ဧဇရ ၇:၁-၂၈

  • ဂျေရု​ဆ​လင်​ကို ဧ​ဇ​ရ ပြန်​လာ (၁-၁၀)

  • ဧ​ဇ​ရ​ကို အာ​တ​ဇေ​ရဇ်​မင်း ပေး​တဲ့​စာ (၁၁-၂၆)

  • ယေဟောဝါ​ကို ဧ​ဇ​ရ ချီး​မွမ်း (၂၇၊ ၂၈)

 အဲဒါ​တွေ​ဖြစ်​ပြီး​တဲ့​နောက် ပါး​ရှား​ဘုရင်  အာ​တ​ဇေ​ရ​ဇ်+  လက်​ထက်​မှာ ဗာ​ဗု​လုန်​မြို့​က​နေ ဧဇရ*+ ပြန်​လာ​တယ်။ သူ့​အဖေက စ​ရာ​ယ၊+​  စ​ရာ​ယ​ရဲ့​အဖေက အာ​ဇ​ရိ၊ အာ​ဇ​ရိ​ရဲ့​အဖေက  ဟိ​လ​ခိ၊+ ၂  ဟိ​လ​ခိ​ရဲ့​အ​ဖေက  ရှလုံ၊  ရှလုံ​ရဲ့​အဖေက ဇာဒုတ်၊​ ဇာဒုတ်​ရဲ့​အဖေက အဟိ​တုပ်၊ ၃  အဟိ​တုပ်​ရဲ့​အဖေက အာမ​ရိ၊ အာ​မရိ​ရဲ့​အဖေက အာ​ဇ​ရိ၊+ အာ​ဇ​ရိ​ရဲ့​အဖေ​က မေရာ​ယုတ်၊ ၄  မေရာ​ယုတ်ရဲ့အဖေက ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ​ရဲ့​အဖေက  ဩဇေ၊ သြဇေ​ရဲ့​အဖေက ဗု​ကိ၊ ၅  ဗုကိ​ရဲ့​အဖေက   အဘိ​ရွှ၊   အဘိ​ရွှ​ရဲ့​အဖေက ဖိ​န​ဟတ်၊+ ဖိ​န​ဟတ်​ရဲ့​အဖေက ဧ​လာ​ဇာ၊+ ဧ​လာ​ဇာ​ရဲ့​အဖေက ပု​ရော​ဟိတ်​မင်း အာ​ရုန်​ဖြစ်​တယ်။+ ၆  အဲဒီ​ဧဇရ​က ဗာ​ဗု​လုန်​မြို့​က​နေ ပြန်​လာ​တယ်။ သူ​ဟာ အစ္စ​ရေး​တို့​ရဲ့​ဘုရား ယေဟောဝါ ပေး​အပ်​ခဲ့​တဲ့ မော​ရှေ​ပညတ်​ကို နှံ့​နှံ့​စပ်​စပ်​သိ​တဲ့ ကျမ်း​ကူး​သူ​တစ်​ယောက်​ပဲ။*+ သူ့​ကို ယေဟောဝါ​ဘုရား ထောက်မ​ပေး​နေ​တဲ့​အတွက် သူ​တောင်း​ဆို​သမျှ​ကို ပါ​ရှား​ဘုရင် ခွင့်​ပြု​တယ်။ ၇  အစ္စရေး​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊+ သီချင်း​သည်​တွေ၊+ တံခါး​စောင့်​တွေ၊+ ဗိမာန်​တော်​ကျွန်​တွေ*+ ထဲ​က တ​ချို့​ဟာ အာ​တ​ဇေ​ရ​ဇ်​မင်း နန်း​စံ​ခု​နစ်​နှစ်​မှာ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​တယ်။ ၈  ဧဇရ​လည်း အာ​တ​ဇေ​ရ​ဇ် နန်း​စံ​ခု​နစ်​နှစ်၊ ငါး​လ​ပိုင်း​မှာ ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​တယ်။ ၉  သူ​က တစ်​လ​ပိုင်း၊ တစ်​ရက်​နေ့​မှာ ဗာ​ဗု​လုန်​မြို့​က​နေ စ​ထွက်​လာ​တယ်။ ဘုရား​သခင် ထောက်မ​ပေး​နေ​တဲ့​အတွက် ၅ လ​ပိုင်း၊ တစ်​ရက်​နေ့​မှာ ဂျေရု​ဆ​လင်​မြို့​ကို သူ​ရောက်​လာ​တယ်။+ ၁၀  သူ​ဟာ ယေဟောဝါ​ရဲ့ ပညတ်​ကျမ်း​ကို  ရှာ​ဖွေ​လေ့​လာ​ဖို့၊ လက်​တွေ့​ကျင့်​သုံး​ဖို့၊+ အစ္စရေး​တွေ​ကို စည်း​မျဉ်း​တွေ၊ တရား​စီရင်​ချက်​တွေ​အကြောင်း သွန်သင်​ပေး​ဖို့ စိတ်​ကို ပြင်​ဆင်​ထား​တယ်။+ ၁၁  ဒါ​က​တော့  အစ္စရေး​တွေ​အ​တွက်​ ယေဟောဝါ​ရဲ့ ပညတ်​ချက်​တွေ၊ စည်း​မျဉ်း​တွေ​ကို နှံ့​စပ်​ကျွမ်း​ကျင်​တဲ့ ကျမ်း​ကူး​သူ ပု​ရော​ဟိတ် ဧဇရ​ဆီ အာ​တ​ဇေ​ရ​ဇ်​မင်း ပေး​လိုက်​တဲ့​စာ​ပဲ။ ၁၂  *“ဘုရင်​တို့​ရဲ့​ဘုရင်  အာ​တ​ဇေ​ရ​ဇ်​ထံ​မှ+ ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင်​ရဲ့ ပညတ်​ကျမ်း​ကို ကူး​ရေး​သူ ပု​ရော​ဟိတ်​ဧဇရ​သို့– ငြိမ်သက်​ခြင်း​အပေါင်း​နဲ့ ပြည့်​စုံ​ပါ​စေ။ ၁၃  ငါ့​နိုင်​ငံ​မှာ​ရှိ​တဲ့ အစ္စရေး​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​ထဲ​မှာ မင်း​နဲ့​အတူ ဂျေရု​ဆ​လင်​မြို့​ဆီ ပြန်​လို​သူ​တိုင်း ပြန်​နိုင်​တယ်​လို့ ငါ အမိန့်​ထုတ်​ပြန်​လိုက်​တယ်။+ ၁၄  ငါ​ကိုယ်​တော်မြတ်​နဲ့ အကြံ​ပေး​အရာ​ရှိ ခု​နစ်​ယောက်​ရဲ့ အမိန့်​အရ မင်း​ဆီ​မှာ​ရှိ​တဲ့ ဘုရား​သခင်​ရဲ့ ပညတ်​တရား​ကို ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တွေ လိုက်​နာ၊ မလိုက်​နာ စုံ​စမ်း​စစ်​ဆေး​ဖို့ မင်း​ကို စေ​လွှတ်​လိုက်​တယ်။ ၁၅  ဒါ့​အပြင် ဂျေရု​ဆ​လင်​မြို့​မှာ စံ​မြန်း​တဲ့ အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​အတွက် ငါ​ကိုယ်​တော်မြတ်​နဲ့ အကြံ​ပေး​အရာ​ရှိ​တွေ စေ​တ​နာ​ရှိ​ရှိ လှူ​လိုက်​တဲ့​ရွှေ​ငွေ​ကို မင်း ယူ​သွား​ရ​မယ်။ ၁၆  ဗာ​ဗု​လုန်​ခ​ရိုင်​မြို့​တွေ​မှာ ကောက်​ခံ​ရ​ရှိ​တဲ့ ရွှေ​ငွေ​အားလုံး​အပြင် ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ မင်း​တို့​ဘုရား​သခင်​ရဲ့ အိမ်​တော်​အတွက် ပု​ရော​ဟိတ်​တွေ​နဲ့ လူ​တွေ စေ​တ​နာ​ရှိ​ရှိ​လှူ​လိုက်​တဲ့ လက်​ဆောင်​တွေ​ကို​လည်း ယူ​သွား​ရ​မယ်။+ ၁၇  နွား​ထီး​တွေ၊+ သိုး​ထီး​တွေ၊+ သိုး​သငယ်​တွေ၊+ ကောက်​နှံ​အလှူ​တွေ၊+ သွန်း​လောင်း​ရာ​အလှူ​တွေ​ကို+ အဲဒီ​ငွေ​နဲ့ ချက်​ချင်း​ဝယ်​ပြီး ဂျေရု​ဆ​လင်​မြို့၊ မင်း​တို့​ဘုရား​သခင်​ရဲ့ အိမ်​တော်​မှာ​ရှိ​တဲ့ ပူဇော်​ရာ​ပလ္လင်​ပေါ်​မှာ ဆက်​သရ​မယ်။ ၁၈  “ကျန်​တဲ့​ရွှေ​ငွေ​ကို မင်း​နဲ့​ညီ​အစ်​ကို​တွေ​က မင်း​တို့​ဘုရား​သခင်​ရဲ့ အလို​တော်​နဲ့​အညီ ကောင်း​မယ်​ထင်​သလို သုံး​လိုက်​ပါ။ ၁၉  မင်း​ကို​ပေး​လိုက်​တဲ့ အိမ်​တော်​အသုံး​အဆောင် ခွက်​ဖလား​အားလုံး​ကို ဂျေရု​ဆ​လင်​မြို့​ဆီ သယ်​သွား​ပြီး ဘုရား​သခင်​ရှေ့​မှာ ပြန်​ထား​လိုက်​ပါ။+ ၂၀  မင်း​တို့​ဘုရား​သခင်​ရဲ့ အိမ်​တော်​အတွက် လို​အပ်​တာ​တွေ​ရှိ​သေး​လို့ တောင်း​လာခဲ့​ရင် မင်း​က ငါ့​ရဲ့ ဘဏ္ဍာ​တိုက်​ထဲ​က​နေ ထုတ်​ပြီး​ပေး​လိုက်​ပါ။+ ၂၁  “မြစ်​ကြီး* တစ်​ဖက်​ကမ်း​မှာ​ရှိ​တဲ့ ဘဏ္ဍာ​ထိန်း​အားလုံး​ကို ငါ​အာ​တ​ဇေ​ရ​ဇ်​မင်း  အမိန့်​ထုတ်​ပြန်​တာ​က ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင်​ရဲ့ ပညတ်​ကျမ်း​ကို ကူး​ရေး​သူ ပု​ရော​ဟိတ်​ဧဇရ+ တောင်း​ဆို​သမျှ မင်း​တို့ ချက်​ချင်း​လုပ်​ပေး​ရ​မယ်။ ၂၂  ငွေ တဲ​လင့်* ၁၀၀၊ ဂျုံ ကော​ရ* ၁၀၀၊ စ​ပျစ်​ဝိုင် ဗတ်* ၁၀၀၊+ ဆီ ဗတ် ၁၀၀ နဲ့+ ဆား​ကို+ လို​အပ်​သလို ပေး​ရ​မယ်။ ၂၃  ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင်​ရဲ့ အိမ်​တော်​နဲ့​ပတ်​သက်​ပြီး ကောင်း​ကင်​အုပ်​စိုး​ရှင် ဘုရား​သခင် မိန့်မှာ​သမျှ ဝီ​ရိ​ယ​ရှိ​ရှိ လုပ်​ကြ။+ မလုပ်​ရင် တိုင်း​သူ​ပြည်​သား​တွေ​နဲ့ ငါ့​သား​မြေး​တွေ​ကို အမျက်​တော်​သင့်​လိမ့်​မယ်။+ ၂၄  မင်း​တို့​ကို နောက်​ထပ် အသိ​ပေး​ချင်​တာ​က ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ ဂီ​တ​ပညာ​ရှင်​တွေ၊+  တံခါး​စောင့်​တွေ၊ ဗိမာန်​တော်​ကျွန်​တွေ၊*+ ဘုရား​သခင့်​အိမ်​တော် အလုပ်​သမား​တွေ​ဆီ​က လူ​ခွန်၊ ပစ္စည်း​ခွန်၊+ ဖြတ်​သန်း​ခ လုံး​ဝ​မကောက်​ခံ​ရ​ဘူး။ ၂၅  “ဧဇရ၊ မင်း​က​တော့ မင်း​ရဲ့ ဘုရား​သခင်​ဆီ​က ရထား​တဲ့ ဉာဏ်​ပညာ​ကို သုံး​ပြီး လက်​ထောက်​တရား​သူကြီး​တွေ​နဲ့ တရား​သူကြီး​တွေ​ကို ခန့်​အပ်​ပါ။ မြစ်​ကြီး​တစ်​ဖက်​ကမ်း​မှာ​ရှိ​တဲ့ လူ​တွေ၊ ဘုရား​သခင်​ရဲ့ ပညတ်​တွေ​အကြောင်း သိ​ထား​တဲ့​လူ​တွေ​ကို သူ​တို့​တရား​စီရင်​ရ​မယ်။ မင်း​က အဲဒီ​ပညတ်​တွေ​အကြောင်း မသိ​တဲ့​သူ​တွေ​ကို သွန်သင်​ပေး​ရ​မယ်။+ ၂၆  မင်း​ကိုးကွယ်​တဲ့ ဘုရား​သခင်​ရဲ့ ပညတ်​တရား​နဲ့ ငါ​ထုတ်​ပြန်​ထား​တဲ့ တရား​ဥပ​ဒေ​တွေ​ကို မလိုက်​နာ​တဲ့​သူ​ဟာ​ သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထောင်​ဒဏ်၊ ဒဏ်​ငွေ တစ်​ခု​မဟုတ်​တစ်​ခု ချက်​ချင်း ချ​မှတ်​ခံ​ရ​မယ်။” ၂၇  ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ယေဟောဝါ​ရဲ့ အိမ်​တော်​ကို တင့်​တယ်​အောင် လုပ်​ပေး​ချင်​တဲ့​စိတ် ပေါ်​လာ​ဖို့ မင်း​ကြီး​ကို လှုံ့​ဆော်​တဲ့​အရှင် ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ။+ ၂၈  ဘုရား​သခင်​က မင်း​ကြီး​နဲ့ အကြံ​ပေး​အရာ​ရှိ​တွေ၊ အာ​ဏာ​ရှိ​တဲ့​မှူး​မတ်​တွေ အားလုံး​ရှေ့​မှာ ကျွန်​တော့်​ကို ခိုင်​မြဲတဲ့​မေတ္တာ​ပြတယ်။+ ယေဟောဝါ​ဘုရား ထောက်မ​နေ​တဲ့​အတွက် ကျွန်​တော်​လည်း သတ္တိ​ရှိ​လာ​ပြီး အစ္စရေး​ခေါင်း​ဆောင်​တွေ​ကို အတူ​လိုက်​ခဲ့​ဖို့ စု​ရုံး​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “အကူ​အညီ။”
ဒါ​မှ​မဟုတ်၊ “ကျမ်း​တတ်​တစ်​ယောက်​ပဲ။”
ဒါ​မှ​မဟုတ်၊ “နက်​သနင်​တွေ။” မူ​ရင်း၊ “ပေး​အပ်​ခံ​ရ​သူ​တွေ။”
မူ​ရင်း​မှာ ဧ​ဇ ၇:၁၂-၇:၂၆ အထိ အာ​ရ​မိတ်​လို ရေး​ထား။
ယူ​ဖရေး​တီး​မြစ်။
တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ကော​ရ​က ၂၂၀ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဗတ်​မှာ ၂၂ လီ​တာ (၅.၈၁ ဂါ​လံ) ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “နက်​သနင်​တွေ။” မူ​ရင်း၊ “ပေး​အပ်​ခံ​ရ​သူ​တွေ။”