ဧဇရ ၃:၁-၁၃

  • ပူ​ဇော်ရာ​ပလ္လင် ပြန်​တည်၊ ပူ​ဇော်​သက္ကာတွေ ဆက်သ (၁-၇)

  • ဗိမာန်​တော်​ပြန်​တည်​ဆောက်​တဲ့​လုပ်ငန်း စတင် (၈၊ ၉)

  • ဗိမာန်​တော် အုတ်​မြစ်​ချ (၁၀-၁၃)

 ကိုယ့်​မြို့​ကိုယ့်​ရွာ​တွေ​မှာ အခြေ​ချနေ​ထိုင်​တဲ့  အစ္စရေး​တွေ​ဟာ ခုနစ်​လ​ပိုင်း+ ရောက်​တဲ့​အခါ ဂျေရု​ဆ​လင်​မြို့​မှာ တစ်​စု​တစ်​ဝေး​တည်း စုရုံး​လာ​ကြ​တယ်။ ၂  ယော​ဇ​ဒက်​ရဲ့​သား ယေ​ရွှာ​နဲ့+ အပေါင်း​ပါ​ပု​ရော​ဟိတ်​တွေ၊ ရှာလ​သေလ​ရဲ့​သား+ ဇေ​ရု​ဗ​ဗေ​လ​နဲ့+ သူ့​ညီ​အစ်​ကို​တွေ​က အစ္စရေး​တွေ​ကိုးကွယ်​တဲ့ ဘုရား​သခင်​ရဲ့ ​ပူဇော်​ရာ​ပလ္လင်​ကို တည်​ကြ​တယ်။ စစ်​မှန်​တဲ့ ဘုရား​သခင်​ရဲ့​လူ  မော​ရှေ​ရေး​ခဲ့​တဲ့ ပညတ်​ကျမ်း​မှာ ပါ​တဲ့​အတိုင်း မီး​ရှို့​ရာပူဇော်​သက္ကာတွေ ပူ​ဇော်​နိုင်​ဖို့​ဖြစ်​တယ်။+ ၃  သူတို့​က ပတ်​ဝန်း​ကျင်​လူမျိုး​တွေ​ကို ကြောက်​ပေမဲ့​လည်း ပူ​ဇော်ရာ​ပလ္လင်​ကို န​ဂို​နေ​ရာ​မှာ တည်​လိုက်​တယ်။+ ပြီး​တော့ ယေဟောဝါ​အတွက် မနက်​ပိုင်း​နဲ့ ည​နေ​ပိုင်း  မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို  စပြီး​ပူ​ဇော်​ကြတယ်။+ ၄  အဲ​ဒီ​နောက် ပညတ်​ကျမ်း​မှာ ရေး​ထား​တဲ့​အတိုင်း  တဲ​နေ​ပွဲ​ကို  ကျင်း​ပတယ်။+ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို  တစ်​ရက်​စီအတွက် သတ်​မှတ်​ထား​တဲ့  အရေ​အတွက်​အတိုင်း နေ့​စဉ် ဆက်​သကြ​တယ်။+ ၅  ပြီး​တဲ့​နောက် ပုံ​မှန်​မီး​ရှို့​ရာ​အလှူ​ကို ဆက်​သတယ်။+ လဆန်း​နေ့​တွေ​နဲ့+ ယေဟောဝါ​ရဲ့ မြင့်မြတ်​တဲ့ ပွဲတော်ရာ​သီ​တွေ​မှာ+ ဆက်​သရ​မယ့် အလှူ​တွေ​အပြင် ယေဟောဝါ​အတွက် စေ​တ​နာ​စိတ်​နဲ့ လှူ​ဒါန်း​သူ​တွေ​ရဲ့ အလှူ​တွေ​ကို​လည်း ဆက်​သကြ​တယ်။+ ၆  ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို အုတ်​မြစ်​မချ​ရ​သေး​ပေမဲ့ ခု​နစ်​လ​ပိုင်း၊ တစ်​ရက်​နေ့​က​စ​ပြီး+ ယေဟောဝါ​အတွက် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ​ကို  ပူ​ဇော်​ကြ​တယ်။ ၇  ပြီး​နောက် ကျောက်​ဆစ်​သမား​တွေ၊+ လက်​မှု​ပညာ​သည်​တွေ​ကို+ ငွေ​ပေး​တယ်။ ပါး​ရှား​ဘုရင် ဆိုင်း​ရပ်​ရဲ့ အမိန့်​နဲ့+ သစ်​က​တိုး​သား​တွေ​ကို လက်​ဘ​နွန်​က​နေ  ပင်လယ်​လမ်း​အတိုင်း ယုပ္ပေ​မြို့​အထိ မျှော​ချ​ပေး​တဲ့ ဆိုင်​ဒုန်​နဲ့ တိုင်​ရာ​လူမျိုး​တွေ​ကို+  စား​နပ်​ရိက္ခာတွေ၊ ဆီ​တွေ ပေး​တယ်။ ၈  ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ဘုရား​သခင့်​အိမ်​တော်​ကို ရောက်​လာ​ပြီး​တဲ့​နောက် ဒုတိ​ယ​နှစ်၊ ဒုတိ​ယ​လ​မှာ ရှာလ​သေလ​ရဲ့​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​ရဲ့​သား ယေ​ရွှာ၊ ကျန်​တဲ့​ညီ​အစ်​ကို​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ သုံ့​ပန်း​ဘဝ​က​နေ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​သူ​တွေ+ အားလုံး​က အိမ်​တော်​ပြန်​တည်​ဆောက်​တဲ့ လုပ်ငန်း​ကို စတင်​ကြ​တယ်။ ပြီး​တော့ သူတို့​က အသက် ၂၀ ပြည့်​ပြီး​သား လေ​ဝိအမျိုး​သား​တွေ​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း​မှာ  ကြီး​ကြပ်​စေ​တယ်။ ၉  ယေ​ရွှာ​နဲ့ သား​တွေ၊ ညီ​အစ်​ကို​တွေ၊ ကာ​ဒ​မေလ​နဲ့ သား​တွေ၊ ယုဒ​ရဲ့​သား​မြေးတွေ​က လေ​ဝိအမျိုး​သား​တွေ​ဖြစ်​တဲ့ ဟေ​န​ဒ​ဒ်​ရဲ့​သား​မြေး​တွေ၊+ သူတို့​ရဲ့​သား​တွေ၊ ဆွေ​မျိုး​သား​ချင်း​တွေ​နဲ့ ပူး​ပေါင်း​ပြီး ဘုရား​သခင့်​အိမ်​တော် တည်​ဆောက်​တဲ့  လုပ်​သား​တွေ​ကို  ကြီး​ကြပ်​တယ်။ ၁၀  ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို အုတ်​မြစ်​ချ​ပြီး​တဲ့​အခါ+  ဝတ်​စုံ​ဝတ်​ထား​တဲ့ ပု​ရော​ဟိတ်​တွေ​က ခ​ရာတွေ​ကိုင်​ပြီး၊+ အာ​သပ်​ရဲ့​သား​မြေး  လေ​ဝိအမျိုး​သား​တွေ​က လင်း​ကွင်း​တွေ​ကိုင်​ပြီး အစ္စရေး​ဘုရင်​ဒါဝိဒ် ညွှန်​ကြား​ခဲ့​တဲ့​အတိုင်း ယေဟောဝါ​ကို ချီး​မွမ်း​ဖို့ ရပ်​နေ​ကြ​တယ်။+ ၁၁  အဲဒီ​နောက် “ဘုရား​သခင်​ဟာ ကောင်းမြတ်​တယ်။ အစ္စရေး​တွေ​အပေါ်​ထား​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ်​တည်​မြဲတယ်”+ ဆို​ပြီး ထပ်​ကျော့​သီ​ဆို​ရင်း+ ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ကြ​တယ်။ ယေဟောဝါ​ရဲ့​အိမ်​တော်​ကို အုတ်​မြစ်​ချ​ပြီး​သွား​တဲ့​အတွက် ယေဟောဝါ​ကို အသံ​ကျယ်​ကြီး​နဲ့ လူ​တွေ ချီး​မွမ်း​ကြ​တယ်။ ၁၂  အဲဒီ​လို အုတ်​မြစ်​ချ​ပြီး​သွား​တာ​ကို မြင်​တဲ့​အခါ အရင်​အိမ်​တော်​ကို မြင်​ဖူး​တဲ့+ အသက်​ကြီး​ပိုင်း ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ ငို​ကြွေး​ကြ​တယ်။ လူ​အများ​စု​က​တော့ ဝမ်း​သာ​အား​ရ ကြွေး​ကြော်​နေ​ကြ​တယ်။+ ၁၃  ဒါ​ကြောင့် ဝမ်း​သာ​အား​ရ ကြွေး​ကြော်​သံ​လား၊ ငို​ကြွေး​သံ​လား​ဆို​တာ မသိ​နိုင်​တော့​ဘူး။ လူ​တွေ အသံ​ကျယ်​ကြီး​နဲ့ ကြွေး​ကြော်​နေ​တာ​ကို အဝေး​ကြီး​က​တောင် ကြား​ရ​တယ်။

အောက်ခြေမှတ်ချက်များ