၁ ကောရိန္သု ၅:၁-၁၃

  • လိင်​အကျင့်​ယို​ယွင်း​မှု ဖြစ်​နေ (၁-၅)

  • တ​ဆေး​အနည်း​ငယ်​ဟာ မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ (၆-၈)

  • ဆိုး​ညစ်​သူ​ကို ဖယ်​ရှား (၉-၁၃)

 ခင်​ဗျား​တို့​ဆီ​မှာ  လိင်​အကျင့်​ယို​ယွင်း​မှု*+ ဖြစ်​နေ​တယ်​လို့ ကျွန်​တော်  ကြား​တယ်။  ဖခင်​ရဲ့​ဇနီး​နဲ့ ပေါင်း​သင်း​နေ​ထိုင်​တဲ့+  အဲ​ဒီ​လုပ်​ရပ်​မျိုး​ဟာ လူ​မျိုး​ခြား​တွေ​ ထဲ​မှာ​တောင် မရှိ​ဘူး။ ၂  ဒါကို ဂုဏ်​ယူ​နေ​ကြ​တာ​လား။  တကယ်​ဆို  ဝမ်း​နည်း​ရ​မှာ​ မဟုတ်​လား။+ အဲ​ဒီ​လုပ်​ရပ် ကျူး​လွန်​တဲ့​သူ​ကို ခင်​ဗျား​တို့​ထဲ​က​နေ ဖယ်​ရှား​ရ​မှာ  မဟုတ်​လား။+ ၃  ကျွန်​တော်​က လူ​ကိုယ်​တိုင် ခင်​ဗျား​တို့​ဆီ မရောက်​နိုင်​ပေမဲ့ စိတ်​က​တော့ ရောက်​ပါ​တယ်။ ဒါ​ကြောင့် ခင်​ဗျား​တို့​နဲ့​အတူ ကိုယ်​တိုင်​ရှိ​နေ​တဲ့​အလား အဲ​ဒီ​လူ​ကို ကျွန်​တော် စီ​ရင်​ဆုံး​ဖြတ်​လိုက်​ပြီ။ ၄  သခင်​ယေရှု​ရဲ့​နာ​မည်​နဲ့ ခင်​ဗျား​တို့ စု​ဝေး​ကြ​တဲ့​အခါ ကျွန်​တော့်​စိတ်​က​လည်း သခင်​ယေရှု​ရဲ့ တန်​ခိုး​တော်​နဲ့​အတူ ခင်​ဗျား​တို့​ဆီ​မှာ ရှိ​နေ​ပါ​တယ်။ ၅  သူ့​ကို စာ​တန့်​လက်​ထဲ အပ်​လိုက်​ပါ။+ ဒါ​မှ အပြစ်​လုပ်​ချင်​တဲ့ သဘော​ထား ပျက်​စီး​သွား​ပြီး သခင်​ရဲ့​နေ့​အတွင်း​မှာ အသင်း​တော်ရဲ့ စိတ်​ဓာတ်​ကို ထိန်း​ထား​နိုင်​မယ်။+ ၆  အခု​လို​ဂုဏ်​ယူ​နေ​တာ လုံး​ဝ မဖြစ်​သင့်​ဘူး။ တ​ဆေး​အနည်း​ငယ်​ဟာ မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​မှန်း မသိ​ကြ​ဘူး​လား။+ ၇  တ​ဆေး​အဟောင်း​ကို ဖယ်​ရှား​လိုက်​ပါ။ ဒါ​မှ ခင်ဗျား​တို့​ဟာ တ​ဆေး​မပါ​တဲ့ မုန့်​ညက်​အသစ်​လို ဖြစ်​ကြ​လိမ့်​မယ်။ ပသခါ​သိုး​သငယ်​ဖြစ်​တဲ့+ ခ​ရစ်​တော်​ဟာ ပူဇော်​သက္ကာ​အဖြစ် အသေခံ​ပြီး​ပြီ။+ ၈  ဒါ​ကြောင့်  ဆိုး​ညစ်​မိုက်​မဲ​မှု​တ​ဆေး၊ ဟောင်း​တဲ့​တ​ဆေး​ကို မသုံး​ဘဲ ဖြူ​စင်​ခြင်း​နဲ့​ အမှန်​တ​ရား​ဆို​တဲ့ တ​ဆေး​မဲ့​မုန့်​ကိုသုံး​ပြီး ပွဲ​တော်​​ ကျင်း​ပကြ​စို့။+ ၉  လိင်​အကျင့်​ယို​ယွင်း​သူ​တွေ​နဲ့* ဆက်​မပေါင်း​ဖော်​ဖို့  ခင်​ဗျား​တို့​ကို ကျွန်​တော် စာ​ရေးခဲ့​တယ်။ ၁၀  ဒီ​လော​က​မှာ​ရှိ​တဲ့+ လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊*  လော​ဘ​ကြီး​သူ​တွေ၊   လု​ယက်​သူ​တွေ၊ ရုပ်​တု​ကိုး​ကွယ်​သူ​တွေ​နဲ့ လုံး​ဝ မပေါင်း​ဖော်ရ​ဘူး​လို့ ပြော​နေ​တာ မဟုတ်​ဘူး။ အဲ​ဒီ​လို​သာ​ဆို​ရင် ဒီ​လော​က​ထဲ​က​နေ ခင်​ဗျား​တို့ တ​ကယ်​ပဲ ထွက်​သွား​ကြ​ရ​လိမ့်​မယ်။+ ၁၁  ဒါ​ပေမဲ့ ညီ​အစ်​ကို​လို့​ပြော​ပြီး လိင်​အကျင့်​ယို​ယွင်း​သူ၊*  လော​ဘ​ကြီး​သူ၊+  ရုပ်​တု​ကိုး​ကွယ်​သူ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ၊ သောက်​ကြူး​သူ၊+ လု​ယက်​သူ+ ဖြစ်​နေ​ရင်​တော့ သူ​နဲ့ ပေါင်း​ဖော်​ဖို့ မပြော​နဲ့+ အတူ​စား​သောက်​တာ​တောင် မလုပ်​ကြ​ဖို့ ကျွန်​တော် ရေး​လိုက်​တယ်။ ၁၂  အသင်း​တော်​ပြင်​ပက လူ​တွေ​ကို စီ​ရင်​ဆုံး​ဖြတ်​တာ ကျွန်​တော်​နဲ့ မဆိုင်​ဘူး။ အသင်း​တော်​ထဲ​က လူ​တွေ​ကို​တော့ ခင်​ဗျား​တို့ စီ​ရင်​ဆုံး​ဖြတ်​ရ​မှာ​ပဲ။ ၁၃  အသင်း​တော်​ပြင်​ပက လူ​တွေ​ကို ဘု​ရား​သခင် စီရင်​လိမ့်​မယ်။+ “ဆိုး​ညစ်​တဲ့ အဲ​ဒီ​လူ​ကို အသင်း​တော်​ထဲ​က​နေ ဖယ်​ရှား​လိုက်​ပါ။”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။