ဟီဘရူး ၄:၁-၁၆

  • ဘု​ရား​နဲ့​အတူ အနား​ယူ​ခွင့်​မရှိ​တဲ့ အန္တရာယ် (၁-၁၀)

  • ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့်​ရ​အောင် ကြိုး​စား​ဖို့​တိုက်​တွန်း (၁၁-၁၃)

    • နှုတ်​တော်​ထွက်​စ​ကား​ဟာ ရှင်​သန်​နေ (၁၂)

  • မဟာ​ပု​ရော​ဟိတ်​မင်း ယေရှု (၁၄-၁၆)

 ဒါ​ကြောင့်  ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့်​ရှိ​တယ်​ဆို​တဲ့ က​တိ​ဟာ အကျိုး​သက်​ရောက်​မှု​ရှိ​သေး​လို့ အဲဒီ​က​တိ​နဲ့  မထိုက်​တန်​တဲ့​သူ​တွေ မဖြစ်​သွား​ရ​အောင် သတိ​ထား​ကြ​စို့။+ ၂  ကျွန်​တော်​တို့ သတင်း​ကောင်း​ကြား​ခဲ့ရ​သလို+ သူ​တို့​လည်း ကြား​ခဲ့ရ​တာ​ပဲ။ ဒါ​ပေမဲ့ သူ​တို့​ကြား​ရ​တဲ့ တ​ရား​စ​ကား​က သူ​တို့​ကို အကျိုး​မပြု​ခဲ့​ဘူး။ အကြောင်း​က​တော့ နာ​ခံ​မှု​ရှိ​သူ​တွေရဲ့ ယုံ​ကြည်​ခြင်း​မျိုး သူ​တို့​မှာ မရှိ​လို့​ပဲ။ ၃  ယုံ​ကြည်​သက်​ဝင်​ကြ​တဲ့ ကျွန်​တော်​တို့​က​တော့ ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့်​ရ​ကြ​တယ်။ ဘု​ရား​သခင်​က လူ့​လော​က​အစ​ပြု​ချိန်* က​တည်း​က မိမိ​ရဲ့​အလုပ်​တွေ​ကို လက်​စ​သတ်​ပြီး​သွား​ပေမဲ့+ “‘သူ​တို့​ကို ငါ​နဲ့​အတူ အနား​ယူ​ခွင့် မပေး​ဘူး’ လို့ ဒေါ​သနဲ့ ငါ​ကျိန်​ဆို​ခဲ့​တယ်”+ ဆို​ပြီး ပြော​ခဲ့​တယ်။ ၄  သတ္တ​မနေ့​နဲ့​ပတ်​သက်​ပြီး ကျမ်း​တစ်​ချက်​မှာ “ဘု​ရား​သခင်​ဟာ သတ္တ​မနေ့​မှာ အလုပ်​အား​လုံး​က​နေ အနား​ယူ​တယ်”+ လို့​ဆို​ထား​တယ်။ ၅  နောက်​ကျမ်း​တစ်​ချက်​မှာ​လည်း “သူ​တို့​ကို ငါ​နဲ့​အတူ အနား​ယူ​ခွင့် မပေး​ဘူး”+ လို့ ဆို​ထား​ပြန်​တယ်။ ၆  သတင်း​ကောင်း​ကို ဦး​စွာ​ကြား​ခဲ့ရ​သူ​တွေ​ဟာ နာ​ခံ​မှု​မရှိ​လို့ ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့် မရခဲ့​ဘူး။ ဒါ​ပေမဲ့ လူ​တ​ချို့​အတွက် ဘု​ရား​သခင်​နဲ့​အတူ အနား​ယူ​ခွင့်​ရ​ဖို့ ဖြစ်​နိုင်​သေး​တယ်။+ ၇  ဒါ​ကြောင့် နှစ်​ပေါင်း​များ​စွာ ကြာ​ပြီး​တဲ့​နောက် ဘု​ရား​သခင်​က ဒါ​ဝိဒ်ရဲ့​ဆာလံ​သီ​ချင်း​မှာ “ဒီ​နေ့ ငါ​ပြော​တာ​ကို နား​ထောင်​ကြ။ ခေါင်း​မမာ​ကြ​နဲ့” လို့​ပြော​ခဲ့​တယ်။+ “ဒီ​နေ့” လို့​ပြော​ပြီး နေ့​ရက်​တစ်​ရက်​ကို ပြန်​သတ်​မှတ်​ပေး​ခဲ့​တယ်။ ၈  ယောရှု​က+ သူ​တို့​ကို ဘုရား​သခင်​နဲ့​အတူ အနားယူ​နိုင်​မယ့်  နေ​ရာ​တစ်​ခု​ဆီ  ခေါ်​ဆောင်​သွား​ခဲ့​တယ်​ဆို​ရင် နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​မှ တခြား​နေ့​ရက်​တစ်​ရက်​အကြောင်း ဘုရား​သခင် ပြော​နေ​မှာ မဟုတ်​ဘူး။ ၉  ဒါ​ကြောင့် ဥ​ပုသ်​နေ့​မှာ အနား​ယူ​သလို​မျိုး ဘု​ရား​သခင်​ရဲ့ လူ​မျိုး​​အ​တွက် အနား​ယူ​ရ​မယ့်​နေ့  ရှိ​သေး​တယ်။+ ၁၀  ဘုရား​သခင်​က မိမိ​ရဲ့​အလုပ်​တွေ​က​နေ  အနား​ယူ​တယ်၊  အဲ​ဒီ​လို​ပဲ ဘုရား​သခင်​နဲ့​အတူ အနား​ယူ​တဲ့​သူ​က​လည်း မိမိ​ရဲ့​အလုပ်​တွေ​က​နေ အနား​ယူ​တယ်။+ ၁၁  ဒါ​ကြောင့် အဲ​ဒီ​လို အနား​ယူ​ခွင့်​ရ​ဖို့ အစွမ်း​ကုန် ကြိုး​စား​ကြ​စို့။ မကြိုး​စား​ရင် နာ​ခံ​မှု​မရှိ​သူ​တွေရဲ့ လမ်း​စဉ်​ကို လိုက်​မိ​လိမ့်​မယ်။+ ၁၂  ဘု​ရား​သခင်​ရဲ့ နှုတ်​ထွက်​စ​ကား​ဟာ ရှင်​သန်​နေ​တယ်၊ အစွမ်း​ထက်​တယ်၊+ အသွား​နှစ်​ဖက်​ရှိ​တဲ့ ဓား​မှန်​သမျှ​ထက် ပို​ထက်​တယ်၊+ လူ့​အပြင်​ပန်း​နဲ့ အတွင်း​သဘော​ကို​သာ​မက အရိုး​အဆစ်​နဲ့ ခြင်​ဆီ​ကို​ပါ ခွဲ​ခြား​ပြီး ထွင်း​ဖောက်​နိုင်​တယ်။ စိတ်​နှ​လုံး​ထဲ​က အတွေး​တွေ၊ အကြံ​အစည်​တွေ​ကို​လည်း ပိုင်း​ခြား​သိ​မြင်​နိုင်​တယ်။ ၁၃  ဘု​ရား​သခင် မမြင်​အောင် ဖုံး​ကွယ်​ထား​တဲ့ ဖန်​ဆင်း​ရာ​ဆို​လို့ ဘာ​တစ်​ခု​မှ မရှိ​ဘူး။+ ကျွန်​တော်​တို့ ဖြေရှင်း​ချက်​ပေး​ရ​မယ့် အရှင်​ရဲ့​ရှေ့​မှာ အရာ​အား​လုံး​ဟာ ဖုံး​ကွယ်​မနေ​ဘဲ အထင်​အရှား မြင်​နေ​ရ​တယ်။+ ၁၄  ကျွန်​တော်​တို့​ရဲ့  မဟာ​ပု​ရော​ဟိတ်​မင်း​ဟာ  ဘု​ရား​သခင်​ရဲ့​သား​ ယေရှု​ပဲ။+ သူ ကောင်း​ကင်​တက်​သွား​ပြီ။ ဒါ​ကြောင့်  သူ့​အကြောင်း  အများ​သိအောင်  ဆက်​ဟော​နေ​ကြ​စို့။+ ၁၅  အဲ​ဒီ​ပု​ရော​ဟိတ်​မင်း​က ကျွန်​တော်​တို့​ရဲ့ အား​နည်း​ချက်​တွေ​ကို မစာ​နာ​နိုင်​တဲ့​သူ မဟုတ်​ဘူး။+ ကျွန်​တော်​တို့​လို​ပဲ အဘက်​ဘက်​မှာ  စမ်း​သပ်​ခံ​ရ​တဲ့​သူ​ပဲ။ ဒါ​ပေမဲ့  အပြစ်​တစ်​ခု​မှ  မကျူး​လွန်​ခဲ့​ဘူး။+ ၁၆  ဒါ​ကြောင့်  မဟာ​က​ရု​ဏာ​ပြတဲ့ ဘုရား​သခင်​ရဲ့ ပလ္လင်​အနား​ကို  သွား​ကြ​စို့၊  ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်​ကို*+ သုံး​ပြီး ဆု​တောင်း​ကြ​စို့။ အဲ​ဒီ​လို​လုပ်​ရင် အကူ​အညီ လို​အပ်​ချိန်​မှာ သနား​ကြင်​နာ​မှု​နဲ့ မဟာ​က​ရု​ဏာ​ကို ခံ​စား​ရ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။
ခက်​ဆစ်​ကို​ကြည့်။