လုကာ ၂၃:၁-၅၆

  • ပိလတ်​နဲ့ ဟေ​ရုဒ်​ရှေ့​မှောက် ယေရှု (၁-၂၅)

  • ယေရှု​နဲ့ ရာ​ဇ​ဝတ်​သား​နှစ်​ယောက်ကို သစ်​တိုင်တင် (၂၆-၄၃)

    • “ခင်​ဗျား​ဟာ ကျွန်​တော်​နဲ့​အတူ ပရ​ဒိ​သု​မှာ ရှိလိမ့်​မယ်” (၄၃)

  • ယေရှု သေဆုံး (၄၄-၄၉)

  • ယေရှု​ကို သင်္ဂြိုဟ် (၅၀-၅၆)

၂၃  ဒါ​နဲ့ စု​ရုံး​နေ​တဲ့ လူ​တွေ​အားလုံး ထ​ပြီး ယေရှု​ကို ပိလတ်​မင်း​ဆီ ခေါ်​သွား​ကြ​တယ်။+ ၂  ပြီး​တော့ သူတို့​က “ဒီ​လူ​ဟာ ကျွန်​တော်​တို့​ရဲ့ လူမျိုး​ကို လမ်း​လွဲ​အောင်​လုပ်​တယ်။ ဆီ​ဇာ​ကို* အခွန်​မဆောင်​နဲ့​လို့ တား​တယ်။+ သူ့​ကိုယ်​သူ ခ​ရစ်​တော်လို့​ခေါ်​တဲ့ ဘု​ရင်​ဆို​ပြီး ပြော​နေ​တယ်”+ လို့​စွပ်​စွဲ​ကြ​တယ်။+ ၃  ပိလတ်​မင်း​က “မင်း​ဟာ ဂျူး​တွေရဲ့​ဘု​ရင် ဟုတ်​သလား” လို့​မေး​တော့ ယေရှု​က “မင်း​ကြီး​ပြော​တာ အမှန်​ပဲ” လို့​ဖြေတယ်။+ ၄  အဲဒီ​အခါ ပိလတ်​မင်း​က “ဒီ​လူ့​ဆီ​မှာ ဘာ​ပြစ်​မှု​မှ ငါ​မတွေ့​ဘူး” လို့ ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ လူ​တွေ​ကို​ပြော​တော့၊+ ၅  သူတို့​က “သူ​ဟာ ဂါ​လိ​လဲ​ပြည်​က​အစ ဒီ​နေ​ရာ​အထိ ယုဒ​ပြည်​တစ်​လျှောက်​လုံး​မှာ လူ​တွေ​ကို သွန်သင်​ပြီး ပြဿ​နာ​တွေ ဖန်​တီး​နေ​ပါ​တယ်” လို့ ထပ်​တ​လဲ​လဲ ပြော​ကြ​တယ်။ ၆  ဒါ​ကို​ကြား​တော့ ပိလတ်​မင်း​က ဒီ​လူ ဂါ​လိ​လဲ​နယ်​သား ဟုတ်​မဟုတ် မေး​မြန်း​ကြည့်​တဲ့​အခါ၊ ၇  ဟေ​ရုဒ်​မင်း​ပိုင်​တဲ့​နယ်​က ဖြစ်​မှန်း​သိ​တော့+ သူ့​ဆီ ပို့​လိုက်​တယ်။ အဲဒီ​အချိန်​မှာ ဟေ​ရုဒ်​မင်း​က ဂျေရု​ဆ​လင်​မြို့​ကို ရောက်​နေ​တယ်။ ၈  ဟေ​ရုဒ်​မင်း​က ယေရှု​ကို​မြင်​တဲ့​အခါ သိပ်​ပျော်​သွား​တယ်။ ယေရှု​အ​ကြောင်း အများ​ကြီး ကြား​ထား​တဲ့​အ​တွက် သူ့​ကို​တွေ့​ချင်​နေ​တာ ကြာ​ပြီ။+ အံ့ဖွယ်​အမှု​တစ်​ခု​ခု လုပ်​ပြမယ်​လို့​လည်း မျှော်​လင့်​နေ​တာ။ ၉  ဒါ​နဲ့ ဟေရုဒ်​မင်း​က မေး​ခွန်း​တွေ အများ​ကြီး​မေး​ပေမဲ့ ယေရှု တစ်​ခု​မှ ပြန်​မဖြေဘူး။+ ၁၀  ပုရော​ဟိတ်​ကြီး​တွေ​နဲ့ ကျမ်း​တတ်​တွေ​လည်း အကြိမ်​ကြိမ်​ထ​ပြီး ဒေါသ​တ​ကြီး စွပ်​စွဲ​ပြော​ဆို​ကြ​တယ်။ ၁၁  ဟေရုဒ်​မင်း​နဲ့ သူ့​စစ်​သည်​တွေ​က ယေရှု​ကို အရှက်​ခွဲ​တယ်။+ တင့်​တယ်​တဲ့​အဝတ်​ကို ဝတ်​ခိုင်း​ပြီး လှောင်​ပြောင်​တယ်။+ ပြီး​နောက် ပိလတ်​မင်း​ဆီ ပြန်​ပို့​လိုက်​တယ်။ ၁၂  အရင်​တုန်း​က ရန်​ဘက်​တွေ​ဖြစ်​တဲ့ ဟေ​ရုဒ်​မင်း​နဲ့ ပိလတ်​မင်း​က အဲဒီ​နေ့​မှာ ပြန်​သင့်မြတ်​သွား​ကြ​တယ်။ ၁၃  အဲဒီ​နောက် ပိလတ်​မင်း​က ပုရော​ဟိတ်​ကြီး​တွေ၊ ခေါင်း​ဆောင်​တွေ​နဲ့ လူ​တွေ​ကို ခေါ်​ပြီး၊ ၁၄  “ပြည်​သူ​ပြည်​သား​တွေ​ကို ပုန်​ကန်​အောင် လှုံ့​ဆော်​သူ​ဆို​ပြီး ဒီ​လူ​ကို ငါ့​ဆီ​ခေါ်​လာခဲ့​ကြ​တယ်။ မင်း​တို့​ရှေ့​မှာ သူ့​ကို ငါ​စစ်​ဆေး​မေး​မြန်း​ပေမဲ့ မင်း​တို့ စွဲ​ချက်​တင်​လောက်​တဲ့ အပြစ်​တစ်​ခု​ကို​မှ ငါ​မတွေ့​ဘူး။+ ၁၅  ဟေ​ရုဒ်​မင်း​လည်း အပြစ်​ရှာ​မတွေ့​လို့ ငါ​တို့​ဆီ ပြန်​ပို့​လိုက်​တာ​ပဲ။ ဒီ​လူ​က သေထိုက်​တဲ့​ပြစ်​မှု တစ်​ခု​မှ မကျူး​လွန်​ဘူး။ ၁၆  ဒါ​ကြောင့် သူ့​ကို ငါ​ဒဏ်​ပေး​ပြီး​တော့+ ပြန်​လွှတ်​လိုက်​မယ်” လို့​ပြော​တယ်။ ၁၇  * ၁၈  ဒါ​ပေမဲ့ လူ​အားလုံး​က “သူ့​ကို ရှင်း​ပစ်​လိုက်​ပါ။ ဗာ​ရဗ္ဗ​ကို​ပဲ လွှတ်​ပေး​ပါ” ဆို​ပြီး အော်​ကြ​တယ်။+ ၁၉  (ဗာ​ရဗ္ဗ​ဆို​တဲ့​လူ​က မြို့​တွင်း​ပုန်​ကန်​ထ​ကြွ​မှု၊ လူ​သတ်​မှု​ကြောင့် ထောင်​ကျ​နေ​တာ။) ၂၀  ပိလတ်​မင်း​က ယေရှု​ကို လွှတ်​ပေး​ချင်​တဲ့​အတွက် လူ​တွေ​ကို ထပ်​ပြော​တော့၊+ ၂၁  လူ​တွေ​က “သူ့​ကို သစ်​တိုင်​ပေါ် တင်​ပါ။ သစ်​တိုင်​ပေါ် တင်​ပါ” လို့အော်​ကြ​တယ်။+ ၂၂  ပိလတ်​မင်း​က​လည်း “ဘာ​ဖြစ်​လို့​လဲ။ သူ ဘာ​မကောင်း​တာ လုပ်​ခဲ့လို့​လဲ။ သူ့​ဆီ​မှာ သေထိုက်​တဲ့​ပြစ်​မှု တစ်​ခု​မှ ငါ​မတွေ့​ဘူး။ ဒါ​ကြောင့် သူ့​ကို​ဒဏ်​ပေး​ပြီး​တော့ လွှတ်​လိုက်​မယ်” လို့ တ​တိ​ယ​အကြိမ် ပြော​တယ်။ ၂၃  လူ​တွေ​က ယေရှု​ကို သစ်​တိုင်​ပေါ် တင်​ပါ​လို့ အသံ​ကုန်​အော်​ပြီး မရ​မက တောင်း​ဆို​နေ​တဲ့​အတွက် ပိလတ်​မင်း လိုက်​လျော​ပေး​တယ်။+ ၂၄  ပိလတ်​မင်း​က​ သူ​တို့​တောင်း​ဆို​တဲ့​အတိုင်း စီ​ရင်​ချက်​ချ​လိုက်​တယ်။ ၂၅  ပုန်​ကန်​မှု​နဲ့ လူ​သတ်​မှု​ကြောင့် ထောင်​ကျ​နေ​တဲ့​လူ​ကို သူတို့​တောင်း​ဆို​တဲ့​အတိုင်း လွှတ်​ပေး​တယ်။ ယေရှု​ကို​တော့ သူတို့​ဆန္ဒ​ရှိ​တဲ့​အတိုင်း လုပ်​ဖို့ အပ်​လိုက်​တယ်။ ၂၆  ယေရှု​ကို ခေါ်​ထုတ်​သွား​ချိန်​မှာ တော​ရွာ​က​နေ လာ​နေ​တဲ့ ကု​ရေ​နေ​မြို့​သား ရှိ​မုန်​ကို​တွေ့​တော့ ဖမ်း​ခေါ်​ကြ​တယ်။ အဲဒီ​နောက် ယေရှု​ကို​တင်​ပြီး​သတ်​မယ့် သစ်​တိုင်​ကို ထမ်း​ခိုင်း​ပြီး နောက်​က​နေ လိုက်​လာ​ခိုင်း​တယ်။+ ၂၇  ရင်​ဘတ်​ထု​ပြီး ငို​ကြွေး​နေ​တဲ့ အမျိုး​သမီး​တွေ​အပါ​အဝင် လူ​အများ​ကြီး နောက်​က​နေ လိုက်​လာ​ကြ​တယ်။ ၂၈  ယေရှု​က အဲဒီ​အမျိုး​သမီး​တွေ​ကို လှည့်​ကြည့်​ပြီး “ဂျေရု​ဆ​လင်​မြို့​သူတို့၊ ကျွန်​တော့်​အတွက် မငို​ကြ​နဲ့​တော့။ ကိုယ်​တိုင်​နဲ့ သား​သမီး​တွေ​အတွက်​ပဲ ငို​ကြ​ပါ။+ ၂၉  ဘာ​ကြောင့်​လဲ​ဆို​တော့ ‘မြုံ​နေ​တဲ့​မိန်း​မတွေ၊ က​လေး မမွေး​ဖူး​သူ၊ နို့​မတိုက်​ဖူး​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်’ လို့​ပြော​ကြ​မယ့်​အချိန် ရောက်​လာ​တော့​မယ်။+ ၃၀  အဲဒီ​အခါ​ကျ​ရင် လူ​တွေ​က တောင်​တွေ​ကို ‘ငါ​တို့​အပေါ် ပြို​ကျ​ပါ၊’ တောင်​ကုန်း​တွေ​ကို ‘ငါ​တို့​ကို ဖုံး​အုပ်​ပါ’ လို့​ပြော​ကြ​လိမ့်​မယ်။+ ၃၁  အပင်​စိမ်း​စို​နေ​ချိန်​မှာ ဒီ​လို​ဖြစ်​နေ​တယ်​ဆို​ရင် ခြောက်​သွေ့​တဲ့​အခါ​မှာ ဘယ်​လို​ဖြစ်​သွား​မလဲ” လို့​ပြော​တယ်။ ၃၂  ရာ​ဇ​ဝတ်​သား နှစ်​ယောက်​ကို​လည်း ယေရှု​နဲ့​အတူ ကွပ်​မျက်​ဖို့ ခေါ်​ထုတ်​သွား​ကြ​တယ်။+ ၃၃  ဦး​ခေါင်း​ခွံ​ဆို​တဲ့ အရပ်​ကို ရောက်​လာ​တဲ့​အခါ+ ယေရှု​ကို သစ်​တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​တယ်။ ရာ​ဇ​ဝတ်​သား နှစ်​ယောက်​ကို​လည်း ဘယ်​ဘက်​မှာ တစ်​ယောက်၊ ညာ​ဘက်​မှာ​တစ်​ယောက် သံ​နဲ့​ရိုက်​တယ်။+ ၃၄  ယေရှု​က “အဖ၊ သူတို့​ကို ခွင့်​လွှတ်​ပါ။ သူတို့​ဘာ​လုပ်​နေ​မှန်း သူတို့​မသိ​ကြ​ဘူး” လို့​ပြော​တယ်။ ပြီး​တော့ ယေရှု​ရဲ့ ဝတ်​လုံ​ကို မဲ​ချ​ပြီး ခွဲ​ဝေ​ယူ​ကြ​တယ်။+ ၃၅  လူ​တွေ​က ရပ်​ကြည့်​နေ​ကြ​တယ်။ ခေါင်း​ဆောင်​တွေ​က​လည်း နှာ​ခေါင်း​ရှုံ့​ပြီး “ဒီ​လူ၊ တ​ခြား​သူ​ကို​တော့ ကယ်​နိုင်​ပါ​ရဲ့။ ဘုရား​သခင် ရွေး​ချယ်​ထား​သူ ခရစ်​တော်​မှန်​ရင် ကိုယ့်​ကိုယ်​ကိုယ် ကယ်​တင်​ပါ​စေ​ပေါ့”+ ဆို​ပြီး​ပြော​ကြ​တယ်။ ၃၆  စစ်​သည်​တွေ​တောင် ယေရှု​အနား​လာ​ပြီး အချဉ်​ပေါက်​နေ​တဲ့ ဝိုင်​ကို ကမ်း​ပေး​ရင်း၊+ ၃၇  “မင်း​ဟာ ဂျူး​တွေရဲ့ ဘု​ရင်​ဆို။ ကိုယ့်​ကိုယ်​ကိုယ် ကယ်​တင်​ပါ​လား” လို့ လှောင်​ပြောင်​တယ်။ ၃၈  “ဂျူး​တို့​ရဲ့​ဘု​ရင်” ဆို​တဲ့ စာ​တန်း​ကို​ရေး​ပြီး ခေါင်း​အပေါ်​နား​မှာ တပ်​ထား​တယ်။+ ၃၉  သစ်​တိုင်​တင်​ခံ​ရ​တဲ့ ရာ​ဇ​ဝတ်​သား နှစ်​ယောက်​အနက် တစ်​ယောက်​က “မင်း​ဟာ ခ​ရစ်​တော် မဟုတ်​ဘူး​လား။ ကိုယ့်​ကိုယ်​ကိုယ်​ရော ငါ​တို့​ကို​ပါ ကယ်​တင်​လေ” ဆို​ပြီး ခ​နဲ့​တယ်။+ ၄၀  အဲ​ဒီ​အခါ နောက်​တစ်​ယောက်​က သူ့​ကို ပြစ်​တင်​ဆုံးမ​ပြီး “မင်း ဘုရား​သခင်​ကို​မကြောက်​ဘူး​လား။ မင်း​လည်း သူ့​လို ပြစ်​ဒဏ်​စီ​ရင်​ခံ​နေ​ရ​တာ​ပဲ။ ၄၁  ငါ​တို့​က ကိုယ်​လုပ်​တဲ့​အပြစ်​ကြောင့် ပြစ်​ဒဏ်​ခံ​ထိုက်​လို့ ခံ​နေ​ရ​တာ။ သူ​က​တော့ ဘာ​ပြစ်​မှု​မှ မကျူး​လွန်​ဘူး” လို့​ပြော​တယ်။ ၄၂  ပြီး​တော့ “သခင်​ယေရှု၊ ဘု​ရင်​ဖြစ်​တဲ့​အခါ ကျွန်​တော့်​ကို သတိ​ရ​ပါ”+ လို့​ပြော​တဲ့​အခါ၊ ၄၃  ယေရှု​က “ဒီ​နေ့ ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ခင်​ဗျား​ဟာ ကျွန်​တော်​နဲ့​အတူ ပရ​ဒိ​သု​မှာ* ရှိ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၄၄  အဲဒီ​အချိန်​ဟာ မွန်း​တည့် ၁၂ နာ​ရီ* လောက်​ဖြစ်​တယ်။ အဲဒီ​အချိန်​ကနေ​ မွန်း​လွဲ ၃ နာ​ရီ* အထိ တစ်​ပြည်​လုံး အမှောင်​ကျ​သွား​တယ်။+ ၄၅  နေ​အလင်း​ရောင် ကွယ်​ပျောက်​သွား​လို့​ပဲ။ ဗိမာန်​တော် ကန့်​လန့်​ကာလည်း+ အ​လယ်​က​နေ နှစ်​ခြမ်း​ကွဲ​သွား​တယ်။+ ၄၆  ယေရှု​က “အဖ၊ ကျွန်​တော့်ရဲ့ အသက်​စွမ်းအား​ကို* အဖလက်​ထဲ အပ်​ပါ​တယ်”+ လို့ အကျယ်​ကြီး အော်​ပြီး​တဲ့​နောက် အသက်​ထွက်​သွား​တယ်။+ ၄၇  အဲဒီ​ဖြစ်​ရပ်တွေ​ကို မြင်​တဲ့​အခါ တပ်​မှူး​က “သေချာ​တယ်၊ ဒီ​လူ​ဟာ ဖြောင့်​မတ်​တဲ့​သူ​ပဲ” ဆို​ပြီး ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​တယ်။+ ၄၈  လာ​ကြည့်​နေ​တဲ့ လူ​တွေ​က အဲဒီ​ဖြစ်​ရပ်တွေ​ကို မြင်​တဲ့​အခါ ရင်​ဘတ်​ထု​ပြီး အိမ်​ပြန်​သွား​ကြ​တယ်။ ၄၉  ယေရှု​ကို သိ​ကျွမ်း​သူ​တွေရော ဂါ​လိ​လဲ​ပြည်​က​နေ အတူ​လိုက်​ပါ​လာ​တဲ့ အမျိုး​သမီး​တွေ​ပါ ခပ်​လှမ်း​လှမ်း​မှာ ရပ်​ပြီး ကြည့်​နေ​ကြ​တယ်။+ ၅၀  ယော​သပ်​လို့​ခေါ်​တဲ့ ကောင်​စီ​အဖွဲ့​ဝင်​တစ်​ယောက် ရှိ​တယ်။ သူ​ဟာ လူ​ကောင်း၊ ဖြောင့်​မတ်​တဲ့​သူ​ပဲ။+ ၅၁  (ကျန်​တဲ့​အဖွဲ့​ဝင်​တွေရဲ့ အကြံ​အစည်​နဲ့ လုပ်​ရပ်တွေ​ကို သူ သဘော​မတူ​ဘူး။) သူ​ဟာ ယုဒ​ပြည်​က အရိ​မသဲ​မြို့​သား​ဖြစ်​ပြီး ဘုရား​သခင့် နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​ဖြစ်​တယ်။ ၅၂  သူ​က ပိလတ်​မင်း​ဆီ​သွား​ပြီး ယေရှု​ရဲ့​အလောင်း​ကို တောင်း​တယ်။ ၅၃  ပြီး​တော့ အလောင်း​ကို သစ်​တိုင်​ပေါ်​က ချ၊+ ပိတ်​ချော​နဲ့​ပတ်​ရစ်​ပြီး ကျောက်​ဆောင်​မှာ ထွင်း​ထား​တဲ့၊ ဘယ်​သူ့​ကို​မှ​ မသင်္ဂြိုဟ်​ရ​သေး​တဲ့ သင်္ချိုင်း​ဂူ​ထဲ ထည့်​တယ်။+ ၅၄  အဲဒီ​နေ့​ဟာ အဖိတ်​နေ့*+ ဖြစ်​ပြီး ဥ​ပုသ်​နေ့​လည်း+ စ​တော့​မယ်။ ၅၅  ဂါ​လိ​လဲ​နယ်​က​နေ ယေရှု​နဲ့​လိုက်​ခဲ့​တဲ့ အမျိုး​သမီး​တွေ​လည်း သင်္ချိုင်း​ဂူ​ကို အတူ​လိုက်​သွား​ပြီး အလောင်း​ကို ဘယ်​လို​ထား​သလဲ​ဆို​တာ ကြည့်​ကြ​တယ်။+ ၅၆  အဲ​ဒီ​နောက် သူတို့​က အမွှေး​နံ့​သာ​နဲ့ ဆီ​မွှေး​ကို ပြင်​ဆင်​ဖို့ အိမ်​ပြန်​သွား​တယ်။ ဒါ​ပေမဲ့ ဥ​ပုသ်​နေ့​မှာ​တော့+ ပညတ်​တရားအတိုင်း အနား​ယူ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်​ကို။”
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။