၁ ကောရိန္သု ၆:၁-၂၀

  • ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကြား အမှု​အခင်း (၁-၈)

  • နိုင်​ငံ​တော်​ကို အမွေ​မခံ​ရ​သူ​တွေ (၉-၁၁)

  • ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​ဂုဏ်​တော်​ချီး​မွမ်း​ဖို့ အသုံး​ပြု​ကြ​ပါ (၁၂-၂၀)

    • “လိင်​အကျင့်​ယို​ယွင်း​မှု​ကို ဝေး​ဝေး​ရှောင်​ကြပါ” (၁၈)

 ခင်​ဗျား​တို့​အချင်း​ချင်း အငြင်း​ပွား​စရာ ပေါ်​လာ​တဲ့​အခါ+ သန့်​ရှင်း​သူ​တွေ​ဆီ  မသွား​ဘဲ  တ​ရား​ရုံး​မှာ​ရှိ​တဲ့ မဖြောင့်​မတ်​သူ​တွေ​ဆီ သွား​ဝံ့​သလား။ ၂  သန့်​ရှင်း​သူ​တွေ​က  ဒီ​လော​က​ကို တရား​စီ​ရင်​မယ်​ဆို​တာ ခင်​ဗျား​တို့ မသိ​ဘူး​လား။+ ဒီ​လော​က​ကို တ​ရား​စီ​ရင်​ရ​မယ့် ခင်​ဗျား​တို့​က အမှု​ကိစ္စ​အ​သေး​အဖွဲ​လေး​တွေ​ကို မစီ​ရင်​မဆုံး​ဖြတ်​နိုင်​ဘူး​လား။ ၃  ကောင်း​ကင်​တ​မန်​တွေ​ကို ကျွန်​တော်​တို့ တ​ရား​စီ​ရင်ရ​မယ်​ဆို​တာ မသိ​ကြ​ဘူး​လား။+   ဒါ​ဆို​ရင် ဒီ​ဘ​ဝ​မှာ​ကြုံ​ရ​တဲ့ အမှု​ကိစ္စတွေ​ကို ဘာ​လို့ မစီ​ရင်​နိုင်​ရ​မှာ​လဲ။ ၄  စီ​ရင်​ဆုံး​ဖြတ်​ရ​မယ့် အမှု​ကိစ္စ​ပေါ်​လာရင်+ အသရေ​မရှိ​သူ​တွေလို့ အသင်း​တော်​က ယူ​မှတ်​တဲ့​သူ​တွေ​ကို တ​ရား​သူ​ကြီး လုပ်​ခိုင်း​ရ​သ​လား။ ၅  ခင်​ဗျား​တို့  ရှက်​တတ်​အောင် ကျွန်​တော်​ပြော​နေ​တာ။ ခင်​ဗျား​တို့​ဆီ​မှာ ညီ​အစ်​ကို​အချင်း​ချင်း​ဖြစ်​တဲ့​အမှု​ကို တ​ရား​စီ​ရင်​နိုင်​လောက်​တဲ့ ဉာဏ်​ပညာ​ရှိ​သူ တစ်​ယောက်​မှ မရှိ​ဘူး​လား။ ၆  တရား​ရုံး​ကို​သွား​ပြီး မယုံ​ကြည်​သူ​တွေ​ရှေ့​မှာ ညီ​အစ်​ကို​အချင်း​ချင်း  တရား​ရင်​ဆိုင်​ရ​သလား။ ၇  အချင်း​ချင်း တ​ရား​စွဲ​ဆို​တာ​ဟာ ခင်​ဗျား​တို့​အတွက် ရှုံး​နိမ့်​ခြင်း​ပဲ။ အဲ​ဒီ​အစား  မတ​ရား​မှု​ကို  ကိုယ်​တိုင်​ပဲ​ခံ​လိုက်​ပါ​လား။+ လိမ်​လည်​မှု​ကို ကိုယ်​တိုင်​ပဲ ခံ​လိုက်​ပါ​လား။ ၈  အခု​တော့၊ ခင်ဗျား​တို့​က အဲ​ဒီ​လို​မခံ​ဘဲ ညီ​အစ်​ကို​တွေ​အပေါ် မတ​ရား​လုပ်​ပြီး လိမ်​လည်​ကြ​တယ်။ ၉  မဖြောင့်​မတ်​သူ​တွေ​ဟာ ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​ကို အမွေ​မခံ​ရ​မှန်း မသိ​ကြ​ဘူး​လား။+ လှည့်​ဖြား​မခံ​ကြ​ပါ​နဲ့။ လိင်​အကျင့်​ယို​ယွင်း​သူ၊*+ ရုပ်​တု​ကိုးကွယ်​သူ၊+ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ၊+  မိန်း​မလျှာ၊+  ယောက်ျား​ချင်း  လိင်​ဆက်​ဆံ​သူ၊+ ၁၀  သူ​ခိုး၊ လောဘ​ကြီး​သူ၊+​ သောက်​ကြူး​သူ၊+ ဆဲ​ဆို​သူ၊  လု​ယက်​သူ​တွေ​ဟာ  ဘု​ရား​သခင်​ရဲ့ နိုင်ငံ​တော်​ကို အမွေ​မခံ​ရ​ဘူး။+ ၁၁  ခင်ဗျား​တို့​ထဲ​က တ​ချို့​ဟာ အရင်​က အဲ​ဒီ​လို​လုပ်​ခဲ့​ကြ​တယ်။ အခု​တော့ ဘုရား​သခင်​က  ခင်​ဗျား​တို့​ကို  ဆေး​ကြော+ သန့်​စင်​ပေး​လိုက်​ပြီ။+ သခင်​ယေရှု​ခ​ရစ်ရဲ့ နာ​မည်​နဲ့ စွမ်း​အား​တော်​အား​ဖြင့် ခင်​ဗျား​တို့​ကို ဖြောင့်​မတ်​သူ​တွေ​အဖြစ် သတ်​မှတ်​လိုက်​ပြီ။+ ၁၂  ကျွန်​တော့်​အတွက် အရာ​အား​လုံး လုပ်​လို့ရ​တာ မှန်​ပေမဲ့ အရာ​အား​လုံး​ဟာ အကျိုး​ရှိ​တာ မဟုတ်​ဘူး။+ အရာ​အား​လုံး လုပ်​လို့ရ​တာ မှန်​ပေမဲ့ တစ်​ခု​ခု​ရဲ့ ထိန်း​ချုပ်​မှု​ကို ကျွန်​တော် မခံ​ဘူး။ ၁၃  အစား​အစာ​ဟာ ဝမ်း​ဗိုက်​အတွက်၊ ဝမ်း​ဗိုက်​က​လည်း အစား​အစာ​အတွက်​ပဲ။ ဒါ​ပေမဲ့ ဘု​ရား​သခင်​က အဲ​ဒီ​နှစ်​မျိုး​စလုံး​ကို ပပျောက်​စေ​လိမ့်​မယ်။+ ကိုယ်​ခန္ဓာ​က လိင်​အကျင့်​ယို​ယွင်း​ဖို့* မဟုတ်​ဘဲ သခင့်​အလုပ်​အတွက် ဖြစ်​တယ်။+ သခင်​က​လည်း ကိုယ်​ခ​န္ဓာ​အတွက်  လို​အပ်​တာ​တွေ​ကို  ပေး​တယ်။ ၁၄  ဘုရား​သခင်​က သခင့်​ကို တန်​ခိုး​တော်​နဲ့ အသက်​ပြန်​ရှင်​စေ​ခဲ့​သလို+ ကျွန်​တော်​တို့​ကို​လည်း သေရာ​ကနေ အသက်​ပြန်​ရှင်​စေ​လိမ့်​မယ်။+ ၁၅  ခင်​ဗျား​တို့​ရဲ့  ကိုယ်​ခ​န္ဓာ​ဟာ ခရစ်​တော်ရဲ့ ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​တွေ​ဖြစ်​မှန်း မသိ​ကြ​ဘူး​လား။+ ဒီ​တော့ ခ​ရစ်​တော်ရဲ့ ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​တွေ​ကို ယူ​ပြီး ပြည့်​တန်​ဆာ​ရဲ့ ကိုယ်​ခ​န္ဓာ​အစိတ်​အပိုင်း​နဲ့ ပေါင်း​စပ်​သင့်​သလား။ လုံး​ဝ​မဖြစ်​သင့်​ဘူး။ ၁၆  ပြည့်​တန်​ဆာ​နဲ့  ပေါင်း​ဖော်​သူ​ဟာ  ပြည့်​တန်​ဆာ​နဲ့  တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​မှန်း  မသိ​ကြ​ဘူး​လား။   “သူ​တို့​နှစ်​ယောက်​ဟာ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လိမ့်​မယ်”+ လို့ ဘု​ရား​ပြော​ခဲ့​တာ​ပဲ။ ၁၇  သခင်​နဲ့  ပေါင်း​စပ်​ထား​သူ​တွေ​က​တော့ အဲ​ဒီ​သခင်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ။+ ၁၈  လိင်​အကျင့်​ယို​ယွင်း​မှု​ကို*  ဝေး​ဝေး​ရှောင်​ကြ​ပါ။+ တခြား​အပြစ်​တွေ​ဟာ လူ့​ကိုယ်​ခ​န္ဓာ​ကို ပြစ်​မှား​ရာ မရောက်​ဘူး။ လိင်​အကျင့်​ယို​ယွင်း​သူ​က​တော့ မိမိ​ရဲ့​ကိုယ်​ခ​န္ဓာ​ကို ပြစ်​မှား​တာ​ပဲ။+ ၁၉  သန့်​ရှင်း​သော​စွမ်း​အား​တော်  ကိ​န်း​အောင်း​နေ​တဲ့+ ခင်ဗျား​တို့​ရဲ့​ကိုယ်​ခ​န္ဓာ​ဟာ ဗိ​မာန်​တော်​ဖြစ်​မှန်း+ မသိ​ကြ​ဘူး​လား။ အဲ​ဒီ​စွမ်း​အား​တော်​ကို ဘု​ရား​သခင်​ဆီ​က ရ​ထား​ကြ​တယ်။  ခင်​ဗျား​တို့​ဟာ  ကိုယ့်​ကိုယ်​ကိုယ် မပိုင်​ဘူး။+ ၂၀  ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့​ကို တန်​ဖိုး​ကြီး​ကြီး​ပေး​ပြီး ဝယ်​ထား​လို့​ပဲ။+ ဒါ​ကြောင့် ခင်​ဗျား​တို့​ရဲ့ ကိုယ်​ခ​န္ဓာ​ကို+ ဘု​ရား​သခင်​ရဲ့ ဂုဏ်​တော်​ချီး​မွမ်း​ဖို့ အသုံး​ပြု​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။