ​ဇ​ပလ္လင်​က​တော့ ယေဟောဝါ​ဘုရား​ပေး​တဲ့ ငြိမ်သက်​ခြင်း​ကို ထာ​ဝ​စဉ် ခံစား​ရ​ပါ​စေ” လို့​ပြော​တယ်။ ၃၄  ဒါ​နဲ့ ယော​ယ​ဒ​ရဲ့​သား ​ဗေ​နာ​ယ​က တက်​သွား​ပြီး ယွာဘ​ကို အသေသတ်​လိုက်​တယ်။ ပြီး​တော့ တော​ကန္တာ​ရ​မှာ​ရှိ​တဲ့ သူ့​အိမ်​နား​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၃၅  အဲဒီ​နောက် မင်း​ကြီး​က ယွာဘ​နေ​ရာ​မှာ ယော​ယ​ဒ​ရဲ့​သား ​ဗေ​နာ​ယ​ကို+ ဗိုလ်​ချုပ်​ခန့်​ပြီး အဗျာ​သာ​နေ​ရာ​မှာ ဇာ​ဒုတ်​ကို+ ပု​ရော​ဟိတ်​ခန့်​လိုက်​တယ်။ ၃၆  အဲဒီ​နောက် မင်း​ကြီး​က ရှိ​မိ​ကို+ ဆင့်​ခေါ်​ပြီး “ဂျေရု​ဆ​လင်​မြို့​မှာ​ပဲ အိမ်​ဆောက်​ပြီး နေ​ပါ။ ဒီ​မြို့​က​နေ ထွက်​မသွား​နဲ့။ ၃၇  မြို့​ပြင်​ထွက်​ပြီး ကိဒြိုန်​ချိုင့်​ဝှမ်း​ကို+ ဖြတ်​ကူး​တဲ့​နေ့​မှာ မင်း ဆက်​ဆက်​သေရ​မယ်။ အဲဒီ​လို​သေခဲ့​ရင် မင်း​အပြစ်​နဲ့​မင်း သေရ​တာ​ပဲ”* လို့ အမိန့်​ပေး​တယ်။ ၃၈  ရှိ​မိ​က​လည်း “အမိန့်​တော် သင့်မြတ်လှ​ပါ​တယ်။ အမိန့်​တော်​အတိုင်း ကျွန်​တော်​မျိုး လိုက်​နာ​ပါ့​မယ်” လို့​ပြန်​လျှောက်​တင်​ပြီး  ဂျေရု​ဆ​လင်​မြို့​မှာ  အချိန်​အကြာ​ကြီး နေ​ထိုင်​တယ်။ ၃၉  သုံး​နှစ်​ပြည့်​တဲ့​အခါ ရှိ​မိ​ရဲ့​ကျွန် နှစ်​ယောက်​က မာ​ခါ​ရဲ့​သား ဂါသ​မင်း အာ​ခိတ်​ဆီ  ထွက်​ပြေး​သွား​တယ်။+ “ခင်​ဗျား​ရဲ့​ကျွန်​တွေ​ကို  ဂါသ​မြို့​မှာ တွေ့​ခဲ့​တယ်” ဆို​တဲ့​ သတင်း​ကို ရှိ​မိ​ကြား​တာ​နဲ့၊ ၄၀  ချက်​ချင်း မြည်း​ပေါ် ကုန်း​နှီး​တင်​ပြီး သူ့​ကျွန်​တွေ​ကို​ရှာ​ဖို့ အာ​ခိတ်​မင်း​ရှိ​ရာ ဂါသ​မြို့​ကို သွား​တယ်။ သူ့​ကျွန်​တွေ​ကို ခေါ်​ပြီး ဂါသ​မြို့​က​နေ ပြန်​ရောက်​လာ​တဲ့​အခါ၊ ၄၁  “ရှိ​မိ​က  ဂျေရု​ဆ​လင်​မြို့​က​နေ ဂါသ​မြို့​ကို ထွက်​သွား​ပြီး ပြန်​ရောက်​နေ​ပါ​ပြီ” လို့ ရှော​လ​မုန်​ကို သတင်း​ပေး​ကြ​တယ်။ ၄၂  အဲဒီ​အခါ မင်း​ကြီး​က ရှိ​မိ​ကို ဆင့်​ခေါ်​ပြီး “‘ဒီ​မြို့​က​နေ​ထွက်​သွား​တဲ့​နေ့​မှာ မင်း သေကို​သေရ​မယ်’ လို့ ငါ​သတိ​ပေး​ပြီး ယေဟောဝါ​ဘုရား​ဆီ သစ္စာ​ဆို​ခိုင်း​ခဲ့​တယ်။ မင်း​က​လည်း ‘အမိန့်​တော် သင့်မြတ်လှ​ပါ​တယ်။ ကျွန်​တော် နာ​ခံ​ပါ့​မယ်’+ ဆို​ပြီး ကတိ​ပေး​ခဲ့​တာ​ပဲ။ ၄၃  ဒါ​ဆို​ရင် ယေဟောဝါ​ဘုရား​ဆီ သစ္စာ​ဆို​ခဲ့​တဲ့​အတိုင်း၊ ငါ့​အမိန့်​အတိုင်း ဘာ​လို့ မလိုက်​နာ​တာ​လဲ။ ၄၄  ခမည်း​တော်​ဒါဝိဒ် စိတ်​ဆင်း​ရဲ​အောင် မင်း​ဘာ​တွေ​လုပ်​ခဲ့​တယ်​ဆို​တာ မင်း​သိ​ပါ​တယ်။+ ယေဟောဝါ​ဘုရား​က မင်း​လုပ်​ခဲ့​တဲ့​အတိုင်း မင်း​ကို ပြန်​ခံ​စေ​မယ်။+ ၄၅  ငါ​ရှော​လ​မုန်​မင်း​ကြီး​က​တော့ ကောင်း​ချီး ခံစား​ရ​လိမ့်​မယ်။+ ဒါဝိဒ်​ရဲ့​ထီး​နန်း​က​လည်း ယေဟောဝါ​ရှေ့​မှာ ထာ​ဝ​စဉ် တည်​မြဲနေ​လိမ့်​မယ်” လို့​ပြော​တယ်။ ၄၆  အဲဒီ​နောက် ယော​ယ​ဒ​ရဲ့​သား ​ဗေ​နာ​ယ​ကို အမိန့်​ပေး​လိုက်​တော့ ဗေ​နာ​ယ​က ထွက်​သွား​ပြီး ရှိ​မိ​ကို ကွပ်​မျက်​လိုက်​တယ်။+ ဒီ​လို​နဲ့ ရှော​လ​မုန်​လက်​ထက်​မှာ နိုင်​ငံ​တော်​ဟာ တည်​မြဲနေ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မင်း​ရဲ့​သွေး​ဟာ မင်း​ခေါင်း​ပေါ်​မှာ ရှိ​နေ​တာ​ပဲ။”