ဧဇရ ၉:၁-၁၅

  • လူမျိုး​ခြား​တွေ​နဲ့ အစ္စရေးတွေ ထိမ်း​မြား​ပေး​စား (၁-၄)

  • ဧ​ဇ​ရရဲ့ ဝန်​ချ​ဆုတောင်း​ချက် (၅-၁၅)

 အဲဒါ​တွေ​ဖြစ်​ပြီး​သွား​တဲ့​အခါ ခေါင်း​ဆောင်​တွေ​က ကျွန်​တော့်​ဆီ လာ​ပြီး “အစ္စရေး​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​က ခါ​နန်၊ ဟိတ္တိ၊ ဖေရ​ဇိ၊ ယေ​ဗု​သိ၊ အမ္မုန်၊ မောဘ၊ အီဂျစ်၊+ အာမောရိ​စ​တဲ့+ ပတ်​ဝန်း​ကျင်​လူမျိုး​တွေ​နဲ့ ကင်း​ကင်း​ရှင်း​ရှင်း မနေ​ကြ​ဘူး။ သူတို့​ရဲ့ ရွံ​မုန်း​စ​ရာ အကျင့်​ဓလေ့​တွေ​ကို​လည်း လိုက်​လုပ်​နေ​ကြ​တယ်။+ ၂  သူတို့​ရဲ့​သမီး​တွေ​ကို လက်​ထပ်​ယူ​တယ်။ ကိုယ့်​သား​တွေ​နဲ့​လည်း ပေး​စား​တယ်။+ သန့်​ရှင်း​တဲ့​မျိုး​နွယ်+ အစ္စရေး​တွေ​က ပတ်​ဝန်း​ကျင် လူမျိုး​တွေ​နဲ့ ရော​နှော​နေ​ကြ​ပြီ။+ ဒီ​သစ္စာ​မဲ့​တဲ့​လုပ်​ရပ်​ကို ကျူး​လွန်​သူ​တွေ​ထဲ​မှာ ခေါင်း​ဆောင်​တွေ၊ အုပ်​ချုပ်​ရေး​မှူး​တွေ အဆိုး​ဆုံး​ပါ​ပဲ” လို့​ပြော​ကြ​တယ်။ ၃  ဒီ​သတင်း​ကို​ကြား​တာ​နဲ့  ကျွန်​တော် အဝတ်​တွေ​ကို ဆွဲ​ဆုတ်​ပြီး ဆံ​ပင်​နဲ့ မုတ်​ဆိတ်​တ​ချို့​ကို ဆွဲ​နုတ်​ပစ်​တယ်။ အဲဒီ​နောက် အံ့​သြတုန်​လှုပ်​ပြီး ထိုင်​ချ​လိုက်​တယ်။ ၄  ည​နေ​ပိုင်း​ကောက်​နှံ​အလှူ ပူ​ဇော်​ချိန်​အထိ+ အံ့​သြတုန်​လှုပ်​ပြီး ထိုင်​နေ​တုန်း​မှာ ပြည်​နှင်​ခံ​တွေ​ရဲ့ သစ္စာ​မဲ့​မှု​နဲ့​ပတ်​သက်​ပြီး အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​ပြော​တဲ့ စကား​တွေ​ကို လေး​စား​သူ​တိုင်း ကျွန်​တော့်​အနား ရောက်​လာ​ကြ​တယ်။ ၅  ည​နေ​ပိုင်း​ကောက်​နှံ​အလှူ ပူဇော်​ချိန်​မှာ+ ကျွန်​တော်​က စုတ်​ပြဲနေ​တဲ့​အဝတ်​တွေ​နဲ့ ကိုယ်​ကို​နှိမ့်​ချ​ပြီး ထိုင်​နေ​ရာ​က​နေ ထ​လိုက်​တယ်။ ဒူး​ထောက်​ပြီး​နောက် ယေဟောဝါ​ဘုရား​ရှေ့​မှာ လက်​ကို​ဖြန့်​ပြီး၊ ၆  ဆုတောင်း​လိုက်​တာ​က “အို ဘုရား​သခင်၊ ကျွန်​တော်​ရှက်​လွန်း​လို့ ကိုယ်​တော့်​ကို မျက်​နှာ​မပြရဲ​ပါ​ဘူး။ ဘုရား​သခင်၊ ကျွန်​တော်​တို့​ရဲ့ အမှား​တွေ ခေါင်း​ကို​လွှမ်း​မိုး​တဲ့​အထိ များ​နေ​ပြီ။ ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ ကောင်း​ကင်​အထိ​တောင် ရောက်​နေ​ပြီ။+ ၇  ဘိုး​ဘေး​တွေ လက်​ထက်​က​စ​ပြီး ဒီ​နေ့​အထိ အပြစ်​တွေ​အများ​ကြီး  ကျူး​လွန်​ခဲ့​ပါ​ပြီ။+  ကျွန်​တော်​တို့​ရဲ့  အမှား​တွေ​ကြောင့်  အခု​လို​မျိုး ကိုယ်​တိုင်​ရော၊ ဘုရင်​တွေ​နဲ့ ပု​ရော​ဟိတ်​တွေ​ပါ တိုင်း​တစ်ပါး​ဘုရင်​တွေ​လက်​ထဲ ကျ​ရောက်​ခဲ့​ရ​တယ်။ ဓား​ဘေး​ကြောင့် သေခဲ့​ရ​တယ်။+ သုံ့​ပန်း​ဘဝ​ရောက်​ခဲ့​ရ​တယ်။+ လု​ယက်​ခံ​ရ​ပြီး+ အရှက်​တ​ကွဲ  ဖြစ်​ခဲ့​ရ​ပါ​တယ်။+ ၈  ဒါပေမဲ့​ ယေဟောဝါ​ဘုရား​က ကျွန်​တော်​တို့​ရဲ့​မျက်​လုံး တောက်​ပလာ​အောင်၊ ကျွန်​ခံ​နေ​ရ​ချိန်​မှာ နည်း​နည်း​လေး​ပဲ​ဖြစ်​ဖြစ် အား​သစ်​လန်း​ဆန်း​လာ​အောင် အကြွင်း​အကျန်​တစ်​စု​ကို လွတ်​မြောက်​စေ​ပြီး သန့်​ရှင်း​ရာ​အရပ်​မှာ ခိုင်​မြဲတဲ့​နေ​ရာ​ကို ပေး​ခဲ့​ပြီ။+ ဘုရား​သခင်၊ ဒီ​အခိုက်​အတန့်​လေး​မှာ ကရု​ဏာ​တော်​ကို ကျွန်​တော်​တို့   ခံစား​နေ​ရ​ပြီ။ ၉  ကျွန်​ဘဝ​ရောက်​နေ​တဲ့+ ကျွန်​တော်​တို့​ကို ဘုရား​သခင် ပစ်​မထား​ဘူး။ ကျွန်​တော်​တို့​ကို အား​သစ်​လန်း​စေ​ဖို့၊ ဘုရား​သခင့်​အိမ်​တော်​ကို ပြန်​တည်​ဆောက်​ဖို့၊+ အပျက်​အယွင်း​တွေ​ကို ပြန်​ပြု​ပြင်​ဖို့၊ ကျောက်​တံတိုင်း​နောက်​မှာ နေ​ရ​သလို​မျိုး ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​မှာ နေ​ရ​ဖို့ ကျွန်​တော်​တို့​ကို ခိုင်​မြဲတဲ့​မေတ္တာ​ပြပြီး ပါးရှား​ဘုရင်​တွေ​ရှေ့​မှာ  မျက်​နှာ​သာ​ရ​စေ​ပါပြီ။+ ၁၀  “အို ဘုရား​သခင်၊ ဒါ​တွေ​ဖြစ်​ပြီး​ပြီဆို​တော့ အခု ကျွန်​တော်​တို့ ဘာ​များ​ပြော​နိုင်​မှာ​လဲ။ ပညတ်​ချက်​တွေ​ကို ကျွန်​တော်​တို့ မလိုက်​နာ​ခဲ့​ကြ​ဘူး။ ၁၁  ကိုယ်​တော်​က ကျွန်​ဖြစ်​သူ ပရော​ဖက်​တွေ​က​တစ်ဆင့် ‘မင်း​တို့ သိမ်း​ပိုက်​မယ့်​ပြည်​ဟာ ညစ်​ညူး​တဲ့​ပြည်​ပဲ။ အဲဒီ​ပြည်​သား​တွေ​ဟာ ညစ်​ညမ်း​တယ်။ တစ်​ပြည်​လုံး​မှာ​လည်း မသန့်​ရှင်း​တဲ့ အကျင့်​တွေ၊ ရွံ​မုန်း​စ​ရာ အကျင့်​ဓလေ့​တွေ ပြည့်​နေ​တယ်။+ ၁၂  ဒါ​ကြောင့် ကိုယ့်​သမီး​တွေ​ကို သူတို့​သား​တွေ​နဲ့ မပေး​စား​နဲ့။ သူတို့​သမီး​တွေ​ကို​လည်း ကိုယ့်​သား​တွေ​နဲ့ မပေး​စား​နဲ့။+ သူတို့ အေး​အေး​ချမ်း​ချမ်း နေ​နိုင်​အောင်၊ ကြီး​ပွား​တိုး​တက်​အောင် ဘယ်​တော့​မှ မလုပ်​ပေး​ရ​ဘူး။+ ဒါ​ဆို​ရင် မင်း​တို့ အင်အား​ကြီး​လာ​ပြီး ပြည်​ထွက်​သီး​နှံ​တွေ​ကို စား​သုံး​နိုင်​မယ်၊ အဲဒီ​ပြည်​ကို မင်း​တို့​သား​မြေး​တွေ ထာ​ဝ​စဉ်​ပိုင်​ဆိုင်​နိုင်​မယ်’ ဆို​ပြီး ပြော​ခဲ့​ပါ​တယ်။ ၁၃  ဘုရား​သခင်၊ ကိုယ်​တော်​က ကျွန်​တော်​တို့​ရဲ့ အမှား​တွေ​နဲ့​အညီ ထိုက်​သင့်​တဲ့​အပြစ်​ဒဏ်​ကို မပေး​ဘဲ+ ဒီ​မှာ​ရှိ​နေ​တဲ့ ကျွန်​တော်​တို့​ကို လွတ်​မြောက်​ခွင့်​ပေး​ခဲ့​တယ်။+ ကျွန်​တော်​တို့​ရဲ့ အကျင့်​ဆိုး​တွေ၊ ကြီး​လေး​တဲ့​အပြစ်​တွေ​ကြောင့် ဒါ​တွေ​ကို ကြုံ​ခဲ့​ရ​တာ​တောင်၊ ၁၄  ကိုယ်​တော့်​ပညတ်​ချက်​တွေ​ကို ထပ်​ချိုး​ဖောက်​ပြီး ရွံ​မုန်း​စ​ရာ​အကျင့်​တွေ ကျင့်​တဲ့ ဒီ​လူမျိုး​တွေ​နဲ့ ထိမ်း​မြား​ပေး​စား​နေ​မယ်​ဆို​ရင်+ ကိုယ်​တော် အမျက်​ထွက်​ပြီး ကျွန်​တော်​တို့​ကို တစ်​ယောက်​မကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မှာ မဟုတ်​လား။ ၁၅  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ကိုယ်​တော်​ဟာ ဖြောင့်​မတ်​တဲ့​အရှင်​ပါ။+ အခု၊ ကျွန်​တော်​တို့​ဟာ လွတ်​မြောက်​ကျန်​ရစ်​တဲ့ လူ​နည်း​စု​လေး​ပါ။ အပြစ်​များ​လှ​တဲ့ ကျွန်​တော်​တို့​ဟာ ကိုယ်​တော့်​ရှေ့ ရောက်​နေ​ပါ​တယ်။ အဲဒီ​အပြစ်​တွေ​ကြောင့် ရှေ့​တော်​မှာ အပြစ်​ကင်း​တဲ့​ပုံ​စံ​မျိုး​နဲ့ ရပ်​တည်​ဖို့​ဆို​တာ မဖြစ်​နိုင်​ပါ​ဘူး။”+

အောက်ခြေမှတ်ချက်များ