ဝတ်ပြုရာ ၂၃:၁-၄၄

  • နေ့ထူးနေ့မြတ်​များ၊ ပွဲတော်များ (၁-၄၄)

    • ဥပုသ်​နေ့ ()

    • ပသခါပွဲ (၄၊ ၅)

    • တဆေးမဲ့​မုန့်​ပွဲတော် (၆-၈)

    • သီး​ဦး​သီး​ဖျား​အလှူ (၉-၁၄)

    • ခုနစ်သီတင်းပွဲ​တော် (၁၅-၂၁)

    • တော်မှန်​စွာ ရိတ်သိမ်းခြင်း (၂၂)

    • ခရာမှုတ်​ပွဲတော် (၂၃-၂၅)

    • အပြစ်ဖြေ​ရာ​နေ့ (၂၆-၃၂)

    • တဲ​နေ​ပွဲတော် (၃၃-၄၃)

၂၃  ယေဟောဝါ​က  မောရှေ​ကို မိန့်မှာ​တယ်– ၂  “အစ္စရေးတွေကို ပြောပါ။ ‘ယေဟောဝါ​အတွက် မင်း​တို့​လုပ်​ရမယ့် ရာသီ​ပွဲ​တွေ​ဟာ+ မြင့်မြတ်​တဲ့ စည်းဝေးပွဲ​တွေ​ပဲ။ အဲဒီ​ရာသီ​ပွဲ​တွေကတော့– ၃  “‘ခြောက်ရက်​လုံး  အလုပ်လုပ်​နိုင်တယ်။  ခုနစ်​ရက်​မြောက်​နေ့​က​တော့  အပြည့်အဝ  အနားယူ​ရမယ့် ဥပုသ်​နေ့၊+  မြင့်မြတ်​တဲ့ စည်းဝေးပွဲ ဖြစ်တယ်။  ဘာ​အလုပ်​မှ  မလုပ်ရဘူး။  မင်း​တို့​နေထိုင်​ရာ  အရပ်​တိုင်းမှာ  အဲဒီ​နေ့​ဟာ ယေဟောဝါ​အတွက် ဥပုသ်​နေ့​ပဲ။+ ၄  “‘သတ်မှတ်​ထား​ချိန်မှာ မင်း​တို့​လုပ်​ရမယ့် မြင့်မြတ်​တဲ့​စည်းဝေးပွဲ​တွေ၊ ယေဟောဝါရဲ့ ရာသီ​ပွဲ​တွေကတော့– ၅  ပထမ​လ၊ ၁၄ ရက်​နေ့၊+ နေဝင်ချိန်​ဟာ ယေဟောဝါ​အတွက် ပသခါပွဲ*+ ဖြစ်တယ်။ ၆  “‘ပထမ​လ၊ ၁၅ ရက်​နေ့​ဟာ ယေဟောဝါ​အတွက်  တဆေးမဲ့​မုန့်​ပွဲတော်  ဖြစ်တယ်။+  ခုနစ်​ရက်​လုံး တဆေးမဲ့​မုန့်​ကို စား​ရမယ်။+ ၇  ပထမနေ့​မှာ  မြင့်မြတ်​တဲ့​စည်းဝေးပွဲ လုပ်​ရမယ်။+ ပင်ပန်း​တဲ့​အလုပ် မှန်သမျှ မလုပ်ရဘူး။ ၈  ခုနစ်​ရက်​ပတ်လုံး မီးရှို့​ရာ​အလှူ​ကို ယေဟောဝါ​ဆီ ဆက်သ​ရမယ်။ ခုနစ်​ရက်​မြောက်​နေ့​မှာ​လည်း မြင့်မြတ်​တဲ့​စည်းဝေးပွဲ လုပ်​ရမယ်။ ပင်ပန်း​တဲ့​အလုပ် မှန်သမျှ မလုပ်ရဘူး။’” ၉  ယေဟောဝါ​က မောရှေ​ကို ဆက်​ပြောတယ်– ၁၀  “အစ္စရေးတွေကို ပြောပါ။ ‘မင်း​တို့ကို ငါ​ပေးမယ့်​ပြည်​ထဲ ရောက်​ပြီးနောက် ကောက်ရိတ်သိမ်း​တဲ့​အ​ခါ  ဦးဆုံး​ရိတ်​တဲ့+ ကောက်လှိုင်း​စည်း​ကို  ပုရောဟိတ်​ဆီ ယူလာ​ရမယ်။+ ၁၁  မင်း​တို့ နှစ်သက်လက်ခံမှု​ရဖို့ ပုရောဟိတ်​က ကောက်လှိုင်း​စည်း​ကို ယေဟောဝါ​ရှေ့ ချီလွှဲ​ရမယ်။ ဥပုသ်​နေ့​လွန်ပြီး နောက်​တစ်ရက်​မှာ ပုရောဟိတ်​က  အဲဒါကို  ချီလွှဲ​ရမယ်။ ၁၂  မင်း​တို့​ရဲ့​ကောက်လှိုင်း​စည်း​ကို ချီလွှဲ​တဲ့​နေ့​မှာ အနာအဆာ​မရှိတဲ့ တစ်နှစ်​သား​အရွယ် သိုးထီး​လေး​ကို မီးရှို့​ရာ​အလှူ​အဖြစ်  ယေဟောဝါ​ဆီ ဆက်သ​ရမယ်။ ၁၃  ဆီလောင်း​ထားတဲ့​ဂျုံနု တစ်​ဧ​ဖာ​ရဲ့* ဆယ်​ပုံ​နှစ်​ပုံကို​လည်း ကောက်နှံ​အလှူ​အဖြစ်၊ မွှေး​ကြို​င်တဲ့​ရနံ့​အဖြစ် ယေဟောဝါ​ဆီ မီးရှို့​ပူဇော်​ရမယ်။ အဲဒါတွေနဲ့​အတူ စပျစ်ဝိုင်​တစ်​ဟိန်​ရဲ့* လေး​ပုံ​တစ်​ပုံကို သွန်းလောင်း​ရာ​အလှူ​အဖြစ် ဆက်သ​ရမယ်။ ၁၄  အဲဒီ​နေ့​မရောက်မချင်း၊ ဘုရား​သခင်​ဆီ ဒီ​အလှူ​တွေ မ​ယူလာ​မချင်း မုန့်၊ ကောက်နှံ​လှော် ဒါမှမဟုတ် ကော​က်​သစ်​ကို မစား​ရဘူး။ ဒါဟာ မင်း​တို့​နေထိုင်​ရာ အရပ်​တိုင်းမှာ လူမျိုး​အစဉ်အဆက် လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့ ဥပဒေ​ပဲ။ ၁၅  “‘ဥပုသ်​နေ့​အလွန် နောက်​တစ်ရက်​ဖြစ်တဲ့ ချီလွှဲ​ရာ​အလှူ ကောက်လှိုင်း​စည်း​ကို  ယူ​လာတဲ့​နေ့​က​စပြီး ဥပုသ်​ခုနစ်ပတ်​ပြည့်​အောင် ရေတွက်​ရမယ်။+ အပတ်​တိုင်း​ဟာ ခုနစ်​ရက်​အပြည့်​ဖြစ်​ရမယ်။ ၁၆  ဥပုသ်​ခုနစ်ပတ်​ပြည့်​ပြီး  နောက်​တစ်ရက်​ဖြစ်တဲ့ ရက် ၅၀ မြောက်​နေ့​မှာ+ ကော​က်​သစ်​အလှူ​ကို ယေဟောဝါ​ဆီ ဆက်သ​ရမယ်။+ ၁၇  မင်း​တို့​အိမ်​က​နေ မုန့်နှစ်လုံး​ကို ချီလွှဲ​ရာ​အလှူ​အဖြစ် ယူလာ​ရမယ်။ ဂျုံနု​တစ်​ဧ​ဖာ​ရဲ့* ဆယ်​ပုံ​နှစ်ပုံ​နဲ့​လုပ်ပြီး တဆေး​ထည့်​ဖုတ်​ထားတဲ့ အဲဒီ​မုန့်​တွေကို+ ယေဟောဝါ​ဆီ သီး​ဦး​သီး​ဖျား  အလှူ​တွေ​အဖြစ်+  ဆက်သ​ရမယ်။ ၁၈  အဲဒီ​မုန့်နှစ်လုံး​နဲ့အတူ အနာအဆာ​မရှိတဲ့ တစ်နှစ်​သား​အရွယ် သိုးထီး​လေး​ခုနစ်ကောင်၊ နွားထီး​ပျို​တစ်ကောင်၊ သိုးထီး​နှစ်ကောင်​ကို ဆက်သ​ရမယ်။+ အဲဒီ​တိရစ္ဆာန်တွေကို မီးရှို့​ရာ​အလှူအဖြစ် သက်ဆိုင်ရာ ကောက်နှံ​အလှူ၊ သွန်းလောင်း​ရာ အလှူ​တွေ​နဲ့အတူ  ယေဟောဝါ​ဆီ  မီးရှို့​ပူဇော်​ရမယ်။ ဒါဟာ  ယေဟောဝါ​အတွက် မွှေး​ကြို​င်တဲ့​ရနံ့​ပဲ။ ၁၉  ပြီးတော့ အပြစ်ဖြေ​ရာ​အလှူ​အဖြစ်  ဆိတ်​ကလေး​တစ်ကောင်၊+ မိတ်သဟာယ ပူဇော်သက္ကာ​အဖြစ် တစ်နှစ်​သား​အရွယ် သိုးထီး​လေး နှစ်ကောင်​ကို​လည်း ဆက်သ​ရမယ်။+ ၂၀  ပုရောဟိတ်​က အဲဒီ​သိုးထီး​လေးနှစ်​ကော​င်ကို သီး​ဦး​သီး​ဖျား​အမှည့်​နဲ့ လုပ်​ထားတဲ့ မုန့်​တွေ​နဲ့အတူ ယေဟောဝါ​ရှေ့ ချီလွှဲ​ရာ​အလှူ​အဖြစ် ချီလွှဲ​ရမယ်။ ဒါတွေဟာ ယေဟောဝါ​အတွက် သန့်ရှင်းမြင့်မြတ်​ရာ​ဖြစ်ပြီး ပုရောဟိတ်​က ယူ​ရမယ်။+ ၂၁  အဲဒီ​နေ့​မှာ မြင့်မြတ်​တဲ့ စည်းဝေးပွဲ​ရှိမယ်​ဆို​တာ  ကြေညာ​ရမယ်။+  ပင်ပန်း​တဲ့​အလုပ် မှန်သမျှ မလုပ်ရဘူး။ ဒါဟာ မင်း​တို့​နေထိုင်​ရာ​အရပ်​တိုင်းမှာ လူမျိုး​အစဉ်အဆက် လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့​ဥပဒေ​ပဲ။ ၂၂  “‘ကော​က်​ရိတ်​တဲ့​အ​ခါ လယ်ကွက်  အနား​တစ်လျှောက်​က ကော​က်​ပင်​တွေကို မ​ရိတ်​ရဘူး။ ရိတ်သိမ်း​ပြီးနောက် ကျန်တာ​တွေကို ပြန်​မ​ကော​က်​ရဘူး။+ ဆင်းရဲ​သားတွေ၊+ တိုင်းတစ်ပါး​သားတွေ​အတွက်+  ချန်​ထားခဲ့​ရမယ်။ ငါ​ဟာ  မင်း​တို့​ရဲ့​ဘုရား  ယေဟောဝါ​ပဲ။’” ၂၃  ယေဟောဝါ​က  မောရှေ​ကို မိန့်မှာ​တယ်– ၂၄  “အစ္စရေးတွေကို ပြောပါ။ ‘ခုနစ်လ​ပိုင်း၊ တစ်ရက်​နေ့​မှာ အပြည့်အဝ အနားယူ​ရမယ်။ အဲဒီ​နေ့​ဟာ  ခရာမှုတ်​ပြီး​ကြေညာ​ရမယ့်+ မြင့်မြတ်​တဲ့​စည်းဝေးပွဲ​နေ့​ပဲ။ ၂၅  ပင်ပန်း​တဲ့​အလုပ် မှန်သမျှ မလုပ်ရဘူး။ အလှူ​တွေကို  ယေဟောဝါ​ဆီ  မီးရှို့​ဆက်သ​ရမယ်။’” ၂၆  ယေဟောဝါ​က  မောရှေ​ကို ဆက်​ပြောတယ်– ၂၇  “ခုနစ်လ​ပိုင်း၊ ၁၀ ရက်​နေ့​က​တော့ အပြစ်ဖြေ​ရာ​နေ့​ပဲ။+ အဲဒီ​နေ့​မှာ မြင့်မြတ်​တဲ့​စည်းဝေးပွဲ လုပ်ပြီး  ကိုယ့်ကို​ယ်​ကိုယ် ဒဏ်ပေး​ရမယ်။*+ အလှူ​တွေကို ယေဟောဝါ​ဆီ မီးရှို့​ဆက်သ​ရမယ်။ ၂၈  အဲဒီ​နေ့ထူးနေ့မြတ်​မှာ ဘာ​အလုပ်​မှ မလုပ်ရဘူး။ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ရှေ့မှာ မင်း​တို့​ရဲ့​အပြစ်​ကို ဖြေ​ပေးမယ့် အပြစ်ဖြေ​ရာ​နေ့​ပဲ။+ ၂၉  အဲဒီ​နေ့​မှာ ကိုယ့်ကို​ယ်​ကိုယ် ဒဏ်​မပေး​တဲ့​သူ* ဘယ်သူ​မဆို ပယ်ရှင်း​ခံရမယ်။+ ၃၀  အဲဒီ​နေ့​မှာ အလုပ်​လုပ်တဲ့ လူတိုင်း​ကို အမျိုး​ထဲက​နေ ငါ​ဖျက်ဆီး​မယ်။ ၃၁  ဘာ​အလုပ်​မှ မလုပ်ရဘူး။ ဒါဟာ မင်း​တို့​နေထိုင်​ရာ အရပ်​တိုင်းမှာ လူမျိုး​အစဉ်အဆက် လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့​ဥပဒေ​ပဲ။ ၃၂  အဲဒီ​နေ့​ဟာ အပြည့်အဝ အနားယူ​ရမယ့် ဥပုသ်​နေ့​ပဲ။ အဲဒီ​လ၊ ကိုးရက်​နေ့၊ ည​ဦး​ပိုင်း​မှာ ကိုယ့်ကို​ယ်​ကိုယ် ဒဏ်ပေး​ရမယ်။+ အဲဒီ​ည​ဦး​ပိုင်း​က​နေ နောက်​နေ့​ည​ဦး​ပိုင်း​အထိ ဥပုသ်​နေ့​ကို စောင့်ထိန်း​ရမယ်။” ၃၃  ယေဟောဝါ​က  မောရှေ​ကို မိန့်မှာ​တယ်– ၃၄  “အစ္စရေးတွေကို ပြောပါ။ ‘ခုနစ်လ​ပိုင်း၊ ၁၅ ရက်​နေ့​ဟာ ယေဟောဝါ​အတွက် ခုနစ်​ရက်​ကြာ​လုပ်​ရမယ့် တဲ​နေ​ပွဲပဲ။+ ၃၅  ပထမနေ့​မှာ  မြင့်မြတ်​တဲ့​စည်းဝေးပွဲ  လုပ်​ရမယ်။ ပင်ပန်း​တဲ့​အလုပ်​မှန်သမျှ မလုပ်ရဘူး။ ၃၆  ခုနစ်​ရက်​လုံး အလှူ​တွေကို ယေဟောဝါ​ဆီ မီးရှို့​ဆက်သ​ရမယ်။ ရှစ်​ရက်​မြောက်​နေ့​မှာ မြင့်မြတ်​တဲ့​စည်းဝေးပွဲ​လုပ်ပြီး+ အလှူ​တွေကို ယေဟောဝါ​ဆီ မီးရှို့​ဆက်သ​ရမယ်။ ဒါဟာ အထူးအစည်းအဝေး​ပဲ။ ပင်ပန်း​တဲ့​အလုပ်​မှန်သမျှ မလုပ်ရဘူး။ ၃၇  “‘ဒါတွေဟာ  ယေဟောဝါရဲ့ ရာသီ​ပွဲ​တွေ ဖြစ်တယ်။+ မြင့်မြတ်​တဲ့ စည်းဝေးပွဲ​တွေ​အဖြစ်  ကြေညာ​ရမယ်။+  မီးရှို့​ရာ​အလှူ၊+  ကောက်နှံ​အလှူ​နဲ့+ သွန်းလောင်း​ရာ​အလှူ​တွေကို+ ယေဟောဝါ​ဆီ နေ့ရက်​အလိုက် မီးရှို့​ဆက်သ​ရမယ်။ ၃၈  အဲဒါတွေ​က ယေဟောဝါရဲ့ ဥပုသ်​နေ့​တွေ​မှာ+ ဆက်သ​ရမယ့်​အလှူ​တွေ၊ လက်ဆောင်​တွေ၊+ သစ္စာ​ကတိ​အလျောက်+ ဒါမှမဟုတ် စေတနာအလျောက်​ပေး​တဲ့+ အလှူ​တွေ  အပြင်  ယေဟောဝါ​ဆီ နောက်ထပ်​ဆက်သ​ရမယ့် အလှူ​တွေ​ဖြစ်တယ်။ ၃၉  ဒါပေမဲ့ ခုနစ်လ​ပိုင်း၊ ၁၅ ရက်​နေ့​မှာ မင်း​တို့​ရဲ့​မြေ​ထွက်​သီးနှံ​တွေကို စုသိမ်း​တဲ့​အ​ခါ ယေဟောဝါရဲ့​ပွဲတော်​ကို ခုနစ်​ရက်​ကြာ လုပ်​ရမယ်။+ ပထမနေ့​မှာ အပြည့်အဝ အနားယူပြီး ရှစ်​ရက်​မြောက်​နေ့​မှာ​လည်း အပြည့်အဝ အနားယူ​ရမယ်။+ ၄၀  ပထမနေ့​မှာ အကောင်းဆုံး​သစ်သီးတွေ၊ စွန်ပလွံ​ခက်​တွေ၊+ အရွက်​ဝေဆာ​တဲ့​သစ်ကိုင်း​တွေ၊ ချိုင့်ဝှမ်း​ထဲက မိုး​မ​ခ​ကိုင်း​တွေကို ယူ​လာပြီး မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ရှေ့မှာ ခုနစ်​ရက်​ပတ်လုံး+ ရွှင်လန်း​ရမယ်။+ ၄၁  ဒီ​ပွဲကို  ယေဟောဝါ​အတွက် ပွဲတော်​အဖြစ် တစ်နှစ်မှာ ခုနစ်​ရက်လုပ်​ရမယ်။+ ခုနစ်လ​ပိုင်း​မှာ ဒီ​ပွဲကို လုပ်​ရမယ်။  ဒါဟာ  မင်း​တို့​လူမျိုး​အစဉ်အဆက် လိုက်နာ​ရမယ့် အမြဲ​တ​ည်တဲ့​ဥပဒေ​ပဲ။ ၄၂  ခုနစ်​ရက်​လုံး တဲ​တွေ​မှာပဲ နေထိုင်​ရမယ်။+ အစ္စရေး​တစ်မျိုးလုံး  တဲ​တွေ​မှာပဲ နေထိုင်​ရမယ်။ ၄၃  အစ္စရေးတွေကို အီဂျစ်ပြည်​က​နေ ငါ​ခေါ်ထုတ်​လာ​တုန်းက တဲ​တွေ​မှာ နေထိုင်​စေတဲ့​အကြောင်း နောင်​လူမျိုးဆက်​တွေ သိ​စေဖို့​ဖြစ်တယ်။+ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။’” ၄၄  မောရှေ​လည်း ယေဟောဝါရဲ့ ရာသီ​ပွဲ​တွေ​အကြောင်း အစ္စရေး​လူမျိုး​ကို ပြန်ပြော​ပြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကို​ကြည့်။
တစ်​ဧ​ဖာ​က ၂၂ လီတာ​ဆံ့တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဟိန်​က ၃.၆၇ လီတာ​နဲ့​ညီ။ နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဧ​ဖာ​က ၂၂ လီတာ​ဆံ့တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်ဆက်တွဲ ခ​၁၄ ကို​ကြည့်။
အစာရှောင်​တာ​လိုမျိုး ခြိုးခြံ​စွာ​ကျင့်​တဲ့​နည်းတွေ​လို့ ယူဆကြ။
“အစာ​မရှောင်​တဲ့​သူ” လည်း​ဖြစ်နိုင်။