ဧဇရ ၁၀:၁-၄၄

  • တိုင်း​တစ်ပါး​ဇနီး​တွေ​ကို စွန့်​ဖို့ ကတိ​ပြု​ကြ (၁-၁၄)

  • တိုင်း​တစ်ပါး​ဇနီး​တွေ​ကို စွန့်​လွှတ်​ကြ (၁၅-၄၄)

၁၀  ဧဇ​ရ​က စစ်​မှန်​တဲ့ ဘုရား​သခင်​ရဲ့ အိမ်​တော်​ရှေ့​မှာ ပျပ်​ဝပ်​ပြီး ငို​ကြွေး​နေ​တယ်။ အပြစ်​တွေ​ကို​ဝန်​ချ​တောင်း​ပန်​ပြီး ဆုတောင်း​နေ​တယ်။+ အဲဒီ​အချိန်​မှာ  အစ္စရေး  ယောက်ျား​မိန်းမ၊ က​လေး​တွေ​အပါ​အဝင် လူ​အုပ်​ကြီး​ဟာ သူ့​အနား စု​ရုံး​လာ​တယ်။ လူ​တွေ​လည်း အကြီး​အကျယ် ငို​ကြွေး​ကြ​တယ်။ ၂  အဲဒီ​အခါ ဧ​လံ​ရဲ့ သား​မြေး​တွေ​ထဲ​က+ ယေ​ဟေ​လ​ရဲ့​သား+ ရှေ​ခ​နိ​က ဧဇရ​ကို “ကျွန်​တော်​တို့​ဟာ ပတ်​ဝန်း​ကျင် လူမျိုး​တွေ​ထဲ​က တိုင်း​တစ်ပါး​မိန်း​မတွေ​ကို  လက်​ထပ်​ပြီး  ဘုရား​သခင်​ကို သစ္စာ​ဖောက်​ခဲ့​ကြ​ပါ​ပြီ။+ ဒါ​ပေမဲ့​လည်း အစ္စရေး​တွေ​အတွက် မျှော်​လင့်​ချက် ရှိ​ပါ​သေး​တယ်။ ၃  အခု ယေဟောဝါ​ရဲ့ ညွှန်​ကြား​ချက်​အတိုင်း၊ ဘုရား​သခင့်​ပညတ်​ချက်​ကို လေး​စား​သူ​တွေ​ရဲ့+ ညွှန်​ကြား​ချက်​အတိုင်း အဲဒီ​မိန်း​မအားလုံး​ကို​ရော သူတို့​နဲ့​ရ​တဲ့ က​လေး​တွေ​ကို​ရော စွန့်​လွှတ်​မယ်​လို့ ဘုရား​သခင်​ကို ကတိ​ပေး​ကြ​မယ်။+ ဒီ​ကိစ္စ​ကို ပညတ်​တရား​နဲ့​အညီ လုပ်​ဆောင်​ကြ​မယ်။ ၄  ကဲ၊ ထ​ပါ​ဗျာ။ ဒီ​ကိစ္စ​ကို ခင်​ဗျား​တာဝန်​ယူ​ပြီး လုပ်​ဆောင်​ပေး​ပါ။ ကျွန်​တော်​တို့​လည်း ခင်​ဗျား​နဲ့​အတူ ရှိ​နေ​ပါ​တယ်။ ဒါ​ကြောင့် သတ္တိ​ရှိ​ရှိ အရေး​ယူ​လုပ်​ဆောင်​ပါ” လို့​ပြော​တယ်။ ၅  ဒါ​နဲ့   ဧဇရ​လည်း   ထ​ရပ်​ပြီး ပုရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​နဲ့ အစ္စရေး​အားလုံး​ရဲ့ ခေါင်း​ဆောင်​တွေ​ကို အဲဒီ​စကား​အတိုင်း လုပ်​ဆောင်​ပါ့​မယ်​လို့ သစ္စာ​ဆို​ခိုင်း​တယ်။+ သူတို့​လည်း  သစ္စာ​ဆို​ကြ​တယ်။ ၆  ပြီး​နောက် ဧဇရ​က ဘုရား​သခင့်​အိမ်​တော်​ရှေ့​က​နေ ထ​ပြီး ဧ​လျာ​ရှိပ်​ရဲ့​သား ယေ​ဟော​ဟ​နန်​ရဲ့ အခန်း​ကို သွား​တယ်။ အဲဒီ​ကို သွား​ပေမဲ့ ဘာ​မှ မစား​မသောက်​ဘူး။ ပြည်​နှင်​ခံ​တွေ​ရဲ့ သစ္စာ​မဲ့​မှု​ကြောင့် သူ ဝမ်း​နည်း​နေ​လို့​ပဲ။+ ၇  အဲဒီ​နောက် ပြည်​နှင်​ခံ​ဖြစ်​ခဲ့​ဖူး​သူ​အားလုံး ဂျေရု​ဆ​လင်​မြို့​မှာ စု​ဝေး​ရ​မယ်​ဆို​ပြီး ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့ တစ်​လျှောက်​လုံး​မှာ  ကြေ​ညာ​ခိုင်း​တယ်။ ၈  သုံး​ရက်​အတွင်း​မ​ရောက်​လာ​သူ​တိုင်း ခေါင်း​ဆောင်​တွေ​နဲ့ အကြီး​အကဲ​တွေ​ရဲ့ ဆုံး​ဖြတ်​ချက်​အရ ပစ္စည်း​ဥစ္စာ​အားလုံး သိမ်း​ယူ​ခံ​ရ​မယ့်​အပြင် ကိုယ်​တိုင်​လည်း ပြည်​နှင်​ခံ​လူ​စု​လူ​ဝေး​ထဲ​က​နေ နှင်​ထုတ်​ခံ​ရ​မှာ​ဖြစ်​တယ်။+ ၉  ဒါ​ကြောင့် ယုဒ​နဲ့ ဗင်​ယာ​မိန်​အနွယ်​ဝင် ယောက်ျား​အားလုံး သုံး​ရက်​အတွင်း ဂျေရု​ဆ​လင်​မြို့​မှာ စု​ဝေး​ကြ​တယ်။ ကိုး​လ​ပိုင်း ၂၀ ရက်​နေ့​မှာ​ ဖြစ်​တယ်။ ဘုရား​သခင့်​အိမ်​တော်​ရင်​ပြင်​မှာ  လူ​အားလုံး ထိုင်​နေ​ကြ​တယ်။ အရေး​ပေါ်​အစည်း​အဝေး ဖြစ်​တာ​ကြောင့်​ရော၊ မိုး​သည်း​ထန်​နေ​တာ​ကြောင့်​ရော လူ​တွေ​တုန်​လှုပ်​နေ​ကြ​တယ်။ ၁၀  အဲဒီ​အခါ ပု​ရော​ဟိတ်​ဧဇရ​က ထ​ရပ်​ပြီး “ခင်​ဗျား​တို့​ဟာ တိုင်း​တစ်ပါး​မိန်း​မတွေ​ကို လက်​ထပ်​ပြီး သစ္စာ​ဖောက်​ခဲ့​ကြ​ပြီ။+ ဒီ​နည်း​နဲ့ အစ္စရေး​တွေ​ကို အပြစ်​များ​သည်​ထက် များ​အောင် လုပ်​ခဲ့​ကြ​ပြီ။ ၁၁  အခု  ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ဆီ​မှာ အပြစ်​တွေ ဝန်​ချ​တောင်း​ပန်​ပြီး အလို​တော်​အတိုင်း လုပ်​ဆောင်​ကြ​ပါ။ ပတ်​ဝန်း​ကျင်​လူမျိုး​တွေ​နဲ့ ကင်း​ကင်း​ရှင်း​ရှင်း​နေ​ပြီး တိုင်း​တစ်ပါး​မိန်း​မတွေ​နဲ့​လည်း လမ်း​ခွဲ​ကြ​ပါ”+ လို့​ ပြော​တယ်။ ၁၂  လူ​အား​လုံး​က​လည်း “ခင်​ဗျား​ပြော​တဲ့​အတိုင်း ကျွန်​တော်​တို့ လုပ်​ပါ့​မယ်။ ၁၃  ဒါ​ပေမဲ့ ဒီ​မှာ​လူ​တွေ​အများ​ကြီး​ပဲ။ မိုး​သည်း​တဲ့​ရာ​သီ​လည်း  ဖြစ်​နေ​တော့ ကျွန်​တော်​တို့ အိမ်​ပြင်​မှာ ရပ်​မနေ​နိုင်​ပါ​ဘူး။ ကျွန်တော်​တို့ အကြီး​အကျယ် ကလန်​က​ဆန် လုပ်​ခဲ့​ကြ​လို့ ဒီ​ကိစ္စ​ဟာ တစ်​ရက်​နှစ်ရက်​တည်း​နဲ့  ပြီး​မယ့်​ကိစ္စ​မ​ဟုတ်​ပါ​ဘူး။ ၁၄  ဒါ​ကြောင့် ခေါင်း​ဆောင်​တွေ​က လူ​တစ်​စု​လုံး​အတွက် တာဝန်​ယူ​ဖြေရှင်း​ပေး​ပါ။+  မြို့​ရွာ​တွေ​မှာ တိုင်း​တစ်ပါး​မိန်း​မတွေ​နဲ့ လက်​ထပ်​ထားသူအားလုံး​က​တော့ ကိုယ့်​မြို့​ရွာ​မှာ​ရှိ​တဲ့  အကြီး​အကဲ​တွေ၊ တရား​သူကြီးတွေနဲ့​အတူ  သတ်​မှတ်​ထား​ချိန်​အတွင်း အရောက်​လာခဲ့​ပါ​မယ်။ ဒီ​ကိစ္စနဲ့ပတ်​သက်​ပြီး  ဘုရား​သခင်​အ​မျက်​ပြေသွား​အောင်  အဲဒီ​လို  လုပ်​ဆောင်​ပါ့​မယ်” လို့ အသံ​ကျယ်​ကြီး​နဲ့ ပြော​ကြ​တယ်။ ၁၅  ဒါ​ကို  အာ​သဟေ​လ​ရဲ့​သား ယောန​သန်​နဲ့ တိ​က​ဝ​ရဲ့​သား ယ​ဟာ​ဇိ​တို့​က ကန့်​ကွက်​တယ်။ အဲဒီ​လို​ကန့်​ကွက်​တာ​ကို လေ​ဝိအမျိုး​သား မေရှု​လံ​နဲ့ ရှ​ဗေ​သဲ​တို့​က+ ထောက်​ခံ​တယ်။ ၁၆  ပြည်​နှင်​ခံ​ဖြစ်​ခဲ့​ဖူး​သူ​တွေ​က​တော့ သဘော​တူ​ထား​တဲ့​အတိုင်း လုပ်​ဆောင်​ကြ​တယ်။ ပု​ရော​ဟိတ်​ဧဇရ၊ နာမည်​နဲ့​ရွေး​ချယ်​ထား​တဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​က ဒီ​ကိစ္စ​ကို စုံ​စမ်း​စစ်​ဆေး​ဖို့ ဆယ်​လ​ပိုင်း တစ်​ရက်​နေ့​မှာ သီး​သန့်​စည်း​ဝေးကြ​တယ်။ ၁၇  တစ်​လ​ပိုင်း တစ်​ရက်​နေ့​မှာ​တော့ တိုင်း​တစ်ပါး​မိန်း​မတွေ​နဲ့ လက်​ထပ်​ထား​တဲ့ အမျိုး​သား​အားလုံး​ကို စုံ​စမ်း​စစ်​ဆေး​လို့ ပြီး​သွား​တယ်။ ၁၈  ပု​ရော​ဟိတ်​တွေ​ရဲ့  သား​တ​ချို့​လည်း တိုင်း​တစ်ပါး​မိန်း​မတွေ​နဲ့ လက်​ထပ်​ထား​မှန်း  သိ​လိုက်​ရ​တယ်။+ သူတို့​က​တော့  ယော​ဇ​ဒက်​ရဲ့​သား ယေရွှာ​ရဲ့ သား​တွေ​နဲ့+  ယေ​ရွှာ​ရဲ့  ညီ​အစ်​ကို​တွေဖြစ်​တဲ့  မာ​သေယ၊  ဧလျာ​ဇာ၊  ယာရိပ်၊  ဂေဒ​လိ​တို့​ဖြစ်​တယ်။ ၁၉  ဒါ​ပေမဲ့ သူတို့​လည်း ဇနီး​တွေ​ကို စွန့်​မယ်​လို့ ကတိ​ပြု​ကြ​တယ်။ သူတို့​ကျူး​လွန်​ခဲ့​တဲ့ အပြစ်​အတွက် သိုး​ထီး​တစ်​ကောင်​ကို ပူဇော်​ကြ​တယ်။+ ၂၀  ဒါ့​အပြင် အိ​မေရ​ရဲ့ သား​မြေး​တွေ​ထဲ​က+  ဟာ​နေ​နိ၊  ဇေ​ဗ​ဒိ၊ ၂၁  ဟာ​ရိမ်​ရဲ့ သား​မြေး​တွေ​ထဲ​က+ မာသေ​ယ၊ ဧလိယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ၊ ဩဇိ၊ ၂၂  ပါ​ရှု​ရ​ရဲ့ သား​မြေး​တွေ​ထဲ​က+ ဧ​လိ​သြနဲ၊ မာ​သေယ၊ အိ​ရှ​မေလ၊ နာ​သနေ​လ၊ ယော​ဇ​ဗတ်၊ ဧလာ​သ။ ၂၃  လေ​ဝိအမျိုး​သား​တွေ​ထဲ​က ယော​ဇ​ဗတ်၊ ရှိ​မိ၊ ကေ​လာ​ယ (ကေလိတ)၊​ ပေသဟိ၊ ယုဒ၊ ဧလျာ​ဇာ၊ ၂၄  သီချင်း​သည်​တွေ​ထဲ​က ဧ​လျာ​ရှိပ်၊ တံခါး​စောင့်​တွေ​ထဲ​က ရှလုံ၊​ တေလင်၊ ဥ​ရိ။ ၂၅  အစ္စရေး​တွေ​ထဲ​မှာ  ပါ​ရုတ်​ရဲ့ သား​မြေး​တွေ​ထဲ​က+ ရာ​မိ၊ ယေ​ဇိ၊ မာလ​ခိ​ယ၊ မိ​ယာ​မိန်၊ ဧ​လာ​ဇာ၊ မာလ​ခိ​ယ၊ ​ဗေ​နာ​ယ၊ ၂၆  ဧ​လံ​ရဲ့​သားမြေး​တွေ​ထဲ​က+ မသနိ၊ ဇာခရိ၊ ယေ​ဟေ​လ၊+ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်၊ ဧလိယ၊ ၂၇  ဇတ်​တု​ရဲ့ သား​မြေး​တွေ​ထဲ​က+ ဧလိ​သြနဲ၊ ဧလျာ​ရှိပ်၊ မသနိ၊ ယေရ​မုတ်၊ ဇာ​ဗ​ဒ်၊ အာ​ဇိ​ဇ၊ ၂၈  ဗေ​ဗဲ​ရဲ့ သား​မြေး​တွေ​ထဲ​က+  ယေ​ဟော​ဟ​နန်၊ ဟာ​န​နိ၊ ဇ​ဗဲ၊ အာသ​လဲ၊ ၂၉  ဗာ​နိ​ရဲ့ သား​မြေး​တွေ​ထဲ​က  မေရှု​လံ၊ မာလုတ်၊​ အဒါ​ယ၊ ယာ​ရှုပ်၊ ရှာ​လ၊ ယေ​ရ​မုတ်၊ ၃၀  ပါ​ဟတ်​မောဘ​ရဲ့ သား​မြေး​တွေ​ထဲ​က+ အာ​ဒ​န၊ ခေ​လာ​လ၊ ​ဗေ​နာ​ယ၊ မာ​သေယ၊ မသနိ၊ ဗေ​ဇ​လေ​လ၊ ဗိနွိ၊ မနာ​ရှေ၊ ၃၁  ဟာ​ရိမ်​ရဲ့ သား​မြေး​တွေ​ထဲ​က+ ဧလျာ​ဇာ၊ အိ​ရှိ​ယ၊ မာလ​ခိ​ယ၊+ ရှေမာ​ယ၊ ရှိ​မိန်၊ ၃၂  ဗင်​ယာ​မိန်၊ မာလုတ်၊ ရှေ​မရိ၊ ၃၃  ဟာ​ရှုံ​ရဲ့ သား​မြေး​တွေ​ထဲ​က+ မာ​တ​နဲ၊ မာ​တ​သာ၊ ဇာ​ဗ​ဒ်၊ ဧ​လိ​ဖလက်၊ ယေ​ရ​မဲ၊ မနာ​ရှေ၊ ရှိမိ၊ ၃၄  ဗာ​နိ​ရဲ့ သား​မြေး​တွေ​ထဲ​က မေဒဲ၊ အာ​မရံ၊ ဝေ​လ၊ ၃၅  ဗေ​နာ​ယ၊ ဗေ​ဒိ၊ ခေ​လု၊ ၃၆  ဝါနိ၊​ မေရ​မုတ်၊ ဧ​လျာ​ရှိပ်၊ ၃၇  မသနိ၊ မာတ​နဲ၊ ယာ​သော၊ ၃၈  ဗိ​နွိ​ရဲ့ သား​မြေး​တွေ​ထဲ​က   ရှိ​မိ၊ ၃၉  ရှေ​လ​မိ၊ နာသန်၊​ အဒါ​ယ၊ ၄၀  မာ​ခ​န​ဒေ​ဗဲ၊  ရှာရှဲ၊​ ရှာရဲ၊ ၄၁  အာ​ဇာ​ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မရိ၊ ၄၂  ရှ​လုံ၊  အာ​မရိ၊  ယော​သပ်၊ ၄၃  နေ​ဗော​မြို့ သား​တွေ​ထဲ​က ယေ​ယေ​လ၊ မာ​တ​သိ၊ ဇာ​ဗ​ဒ်၊ ဇေ​ဗိ​န၊ ယာ​ဒါ၊ ယောလ၊  ​ဗေ​နာ​ယ။ ၄၄  သူတို့​အားလုံး​က တိုင်း​တစ်​ပါး​ မိန်းမ​တွေ​ နဲ့ လက်​ထပ်​ထား​ပေမဲ့+  အဲဒီ​မိန်း​မတွေ​ကိုရော၊ သူတို့​နဲ့​ရ​တဲ့ က​လေး​တွေ​ကို​ရော  စွန့်​လွှတ်​လိုက်​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ