လုကာ ၅:၁-၃၉

  • အံ့​ဖွယ်​နည်း​နဲ့ ငါး​ဖမ်း။ ဦး​ဆုံး တ​ပည့်​ဖြစ်​လာ​သူတွေ (၁-၁၁)

  • အနာ​ကြီး​ရော​ဂါသ​ည် ပြန်​ကောင်း​လာ (၁၂-၁၆)

  • လေ​ဖြတ်​နေ​သူ​ကို ယေရှု​ကု​ပေး (၁၇-၂၆)

  • လေ​ဝိကို ယေရှု​ဖိတ်​ခေါ် (၂၇-၃၂)

  • အစာ​ရှောင်​ခြင်း​နဲ့​ပတ်​သက်​တဲ့ မေး​ခွန်း (၃၃-၃၉)

 တစ်​နေ့​တော့ ယေရှု​က ဂင်​နေ​သရက်​အိုင်*+ နား​မှာ ရပ်​ပြီး ဘုရား​သခင်​ရဲ့ တ​ရား​စကား​ကို သွန်သင်​နေ​တဲ့​အခါ လူ​တွေ နား​ထောင်​ဖို့ ကြိတ်​ကြိတ်​တိုး လာ​တယ်။ ၂  အဲဒီ​အခါ ကမ်း​ကပ်​ထား​တဲ့ လှေ​နှစ်​စင်း​ကို ယေရှု​မြင်​တယ်။ တံ​ငါ​သည်​တွေ​က​တော့ လှေ​ပေါ်​က​ဆင်း​ပြီး ပိုက်​ကွန်​တွေ​ကို ဆေး​ကြော​နေ​တယ်။+ ၃  ယေရှု​က ရှိ​မုန်​ရဲ့​လှေ​ပေါ် တက်​ပြီး ကမ်း​က​နေ နည်း​နည်း ခွာ​ခိုင်း​တယ်။ ပြီး​တော့ ထိုင်​ပြီး ကမ်း​ပေါ်​က​လူ​တွေ​ကို သွန်သင်​ပေး​တယ်။ ၄  သွန်သင်​ပြီး​သွား​တဲ့​အခါ ယေရှု​က “ရေ​နက်​တဲ့​ဘက်​ကို လှော်​သွား​ပြီး ပိုက်​ကွန်​ချ​ပါ” လို့​ပြော​တော့၊ ၅  ရှိ​မုန်​က “ဆ​ရာ၊ ကျွန်​တော်​တို့ တစ်​ည​လုံး ကြိုး​စား​တာ ငါး​တစ်​ကောင်​မှ မရ​ဘူး။+ ဒါ​ပေမဲ့ ဆ​ရာ​ခိုင်း​တဲ့​အတိုင်း ပိုက်ကွန်​ချ​ပါ့​မယ်” လို့​ပြော​တယ်။ ၆  အဲဒီ​နောက် ပိုက်​ကွန်​ချ​လိုက်​တဲ့​အခါ ငါး​တွေ အများ​ကြီး​ဖမ်း​မိ​တယ်။ ပိုက်​ကွန်​တွေ ပေါက်​ပြဲလု​မတတ်​ပဲ။+ ၇  ဒါ​နဲ့ တ​ခြား​လှေ​ပေါ်​က တံ​ငါ​သည်​ရောင်းရင်းတွေ​ကို အချက်​ပြပြီး ခေါ်​လိုက်​တယ်။ သူတို့ ဝိုင်း​ကူ​တဲ့​အခါ လှေ​နှစ်​စင်း​လုံး နစ်​လု​မတတ် ငါး​တွေ အပြည့်​ရ​တယ်။ ၈  ဒါ​ကို​မြင်​တဲ့​အခါ ရှိ​မုန်​ပေတရု​က ယေရှု​ရှေ့​မှာ ဒူး​ထောက်​ပြီး “သခင်၊ ကျွန်​တော်​ဟာ အပြစ်​များ​တဲ့​သူ​ပါ။ ကျွန်​တော့်​ဆီ​က ထွက်​သွား​ပေး​ပါ” လို့​ပြော​တယ်။ ၉  ငါး​တွေ​အများ​ကြီး ဖမ်း​မိ​တဲ့​အတွက် သူ​ရော အတူ​ပါ​လာ​တဲ့​သူ​တွေ​ပါ သိပ်​အံ့​သြသွား​လို့​ပဲ။ ၁၀  သူ့​အပေါင်း​အဖော်တွေ​ဖြစ်​တဲ့ ဇေဗေဒဲရဲ့​သား ယာကုပ်​နဲ့ ယောဟန်​လည်း+ အံ့သြ​နေ​တယ်။ ယေရှု​က “မစိုး​ရိမ်​နဲ့​တော့။ အခု​ချိန်​က​စ​ပြီး ခင်​ဗျား​ဟာ လူ​ကို​ဖမ်း​တဲ့ တံ​ငါ​သည် ဖြစ်​လိမ့်​မယ်”+ ဆို​ပြီး ရှိ​မုန်​ကို ပြော​တယ်။ ၁၁  သူတို့​လည်း လှေ​တွေ​ကို ကမ်း​ကပ်​ပြီး​တဲ့​နောက် အရာရာ​ကို​စွန့်​လွှတ်​ပြီး ယေရှု​နောက်​ကို လိုက်​ကြ​တယ်။+ ၁၂  တစ်​နေ့​တော့ မြို့​တစ်​မြို့​ကို​ယေရှု​ရောက်​လာ​တယ်။ အဲဒီ​မြို့​မှာ တစ်​ကိုယ်​လုံး အနာ​ကြီး​ရော​ဂါ​ စွဲ​နေ​သူ​တစ်ယောက် ရှိ​တယ်။ သူ​က ယေရှု​ကို မြင်​တော့ ဦး​ညွှတ်​ပြီး “သခင်၊ ဆန္ဒ​ရှိ​ရင် ကျွန်​တော့်​ကို သန့်​ရှင်း​အောင် လုပ်​ပေး​ပါ​လား”+ လို့​အသနား​ခံ​တယ်။ ၁၃  ယေရှု​က သူ့​ကို လှမ်း​ကိုင်​ပြီး “ဆန္ဒ​ရှိ​တာ​ပေါ့။ သန့်​ရှင်း​စေ” လို့​ပြော​လိုက်​တဲ့​အခါ ချက်​ချင်း​ပဲ အနာ​ကြီး​ရော​ဂါ ပျောက်​ပြီး သန့်​ရှင်း​သွား​တယ်။+ ၁၄  ယေရှု​က သူ့​ကို “ရော​ဂါ​ပျောက်​ပြီဆို​တဲ့ အ​ထောက်​အထား​အဖြစ်+ ပု​ရော​ဟိတ်​ဆီ​သွား​ပြီး ကိုယ်​ကို​ပြပါ။ ခင်​ဗျား​က သန့်​ရှင်း​သွား​ပြီဖြစ်​လို့ မော​ရှေ ညွှန်​ကြား​ထား​တဲ့​အတိုင်း အလှူ​ကို ဆက်​သပါ”+ လို့​ပြော​တယ်။ အဲဒီ​နောက် ဘယ်​သူ့​ကိုမှ ပြန်​မပြော​ပြဖို့ မှာ​လိုက်​ပေမဲ့၊ ၁၅  ယေရှု​ရဲ့​သတင်း​ဟာ ပို​ပြီး​ပျံ့​သွား​တယ်။ လူ​တွေ​က ယေရှု​ဟော​ပြော​တာ​ကို နား​ထောင်​ချင်​လို့၊ ရော​ဂါ​ပျောက်​ချင်​လို့ စု​ရုံး​လာ​ကြ​တယ်။+ ၁၆  ဒါ​ပေမဲ့ ယေရှု​က ဆုတောင်း​ဖို့​အတွက် လူ​သူ​ကင်း​ဝေး​တဲ့​နေ​ရာ​ကို မကြာ​ခ​ဏ သွား​လေ့​ရှိ​တယ်။ ၁၇  တစ်​နေ့၊ လူ​တွေ​ကို ယေရှု သွန်သင်​ပေး​နေ​တုန်း ဖာ​ရိ​ရှဲ​တွေ​နဲ့* ပညတ်​ကျမ်း​ဆ​ရာတွေ​လည်း အဲဒီ​မှာ ထိုင်​နေ​ကြ​တယ်။ သူတို့​က ဂျေရု​ဆ​လင်​မြို့​က​နေ၊ ဂါ​လိ​လဲ​ပြည်၊ ယုဒ​ပြည်​မှာ​ရှိ​တဲ့ ကျေး​ရွာ​တွေ​က​နေ ရောက်​လာ​ကြ​တာ။ ယေရှု​က လူ​တွေ​ကို ကု​သပေး​ဖို့ ယေဟောဝါ​ရဲ့* တန်ခိုး​ကို ရ​ထား​တယ်။+ ၁၈  အဲဒီ​အချိန်​မှာ လူ​တွေ​က လေ​ဖြတ်​နေ​သူ​ကို ထမ်း​စင်​နဲ့ ထမ်း​လာ​ကြ​တယ်။ လူ​နာ​ကို ယေရှု​ရှေ့​အ​ရောက်​ပို့​ဖို့ ကြိုး​စား​ပေမဲ့၊+ ၁၉  လူ​တွေ ကြိတ်​ကြိတ်​တိုး​နေ​လို့ ယေရှု​ဆီ မရောက်​နိုင်​ဘူး။ ဒါ​နဲ့ အိမ်​မိုး​ပေါ်​တက်၊ အုတ်​ကြွပ်​ကို ခွာ​ပြီး​မှ ယေရှု​ရှေ့​တည့်​တည့် ရောက်​အောင် လူ​နာ​ကို ထမ်း​စင်​နဲ့ လျှော​ချ​ပေး​တယ်။ ၂၀  သူတို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို မြင်​တဲ့​အခါ ယေရှု​က “မင်း​ရဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီ” လို့ လေ​ဖြတ်​နေ​သူ​ကို ပြော​တယ်။+ ၂၁  ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တွေ​က “ဒီ​လူ ဘုရား​သခင်​ကို စော်​ကား​ပြော​နေ​လိုက်​တာ။ ဘုရား​သခင်​က​လွဲ​ရင် ဘယ်​သူ​က​များ အပြစ်​လွှတ်​ပိုင်​ခွင့်​ရှိ​လို့​လဲ”+ ဆို​ပြီး တွေး​နေ​ကြ​တယ်။ ၂၂  သူတို့ ဘာ​တွေး​နေ​မှန်း သိ​တဲ့​အတွက် ယေရှု​က “ဘာ​တွေ တွေး​နေ​ကြ​တာ​လဲ။ ၂၃  ‘မင်း​ရဲ့​အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီ’ လို့​ပြော​တာ​နဲ့ ‘ထ​ပြီး လမ်း​လျှောက်​ပါ’ လို့​ပြော​တာ ဘယ်​ဟာ ပို​ပြော​လွယ်​သလဲ။ ၂၄  လူ​သား​ဟာ ကမ္ဘာ​ပေါ်​မှာ အပြစ်​လွှတ်​ပိုင်​ခွင့်​ရှိ​မှန်း ခင်​ဗျား​တို့​သိ​အောင် သက်​သေပြမယ်” ဆို​ပြီး လေ​ဖြတ်​နေ​သူ​ကို “ကျွန်​တော်​ပြော​မယ်။ ထ​ပါ။ ထမ်း​စင်​ကို​သယ်​ပြီး အိမ်​ပြန်​တော့”+ လို့​ပြော​တဲ့​အခါ၊ ၂၅  သူ​က လူ​တွေ​ရှေ့​မှာ​ပဲ ထ​ရပ်​ပြီး ထမ်း​စင်​ကို သယ်၊ ဘုရား​ဘုန်း​တော်​ကို ချီး​မွမ်း​ရင်း အိမ်​ပြန်​သွား​တယ်။ ၂၆  လူ​အားလုံး​က အံ့​အား​သင့်​ပြီး ဘုရား​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​တယ်။ “ဒီ​နေ့​တော့ အံ့​ဖွယ်​ရာတွေ ငါ​တို့​မြင်​ရ​ပြီ” ဆို​ပြီး အံ့​သြတ​ကြီး ပြော​ကြ​တယ်။ ၂၇  အဲဒီ​နောက် ယေရှု ထွက်​သွား​တဲ့​အခါ လေ​ဝိလို့​ ခေါ်​တဲ့ အခွန်​ခံ​တစ်​ယောက် အခွန်​ရုံး​မှာ ထိုင်​နေ​တာ​ကို မြင်​တယ်။ ယေရှု​က “ကျွန်​တော့်​နောက်​လိုက်လုပ်​ပါ”+ လို့​ပြော​တော့၊ ၂၈  လေ​ဝိက အားလုံး​ကို​ထား​ခဲ့​ပြီး ထလိုက်​လာ​တယ်။ ၂၉  အဲဒီ​နောက် ယေရှု​အတွက် အိမ်​မှာ စား​သောက်​ပွဲ​ကြီး တည်​ခင်း​ပေး​တယ်။ အတူ​စား​သောက်​တဲ့ ဧည့်​သည်​တွေ​ထဲ​မှာ အခွန်​ခံ​တွေ အများ​ကြီး​ပါ​တယ်။+ ၃၀  အဲဒီ​အခါ ဖာ​ရိ​ရှဲ​တွေ၊ အဖွဲ့​ဝင်​ကျမ်း​တတ်​တွေ​က “မင်း​တို့​က အခွန်​ခံ​တွေ၊ အပြစ်​သား​တွေ​နဲ့​လည်း အတူ​စား​တာ​ပဲ​လား” ဆို​ပြီး တ​ပည့်တွေ​ကို ကဲ့​ရဲ့​ပြစ်​တင်​တယ်။+ ၃၁  ယေရှု​က “ကျန်း​မာ​သူ​တွေ​အတွက် သမား​တော်​မလို​ဘူး။ ဖျား​နာ​သူ​တွေ​အတွက်​ပဲ လို​တာ။+ ၃၂  ကျွန်​တော်​လာ​တာ ဖြောင့်​မတ်​သူ​တွေ​အတွက်​မဟုတ်​ဘူး။ အပြစ်​သား​တွေ နောင်​တ​ရ​စေ​ဖို့ လာ​တာ” လို့​ပြော​တယ်။+ ၃၃  လူ​တ​ချို့​က “ယောဟန်​ရဲ့​တပည့်​တွေရော ဖာ​ရိ​ရှဲ​တွေရဲ့​တ​ပည့်တွေ​ပါ​ ခဏ​ခ​ဏ အစာ​ရှောင်​ပြီး ဆုတောင်း​တတ်​ကြ​တယ်။ ခင်​ဗျားရဲ့​တပည့်တွေ​ကျ​တော့ စား​သောက်​နေ​ကြ​ပါ​လား” လို့​ပြော​တဲ့​အခါ၊+ ၃၄  ယေ​ရှု​က “သတို့​သား​နဲ့​အတူ ရှိ​နေ​ချိန်​မှာ သတို့​သား​ရဲ့ သူ​ငယ်​ချင်း​တွေ​ကို အစာ​ရှောင်​ခိုင်း​လို့ရ​သလား။ ၃၅  သတို့​သား​ကို+ သူတို့​ဆီ​က​နေ ခေါ်​သွား​မယ့်​နေ့ ရောက်​လာ​လိမ့်​မယ်။ အဲဒီ​နေ့​ကျ​မှ သူတို့ အစာ​ရှောင်လိမ့်​မယ်”+ လို့​ပြော​တယ်။ ၃၆  အဲဒီ​နောက် ပုံ​ဥပမာ​သုံး​ပြီး ယေရှု​ပြော​လိုက်​တာ​က– “အထည်​သစ်​က​နေ အစ​တစ်​စ​ကို ဖြတ်​ပြီး အထည်​ဟောင်း​ကို ဖာ​လေ့​မရှိ​ဘူး။ အဲဒီ​လို​ဖာ​ရင် ပိတ်​စ​အသစ် ရုန်း​လို့ အထည်​ဟောင်း ပြဲသွား​မှာ​ပေါ့။ ပြီး​တော့ အထည်​ဟောင်း​နဲ့​လည်း ဘယ်​လို​မှ လိုက်​ဖက်​မှာ မဟုတ်​ဘူး။+ ၃၇  အဲဒီ​လို​ပဲ၊ သား​ရေ​ဘူး​အဟောင်း​ထဲ စ​ပျစ်​ဝိုင်​အသစ် ထည့်​လေ့​မရှိ​ဘူး။ ထည့်​ရင် ဝိုင်​အသစ်​ကြောင့် သား​ရေ​ဘူး ကွဲ​ထွက်​ပြီး ဝိုင်​လည်း ယို၊ ဘူး​လည်း ပျက်​စီး​သွား​မှာ​ပဲ။ ၃၈  ဝိုင်​အသစ်​ကို ဘူး​အသစ်​မှာ​ပဲ ထည့်​ရ​တယ်။ ၃၉  ဝိုင်​အဟောင်း သောက်​ပြီး​ရင် အသစ်​ကို မသောက်​ချင်​ဘူး။ ‘အဟောင်း​က ကောင်း​တယ်’ လို့​ပြော​တတ်​ကြ​တယ်။”

အောက်ခြေမှတ်ချက်များ

ဂါ​လိ​လဲ​အိုင်။
ခက်​ဆစ်​ကို​ကြည့်။