ဟဂ္ဂဲ ၁:၁-၁၅

  • ဗိမာန်​တော်​ကို ပြန်​မဆောက်​လို့ ဆုံးမ (၁-၁၁)

    • ‘မှန်​ကူ​ကွက်​ဖော်​ထား​တဲ့ အိမ်​မှာ နေ​ရ​မယ့်​အချိန်​လား’ ()

    • “မင်း​တို့​ရဲ့​လမ်း​စဉ်တွေ​ကို အသေအချာ စဉ်း​စား​ကြ” ()

    • မျိုး​စေ့ အများ​ကြီး​ကြဲ​ပေမဲ့ နည်း​နည်း​ပဲ ရိတ်သိမ်း​ရ ()

  • ယေဟောဝါ ပြော​တာ​ကို နား​ထောင်​သူ​တွေ (၁၂-၁၅)

 ဒါ​ရိ​မင်း​နန်း​စံ ဒုတိ​ယ​နှစ်၊ ခြောက်​လ​ပိုင်း၊ တစ်​ရက်​နေ့​မှာ ယေဟောဝါ​က ပရော​ဖက် ဟဂ္ဂဲ*+ က​တစ်ဆင့် ရှာလ​သေလ​ရဲ့​သား ယုဒ​ဘု​ရင်​ခံ ဇေ​ရု​ဗ​ဗေ​လ​နဲ့+ ယော​ဇ​ဒက်​ရဲ့​သား ပု​ရော​ဟိတ်​မင်း ယောရှု​ကို ပြော​တယ်– ၂  “‘“ယေဟောဝါ​ရဲ့​အိမ်​တော်​ကို တည်​ဆောက်​ဖို့ အချိန်​မရောက်​သေး​ဘူး”+ လို့ ဒီ​လူ​တွေ ပြော​နေ​ကြ​တယ်’ ဆို​ပြီး ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။” ၃  ဒါ​ကြောင့် ယေဟောဝါ​က ပရော​ဖက် ဟဂ္ဂဲ​က​တစ်ဆင့် ပြော​တယ်–+ ၄  “အခု​အချိန်​ဟာ မှန်​ကူ​ကွက်​ဖော်​ထား​တဲ့ အိမ်​တွေ​မှာ မင်း​တို့​နေ​ထိုင်​ရ​မယ့် အချိန်​လား။ ငါ့​အိမ်​တော်​က​တော့ ပျက်​စီး​နေ​တာ။+ ၅  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘မင်း​တို့​ရဲ့ လမ်း​စဉ်တွေ​ကို အသေအချာ စဉ်း​စား​ကြ။ ၆  မျိုး​စေ့ အများ​ကြီး ကြဲ​ပေမဲ့ နည်း​နည်း​ပဲ ရိတ်​သိမ်း​နေ​ရ​တယ်။+ စား​ရ​ပေမဲ့ ဝ​ဝ​လင်​လင် မစား​ရ​ဘူး။ သောက်​ရ​ပေမဲ့ အဝ​မသောက်​ရ​ဘူး။ အဝတ်​ဝတ်​ရ​ပေမဲ့ မနွေး​ထွေး​ဘူး။ အငှား​လုပ်​သား​က​လည်း ရ​သမျှ​လုပ်​ခ​ကို ပေါက်​နေ​တဲ့​အိတ်​ထဲ ထည့်​ရ​သလို ဖြစ်​နေ​ပြီ။’” ၇  “ဒါ​ကြောင့် ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘မင်း​တို့​ရဲ့ လမ်း​စဉ်တွေ​ကို အသေအချာ စဉ်း​စား​ကြ။’ ၈  “‘တောင်​ပေါ်​ကို တက်​သွား​ပြီး သစ်​တွေ သယ်​လာ​ကြ​ပါ။+ ငါ​နှစ်​သက်​မယ့်၊ ငါ့​ဘုန်း​ထင်​ရှား​မယ့်+ အိမ်​တော်​ကို တည်​ဆောက်​ကြ​ပါ။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၉  “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘အများ​ကြီး​ရ​မယ်​လို့ မင်း​တို့​မျှော်​လင့်​ပေမဲ့ နည်း​နည်း​ပဲ ရ​တယ်။ အဲ​ဒါ​တွေ​ကို အိမ်​ထဲ​ယူ​လာ​ပြန်​တော့​လည်း ငါ​မှုတ်​ထုတ်​လိုက်​တယ်။+ ဘာ​ကြောင့်​လဲ။ ငါ့​အိမ်​တော် ပျက်​စီး​နေ​လျက်​နဲ့ မင်း​တို့​က ကိုယ့်​အိမ်​အတွက်​ပဲ ဗျာ​များ​နေ​ကြ​တာ​ကိုး။+ ၁၀  ဒါ​ကြောင့် ကောင်း​ကင်​က နှင်း​တွေ မချ​ပေး​တော့​ဘူး။ မြေကြီး​က​လည်း သီး​နှံ​တွေ မထုတ်​ပေး​တော့​ဘူး။ ၁၁  မြေပေါ်​မှာ၊ တောင်​တန်း​တွေ​မှာ မိုး​ခေါင်​သွား​ပြီ။ ကောက်​နှံ၊ စ​ပျစ်​ဝိုင်​သစ်၊ ဆီ​တွေ၊ မြေမှာ​ပေါက်​တဲ့ အပင်​တွေ ပျက်​စီး​သွား​ပြီ။ လူ​သူ​တိ​ရစ္ဆာန်​အားလုံး ဒုက္ခရောက်ခဲ့ရ​ပြီ။ အပင်​ပန်း​ခံ​ပြီး လုပ်​ခဲ့​သမျှ အချည်း​နှီး​ဖြစ်​ခဲ့​ပြီ။” ၁၂  ရှာ​လ​သေလ+ ရဲ့​သား ဇေ​ရု​ဗ​ဗေ​လ၊+ ယော​ဇ​ဒက်+ ရဲ့​သား ပုရော​ဟိတ်​မင်း ယောရှု​နဲ့ ကျန်​တဲ့​လူ​တွေ အားလုံး​က ယေဟောဝါ​ဘု​ရား ပြော​တာ​ကို နား​ထောင်​ကြ​တယ်။ ဟဂ္ဂဲ​ကို ယေဟောဝါ​ဘု​ရား စေ​လွှတ်​လိုက်​တာ​ဖြစ်​လို့ သူ့​စကား​ကို​လည်း နား​ထောင်​ကြ​တယ်။ ယေဟောဝါ​ကို လူ​တွေ ကြောက်​ရွံ့​ရို​သေလာ​ကြ​တယ်။ ၁၃  ယေဟောဝါ​ရဲ့​စေ​တ​မန် ဟဂ္ဂဲ​က “‘မင်း​တို့​နဲ့​အတူ ငါ​ရှိ​တယ်’+ လို့ ယေဟောဝါ​ဘု​ရား ပြော​တယ်” ဆို​ပြီး ယေဟောဝါ ပြော​ခိုင်း​တဲ့​အတိုင်း လူ​တွေ​ကို ပြော​တယ်။ ၁၄  ယေဟောဝါ​က ရှာ​လ​သေလ​ရဲ့​သား ယုဒ​ဘု​ရင်​ခံ+ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​ရဲ့​သား ပု​ရော​ဟိတ်​မင်း ယောရှု​နဲ့+ ကျန်​တဲ့​လူ​အားလုံး​ရဲ့ စိတ်​ကို လှုံ့​ဆော်​ပေး​တယ်။+ ဒါ​ကြောင့် သူတို့​က ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ အလုပ်​လုပ်​ဖို့ ရောက်​လာ​ကြ​တယ်။+ ၁၅  ဒါ​ရိ​မင်း​နန်း​စံ+ ဒုတိ​ယ​နှစ်၊ ခြောက်​လ​ပိုင်း၊ ၂၄ ရက်​နေ့​မှာ အလုပ်​စ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ပွဲ​တော်​နေ့​မှာ မွေး​ဖွား​သူ။”