ဧဇရ ၈:၁-၃၆
၈ အာတဇေရဇ်မင်း လက်ထက်မှာ ဗာဗုလုန်မြို့ကနေ ကျွန်တော်နဲ့အတူ ပြန်လာတဲ့ ဆွေမျိုးစုခေါင်းဆောင်တွေရဲ့ ဆွေစဉ်မျိုးဆက်စာရင်း–+
၂ ဖိနဟတ်ရဲ့+ သားမြေးတွေထဲမှာ ဂေရရှုံ၊ ဧသမာရဲ့+ သားမြေးတွေထဲမှာ ဒံယေလ၊ ဒါဝိဒ်ရဲ့ သားမြေးတွေထဲမှာ ဟတ္တုတ်၊
၃ ရှေခနိရဲ့ သားမြေးတွေနဲ့ ပါရုတ်ရဲ့ သားမြေးတွေထဲမှာ ဇာခရိ၊ သူနဲ့အတူ စာရင်းဝင်သူ ယောက်ျားပေါင်း ၁၅၀၊
၄ ပါဟတ်မောဘရဲ့ သားမြေးတွေထဲမှာ+ ဇေရဟိရဲ့သား ဧလျောနဲ၊ သူနဲ့အတူ ယောက်ျား အယောက် ၂၀၀၊
၅ ဇတ်တုရဲ့သားမြေးတွေထဲမှာ+ ယဟာဇေလရဲ့သား ရှေခနိ၊ သူနဲ့အတူ ယောက်ျား ၃၀၀၊
၆ အာဒိန်ရဲ့ သားမြေးတွေထဲမှာ+ ယောနသန်ရဲ့သား ဧဗက်၊ သူနဲ့အတူ ယောက်ျား ၅၀၊
၇ ဧလံရဲ့ သားမြေးတွေထဲမှာ+ အာသလိရဲ့သား ယေရှာယ၊ သူနဲ့အတူ ယောက်ျား ၇၀၊
၈ ရှေဖတိရဲ့ သားမြေးတွေထဲမှာ+ မိက္ခေလရဲ့သား ဇေဗဒိ၊ သူနဲ့အတူ ယောက်ျား ၈၀၊
၉ ယွာဘရဲ့သားမြေးတွေထဲမှာ ယေဟေလရဲ့သား သြဗဒိ၊ သူနဲ့အတူ ယောက်ျား ၂၁၈ ယောက်၊
၁၀ ဗာနိရဲ့ သားမြေးတွေထဲမှာ ယောသိဖိရဲ့သား ရှေလောမိတ်၊ သူနဲ့အတူ ယောက်ျား ၁၆၀၊
၁၁ ဗေဗဲရဲ့ သားမြေးတွေထဲမှာ+ ဗေဗဲရဲ့သား ဇာခရိ၊ သူနဲ့အတူ ယောက်ျား ၂၈ ယောက်၊
၁၂ အာဇဂဒ်ရဲ့ သားမြေးတွေထဲမှာ+ ဟက်ကတန်ရဲ့သား ယောဟနန်၊ သူနဲ့အတူ ယောက်ျား ၁၁၀၊
၁၃ အဒေါနိကံရဲ့ သားမြေးတွေထဲမှာ+ နောက်ဆုံးမှရောက်လာသူတွေဖြစ်တဲ့ ဧလိဖလက်၊ ယေယေလ၊ ရှေမာယ၊ သူတို့နဲ့အတူ ယောက်ျား ၆၀၊
၁၄ ဗိဂဝဲရဲ့ သားမြေးတွေမှာ+ ဥသဲ၊ ဇာဗု၊ သူတို့နဲ့အတူ ယောက်ျား ၇၀ တို့ဖြစ်တယ်။
၁၅ ကျွန်တော်က သူတို့ကို အဟာဝအရပ်ဘက် စီးဆင်းတဲ့ မြစ်နားမှာ+ စုရုံးလိုက်ပြီး အဲဒီမှာ သုံးရက် စခန်းချတယ်။ အဲဒီလူတွေနဲ့ ပုရောဟိတ်တွေထဲမှာ ရှာကြည့်တဲ့အခါ လေဝိအမျိုးသား တစ်ယောက်မှ မတွေ့ဘူး။
၁၆ ဒါနဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဧလျာဇာ၊ အေရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ သွန်သင်သူတွေဖြစ်တဲ့ ယောယရိပ်၊ ဧလနာသန်တို့ကို ခေါ်လိုက်တယ်။
၁၇ အဲဒီနောက် သူတို့ကို ကသိဖိအရပ်မှာရှိတဲ့ ခေါင်းဆောင်အိဒေါဆီ လွှတ်လိုက်တယ်။ အိဒေါနဲ့ သူ့ညီအစ်ကို ဗိမာန်တော်ကျွန်တွေ* ကိုပြောဖို့၊ ဘုရားသခင့်အိမ်တော်မှာ အမှုဆောင်မယ့်သူတွေ ခေါ်လာဖို့ သူတို့ကိုမှာတယ်။
၁၈ ကျွန်တော်တို့ကို ဘုရားသခင် ထောက်မပေးနေတဲ့အတွက် အစ္စရေးရဲ့သား၊ လေဝိရဲ့မြေး၊ မဟာလိရဲ့ သားမြေးတွေထဲက+ သတိပညာရှိသူ ရှေရဘိ၊+ သူ့သားတွေနဲ့ ညီအစ်ကို ၁၈ ယောက်ကို ခေါ်လာကြတယ်။
၁၉ ဟာရှဘိ၊ သူနဲ့အတူ မေရာရိအမျိုးသားတွေထဲက+ ယေရှာယ၊ သူ့ညီအစ်ကိုတွေနဲ့ သူတို့ရဲ့သားတွေ အယောက် ၂၀ လည်း ပါတယ်။
၂၀ လေဝိအမျိုးသားတွေရဲ့ လုပ်ငန်းကို ကူညီဖို့ ဒါဝိဒ်နဲ့ မှူးမတ်တွေပေးအပ်ခဲ့တဲ့ ဗိမာန်တော်ကျွန်တွေ* ထဲက ၂၂၀ လည်း ပါတယ်။ သူတို့အားလုံးဟာ နာမည်နဲ့တကွ ရွေးချယ်ခံရသူတွေပဲ။
၂၁ အဲဒီနောက် ကျွန်တော်က အဟာဝမြစ်နားမှာ အစာရှောင်ဖို့ ကြေညာတယ်။ ဘုရားသခင်ရှေ့မှာ ကိုယ်ကိုနှိမ့်ချဖို့၊ လမ်းခရီးမှာ ကျွန်တော်တို့နဲ့ သားသမီးတွေ၊ ပစ္စည်းဥစ္စာတွေကို စောင့်ရှောက်ပေးပါလို့ အသနားခံဖို့ ဖြစ်တယ်။
၂၂ “ဘုရားသခင်ရဲ့ လက်တော်ဟာ ကိုယ်တော့်ကို ရှာဖွေသူတွေနဲ့အတူ ရှိတယ်။+ ကိုယ်တော့်ကို စွန့်တဲ့သူတွေကိုတော့ အမျက်တော်ထွက်ပြီး ဒဏ်ခတ်တယ်”+ ဆိုပြီး မင်းကြီးကို ပြောခဲ့ဖူးတော့ လမ်းခရီးမှာ ရန်သူတွေရဲ့ ဘေးရန်ကို ကာကွယ်နိုင်ဖို့ မင်းကြီးဆီမှာ စစ်သားတွေ၊ မြင်းစီးသူရဲတွေ တောင်းရမှာ ရှက်စရာပဲ။
၂၃ ဒါကြောင့် ကျွန်တော်တို့ အစာရှောင်ကြတယ်။ လမ်းခရီးမှာ ကာကွယ်ပေးဖို့ အသနားခံကြတယ်။ အဲဒီလို အသနားခံတာကို ဘုရားသခင်နားထောင်ပေးတယ်။+
၂၄ ဒါနဲ့ ကျွန်တော်က ပုရောဟိတ်ခေါင်းဆောင်တွေထဲက ရှေရဘိ၊ ဟာရှဘိနဲ့+ သူတို့ရဲ့ညီအစ်ကို ဆယ်ယောက် အားလုံးပေါင်း ၁၂ ယောက်ကို ရွေးချယ်လိုက်တယ်။
၂၅ ပြီးတော့ ဘုရားသခင့်အိမ်တော်အတွက် ဘုရင်နဲ့ အကြံပေးအရာရှိတွေ၊ မှူးမတ်တွေနဲ့ အစ္စရေးတွေအားလုံး ပေးလှူလိုက်တဲ့ ရွှေငွေ၊ ပစ္စည်းဥစ္စာတွေကို ချိန်တွယ်ပြီး သူတို့ကို ပေးလိုက်တယ်။+
၂၆ ကျွန်တော် ချိန်တွယ်ပြီး ပေးလိုက်တာတွေကတော့ ငွေတဲလင့်* ၆၅၀၊ ၂ တဲလင့်တန်ဖိုးရှိတဲ့ ငွေထည်ပစ္စည်း ၁၀၀၊ ရွှေတဲလင့် ၁၀၀၊
၂၇ ဒဲရစ်* ၁,၀၀၀ တန်ဖိုးရှိတဲ့ ရွှေဖလားငယ် ၂၀၊ ရွှေလိုအဖိုးတန်တဲ့ အနီရောင်တောက်တောက် အကောင်းစား ကြေးထည်ပစ္စည်း ၂ ခုဖြစ်တယ်။
၂၈ ပြီးတော့ ကျွန်တော်က “ခင်ဗျားတို့ဟာ ယေဟောဝါဘုရားအတွက် သန့်ရှင်းတယ်။+ ဒီပစ္စည်းတွေကလည်း သန့်ရှင်းတယ်။ ဒီရွှေငွေက ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါအတွက် စေတနာအလျောက်ပေးတဲ့ အလှူဖြစ်တယ်။
၂၉ ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါအိမ်တော်ရဲ့ အခန်းတွေမှာ၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေရဲ့ ခေါင်းဆောင်တွေ၊ အစ္စရေး ဆွေမျိုးစုခေါင်းဆောင်တွေရှေ့မှာ အဲဒီပစ္စည်းတွေကို ချိန်တွယ်ပြီး မအပ်မချင်း သေသေချာချာ စောင့်ရှောက်ကြပါ”+ လို့ သူတို့ကိုပြောတယ်။
၃၀ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေကလည်း ချိန်တွယ်ပြီးပေးတဲ့ ရွှေငွေ၊ ပစ္စည်းတွေကို ဘုရားသခင့်အိမ်တော်ရှိရာ ဂျေရုဆလင်မြို့ကို သယ်သွားဖို့ လက်ခံယူလိုက်တယ်။
၃၁ နောက်ဆုံးတော့ တစ်လပိုင်း၊ ၁၂ ရက်နေ့မှာ+ အဟာဝမြစ်နားကနေ+ ထွက်ခွာပြီး ဂျေရုဆလင်မြို့ကို ခရီးဆက်ကြတယ်။ ဘုရားသခင်ရဲ့လက်တော်က ကျွန်တော်တို့ကို ထောက်မပေးပြီး လမ်းခရီးတစ်လျှောက်မှာ ရန်သူတွေ၊ ချောင်းမြောင်းတိုက်ခိုက်သူတွေရဲ့ ရန်ကနေ ကယ်တင်တယ်။
၃၂ ဒါကြောင့် ကျွန်တော်တို့က ဂျေရုဆလင်မြို့ကို ရောက်လာပြီး+ သုံးရက်နေကြတယ်။
၃၃ လေးရက်မြောက်နေ့ရောက်တော့ ဘုရားသခင့်အိမ်တော်မှာ ရွှေငွေ၊ ပစ္စည်းတွေကို ချိန်တွယ်ပြီး+ ဥရိယရဲ့သား ပုရောဟိတ် မေရမုတ်လက်ထဲ+ အပ်လိုက်တယ်။ သူနဲ့အတူ ဖိနဟတ်ရဲ့သား ဧလာဇာ၊ လေဝိအမျိုးသားတွေဖြစ်တဲ့ ယေရွှာရဲ့သား ယောဇဗတ်နဲ့+ ဗိနွိရဲ့သား+ နောဒိတို့လည်းရှိနေတယ်။
၃၄ အဲဒါတွေအားလုံးကို ရေတွက်ချိန်တွယ်ပြီးနောက် အလေးချိန်တွေကို ရေးမှတ်ထားလိုက်တယ်။
၃၅ ပြည်နှင်ခံ သုံ့ပန်းဘဝကနေ ပြန်လာသူတွေက အစ္စရေးတို့ရဲ့ ဘုရားသခင်ဆီ မီးရှို့ရာပူဇော်သက္ကာတွေ ဆက်သတယ်။ အစ္စရေးအားလုံးအတွက် နွားထီး ၁၂ ကောင်၊+ သိုးထီး ၉၆ ကောင်၊+ သိုးသငယ်အထီး ၇၇ ကောင်၊ အပြစ်ဖြေရာအလှူအဖြစ် ဆိတ်ထီး ၁၂ ကောင်ကို+ ပူဇော်ကြတယ်။ ဒါတွေအားလုံးဟာ ယေဟောဝါအတွက် မီးရှို့ရာအလှူဖြစ်တယ်။+
၃၆ အဲဒီနောက် ကျွန်တော်တို့က ဘုရင့်အမိန့်စာတွေကို+ မြစ်ကြီး*+ တစ်ဖက်ကမ်းက ဘုရင်ခံချုပ်တွေ၊* ဘုရင်ခံတွေဆီ ပေးအပ်လိုက်တယ်။ သူတို့လည်း လူတွေနဲ့ စစ်မှန်တဲ့ ဘုရားသခင့်အိမ်တော်ကို ထောက်မကူညီပေးကြတယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “နက်သနင်တွေ။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”
^ ဒါမှမဟုတ်၊ “နက်သနင်တွေ။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”
^ တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ ပါးရှားရွှေဒင်္ဂါး။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ ယူဖရေးတီးမြစ်။
^ အဓိပ္ပာယ်၊ “ပိုင်နက်ကို ကာကွယ်စောင့်ရှောက်သူ။” ပါရှားဘုရင်ခံတွေကို ဆိုလို။