ဟီဘရူး ၈:၁-၁၃

  • ကောင်း​ကင်​နဲ့​ဆိုင်​တဲ့ အရာတွေ​ကို ကိုယ်​စား​ပြု​တဲ့ တဲ​တော် (၁-၆)

  • ပဋိ​ညာဉ်​ဟောင်း​နဲ့ ပဋိ​ညာဉ်​သစ် (၇-၁၃)

 အခု ပြော​နေ​တဲ့ အကြောင်း​အရာရဲ့ အဓိ​က​အချက်​က– ကျွန်​တော်​တို့​မှာ အဲ​ဒီ​လို​ပု​ရော​ဟိတ်​မင်း ရှိ​တယ်။+ ကောင်း​ကင်​ပေါ်​က ဘုန်း​တန်​ခိုး​ကြီး​တဲ့​အရှင်​ရဲ့ ပလ္လင်​တော် ညာ​ဘက်​မှာ သူ​ထိုင်​နေ​တယ်။+ ၂  လူ​တွေ​မဆောက်​ဘဲ ယေဟောဝါ* တည်​ဆောက်​တဲ့ စစ်​မှန်​တဲ့​တဲ​တော်​မှာ၊  အသန့်​ရှင်း​ဆုံး​အခန်း​မှာ+ သူ အမှု​ဆောင်​နေ​တယ်။ ၃  ပု​ရော​ဟိတ်​မင်း​တိုင်း​က အလှူ​တွေ၊ ပူ​ဇော်​သက္ကာတွေ ဆက်​သဖို့ တာ​ဝန်​ရှိ​တယ်။ ဒါ​ကြောင့် သူ​လည်း တစ်​ခု​ခု ဆက်​သဖို့ လို​အပ်​တယ်။+ ၄  သူ​ဟာ ကမ္ဘာ​မြေပေါ်​မှာ​ရှိ​နေ​ရင် ပု​ရော​ဟိတ် မဖြစ်​နိုင်​ဘူး။+ ပညတ်​တ​ရား​အရ အလှူ​တွေ ဆက်​သမယ့် ပု​ရော​ဟိတ်​တွေ ရှိ​နှင့်​ပြီး​သား​ဖြစ်​နေ​လို့​ပဲ။ ၅  အဲ​ဒီ​ပု​ရော​ဟိတ်​တွေရဲ့ အမှု​ဆောင်​လုပ်​ငန်း​ဟာ ကောင်း​ကင်​နဲ့​ဆိုင်​တဲ့​အရာတွေ​ကို ကိုယ်​စား​ပြု​တယ်။ ကောင်း​ကင်​နဲ့​ဆိုင်​တဲ့​အရာတွေရဲ့+  အရိပ်​ဖြစ်​တယ်။+ မော​ရှေ တဲ​တော်​ဆောက်​ခါ​နီး​မှာ ဘု​ရား​သခင်​က “တောင်​ပေါ်​မှာ မင်း​ကို ပြတဲ့​ပုံ​စံ​အတိုင်း အဲ​ဒီ​ပစ္စည်းတွေ​ကို သေသေချာ​ချာ လုပ်​ရ​မယ်”+ လို့​မိန့်​မှာ​ခဲ့​တယ်။ ၆  အခု ယေရှု​က ပိုမြတ်​တဲ့ အမှု​ဆောင်​ခွင့်​ကို ရ​ရှိ​ထား​တဲ့​အတွက် ပိုမြတ်​တဲ့​ပဋိ​ညာဉ်ရဲ့+ ဖျန်​ဖြေသူ​လည်း+ ဖြစ်​တယ်။ အဲ​ဒီ​ပဋိ​ညာဉ်​ဟာ ပိုမြတ်​တဲ့​က​တိ​တော်တွေ​ကို အခြေ​ခံ​ပြီး တ​ရား​ဝင်​ဖြစ်​လာတယ်။+ ၇  ပထ​မပဋိ​ညာဉ်​သာ အပြစ်​ဆို​စ​ရာ မရှိ​ခဲ့ရင် ဒုတိ​ယ​ပဋိ​ညာဉ် လို​အပ်​မှာ မဟုတ်​ဘူး။+ ၈  “‘ငါ​နဲ့ အစ္စရေး​အမျိုး၊ ယုဒ​အမျိုး​တို့ ပဋိ​ညာဉ်​သစ်​တစ်​ခု ဖွဲ့​မယ့်​နေ့ ရောက်​လာ​လိမ့်​မယ်’ လို့ ယေဟောဝါ* ပြော​တယ်။ အဲ​ဒီ​လို​ပြော​ခဲ့​တာ​ဟာ လူ​တွေ​မှာ အပြစ်​ဆို​စ​ရာ ရှိ​နေ​လို့​ပဲ။ ၉  ‘အဲ​ဒီ​ပဋိ​ညာဉ်​ဟာ  ဘိုး​ဘေး​တွေ​ကို  အီ​ဂျစ်​ပြည်​က​နေ  ငါ​လက်​ဆွဲ​ပြီး ခေါ်​ထုတ်​လာ​တုန်း​က+ ဖွဲ့​ခဲ့​တဲ့ ပဋိ​ညာဉ်​နဲ့​မတူ​ဘူး။ ငါ့​ပဋိ​ညာဉ်​ကို သူတို့  ချိုး​ဖောက်​ခဲ့​တဲ့​အတွက် ငါ​လည်း သူ​တို့​ကို  ဂရု​တ​စိုက်  စောင့်​ရှောက်​တော့​မှာ​မဟုတ်​ဘူး’  လို့  ယေဟောဝါ* ပြော​တယ်။ ၁၀  “‘နောက်​ပိုင်း​မှာ အဲ​ဒီ​ပဋိ​ညာဉ်​ကို  အစ္စရေး​အမျိုး​နဲ့  ငါ​ဖွဲ့​မယ်။  ငါ့​ပညတ်​တွေ​ကို  သူ​တို့​စိတ်​ထဲ​ရောက်​အောင် သွင်း​ပေး​မယ်။ သူ​တို့​နှ​လုံး​သား​ပေါ်​မှာ ရေး​ထား​မယ်။+ ငါ​ဟာ သူ​တို့​ရဲ့​ဘု​ရား​သခင် ဖြစ်​လာ​ပြီး သူ​တို့​လည်း ငါ့​လူ​တွေ ဖြစ်​လာ​မယ်’+ လို့ ယေဟောဝါ* ပြော​တယ်။ ၁၁  “‘“ယေဟောဝါ​ကို* သိ​အောင်​လုပ်​ပါ” ဆို​ပြီး တစ်​မြို့​တည်း​သား​တွေ၊ ညီ​အစ်​ကို​တွေ​ကို သင်​ပေး​စ​ရာ မလို​တော့​ဘူး။ လူ​ကြီး​လူ​ငယ်​မရွေး ငါ့​ကို သိ​ကြ​လိမ့်​မယ်။ ၁၂  သူ​တို့​ရဲ့ မဖြောင့်​မတ်​တဲ့ လုပ်​ရပ်တွေ​ကို ငါ​ခွင့်​လွှတ်​မယ်။ သူ​တို့​ရဲ့ အပြစ်​တွေ​အကြောင်း ငါ​ပြန်​မစဉ်း​စား​တော့​ဘူး’ လို့​လည်း ပြော​ထား​တယ်။”+ ၁၃  ဘု​ရား​သခင်​က “ပဋိ​ညာဉ်​သစ်” လို့​ပြော​တဲ့​အခါ  ပဋိ​ညာဉ်​ဟောင်း​ကို ပျက်​ပြယ်​စေ​တာ​ပဲ။+ ပျက်​ပြယ်​သွား​တဲ့​အရာ၊ ဟောင်း​နွမ်း​သွား​တဲ့​အရာ​ဟာ ကွယ်​ပျောက်​ခါ​နီး​ပြီ။+

အောက်ခြေမှတ်ချက်များ