ဟီဘရူး ၁:၁-၁၄

  • ဘုရားသခင်က သားတော်ကတစ်ဆင့်ပြောနေ (၁-၄)

  • ကောင်းကင်တမန်တွေထက် ကြီးမြတ်တဲ့သားတော် (၅-၁၄)

 ဟိုးအရင်တုန်းက ဘုရားသခင်က ပရောဖက်တွေကတစ်ဆင့်  ဘိုးဘေးတွေကို အကြိမ်များစွာ၊ နည်းလမ်းများစွာနဲ့ ပြောခဲ့တယ်။+ ၂  အခုလို  ဆုံးခန်းချိန်မှာတော့  အရာအားလုံးရဲ့  အမွေခံအဖြစ်  ခန့်အပ်ထားတဲ့+ သားတော်ကတစ်ဆင့်+ ကျွန်တော်တို့ကို  ပြောနေတယ်။  အဲဒီသားတော်အားဖြင့် လောကစနစ်တွေကို* တည်စေခဲ့တယ်။+ ၃  သားတော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို+ ရောင်ပြန်ဟပ်သူ၊ ဘုရားသခင်နဲ့ တထေရာတည်းတူတဲ့သူ ဖြစ်တယ်။+ တန်ခိုးနဲ့ပြည့်စုံတဲ့ အမိန့်တွေအားဖြင့် အရာခပ်သိမ်းကို တည်ရှိစေတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သန့်စင်ပေးပြီးနောက်+ ကောင်းကင်မှာရှိတဲ့ ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ  ထိုင်တယ်။+ ၄  သူဟာ ကောင်းကင်တမန်တွေထက် သာလွန်တဲ့ ဘွဲ့နာမည်ကို ရရှိတဲ့အတွက်+ ကောင်းကင်တမန်တွေထက် ကြီးမြတ်တယ်။+ ၅  ဥပမာ၊ ဘုရားသခင်က “မင်းဟာ ငါ့သားပဲ။ ဒီနေ့ ငါဟာ မင်းရဲ့ဖခင် ဖြစ်လာပြီ၊”+ “ငါဟာ သူ့ရဲ့ဖခင် ဖြစ်လာမယ်။ သူဟာ ငါ့သားဖြစ်လာမယ်”+ လို့ ဘယ်ကောင်းကင်တမန်ကိုမှ မပြောခဲ့ဖူးဘူး။ ၆  ဒါပေမဲ့ မိမိရဲ့သားဦးကို+ ကမ္ဘာပေါ် နောက်တစ်ကြိမ် စေလွှတ်တဲ့အခါ “ဘုရားသခင်ရဲ့ ကောင်းကင်တမန်အပေါင်းတို့၊ သူ့ကို ဦးညွှတ်ကြ” လို့ပြောခဲ့တယ်။ ၇  အဲဒီအပြင်  ဘုရားသခင်က ကောင်းကင်တမန်တွေနဲ့ ပတ်သက်ပြီး “ကောင်းကင်တမန်တွေကို တန်ခိုးကြီးတဲ့ စွမ်းအား* ဖြစ်စေတယ်၊ အမှုထမ်းတွေကို+ လောင်နေတဲ့မီးလျှံ ဖြစ်စေတယ်”+  လို့ပြောတယ်။ ၈  သားတော်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာတော့ “ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ ရာဇပလ္လင်ပဲ။+ နိုင်ငံတော်ရဲ့ ရာဇလှံတံဟာ တရားမျှတခြင်းလှံတံပဲ။ ၉  မင်းကြီးက ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ တရားမဲ့မှုကို မုန်းတယ်။ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက် ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့+ ဘိသိက်ပေးတယ်”+ လို့ပြောတယ်။ ၁၀  အဲဒီအပြင် “သခင်၊ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို ဟိုးအရင်ကတည်းက သခင် ချခဲ့တာပါ။ ကောင်းကင်ဟာ သခင့်ရဲ့လက်ရာပါ။ ၁၁  ဒါတွေ ပျက်စီးသွားရင်တောင် သခင်ကတော့ တည်မြဲနေမှာပါ။ ဒါတွေဟာ အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်။ ၁၂  ဝတ်ရုံကိုလိပ်လိုက်သလို အဲဒါတွေကို သခင် လိပ်လိုက်တဲ့အခါ အဲဒါတွေ ပြောင်းလဲသွားတယ်။ သခင်ကတော့ အရင်အတိုင်းပဲ၊ မပြောင်းလဲဘူး။ သခင့်ရဲ့ သက်တမ်းဟာ ဘယ်တော့မှ မကုန်ဆုံးဘူး”+ လို့လည်း ပြောထားတယ်။ ၁၃  “ရန်သူတွေကို  မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ”+ လို့ ဘယ်ကောင်းကင်တမန်ကို  ဘုရားပြောဖူးလို့လဲ။ ၁၄  အဲဒီကောင်းကင်တမန်တွေဟာ  ဘုရားသခင်အတွက် အမှုဆောင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။+ ကယ်တင်ခြင်းရမယ့်သူတွေကို ကူညီဖို့ စေလွှတ်ခံရသူတွေပဲ မဟုတ်လား။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။