၁ ကောရိန္သု ၁၀:၁-၃၃

  • အစ္စရေး​သမိုင်း​မှ သတိ​ပေး​န​မူ​နာ​များ (၁-၁၃)

  • ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို တား​မြစ် (၁၄-၂၂)

    • ယေဟောဝါ​ရဲ့​စား​ပွဲ၊ နတ်​ဆိုး​ရဲ့​စား​ပွဲ (၂၁)

  • လွတ်​လပ်​ခွင့်၊ သူ​တစ်​ပါး​ကို ထည့်​တွက်​စဉ်း​စား​ခြင်း (၂၃-၃၃)

    • “ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို​ထောက်​ပြီး​ အရာရာကို​ လုပ်​ဆောင်​ကြပါ” (၃၁)

၁၀  ညီအစ်​ကို​တို့၊ ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ မိုး​တိမ်​အောက်​မှာ+  လျှောက်​ခဲ့​မှန်း၊  ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​မှန်း+ ခင်​ဗျား​တို့​ကို အမှတ်​ရ​စေ​ချင်တယ်။ ၂  သူ​တို့​အား​လုံး​ဟာ မိုး​တိမ်​အောက် ပင်​လယ်​ကို​ဖြတ်​ကူး​ချိန်​မှာ မော​ရှေ​ရဲ့ နောက်​လိုက်​တွေ​အဖြစ် နှစ်​ခြင်း​ခံ​ကြ​တယ်။ ၃  သူ​တို့​အား​လုံး ဘုရား​သခင်​ပေး​တဲ့ အစာ​တစ်​မျိုး​တည်း​ကို စား​ခဲ့​တယ်။+ ၄  ဘု​ရား​သခင်​ပေး​တဲ့ ရေ​တစ်​မျိုး​တည်း​ကို သောက်​ခဲ့​တယ်။+ သူ​တို့​အနီး​မှာ​ရှိ​တဲ့ ကျောက်​ဆောင်​က​နေ ထွက်​တဲ့​ရေ​ကို သောက်​ကြ​တယ်။ အဲ​ဒီ ဘု​ရား​ပေး​တဲ့​ကျောက်​ဆောင်​ဟာ  ခ​ရစ်​တော်​ကို  ဆို​လို​တယ်။+ ၅  ဒါ​ပေမဲ့  သူ​တို့​ထဲ​က​အ​များ​စု​ကို  ဘုရား​သခင်​ မနှစ်​သက်​တဲ့​အတွက်​ တော​ကန္တာရ​မှာ သူ​တို့သေဆုံး​ခဲ့ရ​တယ်။+ ၆  ဒါ​တွေ​အား​လုံး​ဟာ ကျွန်​တော်​တို့​အတွက် ပုံ​န​မူ​နာ​ပဲ။ အကျိုး​ပျက်​စေ​တဲ့​အရာတွေ​ကို သူ​တို့ တပ်​မက်​သလို ကျွန်​တော်​တို့ မတပ်​မက်​စေ​ဖို့​ပဲ။+ ၇  ရုပ်​တု မကိုး​ကွယ်​ကြ​ပါ​နဲ့။ သူ​တို့​ထဲ​က​တ​ချို့​ဟာ ရုပ်​တု​ကိုး​ကွယ်​ခဲ့​ကြ​တယ်။ သူ​တို့​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​ထဲ​မှာ “လူ​တွေ စား​သောက်​ပြီး မြူး​ထူး​ပျော်​ပါး​ကြ​တယ်”+ လို့ရေး​ထား​တယ်။ ၈  လိင်​အကျင့်​ ယို​ယွင်း​တာ​ကို* ရှောင်​ကြ​စို့။ သူ​တို့​ထဲ​က​ တ​ချို့  လိင်​အကျင့်​ယို​ယွင်း* တဲ့​အတွက် တစ်​နေ့​တည်း​မှာ လူ ၂၃,၀၀၀ သေဆုံး​ခဲ့ရ​တယ်။+ ၉  ယေဟောဝါ​ကို* အကဲ​မစမ်း​ဘဲ နေ​ကြ​စို့။+ သူ​တို့​ထဲက​တ​ချို့ ဘု​ရား​ကို အကဲ​စမ်း​တဲ့​အ​တွက်  မြွေကိုက်​ခံ​ရ​ပြီး  သေဆုံး​ခဲ့​တယ်။+ ၁၀  ပြစ်​တင်​ညည်း​ညူ​တာ​ကို​လည်း ရှောင်​ကြ​စို့။ သူ​တို့​ထဲ​က​တ​ချို့ ပြစ်​တင်​ညည်း​ညူ​တဲ့​အတွက်+ ဖျက်​ဆီး​သူ​ရဲ့​လက်​ချက်​နဲ့ သေဆုံး​ခဲ့ရ​တယ်။+ ၁၁  သူ​တို့​ကြုံ​ခဲ့ရ​တဲ့​အရာတွေ​ဟာ ကျွန်တော်​တို့​အတွက် ပုံ​န​မူ​နာ​တွေ​ပဲ။ လောက​စ​နစ်​တွေ* အဆုံး​မှာ အသက်​ရှင်​တဲ့​ ကျွန်​တော်​တို့​အတွက် သတိ​ပေး​ချက်​အဖြစ်+ ကျမ်း​စာ​မှာ ရေး​ထား​တာ။ ၁၂  ဒါ​ကြောင့်  ကိုယ့်​ကိုယ်​ကိုယ် တည်​ကြည်​တယ်​လို့ ထင်​နေ​ရင် မလဲ​သွား​အောင် သတိ​ထား​ပါ။+ ၁၃  လူ​တွေ​ကြုံ​ရ​တတ်​တဲ့ သွေး​ဆောင်​ခြင်း​ကို​ပဲ ခင်​ဗျား​တို့​ခံ​ရ​တာ။+ ဘု​ရား​သခင်​ဟာ သစ္စာ​ရှိ​တဲ့​အတွက် ခင်​ဗျား​တို့ မခံ​နိုင်​လောက်​တဲ့ သွေး​ဆောင်​ခြင်း​ကို ခွင့်​ပြု​မှာ မဟုတ်​ဘူး။+ ဒါ့​အပြင် သွေး​ဆောင်​ခံ​ရ​တဲ့​အခါ ခံ​ရပ်​နိုင်​ဖို့ လွတ်​မြောက်​ရာ​လမ်း​ကို ပြင်​ဆင်​ပေး​လိမ့်​မယ်။+ ၁၄  ဒါ​ကြောင့် ချစ်​ရ​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို  ဝေး​ဝေး​ရှောင်​ကြ​ပါ။+ ၁၅  ခင်​ဗျား​တို့​ဟာ  ပိုင်း​ခြား​သိ​မြင်​တတ်​သူ​တွေ​ပဲ။ ကျွန်​တော်​ပြော​တာ မှန်​မမှန်  ကိုယ်​တိုင်​ဆန်း​စစ်​ကြ​ပါ။ ၁၆  ကျေး​ဇူး​တော်​ခွက်​အတွက်  ဆု​တောင်း​တာ​ဟာ ခ​ရစ်​တော်ရဲ့​အသွေး​ကြောင့်+ အကျိုး​ခံ​စား​တာ​ကို ဆို​လို​တာ မဟုတ်​လား။ မုန့်​ကို​ဖဲ့​တာ​ဟာ ခရစ်​တော်ရဲ့ ကိုယ်​ခ​န္ဓာ​ကြောင့်+  အကျိုး​ခံ​စား​တာ​ကို ဆို​လို​တာ မဟုတ်​လား။ ၁၇  မုန့်​တစ်​လုံး​တည်း ရှိ​တယ်။ ကျွန်​တော်​တို့​အား​လုံး အဲ​ဒီ​မုန့်​တစ်​လုံး​တည်း​ကို စား​သုံး​တဲ့​အတွက် လူ​အများ​ဖြစ်​ပေမဲ့ ကိုယ်​ခ​န္ဓာ​ဟာ တစ်​ခု​တည်း​ပဲ။+ ၁၈  အစ္စရေး​လူ​မျိုး​အကြောင်း ပြန်​ဆင်​ခြင်​ကြည့်​ကြ​ပါ။ ပူ​ဇော်ရာ​ပလ္လင်​မှာ ဆက်​သထား​တာ​တွေ​ကို စား​သုံး​တာ​ဟာ ဘု​ရား​သခင်​နဲ့​အတူ စား​သုံး​တဲ့​သဘော မဟုတ်​လား။+ ၁၉  ကျွန်​တော်  အဲ​ဒီ​လို​ပြော​လိုက်​တဲ့​အတွက် ရုပ်တု​နဲ့  ရုပ်​တု​ရှေ့  ပူ​ဇော်​ထား​တဲ့​အရာက  အရေး​ကြီး​တဲ့​သဘော​လား။ ၂၀  မဟုတ်​ပါ​ဘူး။ လူ​မျိုး​ခြား​တွေ ယဇ်​ပူ​ဇော်​တာ​ဟာ ဘု​ရား​သခင်​ဆီ ပူ​ဇော်​နေ​ကြ​တာ မဟုတ်​ဘူး။ နတ်​ဆိုး​တွေ​ဆီ ပူ​ဇော်​နေ​တာ။+ ခင်​ဗျား​တို့​ကို နတ်​ဆိုး​နဲ့ ပတ်​သက်​သူ​တွေ မဖြစ်​စေ​ချင်​ဘူး။+ ၂၁  ယေဟောဝါ​ရဲ့* ခွက်​နဲ့ နတ်​ဆိုး​တွေရဲ့​ခွက် နှစ်​ခု​စ​လုံး​ကို သောက်​လို့​မရ​ဘူး။ “ယေဟောဝါ​ရဲ့* စား​ပွဲ”+ နဲ့ နတ်​ဆိုး​တွေရဲ့​စား​ပွဲ နှစ်​ခု​စ​လုံး​မှာ သုံး​ဆောင်​လို့​မရ​ဘူး။ ၂၂  ဒါ​မှ​မဟုတ် ‘ယေဟောဝါ​ရဲ့* ဝန်​တို​စိတ်​ကို ကျွန်​တော်​တို့ ဆွ​နေ​တာ​များ​လား။’+  ကျွန်​တော်​တို့​ဟာ ဘုရား​ထက် ခွန်​အား​ကြီး​လို့​လား။ ၂၃  အရာ​အား​လုံး​ကို လုပ်​လို့ရ​တာ မှန်​ပေမဲ့ အရာ​အား​လုံး အကျိုး​ရှိ​တာ မဟုတ်​ဘူး။ အရာ​အား​လုံး​ကို လုပ်​လို့ရ​တာ မှန်​ပေမဲ့ အရာ​အား​လုံး အား​ပေး​မှုဖြစ်​စေ​တာ မဟုတ်​ဘူး။+ ၂၄  လူ​တိုင်း ကိုယ့်​အကျိုး​ကို မရှာ​ဘဲ သူ​တစ်​ပါး​အကျိုး​ကို ရှာ​ကြ​ပါ။+ ၂၅  ကိုယ့်​ရဲ့  အမှား​အမှန်​သိ​စိတ်​ကိုထောက်​ပြီး အသား​ဈေး​မှာ ရောင်း​သမျှကို  မမေး​မြန်း​ဘဲ စား​ကြ​ပါ။ ၂၆  ဘာ​လို့​လဲ​ဆို​တော့ “ယေဟောဝါ​ဟာ*  ကမ္ဘာ​မြေနဲ့  ကမ္ဘာ​မြေပေါ်​ရှိ​သမျှ​ကို  ပိုင်​တယ်။”+ ၂၇  မယုံ​ကြည်​သူ ခေါ်​ ဖိတ်​လို့ ခင်​ဗျား​တို့ သွား​စား​ချင်​တယ်​ဆိုရင် ကိုယ့်​ရဲ့ အမှား​အမှန်​သိ​စိတ်​ကို  ထောက်​ပြီး တည်​ခင်း​ကျွေး​မွေး​သမျှကို  မမေး​မြန်း​ဘဲ  စား​ကြ​ပါ။ ၂၈  တစ်​ယောက်​ယောက်​က “ဒါ ရုပ်​တု​ရှေ့ ပူ​ဇော်​ထား​တာ” လို့​ပြော​ရင် အမှား​အမှန်​သိ​စိတ်​ကို ထောက်​ပြီး မစား​ပါ​နဲ့။+ ၂၉  ကိုယ့်​ရဲ့ အမှား​အမှန်​သိ​စိတ်​ကို မဟုတ်​ဘဲ သူ​တစ်​ပါး​ရဲ့  အမှား​အမှန်​သိ​စိတ်​ကို ထောက်​ဖို့ ပြော​နေ​တာ​ပါ။ ကျွန်​တော့်​မှာ လွတ်​လပ်​ခွင့်​ရှိ​တာ မှန်​ပေမဲ့ အမှား​အမှန်​သိ​စိတ် အား​နည်း​သူ ပြစ်​တင်​ဝေ​ဖန်​တဲ့​အဖြစ်​မျိုး  မရောက်​ချင်​ဘူး။+ ၃၀  ကျွန်​တော်​က ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး သုံး​ဆောင်​ခဲ့​မယ်​ဆို​ရင်​တောင် သူ​တစ်​ပါး ပြစ်​တင်​ဝေ​ဖန်​စ​ရာ ဖြစ်​သွား​မယ်​ဆို​ရင်  အဲ​ဒီ​လို​လုပ်​တာ   ကောင်း​ပါ့​မလား။+ ၃၁  ဒါ​ကြောင့်  စား​တာ​ဖြစ်​ဖြစ်၊ သောက်​တာ​ဖြစ်​ဖြစ်၊  ဘာ​ကိစ္စ​ပဲ​ဖြစ်​ဖြစ်  ဘု​ရား​သခင်​ရဲ့   ဘုန်း​တော်​ကို​ထောက်​ပြီး အရာရာ​ကို   လုပ်​ဆောင်​ကြ​ပါ။+ ၃၂  ဂျူး​နဲ့ ဂရိ​လူ​မျိုး​တွေ​ကို​ရော ဘု​ရား​သခင်​ရဲ့ အသင်း​တော်​ကို​ပါ တိုက်​မိ​လဲ​စ​ရာ မဖြစ်​ပါ​စေ​နဲ့။+ ၃၃  ကျွန်​တော်​လည်း  လူ​တွေ   ကယ်​တင်​ခြင်း​ရ​ဖို့+ ကိုယ့်​အကျိုး​ကို​မရှာ​ဘဲ+ လူ​အား​လုံး​ရဲ့​အကျိုး​အတွက် အရာရာ​မှာ လူ​တွေ​နှစ်​သက်​အောင် လုပ်​ဆောင်​ပါ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။