လုကာ ၂၂:၁-၇၁

  • ယေရှု​ကို​သတ်​ဖို့ ပု​ရော​ဟိတ်​တွေ ကြံ​စည် (၁-၆)

  • နောက်​ဆုံး ပသခါ​ပွဲ​အတွက် ပြင်​ဆင်​ခြင်း (၇-၁၃)

  • သခင့်​ည​စာ​စား​ပွဲ ကျင်း​ပ (၁၄-၂၀)

  • “သစ္စာ​ဖောက်​မယ့်​သူ​ဟာ ကျွန်​တော်​နဲ့ တစ်​စား​ပွဲ​တည်း ထိုင်​နေ” (၂၁-၂၃)

  • ဘယ်​သူ​ကြီးမြတ်​ကြောင်း အကြီး​အကျယ် ငြင်းခုံ (၂၄-၂၇)

  • နိုင်​ငံ​တော်​ပဋိ​ညာဉ်​ကို ယေရှု​ဖွဲ့ (၂၈-၃၀)

  • ပေတရု ငြင်း​မယ့်​အကြောင်း ကြို​ပြော (၃၁-၃၄)

  • ပြင်​ဆင်​ဖို့ လို​အပ်။ ဓား​နှစ်​လက် (၃၅-၃၈)

  • သံ​လွင်​တောင်​ပေါ်​မှာ ယေရှု​ဆုတောင်း (၃၉-၄၆)

  • ယေရှု အဖမ်း​ခံ​ရ (၄၇-၅၃)

  • ယေရှု​ကို မသိ​ဘူး​လို့ ပေတရု ငြင်း (၅၄-၆၂)

  • ယေရှု​ကို လှောင်​ပြောင်​ကြ (၆၃-၆၅)

  • ဂျူး​တ​ရား​ရုံး​ချုပ်​မှာ စစ်​ဆေး​ခံ​ရ (၆၆-၇၁)

၂၂  ပသခါ​ပွဲ​တော်လို့​ခေါ်​တဲ့​ တဆေး​မဲ့​မုန့်​ပွဲ​တော်+ ရောက်​တော့​မယ်။+ ၂  ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ကျမ်း​တတ်​တွေ​က လူ​တွေ​ကို ကြောက်​တော့+ ယေရှု​ကို ဘယ်​လို​နည်း​နဲ့ အစ​ဖျောက်​ရင် ကောင်း​မလဲ​ဆို​ပြီး တိုင်​ပင်​ကြ​တယ်။+ ၃  အဲဒီ​အခါ စာ​တန်​က တမန်​တော် ၁၂ ယောက်​အဝင် ယုဒ​ရှ​ကာ​ရုတ်​ရဲ့​စိတ်​ကို ကြိုး​ကိုင်​ခြယ်​လှယ်​တော့​တယ်။+ ၄  ဒါ​နဲ့ ယုဒ​က ပု​ရော​ဟိတ်​ကြီး​တွေ၊ ဗိမာန်​တော်​မှူး​တွေ​ဆီ သွား​တယ်။ ယေရှု​ကို ဘယ်​လို သစ္စာ​ဖောက်​ပြီး အပ်​နှံ​ရင် ကောင်း​မလဲ​ဆို​ပြီး တိုင်​ပင်​တော့၊+ ၅  သူတို့ ဝမ်း​သာ​အား​ရ​ဖြစ်​ပြီး ငွေ​ပေး​မယ်​လို့ ကတိ​ပေး​ကြ​တယ်။+ ၆  ယုဒ​လည်း သဘော​တူ​ပြီး လူ​တွေ​မရှိ​ခိုက် ယေရှု​ကို​အပ်​နှံ​ဖို့ အခွင့်​ကောင်း​ရှာ​နေ​တော့​တယ်။ ၇  ပသခါ​ပူ​ဇော်​သက္ကာ​ကို ဆက်သ​လေ့​ရှိ​တဲ့ တ​ဆေး​မဲ့​မုန့်​ပွဲ​တော်နေ့ ရောက်​လာ​တယ်။+ ၈  ယေရှု​က “ကျွန်​တော်​တို့​စား​ဖို့ ပသခါ​ည​စာ​ကို သွား​ပြင်​ဆင်​ကြ​ပါ”+ ဆို​ပြီး ပေတရု​နဲ့ ယောဟန်​ကို လွှတ်​လိုက်​တယ်။ ၉  “ဘယ်​မှာ သွား​ပြင်​ဆင်​ရ​မလဲ” လို့ သူတို့​မေး​တော့၊ ၁၀  ယေရှု​က “ခင်​ဗျား​တို့ မြို့​ထဲ​ဝင်​တဲ့​အခါ ရေ​အိုး​ထမ်း​လာ​တဲ့ ယောက်ျား​တစ်​ယောက်​ကို တွေ့​လိမ့်​မယ်။ သူ့​နောက်​ကို​လိုက်​ပြီး သူ​ဝင်​တဲ့​အိမ်​ထဲ လိုက်​ဝင်​သွား​ပါ။+ ၁၁  ပြီး​တော့ ‘“တ​ပည့်တွေ​နဲ့​အတူ ပသခါ​ည​စာ စား​မယ့်​ဧည့်ခန်း​က ဘယ်​မှာ​လဲ” လို့ ဆ​ရာ​မေး​တယ်’ ဆို​ပြီး အိမ်​ရှင်​ကို ပြော​ပါ။ ၁၂  အိမ်​ရှင်​က အပေါ်​ထပ်​မှာ​ရှိ​တဲ့ ပြင်​ဆင်​ပြီး​သား အခန်း​ကြီး​ကို ပြလိမ့်​မယ်။ အဲဒီ​အခန်း​မှာ ည​စာ​ပြင်​ဆင်​ပါ” လို့​မှာ​လိုက်​တယ်။ ၁၃  တ​ပည့်တွေ​လည်း ထွက်​သွား​ပြီး ယေရှု​မှာ​တဲ့​အတိုင်း တွေ့​တော့ ပသခါ​ပွဲ​အတွက် ပြင်​ဆင်​ကြ​တယ်။ ၁၄  ည​စာ​စား​ချိန်​ရောက်​တော့ ယေရှု​က တမန်​တော်တွေ​နဲ့​အတူ စား​ပွဲ​မှာ ထိုင်​ပြီး၊+ ၁၅  “ကျွန်​တော် ဝေ​ဒ​နာ​မခံစား​ရ​ခင် ခင်​ဗျား​တို့​နဲ့​အတူ ဒီ​ပသခါ​ည​စာ​စား​ဖို့ စောင့်​မျှော်​နေ​တာ။ ၁၆  ကျွန်​တော်​ပြော​မယ်။ ဘုရား​သခင့် နိုင်​ငံ​တော်​မှာ ပသခါ​ပွဲ​နဲ့​ပတ်​သက်​သမျှ မပြည့်​စုံ​မချင်း ဒီ​ပသခါ​ည​စာ​ကို ကျွန်​တော်​စား​တော့​မှာ မဟုတ်​ဘူး” လို့​ပြော​တယ်။ ၁၇  အဲဒီ​နောက် ဝိုင်​ခွက်​ကို လှမ်း​ယူ​ပြီး ဘုရား​သခင်​ကို ကျေး​ဇူး​တင် ချီး​မွမ်း​တယ်။ “ဒါ​ကို ယူ​ပြီး လက်​ဆင့်​ကမ်း​လိုက်​ပါ။ ၁၈  ကျွန်​တော်​ပြော​မယ်။ ဘုရား​သခင့်​နိုင်​ငံ​တော် မလာ​မချင်း အခု​က​စ​ပြီး စ​ပျစ်​ဝိုင်​ကို ကျွန်​တော် လုံး​ဝ​မသောက်​တော့​ဘူး” လို့ တ​ပည့်တွေ​ကို ပြော​တယ်။ ၁၉  ယေရှု​က မုန့်​ကို​ယူ​ပြီး+ ကျေး​ဇူး​တင် ချီး​မွမ်း​တယ်။ မုန့်​ကို​ဖဲ့​ပြီး​နောက် “ဒါ​ဟာ ခင်​ဗျား​တို့​အတွက် စွန့်​လွှတ်​တဲ့ ကျွန်တော့်​ကိုယ်​ခန္ဓာ​ကို+ ကိုယ်​စား​ပြု​တယ်။+ ကျွန်​တော့်​ကို အောက်​မေ့​တဲ့​အနေ​နဲ့ ဒီ​လို အမြဲလုပ်​ကြ​ပါ” လို့​ပြော​ပြီး တ​ပည့်တွေ​ကို ဝေ​ပေး​တယ်။+ ၂၀  ည​စာ​စား​ပြီး​တဲ့​နောက် ဝိုင်​ခွက်​ကို​လည်း ယူ​ပြီး “ဒီ​ခွက်​ဟာ ကျွန်​တော့်ရဲ့​သွေး​ကို ကိုယ်​စား​ပြု​တယ်။ ဒါ​ဟာ ခင်​ဗျား​တို့​အတွက် သွန်း​လောင်း​မယ့်+ ကျွန်တော့်​သွေး​နဲ့​ဖွဲ့​တဲ့+ ပဋိ​ညာဉ်​သစ်​ပဲ။+ ၂၁  “အခု ကျွန်​တော့်​ကို သစ္စာ​ဖောက်​မယ့်​သူ​ဟာ ကျွန်​တော်​နဲ့ တစ်​စား​ပွဲ​တည်း ထိုင်​နေ​တယ်။+ ၂၂  ကြို​ဟော​ထား​တဲ့​အတိုင်း လူ​သား​က သွား​ရမှာ​ပဲ။+ ဒါ​ပေမဲ့ လူ​သား​ကို သစ္စာ​ဖောက်​တဲ့​သူ​က​တော့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်” လို့​ပြော​တယ်။+ ၂၃  အဲဒီ​အခါ တပည့်​တွေ​က ဒီ​လို​လုပ်​မယ့်​သူ​ဟာ ဘယ်​သူ​များ​ပါ​လိမ့်​ဆို​ပြီး အချင်း​ချင်း မေး​ကြ​တယ်။+ ၂၄  အဲဒီ​နောက် တ​ပည့်တွေ​က သူတို့​ထဲ​မှာ ဘယ်​သူ အကြီးမြတ်​ဆုံး​လဲ​ဆို​ပြီး အကြီး​အကျယ် အငြင်း​ပွား​ကြ​တယ်။+ ၂၅  ယေရှု​က “လော​က​အုပ်​စိုး​ရှင်​တွေ​ဟာ နိုင်​ထက်​စီး​နင်း လုပ်​တတ်​တယ်။ အာ​ဏာ​ရှိ​သူ​တွေ​လည်း ကျေး​ဇူး​ရှင်​လို့ အခေါ်​ခံ​တတ်​ကြ​တယ်။+ ၂၆  ခင်ဗျား​တို့​က​တော့ အဲဒီ​လို​မဖြစ်​ရ​ဘူး။+ ခင်​ဗျား​တို့​ထဲ​မှာ အကြီးမြတ်​ဆုံး​ဟာ အငယ်​ဆုံး​လို ဖြစ်​ရ​မယ်။+ ဦး​ဆောင်​နေ​သူ​က​လည်း အလုပ်​အကျွေး​ပြု​သူ​လို ဖြစ်​ရ​မယ်။ ၂၇  စား​ပွဲ​မှာ​ထိုင်​ပြီး စား​သောက်​သူ​နဲ့ အလုပ်​အကျွေး​ပြု​သူ ဘယ်​သူ​ဟာ ပို​ကြီးမြတ်​သလဲ။ စား​ပွဲ​မှာ​ထိုင်​ပြီး စား​သောက်​တဲ့​သူ မဟုတ်​လား။ ကျွန်​တော်​က​တော့ ခင်​ဗျား​တို့​ကို အလုပ်​အကျွေး​ပြု​တဲ့​သူ​ပဲ။+ ၂၈  “ခင်​ဗျား​တို့​က ကျွန်​တော် စမ်း​သပ်​မှု​ကြုံ​ရ​ချိန်​တွေ​မှာ+ ကျွန်​တော့်​ကို မစွန့်​ခွာ​ကြ​ဘူး။+ ၂၉  အဖဘုရား​က ကျွန်​တော်​နဲ့ ပဋိ​ညာဉ်​ဖွဲ့​ခဲ့​သလို ကျွန်​တော်​က​လည်း နိုင်​ငံ​တော်​မှာ အုပ်​ချုပ်​ဖို့ ခင်​ဗျား​တို့​နဲ့ ပဋိ​ညာဉ်​ဖွဲ့​တယ်။+ ၃၀  ခင်​ဗျား​တို့​ဟာ နိုင်​ငံ​တော်​မှာ ကျွန်​တော်​နဲ့ တစ်​စား​ပွဲ​တည်း​ထိုင်​ပြီး စား​သောက်​ရ​လိမ့်​မယ်။+ ပလ္လင်​ပေါ်​ထိုင်​ပြီး+ အစ္စရေး ၁၂ နွယ်​ကို တ​ရား​စီ​ရင်ရ​လိမ့်​မယ်။+ ၃၁  “ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​စ​ပါး​ကို ဆန်​ခါ​ချ​သလို စာ​တန်​က ခင်​ဗျား​တို့​အားလုံးကို ဆန်​ခါ​ချ​ဖို့ အခွင့်​တောင်း​နေ​တယ်။+ ၃၂  ခင်​ဗျားရဲ့​ယုံ​ကြည်​ခြင်း အား​မနည်း​သွား​အောင် ကျွန်​တော် တိုး​လျှိုး​အသနား​ခံ​ထား​တယ်။+ ခင်​ဗျား နောင်​တ​ရ​ပြီး ပြန်​လှည့်​လာ​တာ​နဲ့ ညီ​အစ်​ကို​တွေ​ကို အား​ပေး​ထောက်မ​ပါ”+ လို့​ပြော​တယ်။ ၃၃  ဒါ​နဲ့ ပေတရု​က “သခင်၊ ကျွန်​တော်​က သခင်​နဲ့​အတူ​သာ​ဆို​ရင် ထောင်​ထဲ​ဝင်​ဖို့​လည်း အသင့်​ပဲ။ သေဖို့​လည်း အသင့်​ပါ​ပဲ” ဆို​တော့၊+ ၃၄  ယေရှု​က “ပေတရု၊ ကျွန်​တော်​ပြော​မယ်။ ဒီ​နေ့ ကြက်​မတွန်​ခင် ကျွန်​တော့်​ကို မသိ​ဘူး​လို့ ခင်​ဗျား သုံး​ကြိမ်​ငြင်း​လိမ့်​မယ်” ဆို​ပြီး ပြော​တယ်။+ ၃၅  အဲဒီ​နောက် ယေရှု​က “ငွေ​အိတ်၊ ရိက္ခာ​အိတ်၊ ဖိ​နပ်​တွေ မယူ​သွား​နဲ့​လို့ ပြော​ပြီး ခင်​ဗျား​တို့​ကို လွှတ်​လိုက်​တုန်း​က+ လို​အပ်​တာ ဘာ​မှ​မရှိ​ဘူး မဟုတ်​လား” ဆို​ပြီး​မေး​တော့ သူတို့​က “မရှိ​ပါ​ဘူး” လို့​ဖြေတယ်။ ၃၆  ဒါ​နဲ့ ယေရှု​က “အခု​တော့ ငွေ​အိတ်​ရှိ​သူ​က ငွေ​အိတ်​ဆောင်​ထား​ပါ။ ရိက္ခာ​အိတ်​ရှိ​တဲ့​သူ​က ရိက္ခာ​အိတ် ဆောင်​ထား​ပါ။ ဓား​မရှိ​တဲ့​သူ​က​လည်း ကိုယ့်​အင်္ကျီ​ကို​ရောင်း​ပြီး ဓား​ဝယ်​ပါ။ ၃၇  ကျွန်​တော် ပြော​မယ်။ ‘သူ​ဟာ တ​ရား​မဲ့​သူ​တွေရဲ့ စာရင်း​မှာ ပါ​တယ်’+ ဆို​တဲ့ ကျမ်း​စကား​က ကျွန်​တော့်​ဆီ​မှာ ပြည့်​စုံ​တော့​မယ်။ ကျွန်​တော်​နဲ့​ပတ်​သက်​ပြီး ရေး​ထား​သမျှ ပြည့်​စုံ​နေ​ပြီ”+ လို့​ပြော​တယ်။ ၃၈  တ​ပည့်တွေ​က “သခင်၊ ဒီ​မှာ ဓား​နှစ်​လက် ရှိ​ပါ​တယ်” ဆို​တော့ ယေရှု​က “ဒီ​လောက်​ဆို​ရင် ရ​ပြီ” ဆို​ပြီး​ပြော​တယ်။ ၃၉  အဲဒီ​နောက် ယေရှု​က သွား​နေ​ကျ​အတိုင်း သံ​လွင်​တောင်​ကို ထွက်​သွား​တဲ့​အခါ တ​ပည့်တွေ​လည်း လိုက်​သွား​တယ်။+ ၄၀  အဲဒီ​ကို​ရောက်​တော့ “သွေး​ဆောင်​မှု​နောက် ပါ​မသွား​အောင် အမြဲဆုတောင်း​နေ​ကြ​ပါ” လို့​ မှာ​ပြီး၊+ ၄၁  တ​ပည့်တွေ​နဲ့ ခဲ​တစ်​ပစ်​လောက် ဝေး​တဲ့​နေ​ရာ​ကို ထွက်​သွား​တယ်။ အဲဒီ​မှာ ဒူး​ထောက်​ပြီး၊ ၄၂  “အဖ၊​ အလို​ရှိ​မယ်​ဆို​ရင် ဒီ​ခွက်​ကို* လွှဲ​ဖယ်​ပေး​ပါ။ ဒါ​ပေမဲ့ ကျွန်​တော့်​ဆန္ဒ​အတိုင်း မဖြစ်​ပါ​စေ​နဲ့။ အဖရဲ့​ဆန္ဒ​အတိုင်း​သာ ဖြစ်​ပါ​စေ” လို့​ဆုတောင်း​တယ်။+ ၄၃  အဲဒီ​အခါ ကောင်း​ကင်​က​နေ ကောင်း​ကင်​တ​မန်​တစ်ပါး ရောက်​လာ​ပြီး ယေရှု​ကို အား​ပေး​တယ်။+ ၄၄  ယေရှု​က မချိ​တင်​ကဲ ခံစား​ရ​လွန်း​လို့ ခါ​တိုင်း​ထက်​ပို​ပြီး အသည်း​အသန် ဆုတောင်း​တော့+ ချွေး​တွေ​ဟာ သွေး​လို မြေပေါ် တ​စက်​စက် ကျ​လာ​တယ်။ ၄၅  ဆုတောင်း​ပြီး​နောက် တ​ပည့်တွေ​ဆီ ပြန်​လာ​တဲ့​အခါ သူတို့ ဝမ်း​နည်း​လွန်း​လို့ နွမ်း​လျ​ပြီး အိပ်​ပျော်​နေ​တာ​ကို တွေ့​ရ​တယ်။+ ၄၆  ယေရှု​က “ခင်​ဗျား​တို့ ဘာ​လို့​အိပ်​နေ​ကြ​တာ​လဲ။ ထ​ကြ၊ သွေး​ဆောင်​မှု​နောက် ပါ​မသွား​အောင် မပြတ်​ဆု​တောင်း​နေ​ကြ​ပါ” လို့​ပြော​တယ်။+ ၄၇  အဲဒီ​လို​ပြော​နေ​တုန်း​မှာ​ပဲ လူ​တစ်​အုပ် ရောက်​လာ​တယ်။ တမန်​တော် ၁၂ ယောက်​အဝင်​ဖြစ်​တဲ့ ယုဒ​က ဦး​ဆောင်​ခေါ်​လာ​တာ။ သူ​က ယေရှု​ဆီ သွား​ပြီး နမ်း​လိုက်​တယ်။+ ၄၈  ဒါ​နဲ့ ယေရှု​က “ယုဒ၊ ခင်​ဗျား​က လူ​သား​ကို နမ်း​ပြီး သစ္စာ​ဖောက်​လိုက်​တာ​ပေါ့” လို့​ပြော​တယ်။ ၄၉  အနား​မှာ​ရှိ​သူ​တွေ​က ဘာ​ဖြစ်​တော့​မယ်​ဆို​တာ ရိပ်​မိ​ပြီး “သခင်၊ ဓား​နဲ့​ခုတ်​လိုက်​ရ​မလား” လို့​မေး​တယ်။ ၅၀  သူတို့​ထဲ​က တစ်​ယောက်​က ပု​ရော​ဟိတ်​မင်း​ရဲ့​ကျွန်​ကို ခုတ်​လိုက်​တဲ့​အတွက် ညာ​ဘက်​နား​ရွက် ပြတ်​သွား​တယ်။+ ၅၁  ယေရှု​က “တော်​တော့” လို့​ပြော​ပြီး သူ့​နား​ရွက်​ကို တို့​လိုက်​တဲ့​အခါ အကောင်း​ပကတိ ဖြစ်​သွား​တယ်။ ၅၂  အဲဒီ​နောက် ယေရှု​က ရောက်​လာ​တဲ့ ပု​ရော​ဟိတ်​ကြီး​တွေ၊ ဗိမာန်​တော်​မှူး​တွေ၊ အကြီး​အကဲ​တွေ​ကို “ခင်​ဗျား​တို့​က ဓား​ပြဖမ်း​သလို ကျွန်​တော့်​ကို​ဖမ်း​ဖို့ ဓား​တွေ၊ တုတ်​တွေ ကိုင်​ပြီး လာရ​သလား။+ ၅၃  နေ့​တိုင်း ဗိမာန်​တော်​မှာ ခင်​ဗျား​တို့​နဲ့​အတူ ရှိ​နေ​တုန်း​က+ ကျွန်​တော့်​ကို မဖမ်း​ကြ​ဘူး။+ အခု​ချိန်​က ခင်​ဗျား​တို့​ရဲ့​အချိန်၊ အမှောင်​မှာ ကျင်​လည်​သူ​တွေ ကြီး​စိုး​တဲ့​အချိန်​ကိုး”+ လို့​ပြော​တယ်။ ၅၄  အဲဒီ​နောက် သူတို့​က ယေရှု​ကို​ဖမ်း​ပြီး+ ပု​ရော​ဟိတ်​မင်း​ရဲ့​အိမ်​ကို ခေါ်​သွား​တယ်။ ပေတရု​က ခပ်​လှမ်း​လှမ်း​က​နေ လိုက်​သွား​တယ်။+ ၅၅  ခြံ​ဝင်း​အလယ်​မှာ လူ​တွေ မီး​ဖို​ပြီး ဝိုင်း​ထိုင်​တဲ့​အခါ ပေတရု​လည်း သူတို့​ကြား​မှာ ဝင်​ထိုင်​တယ်။+ ၅၆  ပေတရု ထိုင်​ပြီး​မီး​လှုံ​နေ​တာ​ကို အစေ​ခံ​မလေး​တစ်​ယောက် တွေ့​တဲ့​အခါ အသေ​အ​ချာ​ကြည့်​ပြီး “သူ​လည်း ဟို​လူ​နဲ့ တစ်​ဖွဲ့​တည်း​ပဲ” လို့​ပြော​တော့၊ ၅၇  “သူ့​ကို ကျွန်​တော် မသိ​ပါ​ဘူး” လို့ ​ငြင်း​တယ်။ ၅၈  ခ​ဏ​ကြာ​တော့ နောက်​တစ်​ယောက်​က ပေတရု​ကို တွေ့​တဲ့​အခါ “ခင်​ဗျား​လည်း သူ့​တ​ပည့်​ပဲ” ဆို​တော့ “မဟုတ်​ရ​ပါ​ဘူး​ဗျာ” လို့ ​ငြင်း​တယ်။+ ၅၉  တစ်​နာ​ရီ​လောက်​ကြာ​တော့ နောက်​တစ်​ယောက်​က “သူ​ဟာ ဂါ​လိ​လဲ​ပြည်​သား​ဆို​တော့ ဟို​လူ​နဲ့​တစ်​ဖွဲ့​တည်း​ဆို​တာ သေချာ​တယ်” လို့ တ​ထစ်​ချ​ပြော​တဲ့​အခါ၊ ၆၀  ပေတရု​က “ခင်​ဗျား ဘာ​တွေ​ပြော​နေ​မှန်း ကျွန်​တော် မသိ​ဘူး” ဆို​ပြီး ငြင်း​တယ်။ သူ အဲဒီ​လို​ငြင်း​နေ​တုန်း​မှာ​ပဲ ကြက်​တွန်​သံ ကြား​လိုက်​ရ​တယ်။ ၆၁  အဲဒီ​အချိန်​မှာ သခင်​ယေရှု​က ပေတရု​ကို လှည့်​ပြီး​ကြည့်​တယ်။ ပေတရု​လည်း “ဒီ​နေ့ ကြက်​မတွန်​ခင်​မှာ ကျွန်​တော့်​ကို မသိ​ဘူး​လို့ ခင်ဗျား​ သုံး​ကြိမ်​ငြင်း​လိမ့်​မယ်” ဆို​တဲ့ ယေရှု​ရဲ့​စကား​ကို သတိ​ရ​သွား​တဲ့​အတွက်၊+ ၆၂  အပြင်​ထွက်​ပြီး ရှိုက်ကြီး​တ​ငင် ငိုချတော့​တယ်။ ၆၃  စောင့်​ကြပ်​နေ​သူ​တွေ​က ယေရှု​ကို လှောင်​ပြောင်​ပြီး+ ရိုက်​နှက်​ကြ​တယ်။+ ၆၄  သူ့​မျက်​နှာ​ကို ဖုံး​ပြီး “မင်း​ကို ဘယ်​သူ​ရိုက်​သလဲ ဟော​စမ်း​ပါ​ဦး” လို့​ပြော​ကြ​တယ်။ ၆၅  သူ့​ကို အမျိုး​မျိုး ကဲ့​ရဲ့​စော်​ကား​ကြ​တယ်။ ၆၆  မိုး​လင်း​တဲ့​အခါ အကြီး​အကဲ​အဖွဲ့​ဖြစ်​တဲ့ ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ကျမ်း​တတ်​တွေ စု​ဝေး​ပြီး+ ယေရှု​ကို ဂျူး​တ​ရား​ရုံး​ချုပ်​ဆီ* ခေါ်​သွား​တယ်။ ၆၇  “မင်း​ဟာ ခ​ရစ်​တော်​ဟုတ်​ရဲ့​လား။ ပြော​စမ်း​ပါ​ဦး”+ လို့ သူတို့​မေး​တဲ့​အခါ ယေရှု​က “ကျွန်​တော်​ပြော​ရင်​လည်း ခင်​ဗျား​တို့ ယုံ​မှာ​မဟုတ်​ဘူး။ ၆၈  ကျွန်​တော်​မေး​ရင်​လည်း ဖြေကြ​မှာ မဟုတ်​ဘူး။ ၆၉  ဒါ​ပေမဲ့ အခု​ချိန်​က​စ​ပြီး လူ​သား​ဟာ+ တန်ခိုး​ကြီး​တဲ့ ဘုရား​သခင်​ရဲ့ ညာ​ဘက်​မှာ ထိုင်​လိမ့်​မယ်”+ လို့​ပြန်​ပြော​တယ်။ ၇၀  အဲဒီ​အခါ အားလုံး​က “ဒါ​ဆို မင်း​က ဘုရား​သခင်​ရဲ့​သား​လား” လို့​မေး​တော့ ယေရှု​က “ခင်​ဗျား​တို့​ပြော​တာ အမှန်​ပဲ” လို့​ဖြေတယ်။ ၇၁  သူတို့​က “ဘာ​သက်​သေ လို​သေး​လို့​လဲ။ သူ​ကိုယ်​တိုင် သက်​သေထွက်​ဆို​နေ​တာ​ကို ကျုပ်​တို့​ကြား​ရ​ပြီပဲ”+ လို့​ပြော​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ဘုရား​ကို​စော်​ကား​ပြော​ဆို​သူ​ဆို​တဲ့ စွဲ​ချက်​နဲ့ ယေရှု​သေဆုံး​ဖို့ ဘုရား​အလို​ရှိ​တာ​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။