ဟဂ္ဂဲ ၂:၁-၂၃

  • ဘုန်း​အသရေ ပြည့်​နေ​မယ့် အိမ်​တော်​အသစ် (၁-၉)

    • လူမျိုး​အားလုံး​ကို ငါ​လှုပ်​ခါ​မယ် ()

    • လူမျိုး​အားလုံး​ထဲ​က တန်​ဖိုး​ရှိ​တဲ့​အရာတွေ ရောက်​လာ ()

  • ဗိမာန်​တော် ပြန်​တည်​ဆောက်​လို့ ကောင်း​ချီး​ရ (၁၀-၁၉)

    • သန့်​ရှင်း​မြင့်မြတ်​တဲ့​အရာ မကူး​စက်​နိုင် (၁၀-၁၄)

  • ဇေ​ရု​ဗ​ဗေ​လ​အတွက် အမှာ​စကား (၂၀-၂၃)

    • “မင်း​ကို တံ​ဆိပ်​လက်​စွပ်​လို ဖြစ်​စေ​မယ်” (၂၃)

 ခုနစ်​လ​ပိုင်း၊ ၂၁ ရက်​နေ့​မှာ ပရော​ဖက် ဟဂ္ဂဲ​က​တစ်ဆင့်+ ယေဟော​ဝါ ပြော​တာ​က– ၂  “ရှာ​လ​သေလ​ရဲ့​သား ယုဒ​ဘု​ရင်​ခံ+ ဇေ​ရု​ဗ​ဗေ​လ၊+ ယော​ဇ​ဒက်+ ရဲ့​သား ပု​ရော​ဟိတ်​မင်း ယောရှု​နဲ့+ ကျန်​တဲ့​လူ​တွေ​ကို မေး​လိုက်​ပါ– ၃  ‘ဘုန်း​အသရေ​နဲ့ ပြည့်​စုံ​တဲ့ အရင်​အိမ်​တော်​ကို မြင်​ဖူး​တဲ့​သူ မင်း​တို့​ထဲ​မှာ ရှိ​သေး​လား။+ အခု​ဆို အိမ်​တော်​ဟာ ဘယ်​လို​ပုံ​စံ​ဖြစ်​နေ​ပြီလဲ။ အရင်​အိမ်​တော်​နဲ့ တ​ခြား​စီ​ပဲ​လို့ မထင်​ဘူး​လား။’+ ၄  “ငါ​ယေဟောဝါ ပြော​မယ်– ‘အို ဇေ​ရု​ဗ​ဗေ​လ၊ ရဲရင့်​ပါ။ အို ယော​ဇ​ဒက်​ရဲ့​သား ပု​ရော​ဟိတ်​မင်း ယောရှု၊ ရဲရင့်​ကြ။’ “ငါ​ယေဟောဝါ ပြော​မယ်– ‘ပြည်​သူ​ပြည်​သား​အပေါင်း​တို့၊ ရဲရင့်​ကြ။+ လုပ်​စ​ရာ​ရှိ​တာ လုပ်​ကြ။’ “‘မင်း​တို့​နဲ့​အတူ ငါ​ရှိ​နေ​တယ်။’+ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တဲ့​စကား​ပဲ။ ၅  ‘အီဂျစ်​ပြည်​က​နေ မင်း​တို့​ထွက်​လာ​တုန်း​က ငါ​ပေး​ခဲ့​တဲ့ ကတိ​တွေ​ကို ပြန်​သတိ​ရ​ကြ​ပါ။+ မင်း​တို့​ဆီ​မှာ ငါ့​စွမ်းအား​တော် ရှိ​နေ​တယ်။*+ မကြောက်​ကြ​နဲ့။’”+ ၆  “‘မကြာ​ခင် ကောင်း​ကင်၊ မြေကြီး၊ ပင်လယ်​နဲ့ ကုန်း​မြေကို နောက်​တစ်​ကြိမ် ငါ​လှုပ်​ခါ​ဦး​မယ်’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၇  “‘လူမျိုး​အားလုံး​ကို ငါ​လှုပ်​ခါ​မယ်။ လူမျိုး​အားလုံး​ထဲ​က တန်​ဖိုး​ရှိ​တဲ့​အရာတွေ ဒီ​အိမ်​တော်​ကို ရောက်​လာ​မယ်။+ ဒီ​အိမ်​တော်​ကို ဘုန်း​အသရေ​နဲ့ ပြည့်​စုံ​စေ​မယ်’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၈  “‘ငွေ​ကို ငါ​ပိုင်​တယ်။ ရွှေ​ကို​လည်း ပိုင်​တယ်’ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၉  “‘ဒီ​အိမ်​တော်​အသစ်​ရဲ့ ဘုန်း​အသရေ​ဟာ အရင်​အိမ်​တော်ရဲ့ ဘုန်း​အသရေ​ထက် ကြီးမြတ်​လိမ့်​မယ်’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ “‘ငါ​က ဒီ​နေ​ရာ​မှာ ငြိမ်သက်​ခြင်း ရှိ​စေ​မယ်။’+ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၁၀  ဒါ​ရိ​မင်း​နန်း​စံ ဒုတိ​ယ​နှစ်၊ ကိုး​လ​ပိုင်း၊ ၂၄ ရက်​နေ့​မှာ ယေဟောဝါ​က ပရော​ဖက်​ဟဂ္ဂဲ​ကို ပြော​တယ်–+ ၁၁  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘ပု​ရော​ဟိတ်​တွေ​ကို ပညတ်​တ​ရား​နဲ့​ပတ်​သက်​ပြီး မေး​ကြည့်​လိုက်​ပါ–+ ၁၂  “ပူ​ဇော်​ထား​တဲ့ သန့်​ရှင်း​တဲ့​အသား​ကို ဝတ်​ရုံ​နဲ့​ထုပ်​ပြီး သယ်​လာ​တယ် ဆို​ပါ​စို့။ မုန့်၊ စွပ်​ပြုတ်၊ စ​ပျစ်​ဝိုင်၊ ဆီ​ စား​စ​ရာ​တစ်​ခု​ခု​က အဲဒီ​ဝတ်​ရုံ​နဲ့ ထိ​မိ​တယ်​ဆို​ရင် အဲဒီ​စား​စ​ရာ သန့်​ရှင်း​သွား​မလား” လို့​မေး​တဲ့​အခါ၊ ပု​ရော​ဟိတ်​တွေ​က “မသန့်​ရှင်း​ဘူး” လို့​ဖြေကြ​တယ်။ ၁၃  ဟဂ္ဂဲ​က “အသေကောင်​ကို* ကိုင်​မိ​လို့ ညစ်​ညူး​သူ​တစ်​ယောက်​က အဲဒီ​စား​စ​ရာ​တစ်​ခု​ခု​ကို ကိုင်​မိ​ရင် အဲဒီ​စား​စ​ရာ ညစ်​ညူး​သွား​မလား”+ လို့​မေး​တဲ့​အခါ၊ ပု​ရော​ဟိတ်​တွေ​က “ညစ်​ညူး​မှာ​ပေါ့” လို့​ဖြေကြ​တယ်။ ၁၄  ဒါ​နဲ့ ဟဂ္ဂဲ​က​လည်း “ယေဟောဝါ ပြော​တာ​က– ‘ဒီ​လူ​တွေ​ဟာ၊ ဒီ​လူမျိုး​ဟာ ငါ့​ရှေ့​မှာ အဲဒီ​အတိုင်း ဖြစ်​နေ​တယ်။ သူတို့​လုပ်​ဆောင်​သမျှ ငါ့​ရှေ့​မှာ အဲဒီ​အတိုင်း​ပဲ။ သူတို့​ပူ​ဇော်​သမျှ ညစ်​ညူး​နေ​တယ်’ လို့​ပြော​လိုက်​တယ်။ ၁၅  “‘ဒီ​နေ့​က​စ​ပြီး မင်း​တို့ အသေအချာ စဉ်း​စား​ကြည့်​ပါ​ဦး– ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို ပြန်​မတည်​ဆောက်​ခင်​မှာ၊+ ၁၆  ဘာ​တွေ​ဖြစ်​ခဲ့​သလဲ။ ကောက်​နှံ​အချိန် ၂၀ ရ​ဖို့ မျှော်​လင့်​ပေမဲ့ အချိန် ၁​ဝ ပဲ ရခဲ့​တယ်။ စ​ပျစ်​ကျင်း​က​နေ ဝိုင်​ပု​လင်း ၅၀ ရ​ဖို့ မျှော်​လင့်​ပေမဲ့ ပု​လင်း ၂၀ ပဲ ရခဲ့​တယ်။+ ၁၇  မင်း​တို့​လုပ်​လေ​သမျှ​ကို အပူ​ရှိန်​ကြောင့် အပင်​သေတဲ့​ဘေး၊ မှိုရော​ဂါ၊+ မိုး​သီး​တွေ​နဲ့ ငါ​ဒဏ်​ခတ်​ခဲ့​တယ်။ ဒါ​တောင် တစ်​ယောက်​မှ ငါ့​ဆီ ပြန်​မလှည့်​လာ​ဘူး’ လို့ ယေဟောဝါ​ပြော​တယ်။ ၁၈  “‘ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို အုတ်​မြစ်​ချ​တဲ့ ကိုး​လ​ပိုင်း၊ ၂၄ ရက်​နေ့​ဖြစ်​တဲ့ ဒီ​နေ့​က​စ​ပြီး+ အသေအချာ စဉ်း​စား​ကြည့်​ပါ– ၁၉  ကျီ​ထဲ​မှာ မျိုး​စေ့​တွေ ကျန်​သေး​လို့​လား။+ စ​ပျစ်​ပင်၊ သဖန်း​ပင်၊ သလဲ​ပင်၊ သံ​လွင်​ပင်​တွေ အသီး​မသီး​တော့​ဘူး မဟုတ်​လား။ ဒါ​ပေမဲ့ ဒီ​နေ့​က​စ​ပြီး မင်း​တို့​ကို ငါ​ကောင်း​ချီး​ပေး​မယ်။’”+ ၂၀  ကိုး​လ​ပိုင်း၊ ၂၄ ရက်​နေ့​မှာ ယေဟောဝါ​က ဟဂ္ဂဲ​ကို ထပ်​ပြော​တယ်–+ ၂၁  “ယုဒ​ဘု​ရင်​ခံ ဇေ​ရု​ဗ​ဗေ​လ​ကို ပြော​လိုက်​ပါ– ‘ကောင်း​ကင်​နဲ့ မြေကြီး​ကို ငါ​လှုပ်​ခါ​မယ်။+ ၂၂  တိုင်း​နိုင်​ငံ​တွေရဲ့ ရာ​ဇ​ပလ္လင်​ကို ငါ​မှောက်​လှန်​မယ်။ တိုင်း​နိုင်​ငံ​တွေရဲ့ အစွမ်း​တန်ခိုး​ကို အစ​တုံး​ဖျက်​ဆီး​မယ်။+ မြင်း​ရ​ထား​တွေ၊ မြင်း​စီး​သူ​ရဲတွေ​ကို ငါ​မှောက်​လှန်​တဲ့​အခါ သူတို့ ပြို​လဲ​သွား​ကြ​လိမ့်​မယ်။ အချင်း​ချင်း သတ်​ဖြတ်​ကြ​လိမ့်​မယ်။’”+ ၂၃  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘ရှာ​လ​သေလ​ရဲ့​သား+ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊+ အဲဒီ​နေ့​ကျ​ရင် မင်း​ကို ငါ​အသုံး​ပြု​မယ်။’ ငါ​ယေဟောဝါ ပြော​မယ်– ‘မင်း​ဟာ ငါ​ရွေး​ချယ်​ထား​သူ​ဖြစ်​တဲ့​အတွက် မင်း​ကို တံ​ဆိပ်​လက်​စွပ်​လို ဖြစ်​စေ​မယ်။’ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ

“အဲဒီ​တုန်း​က မင်း​တို့​ဆီ​မှာ ငါ့​စွမ်းအား​တော် တည်​နေ​ခဲ့​တယ်” လည်း​ဖြစ်​နိုင်။
ခက်​ဆစ် “အသက်” ကို​ကြည့်။